အခန်း (၃၀၀)
Vol. 30 Ch. 300
ကျန်းကျန်းအတွက် သူမဘဝ၏ အပျော်ဆုံးအရာသည်ကား သူမ၏ ကိုယ်ပိုင်ကြိုးစားမှုများဖြင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့ ပို၍ ကောင်းမွန်စွာ နေထိုင်စေရန် ပြုမူနိုင်ခြင်းပင်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့ ယောက္ခမနှင့် ချွေးမတို့က ဖုန်းအကြောင်းကို ဆက်လက်ပြောဆိုနေသည်ကို ကြည့်ရင်း ကျန်းကျန်း ပဲစိမ်းအချိုပွဲဟင်းရည်ကို တစ်လုတ်သောက်ပြီး ရှီကျွင့်ကျဲအား မေးသည်။
“အိမ်အကူကို ဘယ်မှာ ငှားလို့ရလဲ ဆိုတာ ရှင်သိလား၊ ကျွန်မ အိမ်သန့်ရှင်းရေးကူလုပ်ဖို့ အိမ်အကူနှစ်ယောက် ငှားချင်တယ်။”
ရှီကျွင့်ကျဲသည်ကား ကျန်းကျန်း၏ ကိစ္စများအပေါ် အလွန်စိတ်ဝင်စားသည်ဖြစ်၍ သူချက်ချင်း မေးသည်။
“လူငှားဖို့အတွက် ဘယ်လိုအပ်ချက်တွေ ရှိလဲ။”
ကျန်းကျန်းသည် ခဏမျှ စဉ်းစားပြီး သူမလိုချင်သည့် လိုအပ်ချက်များကို ပြောပြသည်။
“လက်သွက်ခြေသွက်ရှိရမယ်၊ အလုပ်လုပ်တာသပ်ရပ်ရမယ်၊ စိတ်ရင်းလည်းမှန်ပြီး ရိုးသားရမယ်၊ ကျန်တာတော့ သိပ်မသိဘူး၊ ရှင် လူရှာတာကို ကူညီပေးပါဉီး။”
နားထောင်ပြီးနောက် မဒမ်လီက ပြောသည်။
“ဟင်းချက်ကောင်းရင် ပိုကောင်းတာပေါ့။ ငါတို့ အရှေ့မြောက်ပိုင်းဟင်းလျာတွေကို ချက်တတ်ရင်တော့ ပိုတောင်ကောင်းသေးတယ်။”
ရှီကျွင့်ကျဲသည်လည်း ပြုံး၍ ခေါင်းညိတ်သည်။
“အဘွား၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဒီအတွက် တာဝန်ယူလိုက်ပါ့မယ်”
မနက်ဖြန်အချိန်တွင် အလုပ်သွားရမည်ဖြစ်၍ ရှီကျွင့်ကျဲတစ်ယောက် ပဲစိမ်းအချိုပွဲဟင်းရည်ကို စားပြီးနောက် အိပ်စက်ဖို့အတိက် သူ၏အိမ်ဆီသို့ပြန်ခဲ့သည်။
ကျန်းကျန်းသည်လည်း သူမ၏ အိမ်ခန်းထဲသို့ပြန်၍ အနားယူခဲ့သည်။ အခန်းအတွင်းရှိ နှင်းဆီများသည်က ညဘက်အချိန်အခါ၌ပင် ဖူးပွင့်နေဆဲဖြစ်ပြီး သင်းပျံ့သည့် ပန်းရနံ့များကို ထုတ်လွှတ်နေခဲ့ကြသည်။
သူမ ကိုယ်တိုင် စီစဉ်ထားသည့် လမ်းပြမြေပုံအတိုင်း ကျန်းကျန်းျစ်ယောက် ငါးရက်အတွင်း လုပ်ငန်းများအားလုံးသို့ သွားရောက်ခဲ့ပြီး သတင်းအချက်အလက်များစွာကို စုဆောင်းခဲ့သည်။
ဤကာလအတွင်း ဝမ်ရှင်းကျယ်သည်လည်း အထည်ချုပ်စက်ရုံနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကျန်းကျန်း စစ်ဆေးနိုက်ရန်အတွက် ကျန်းကျန်းထံသို့ ရှပ်အင်္ကျီနမူနာကို ယူလာခဲ့သည်။
