← Chapters

အခန်း (၂၉၂)

Vol. 30 Ch. 292

အခန်း (၂၉၂)

Vol. 30 Ch. 292

ဝမ်စုဖန်းက စဉ်းစားရင်း ပြန်ပြောလိုက်သည်။

“သူ့ယောက္ခမက စိတ်သဘောထားက အတော်လေး ကျယ်ပြန့်တယ်ထင်တယ်၊ သူ့ရဲ့ပုံမှန်စိတ်ဓာတ်က အေးအေးဆေးဆေးဆိုတော့ ဒီကိစ္စတွေကို သိပ်ဂရုစိုက်ပုံမရဘူး”

မဒမ်လီသည် ခေါင်းငြိမ့်လိုက်၍ ချက်ချင်းပင် ကျန်းကျန်းအား ပြောလိုက်သည်။

“မင်းရဲ့ယောက္ခမက စိတ်ဓာတ်ကောင်းပေမယ့် မင်း ရှီကျွင့်ကျဲကို အများကြီး မနှောင့်ယှက်နေရဘူးနော်၊ သူက ဘယ်လောက်တောင် ကောင်းမွန်လွန်းတဲ့ ကလေးလဲ၊

ရုပ်ရည်ကလည်း အရမ်းကြည့်ကောင်းပြီး စိတ်ဓာတ်လည်း ကောင်းသေးတယ်၊ နောက်တစ်ခါ သူ့ကို ဒူးမထောက်ခိုင်းနဲ့နော်၊ သိပြီလား”

ကျန်းကျန်းသည် မဒမ်လီအား မျက်ရည်များဝဲနေသည့် မျက်လုံးများဖြင့်ကြည့်၍ ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်လိုက်သည်။

“သိပါပြီ”

“ဒါဆိုလည်း မဆိုးပါဘူး”

မဒမ်လီသည် သက်ပြင်းချလိုက်၍ သက်ပြင်းချသော်လည်း ပြန်၍ ရယ်မောမိသွားသည်။

“ငါတို့မိသားစုထဲက ကျန်းကျန်းက ကံကောင်းလိုက်တာ၊ ဒီလောက်ဝေးကွာလွန်းတဲ့နေရာကနေ လာပြီးတော့ ဒီလောက်ထိကောင်းမွန်တဲ့ယောကျ်ားတစ်ယောက်ကိုလည်း ရှာတွေ့တယ်၊

ဒါအပြင် တစ်ဖက်လူကလည်း အိမ်နီးချင်းတစ်ယောက် ဖြစ်နေသေးတယ်၊ မင်းတို့ မသိလောက်ဘူး၊ ကျန်းကျန်း ငယ်ငယ်ကတည်းက ငါက သူမရဲ့မင်္ဂလာကိစ္စကို ငါ စိတ်ပူနေခဲ့တာ၊

အဲဒီအချိန်တုန်းက ငါ တွေးနေတာက ကျန်းကျန်းသာ သူများမိသားစုဆီကိုအိမ်ထောင်ကျသွားရင် ငါတို့တွေ သူနကို မမြင်ရတော့ဘူး၊ အဲဒီအချိန်ကျရင် ဘယ်လိုလုပ်မလဲ၊

သူမ အနိုင်ကျင့်ခံနေရလောက်မလား၊ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားနေခဲ့တာ”

ဝမ်စုဖန်းသည်က မဒမ်လီ၏ အမှတ်ရစရာများကို ခေါင်းငြိတ်လိုက်၍ ရိုးသားစွာ ဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့ အမေ၊ တစ်ယောက်ယောက်ကသာ ကျန်းကျန်းကို မဆင်မခြင် အနိုင်ကျင့်ဖို့ ကြံရင် ကျန်းကျန်းက နံရံပေါ်ကို ကန်ချခံရမယ့်သူပဲလို့ ထင်တယ်နော်၊ သူမအတွက် ဘာမှ စိတ်ပူစရာမလိုပါဘူး”

ကျန်းကျန်းကလည်း ခေါင်းငြိမ့်လိုက်၍ ပြန်ပြောခဲ့သည်။

“ဒါမှမဟုတ် သစ်ပင်ကိုပဲ ကန်ထုတ်ပြလိုက်မယ်”

