← Chapters

အခန်း (၁၃၄+၁၃၅)

Vol. 6 Ch. 134+135

အခန်း (၁၃၄+၁၃၅)

Vol. 6 Ch. 134+135

အခန်း(၁၃၄) ကံကောင်းစေတဲ့ ကြယ်ပွင့်လေး (၃)

ကောလောင်လည်း သူ့လက်ထောက်အကူအညီဖြင့် ကျန်းမာရေး မကောင်းသည့်ကြားက စူစူလေးထံ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။

ကောလောင်ပါ ရောက်လာသဖြင့် ခန်းမထဲက ဧည့်သည်တွေအကုန်လုံး စူစူလေးဘက်ကို လှည့်ကြည့်လာကြသည်။

စူစူလေးက ချင်းယုကျီး၏ ရင်ခွင်ထဲမှာ ရှိနေဆဲဖြစ်ပြီး သူမ ပုံစံလေးက ကြည့်မဝနိုင်အောင် ရှိလှသည်။

စူစူလေး၏ မျက်လုံးက Tablet ဆီ ပြန်ရောက်နေပြီဖြစ်ပြီး ကာတွန်းကား ပြန်ကြည့်နေပြီဖြစ်သည်။ ကောလောင်နဲ့ တခြားသူတွေရဲ့ အကြည့်ကို လုံးဝ သတိမထားမိပါ။

ဘေးနားကလူတွေထက် Tablet ပေါ်က ကာတွန်းကားကိုသာ ပိုစိတ်ဝင်စားပါသည်။

တူလေးကို ဘောလုံးနံပါတ်ကြည့်ခိုင်းပြီးနောက် စူစူလေး ချက်ချင်း အာရုံလွဲသွားခြင်းဖြစ်သည်။ သို့သော်လည်း အဘိုးချင်းနဲ့ အဘွားချင်းတို့ကတော့ စူစူလေးကို ဘာမှမပြောကြပါ။

ကောလောင်က နိုင်ငံတော်အဆင့် ပညာရှင်ကြီးဖြစ်သော်လည်း သူတို့ရဲ့ သမီးလေးက သူတို့ဘဝမှာ အဖိုးတန်ဆုံး အရာလေး ဖြစ်သည်။ နှိုင်းယှဉ်လို့တောင် မရပါ။

“စူစူလေး ကာတွန်းကား ကြည့်မနေနဲ့တော့”။ ချင်းယုကျီးက စူစူလေးကို တိုးညှင်းစွာ ပြောလိုက်သည်။

“ဘာလို့လဲ။ ဒီနေ့ ဒီအပိုင်းပြီးအောင် ကြည့်လို့ရတယ်လို့ မေမေပြောထားတယ်လေ”။ စူစူလေးက ပြန်ပြောလိုက်၏။

“နင့်ကို လက်ဆောင်ပေးဖို့ ဘိုးဘိုးတစ်ယောက် စောင့်နေတယ်!” ချင်းယုကျီးက ရှင်းပြလိုက်သည်။

“အစ်ကိုကြီးကိုပဲ ပေးလိုက်ပါ~” စူစူလေးက ဂရုမစိုက်စွာ ပြောလိုက်သည်။

ထိုဆုကို စူစူလေး လုံးဝ စိတ်မဝင်စားပါ။

ထိုဆုက အရေးမကြီးပါ။ အရေးကြီးတာ သူမ ကာတွန်းကား ကြည့်ရဖို့ ဖြစ်သည်။

စောင့်ကြည့်နေကြသူတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒီလောက် ဂုဏ်သရေရှိသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ကို စူစူလေးက မော့တောင် မကြည့်ပါ။

ငယ်ရွယ်သေးလို့ အကြောက်တရား ကင်းမဲ့နေတာလား။

ကောလောင်က ဒေါသမထွက်ပေ။ သူ့လက်ဖဝါးကို ဖြန့်ကာ ပြောလိုက်သည်။ “သမီးလေး လက်ထဲက ဘောလုံး ဘိုးဘိုးကို ခဏလောက် ပြပါလား”

ကျန်းမာရေးကြောင့် ကောလောင်၏ လက်တွေ တုန်ယင်နေပါသည်။

“ယူလေ” စူစူလေးက သဘောကောင်းစွာ ကောလောင်ကို ဘောလုံးပေးလိုက်ပြီး ကာတွန်းကား ဆက်ကြည့်နေလိုက်ပါသည်။

သူ့လက်ထဲက ဘောလုံးမှာ မဲပေါက်သည့် ဘောလုံးနဲ့ နံပါတ်တူမတူကို ကောလောင် အတည်ပြုလိုက်သည်။

ဗေဒင်ဆရာ ပြောပုံအရဆို နံပါတ်တူပိုင်ဆိုင်ထားသည့် လူမှာ သူ့ရဲ့ ကံကောင်းခြင်းအဆောင်လေး ဖြစ်လိမ့်မည်။

ဒီကလေးမလေးက သူ့ရဲ့ ကံကောင်းခြင်း အဆောင်လေးပေါ့!