ကျန်းကျန်း ရေးဆွဲထားသည့် ဒီဇိုင်းပုံကြမ်းများသည် အလွန်ရှင်းလင်းပြတ်သားသည်ဖြစ်၍ ဝမ်ရှင်းကျယ်သည်လည်း အလေးအနက်ထားပြီး အထည်ချုပ်စက်ရုံ၌ နှစ်ရက်ခန့် နေထိုင်ကာ အခြားသူများ နမူနာပြုလုပ်ပုံကို စောင့်ကြည့်ခဲ့သည်။
ကျန်းကျန်း ဝမ်ရှင်းကျယ် ပို့လာသည့် နမူနာများကို ဂရုတစိုက်စစ်ဆေးပြီး သူမ မှတ်မိသည့်အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိသောအခါ ရှပ်အင်္ကျီပေါင်းများစွာကို ထုတ်လုပ်နိုင်ရန်အတွက် အထည်ချုပ်စက်ရုံမှ ထုတ်လုပ်မှုကို အမြန်ဆုံး စတင်ရန် ဝမ်ရှင်းကျယ်ကို ချက်ချင်း တောင်းဆိုခဲ့သည်။
ထိုနေရာရှိ စက်ရုံသည်ကား သူမ စီစဥ်ထားသည့်အတိုင်း အပြည့်အဝလည်ပတ်နေဆဲပင်ဖြစ်ပေသည်။
ထို့ကြောင့် ကျန်းကျန်း၏ စိတ်အာရုံသည်လည်း သတင်းအတွက် မူကြမ်းရေးသားခြင်းအပေါ်၌သာ အာရုံစိုက်နိုင်နေခဲ့သည်။
စနေ၊ တနင်္ဂနွေ နှစ်ရက်တာကာလအတွင်း သူမသည်က အယ်ဒီတာချုပ်ယွီ လိုချင်ခဲ့သည့် သတင်းအချက်အလက်များကို ရေးသားခဲ့သည်သာမက၊ သူမ၏လက်ထဲတွင် အချက်အလက် ပေါကြွယ်ဝသည့် အကြောင်းအရာများစွာကိုရေးသားထားသည့် ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းဆောင်းပါး လေးပုဒ်ကိုပါ စီစဉ်ခဲ့သည်။
ညဘက် မှောင်စပျိုးလာသည့်အချိန်ကိုရောက်လျှင်
ကျန်းကျန်းက သတင်းမူကြမ်း၏ နောက်ဆုံးစာကြောင်းကို မူကြမ်းစာရွက်ပေါ်၌ ကူးရေးပြီးမှ ဘောပင်ကိုချလိုက်လေသည်။
ထို့နောက် ညောင်းညာကိုက်ခဲစပြုနေသည့် သူမ၏လက်ကောက်ဝတ်ကို နှိပ်နယ်လိုက်သည်။
ဤသတင်းမူကြမ်းအချက်အလက်များမှာ သူမ နှစ်ရက်တာကာလအချိန်ယူက် ကြိုးစား၍ ရေးသားခဲ့ရခြင်းဖြစ်ပေပေသည်။
ကျန်းကျန်းအနေဖြင့် ဤသတင်းမူကြမ်းကို မည်မျှလောက်သော အကြိမ်ပမာဏအထိ ရေးသားခဲ့ပြီး ဝါကျများကို မည်မျှပြင်ဆင်ခဲ့သည်ကို မသိနိုင်တော့ချေ။
ဤအချိန်မှသာ နောက်ဆုံးအချောသတ်ထားသည့် သတင်းမူကြမ်းကို ရရှိခဲ့သည်။
စားပွဲပေါ်ရှိ ရှုပ်ပွနေသည့် စာရွက်များကို ကြည့်လိုက်ပြီး ကျန်းကျန်းတစ်ယောက် နောင်လာမည့်ခေတ်တွင် ပေါ်ထွက်လာမည့် ကွန်ပျူတာများကို သတိရမိသည်။
ကွန်ပျူတာဖြင့် ရိုက်နှိပ်ခြင်းသည်က လက်ဖြင့် ရေးသားခြင်းထက် များစွာ ပိုမိုမြန်ဆန်ကာ လူလည်း သက်သာစေသည်ပင်။