မဒမ်လီသည်က ဝမ်စုဖန်းနှင့် ကျန်းကျန်းကို ကြည့်လိုက်သည့်အခါ သူမ၏ ဝမ်းနည်းလွအ်းဆွတ်နေသည့် စိတ်ခံစားချက်များ အကုန်လုံး တစ်ခဏချင်း ပျောက်ကွယ်သွားသည်။

သူမက သူမ၏ ဖိနပ်များကို ဘေးသို့ ကန်ထုတ်လိုက်၍ ကုတင်ပေါ်လှဲချကာ မျက်လုံးမှိတ်လိုက်သည်။

“အိပ်တော့မယ်၊ ငါ နင်တို့နဲ့ စကားပြောရတာကို မကြိုက်တော့ဘူး”

ကျန်းကျန်းတစ်ယောက် ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မဒမ်လီအတွက် မီးပိတ်ပေးလိုက်သည်။

သူမနှင့် ဝမ်စုဖန်းတို့ တံခါးဝတောင် မရောက်သေးခင်၌ပင် မဒမ်လီ၏ ဟောက်သံကို ကြားနေရများ ဖြစ်သည်။

ဝမ်စုဖန်းသည်လည်း တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်ကာ ကျန်းကျန်းအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်းရဲ့အဘွားက အိပ်ချင်နေတာ ကြာပြီ၊ မင်းတို့မင်္ဂလာဆောင်တဲ့နေ့ကို စဉ်းစားနေပြီး မအိပ်နိုင်ဖြစ်နေခဲ့တာ”

“သိပါပြီ”

ကျန်းကျန်းလည်း ပြုံး၍ ဝမ်စုဖန်း၏ ပခုံးကို ညှစ်ကာ သူမအား အိမ်ထဲသို့ ပြန်လည် တွန်းပို့ပေးလိုက်သည်။

“အမေ၊ အမေလည်း မြန်မြန်အိပ်တော့၊ နောက်ကျနေပြီ

“ကောင်းပြီ”

ဝမ်စုဖန်းက နှစ်လှမ်းလျှောက်၍ ရုတ်တရက် ကျန်းကျန်း မနက်ဖြန် အလုပ်သွားရမည်ကို သတိရသွားသည့်အခါ အမြန်မေးလိုက်သည်။

“မနက်ဖြန် ဘယ်အချိန် အလုပ်သွားရမှာလဲ၊ အမေ နိုးလာရင် မင်းအတွက် ချက်ပေးမယ်”

“အဆင်ပြေတယ်၊ သမီး လမ်းဘေးမှာပဲ ကွေကျားမုန့်နဲ့ ငါးဖယ်ကြော်စားလိုက်မယ်၊ အမေ ဒီည နောက်ကျမှ အိပ်ရမှာဆိုတော့ မနက်ဖြန်အတွက် စိတ်မပူပါနဲ့”

ဝမ်စုဖန်း စိတ်မပျော်မည်စိုး၍ ကျန်းကျန်းက ထပ်မံပြောလိုက်သည်။

“ရှီကျွင့်ကျဲနဲ့ သမီး အလုပ်သွားရင်း အတူစားမှာပါ”

“ဒါဆိုလည်း ကောင်းပြီလေ”

သမီးဖြစ်သူနှင့် သမက်တို့က အတူတူ ထွက်သွားမည်ဖြစ်သည့်အတွက် စိတ်ပူစရာမရှိတော့ပေ။

သို့နှင့် ဝမ်စုဖန်းလည်း ပြန်ပြောလိုက်သည်။

“ဒါဆို စက်ဘီးကို ဖြည်းဖြည်းစီးနော်၊ ချော်လဲတာဘာညာ မဖြစ်စေနဲ့”

ကျန်းကျန်းသည် ပြန်ဖြေ၍ တံခါးဆီလျှောက်သွားကာ မီးပိတ်၍ အိမ်ထဲပြန်ဝင်သွားသည်။

အလွန်နောက်ကျသည် မဟုတ်သော်လည်း ဤနေ့ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားရင်း ကျန်းကျန်းသည် ကုတင်ပေါ်လှဲနေသော်လည်း အိပ်၍မရဖြစ်နေခဲ့သည်။