ခဏနေတော့ ကောလောင် အသိစိတ်ပြန်ကပ်သွားပြီး သူ့လက်ထောက်ကို အမြန်ညွှန်ကြားလိုက်သည်။ “ငါပြင်ဆင်ထားတဲ့ လက်ဆောင်ကို သွားယူခဲ့လိုက်ပါ”

လက်ထောက်က လက်ဆောင်သေတ္တာ ခပ်ကြီးကြီးတစ်လုံးကို ယူလာပြီး စူစူလေးအား ပေးလိုက်ပါသည်။

“ဒါ သခင်မလေးအတွက် လက်ဆောင်ပါ”

သူစကားပြောနေတာ ကလေးမလေးဖြစ်သော်လည်း လက်ထောက်က နည်းနည်းလေးတောင် မလေးမစား မလုပ်ရဲပါ။

“သမီးအစ်ကိုကြီးကို သွားပေးလိုက်! အဲ့တာ သူ့အပိုင်~” စူစူလေးက လက်ရမ်းပြလိုက်ပြီး အမိန့်ပေးလိုက်ပါသည်။

ထို့နောက် လက်ထောက်က သေတ္တာကို ချင်းရှင်းကျစ်ထံ အပ်နှံလိုက်ပါသည်။

ချင်းရှင်းကျစ်က ပီတိဖြာနေသော မျက်နှာဖြင့် လက်ဆောင် သေတ္တာကို လက်ခံလိုက်ပါသည်။

သူ အသက်ရှင် နေထိုင်ခဲ့သည့် သက်တမ်း နှစ် ၅၀ ကျော်အတွင်းမှာ ဘီလီယံချီသည့် ငွေတွေ ကိုင်တွယ်ဖူးသည်။ ရှေးဟောင်းပစ္စည်းနဲ့ ရတနာများစွာကိုလည်း ရရှိဖူးသည်။ ဒီ ဖြူပြာကြွေအိုးထက် အများကြီး တန်ဖိုး ပိုကြီးသည့် လက်ဆောင်တွေကို ရခဲ့ဖူးပါသည်။

သို့သော်လည်း အခုလောက်ထိ တစ်ခါမှ ဂုဏ်ယူမဝံ့ကြွားဖူးပါ။

ဒီလက်ဆောင်ကို သူ့ညီမလေး ပေးထားတာဖြစ်သည်။ အရေးပါပုံက ခြားနားပါသည်။

စိတ်မထိန်းနိုင်တော့သဖြင့် ချင်းရှင်းကျစ်က သူ့မိန်းမ ဝမ်ချင်းကို လှည့်ပြောလိုက်သည်။ “အာ့ချင်း ဒီမှာ ကြည့်ပါဦး။ ကိုယ့်ညီမလေး ကိုယ့်ကို လက်ဆောင်ပေးထားတာ!”

သူ့လေသံထဲမှာ ဂုဏ်ယူဝံ့ကြွားမှုတွေ ပြည့်လျှံနေပါသည်။

ဝမ်ချင်းက အနေခက်စွာ ပြုံးလိုက်ပါသည်။ “အင်းပါ… ဟုတ်ပါတယ်”

သူမခေါင်းတွေ ထိုးကိုက်လာတာကို ခံစားမိသည်။ နေလို့လည်း မကောင်းတော့ပါ။

ချင်းရှင်းကျစ်ကတော့ စူစူလေးကြောင့် ပျော်ရွှင်နေသဖြင့် သူ့မိန်းမ မျက်နှာကို သတိမထားမိပါ။

မဲပေါက်သွားသည့်အတွက် ချင်းမိသားစုကို လူတွေ ဂုဏ်ပြုနေကြစဉ် ဟုံပေါင်ကျူးက ရုတ်တရက် ထအော်လိုက်လေသည်။

“အဲ့ဒီဆုက ကျွန်မဟာ!”။ ကောလောင် လက်ထဲက ဘောလုံးကို လက်ညှိုးထိုးလိုက်ပြီး ဟုံပိုင်ကျူး ပြောလိုက်ပါသည်။

… … …

အခန်း(၁၃၅) အရှက်မရှိတဲ့ မိသာားစု

ခန်းမတစ်ခုလုံး တုန်လှုပ်သွားကြသည်။

အားလုံး ဟုံပေါင်းကျူးကို အံ့အားသင့်စွာ ဝိုင်းကြည့်လိုက်ကြလေသည်။

ဟုံပေါင်ကျူးက ဘာမှ ဂရုမစိုက်တော့ပါ။ “အဲ့ဒီ လက်ဆောင်အိတ်က ကျွန်မတို့ဟာ! သူ ကျွန်မတို့ လက်ထဲက လုယူသွားတာ!”