တနင်္လာနေ့နံနက် စောစောတွင် အလုပ်စတင်ချိန်သို့ရောက်သည်နှင့် ကျန်းကျန်းတစ်ယောက် အယ်ဒီတာချုပ်ယွီ၏ ရုံးခန်းသို့ တိုက်ရိုက်သွားရောက်ခဲ့ကာ သူမ၏လက်ထဲမှ ထူထဲလှသည့် သတင်းမူကြမ်းစာဖိုင်ကို ထုတ်ပေးခဲ့သည်။
“အယ်ဒီတာချုပ်ယွီ၊ ဒါက ကျွန်မရေးခဲ့တဲ့ သတင်းမူကြမ်းပါ၊ အယ်ဒီတာချုပ် တောင်းဆိုခဲ့တဲ့ မူကြမ်းအပြင် ကျွန်မ နောက်ထပ် သတင်းမူကြမ်း လေးပုဒ် ထပ်ရေးထားပါတယ်၊ ဒါဆို ကူညီပေးပါဦး”
လီမင်ကျန်းသည်ကား အလုပ်စတင်သည်နှင့် သူမကိုယ်တိုင် အလုပ်များကို စတင်တာဝန်ယူနိုင်သည်ကို မြင်သောအခါ အယ်ဒီတာချုပ်ယွီအနေဖြင့် သူမ၏ သင်ယူလိုသည့်စိတ်ကို များစွာ သဘောကျသွားခဲ့ရသောကြောင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါ ခဏနေရင် စစ်ဆေးကြည့်လိုက်မယ်၊ အယ်ဒီတာရုံးထဲက နံရံဘက်က ပထမဆုံး စားပွဲက မင်းရဲ့စားပွဲပဲ၊ အရင်ဆုံး အဲဒီမှာရှိတဲ့ နောက်ဆုံးသတင်းစာကို သွားဖတ်လိုက်ဦး”
ဝေ့ယွီကျင်းတို့သည်လည်း ကိုယ်ပိုင်ရာထူးနှင့် နေရာများ ရှိသည်ပင်။ အယ်ဒီတာချုပ်ယွီက လီမင်ကျန်းကို လုပ်ငန်းခွင်သို့ စေလွှတ်ခဲ့သော်လည်း သူမအတွက် ရုံးနေရာကိုလည်း ချန်လှပ်ထားခဲ့ပြီး ဘောပင်၊ မှင်နှင့် မူကြမ်းစာရွက်များကဲ့သို့ လိုအပ်သည့် ရုံးသုံးပစ္စည်းများကိုပါ အသေးစိတ် ပြင်ဆင်ပေးထားခဲ့သည်။
ကျန်းကျန်းတစ်ယောင့ သတင်းစာအပုံကြီး တစ်ပုံကိုယူ၍ သူမ၏နေရာသို့ ပြန်သွားခဲ့သည်။
သူမ ရှေ့ဆုံးစာမျက်နှာတွင်ရှိနေသည်သ ခေါင်းစီးသတင်းကြီးများကို ဖတ်ပြီးသည်နှင့် ဝေ့ယွီကျင်းက အပြင်မှ ဝင်လာခဲ့လေသည်။
ကျန်းကျန်းကို မြင်သောအခါ သူမ၏မျက်လုံးများသည်က ရုတ်တရက် တောက်ပလာပြီး ကျန်းကျန်း၏ဘေး၌ အမြန်ထိုင်ကာ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် တီးတိုးလေး ပြောလာသည်။
“ငါ ခြံဝန်းထဲကို အကုန်ရှင်းပြီးပြီ၊ အရင် အပတ်အင်္ဂါနေ့က ငါ့ရဲ့အမျိုးသားဆီကို ဖုန်းဆက်ခဲ့တယ်၊ သူလည်း အိမ်မှာရှိသမျှကို အကုန်ရှင်းပြီး ကောက်ပဲနှံတွေ အကုန်ရောင်းလိုက်ပြီတဲ့၊ မနက်ဖြန်ကျ ကလေးကို ခေါ်ပြီး ရထားနဲ့ လာတော့မယ်လို့ပြောတယ်”
ကျန်းကျန်းတစ်ယောက် ဤအကြောင်းကို ကြားသောအခါ ဝေ့ယွီကျင်းအတွက် ဝမ်းသာပျော်ရွှင်သွားခဲ့ရလေသည်။