နှင်းဆီပန်းများက နေရာလွတ်ထဲ၌ ကျန်နေသေးသည်ကို သတိရသွားသည့်အတွက် ကျန်းကျန်းသည် ရိုးရှင်းစွာနှင့်ပင် ပြန်ထထိုင်လိုက်ကာ မင်မင်းနှင့် ချင်မင်းခေတ်မှ ရှေးဟောင်းပန်းအိုး ဆယ်လုံးခန့်ကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

ထို့နောက် ပန်းအိုး တစ်လုံးချင်းစီကို ရေတစ်ဝက်စီ ဖြည့်၍ နှင်းဆီပန်းများကို ဖြတ်တောက်ကာ ပန်းအိုးအမျိုးမျိုး၌ ထည့်သွင်းလိုက်သည်။

ကုတင်ဘေးစားပွဲပေါ်၌ တစ်ပုလင်း၊ မိတ်ကပ်စားပွဲပေါ်၌ တစ်ပုလင်း၊ စာကြည့်စားပွဲပေါ်၌ တစ်ပုလင်း၊ ပုံတူပန်းချီစားပွဲပေါ်၌ တစ်ပုလင်း၊ ပြီးသည့်နောက် အိမ်၌ရှိသည့် ပြတင်းပေါက်တိုင်း၌ တစ်ပုလင်းစီ ထားလိုက်သည်။

နှင်းဆီရနံ့ကို ရှူရှိုက်ရင်း ကျန်းကျန်းသည် ခုတင်ပေါ်တွက် ပြန်လှဲလိုက်ကာ မကြာခင်၌ပင် အိပ်ပျော်သွားခဲ့လေသည်။

နိုင်ငံတော်အဆင့် သတင်းအေဂျင်စီဖြစ်သည့် ဟွားကော် သတင်းအေဂျင်စီသည်ကား ဟွားကော်၏ ပြောရေးဆိုခွင့်ရအဖွဲ့အစည်းဖြစ်သည့်အတွက် ကျန်းကျန်းတစ်ယောက် ဘွဲ့ရသည်နှင့် ဤသို့အရေးကြီးသည့် သတင်းအေဂျင်စီ၌ အလုပ်လုပ်ရသည်ကို စိတ်လှုပ်ရှားသကဲ့သို့ စိုးရိမ်စိတ်များလည်း ရှိနေခဲ့သည်။

အလုပ်စချိန်ထက် တစ်နာရီစောနေသေးသော်လည်း လူများစွာသည် ကိုယ့်နေရာကိုယ် ရောက်နေ၍ ရေးသားနေကြပြီဖြစ်သည်။

ကျန်းကျန်း၏ အတန်းထဲမှ ကျောင်းသားတစ်ဝက်သည်က ဟွားကော်ကလပ်သို့ ရောက်နေခဲ့ကာ ကျန်းကျန်း၏ အဆောင်နေသူ သူငယ်ချင်းအချို့လည်း ပါဝင်နေခဲ့ လေသည်။

ရင်းနှီးသည့်မျက်နှာများကို မြင်လိုက်သည့်အခါ သူတို့၏ စိတ်ပူပန်မှုများက များစွာ လျော့နည်းသွားခဲ့ရသည်။

သတင်းထောက်တစ်ယောက်သည်က ကျောင်းသားများအား ခန်းမအလွတ်တစ်ခုဆီ ခေါ်သွားခဲ့သည်။

ဝေ့ယွီကျင်း၊ ရှုကျားကျားနှင့် အခြားသူများသည့်က ရောက်နှင့်ပြီး ဖြစ်ချေသည်။ ကျန်းကျန်းက သူမ၏အိတ်ကို စားပွဲပေါ်တင်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“နင်တို့အားလုံး ဟွားကော်လူမှုအဖွဲ့အစည်းရဲ့ ဝန်ထမ်းအဆောင်ကို ပြောင်းပြီးပြီလား”

“ဟုတ်တယ်”