သူများတွေ ဘာပြောပြော ဟုံပေါင်ကျူး ဂရုမစိုက်ပါ။ ထိုကြွေအိုးက သန်းဆယ်ချီတန်သည်။ ထိုကြွေအိုးကို ပိုင်ဆိုင်ရအောင် သူမ အစွမ်းကုန် ကြိုးစားပါမည်။

ဟုံပေါင်ကျူး၏ အရှက်မဲ့သော စကားလုံးများကို နားထောင်ကာ ချင်းရှင်းကျစ် ဒေါသထွက်သွားပါသည်။

လက်ဆောင်သေတ္တာကို အနီးနားရှိ စားပွဲတစ်လုံးပေါ် တင်ခဲ့လိုက်ပြီး ရှေ့ထွက်ကာ ဟုံပေါင်ကျူးကို ပြန်ရန်တွေ့လိုက်ပါသည်။ “ခင်ဗျားဘာတွေ လာပြောနေတာလဲ?! ဘယ်အိတ်က ခင်ဗျားအိတ်လဲ?! အဲ့ဒါ ကျုပ် ညီမလေးရဲ့ လက်ဆောင်အိတ်လေ!”

“အဲ့ဒီ လက်ဆောင်အိတ်ကို ငါအရင်ရတာ! နင်တို့ ငါ့ဆီက လုသွားတာ!”

ဟုံပေါင်ကျူးက ခေါင်းမာစွာ ပြောလိုက်သည်။ ၀၈၈ ဘောလုံးပါသည့် လက်ဆောင်အိတ်က သူမ အိတ်ဟု လိမ်ညာ ပြောဆိုနေပါသည်။

“ကျုပ်ညီမလေးနဲ့ အိတ်ချင်းလဲယူသွားတာ ခင်ဗျားလေ! ကျုပ်ညီမလေးက ခင်ဗျားဆီက လုသွားတယ်လို့ ဘာလို့ အရှက်မရှိ ပြောရဲရတာလဲ?!” ဟုံပေါင်ကျူးကို ချင်းရှင်းကျစ် တကယ် ပါးရိုက်ချင်နေပါပြီ။

“အဲ့တာဆို အဲ့ဒီအိတ်က ငါ့လက်ထဲမှာ အရင်ရှိခဲ့တာဆိုတာကို နင်ဝန်ခံတယ်ပေါ့”

ဟုံပေါင်ကျူးက ချင်းရှင်းကျစ်၏ စကားလုံးတွေကို အသုံးချပြီး ပြန်ပြောလိုက်သည်။

ဟုံပေါင်ကျူးက တောမှာ ကြီးပြင်းလာကာ ပညာလည်း သိပ်မတတ်တော်လည်း ရန်တွေ့သည့် နေရာမှာတော့ သူများတွေထက် သာသည်။

“ခင်ဗျား-! ခင်ဗျား တော်တော် အရှက်မရှိတာပဲ!”

မိန်းမတစ်ယောက်နဲ့ ရန်ဖြစ်ရတာ ချင်းရှင်းကျစ်၏ အားသာချက် မဟုတ်ပါ။ သူ့ပါးစပ်မှ အရှက်မရှိဘူးဟူ၍သာ ပြောနိုင်သည်။

ဟုံပေါင်ကျူးက ဘေးနားကလူတွေထံမှ အကူအညီ လှည့်တောင်းလိုက်သည်။ “အားလုံးလည်း ကြားကြတယ်မလား။ အဲ့ဒီ လက်ဆောင်အိတ်က ကျွန်မတို့ လက်ထဲအရင်ရောက်တာဆိုတာ ချင်းရှင်းကျစ်ကိုယ်တိုင် ဝန်ခံလိုက်တာနော်! ကျွန်မတူက ရှေးဟောင်းပစ္စည်းတွေ ကြိုက်တတ်မှန်း ကျွန်မ သိတယ် ဒါပေမယ့် သူများဆီက လုယူတာမျိုးကတော့ မကောင်းပါဘူး! ကျွန်မက ပညာသိပ်မတတ်ပေမယ့် သူများပိုင်တဲ့ ပစ္စည်းကို ခိုးတာ မကောင်းမှန်းတော့ နားလည်တယ်!”