“ဒါက ကောင်းတဲ့ကိစ္စပဲ၊ ဒါပေမဲ့ နောက်ဆိုရင် အစ်မက အဲဒီအိမ်မှာသွားနေမှာဆိုတော့ အဆောင်မှာနေရသလိုမျိုး အလုပ်သွားဖို့အတွက် အဆင်မပြေတော့ဘူးပေါ့။”
ဝေ့ယွီကျင်းသည်က ပြုံးလျက် ပြောလာလေသည်။
“စက်ဘီးနဲ့ အလုပ်ကိုသွားရင် မိနစ် ၂၀ လောက်ပဲ ကြာတယ်လေ၊ ဒါက သိပ်မဝေးပါဘူး၊ မနေ့တုန်းက ငါ ပစ္စည်းတွေ အကုန်လုံး အဲဒီကို ပြောင်းလိုက်ပြီ၊
နောက်ပြီး ခုနလေးတင်ပဲ ဝန်ထမ်းရုံးကိုသွားပြီး အဆောင်မှာမနေတော့တဲ့အကြောင်းကို အသိပေးလိုက်ပြီ၊ မင်း ဘယ်တော့ အားလဲ။ ငါ မင်းကို အိမ်မှာ ညစာဖိတ်ကျွေးချင်တယ်”
ကျန်းကျန်း ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။
“ဒါဆို ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ အစ်မရဲ့အိမ်ပြောင်းပွဲကို ကျင်းပရအောင်လေ”
သူတို့နှစ်ဦး ရက်ချိန်းသတ်မှတ်ပြီးနောက် ဝေ့ယွီကျင်းက သူမ၏အလုပ်နေရာသို့ ပြန်သွားခဲ့ကာ သတင်းအချက်အလက်များရေးရန် စတင်ကြိုးစားခဲ့သည်။
ကျန်းကျန်းသည်လည်း သူမ၏လက်ထဲရှိ သတင်းစာကို တစ်ချက်ကြည့်လိုက်ပြီး အယ်ဒီတာချုပ်ယွီ၏ ရုံးခန်းကို စိုးရိမ်တကြီးဖြင့် အသိစိတ်ထဲမှ လှမ်းကြည့်လိုက်မိသည်။
အယ်ဒီတာချုပ်ယွီသည်ကား လီမင်ကျန်း၏ မူကြမ်းများစွာကို ဖတ်ရှုပြီးပြီပင်။ သူမ ကောက်နှုတ်ထားသော အရံမှတ်စုမူကြမ်းများအကြောင်းမှာ ပြောစရာမလိုပါချေ။
အဘယ်ကြောင့်ဆိုသော် လီမင်ကျန်း၏ အင်တာဗျူးများသည်ကား အလွန်အသေးစိတ်ကျသည်ပင်။
လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်သမားများ၏ ဘဝအပြောင်းအလဲများနှင့် အတိတ်နှင့်ပစ္စုပ္ပန်ကို နှိုင်းယှဉ်ပြခြင်းများမှတစ်ဆင့် ပြုပြင်ပြောင်းလဲရေးနှင့် ဖွင့်လှစ်မှုများက ယူဆောင်လာသည့် ပြောင်းလဲမှုများကို တစ်ခုချင်းစီ တင်ပြထားသည်။
အယ်ဒီတာချုပ်ယွီ စီစဉ်ပေးခဲ့သည့် မူကြမ်းအတွက်မူ လီမင်ကျန်းမှ လုပ်ငန်းများကို အင်တာဗျူးခဲ့သည်သာမက သက်ဆိုင်ရာ အစိုးရဌာနများသို့ပါ သွားရောက်ခဲ့ပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်နိုင်သည့် တန်ဖိုးများစွာကို သတင်းရယူခဲ့သည်။
ဆောင်းပါး၏ အစ၌ တရားဝင်အချက်အလက်များကို ဖော်ပြထားပြီး ခေါင်းဆောင်များ၏ သက်ဆိုင်ရာ မှတ်ချက်များကိုလည်း ဖြည့်စွက်ထားသည်။
ကုမ္ပဏီများစွာကို နှိုင်းယှဉ်ခြင်းအားဖြင့် အထူးသဖြင့် တန်တာကဲ့သို့ ဒေဝါလီခံရလုနီးပါးဖြစ်ပြီး လခြောက်လခန့် လစာမပေးနိုင်ခဲ့သည့် ကုမ္ပဏီမှ နှစ်နှစ်အတွင်း၌ပင် တရုတ်နိုင်ငံ၏ အကြီးဆုံး ပရိဘောဂစက်ရုံ ဖြစ်လာပုံကို ဖော်ပြနိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဖွင့်လှစ်မှုများက လုပ်ငန်းများသို့ ယူဆောင်လာသည့် အခွင့်အလမ်းသစ်များကို ဖော်ပြနိုင်သည်ပင်။
၎င်းသည်က လုပ်ငန်းများမှာ စည်းမျဉ်းစည်းကမ်းဟောင်းများကို လိုက်နာသည်လား သို့မဟုတ် ရဲရဲဝံ့ဝံ့ ဆန်းသစ်တီထွင်သည်လားဟူသည့်အပေါ်၌ မူတည်သည်ပင်။
ယွီရှို့ကျင်း လီမင်ကျန်းအား ဤခေါင်းစဉ်ကို ပေးခဲ့ခြင်းမှာ အင်တာဗျူးပြုလုပ်ပုံနှင့် အချက်အလက်စုဆောင်းပုံကို လေ့ကျင့်ရန်သာဖြစ်သည်။
သို့သော်လည်း လီမင်ကျန်းသည်က တိုက်ရိုက် ထုတ်ဝေနိုင်သည့် ဆောင်းပါးများကို ရေးသားနိုင်မည်ဟု သူ မထင်မှတ်ထားခဲ့ပါချေ။
ဝါရင့်သတင်းထောက်များသည်ပင် မူကြမ်းများ ထုတ်ဝေရန် မကြိုးစားမီ အနည်းဆုံး သုံးလခန့် လေ့လာသင်ယူရသည်ပင်။
သို့သော်လည်း လီမင်ကျန်း၏ ဆောင်းပါးသည် အလွန်ပြည့်စုံသည်ဖြစ်၍ မှတ်ချက်အနည်းငယ်မျှသာ ထပ်ပေါင်းထည့်ပြီးနောက် သတင်းစာ၌ ထုတ်ဝေနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ယွီရှို့ကျင်းတစ်ယောက် ဘောပင်ကို ကောက်ကိုင်၍ မူကြမ်းအပေါ်၌ တိုက်ရိုက် ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။
နှစ်နာရီကြာပြီးနောက် ယွီရှို့ကျင်းက နောက်ဆုံး၌ ကျန်းကျန်းကို ရုံးခန်းသို့ ခေါ်လိုက်သည်။
ယွီရှို့ကျင်းသည်ကား တစ်ပတ်အကြာက ကျန်းကျန်းအပေါ် ကြင်နာခဲ့သည်ဆိုပါမူ၊ ယခုမူ ချစ်ခင်ရင်းနီးမှု ဖြစ်လာခဲ့ပြီဟု ဆိုနိုင်သည်ပင်။
ပြင်ဆင်ပြီးသား မူကြမ်းကို ကျန်းကျန်းအား လက်ရောက်ပေးပြီး ယွီရှို့ကျင်းက သူမကို ကျေနပ်စွာဖြင့် ကြည့်သည်။
“ငါတို့ တော်ဝင်တက္ကသိုလ်ရဲ့ ကျောင်းသူ ပီသလိုက်တာ၊ မင်းအနေနဲ့ လေးနှစ်ဆက်တိုက် အထူးပညာသင်ဆု ရခဲ့တဲ့သူဆိုတာ တကယ်ကို သံသယဖြစ်စရာမရှိဘူး၊
မင်းရဲ့ ရေးသားနိုင်စွမ်းက ငါ့ရဲ့စိတ်ကူးထက်ကို ကျော်လွန်နေတယ်၊
ဒီသတင်းစာမူကြမ်းက တကယ်ကို ကောင်းကောင်းရေးထားတာပဲ၊ ငါ မင်းရဲ့ မူကြမ်းကို ပြင်ဆင်ပြီးပြီ၊ ညနေကျရင် ဒါကို တင်ပြလို့ရပြီ၊ မနက်ဖြန်လောက်ဆိုရင် ဒီဆောင်းပါးကို သတင်းစာထဲမှာ တွေ့ရလိမ့်မယ်”
*