ဟုံပေါင်ကျူးနဲ့ ချင်းရှင်းကျစ်တို့၏ ရန်ပွဲကြောင့် အားလုံး လေးစားရသည့် ချင်းမိသားစုမှာ ဟာသတစ်ခုလို ဖြစ်လာခဲ့သည်။

ဧည့်သည်တော်တွေကလည်း ရန်ပွဲကို စိတ်အားထက်သန်စွာ ဝိုင်းကြည့်နေကြသည်။

သူ့မိန်းမ အသာစီးရနေတာကို မြင်သောအခါ ချင်းကျင်းဖန်လည်း ရှေ့ထွက်လာပြီး မီးလောင်ရာ လေပင့်လိုက်ပါသည်။ “အဲ့ဒီ လက်ဆောင်အိတ်ကို ငါတို့ ယွင်ယွင်လေး အရင်ရွေးထားတာ! ငါတို့ ယွင်ယွင်လေးကမှ တကယ် မဲပေါက်တဲ့သူ!”

ပြောပြောဆိုဆိုဖြင့် ချင်းကျင်းဖန်က ချင်းလောင်ယွင်လေးကို အားလုံးရှေ့ခေါ်လာပြီး သူမရဲ့ သနားစရာကောင်းသော မျက်နှာလေးကို ပြလိုက်ပါသည်။

ချင်းလောင်ယွင်က ဘာမှ နားမလည်ဘဲ ကြောင်စီစီဖြစ်နေသောအခါ ချင်းကျင်းဖန်က သူမ လက်ကောက်ဝတ်လေးကို ဆွဲဆိတ်လိုက်သည်။

ချင်းလောင်ယွင် မျက်လုံးတွေ ချက်ချင်း နီမြန်းသွားပြီး မျက်ရည်တွေ ဝဲသွားပါသည်။

ချင်းလောင်ယွင်၏ သနားစရာကောင်းသော မျက်နှာလေးကို မြင်ပြီး လူတွေ ဂရုဏာ သက်သွားခဲ့ပါသည်။

ကောလောင်နဲ့ ချိုင်ကျမ့်ယဲ့တို့ကလည်း ချင်းလောင်ယွင်ကို စိုက်ကြည့်ကာ အကဲခတ်နေကြသည်။

စူစူလေး ကာတွန်းကားကို အလွန်စိတ်ပါနေသဖြင့် ချင်းကျင်းဖန်တို့ မြေးအဘိုးတွေရဲ့ ဆူညံသံတွေကြောင့် အာရုံပျက်သွားလေသည်။

Tablet ကို စိတ်ဆိုးမာန်ဆိုး ချလိုက်ပြီး စူစူလေး ခါးထောက်ကာ ပြောလိုက်သည်။ “ဆူညံနေကြတာပဲ! စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ! နင်တို့ကြောင့် ငါကာတွန်းကား ကြည့်လို့မရတော့ဘူး!”

“ငါ့တို့ ဘောလုံး ငါတို့ကို ပြန်ပေးလေ။ အဲ့တာဆို ငါတို့ ထွက်သွားပေးမယ်!” ဟုံပေါင်ကျူးက ချက်ချင်း ပြောလိုက်သည်။

“ဟုတ်တယ်! ပြီးတော့ ငါတို့ ဆုကိုလည်း ယူသွားမယ်!” ချင်းကျင်းဖန်က သံယောင်လိုက်ကာ ပြောလိုက်သည်။

“နင်တို့ဘာလို့ ငါ့ပစ္စည်းတွေကို အမြဲတမ်း လိုချင်နေကြတာလဲ” စူစူလေးက အထင်သေးသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

“ဘာကို နင့်ပစ္စည်းလဲ။ အဲ့တာ ငါ့ပစ္စည်းဆိုတာ သိသာနေတာပဲကို!” ဟုံပေါင်ကျူးက ခေါင်းမာစွာ ပြောလိုက်သည်။

“မကောင်းတဲ့ မိန်းမကြီး!” စူစူလေး ရေရွတ်လိုက်သည်။

သူများမွေနေ့ပွဲမှာ ရန်မဖြစ်ရဘူးဟု မေမေပြောထားတာကြောင့်သာ မဟုတ်လျှင် ထိုအဘွားကြီးကို သူမ အပြင် ကန်ထုတ်ပစ်လိုက်ပါပြီ။

“ငါတို့ ယွင်ယွင်လေးအတွက် တရားမျှတမှုကို လိုချင်လို့ လုပ်နေတာ! ငါတို့ ယွင်ယွင်လေး ကံထူးမှန်း သိသာနေတာကို ဘာလို့ နင်တို့ကို အလျှော့ပေးရမှာလဲ”။ ဟုံပေါင်ကျူးက နစ်နာသူပုံစံဖြင့် ပြောဆိုလိုက်ပါသည်။

All Chapters