ရှုကျားကျားက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလာခဲ့သည်။

“ပတ်ဝန်းကျင်က ငါတို့ကျောင်းတက်တုန်းကထက်တောင် ကောင်းသေးတယ်၊ အစ်မဝေ့ယွီကျင်း ၊ မုန်ရန်ရှောင်နဲ့ ဟန်ရှောင်ရူတို့က အခန်းတစ်ခန်းတည်းနေရတယ်၊ အခန်းထဲမှာ ရေချိုးခန်းပါပြီး လူတိုင်းမှာ ဗီရိုကိုယ်စီတောင် ရှိနေသေးတာ”

ကျန်းကျန်း၏ အဆောင်နေသူ မိန်းကလေး ရှစ်ယောက်ထဲ၌ ဝေ့ယွီကျင်းတစ်ယောက်သာ အိမ်ထောင်ရှိနေခဲ့သည်။

ဝေ့ယွီကျင်းသည်က တော်ဝင်တက္ကသိုလ်၌ တက္ကသိုလ်တက်ရန်ရောက်လာစဉ်က သူမ၏ ကလေးများသည် နှစ်နှစ်အရွယ်ရှိနေပြီ။ ယခုတွင်မူ ကြိုကျောင်းတက်ရမည့်အရွယ်ခန့်ပင် ရှိနေပြီဖြစ်သည်။

“အစ်မယွီကျင်း၊ ကလေးကို ခေါ်လာဖို့ စဉ်းစားဖူးလား၊ တော်ဝင်တက္ကသိုလ်မှာ သင်ကြားရေးပတ်ဝန်းကျင်က အနောက်မြောက်ပိုင်းထက် အများကြီး ပိုကောင်းတယ်လေ”

ဝေ့ယွီကျင်းက စိတ်များရှုပ်ထွေးနေသည်ကို မြင်သည့်အခါ ကျန်းကျန်းသည့် မေးလိုက်မိသည်။

“အင်း၊ ငါလည်း ဒီအကြောင်းစဉ်းစားနေတာပဲ”

ဝေ့ယွီကျင်းသည်ကား စဉ်းစားရင်း စိုးရိမ်စိတ်လေး နည်းနည်းလောက်ဝင်နေခဲ့ရသည်။

“ငါ အခုမှ အလုပ်စလုပ်တာ၊ မိသားစုအဆောင်အတွက်လည်း မလျှောက်နိုင်သေးဘူး၊ ငါ့ရဲ့ ယောက်ျားနဲ့ ကလေးတွေက ဒီကိုလာရင်လည်း နေစရာမရှိဘူး

အစားအသောက်နဲ့ နေထိုင်စရိတ်တွေကလည်း အများကြီးဆိုတော့ နောက်မှပဲ ပြောကြတာပေါ့”

ကျန်းကျန်းနှင့် ဝေ့ယွီကျင်းတို့မှာ လေးနှစ်ကြာ အတူနေလာခဲ့များဖြစ်၍ အထူးသဖြင့် ဤအစ်မကြီးအား ချစ်ကြသည်။

ကျောင်းတုန်းကဆိုလျှင် ဝေ့ယွီကျင်းသည်က အဆောင်မှ ကောင်မလေးများအတွက် စိတ်မချလက်မချနိုင်လောက်အောင် စိတ်ပူစရာများ ရှိနေတတ်၍ ဆောင်းရာသီ၌ ကျောင်းမတက်ခင် အဝတ်အစားများကို တစ်ထည်ချင်းစီ စမ်း၍ ထိကြည့်တတ်သည်။

သူတို့က ချစ်ကျွမ်းဝင်နေကြသည့်အတွက် လှပသည့် အဝတ်အစားများကိုသာ အအေးခံ၍ဝတ်မည်စိုး၍ဖြစ်သည်။

နွေရာသီည၌ ရာသီဥတုပူလျှင် တစ်ယောက်ချင်းစီအား ယပ်ခတ်ပေးတတ်သည့်အတွက် ကောင်မလေးများပင် ရှက်ရွံ့ကြရသည်။

အရင်ကမူ လူတိုင်းသည်က ကျောင်းသားများဖြစ်သည့်အတွက် ကျန်းကျန်းက တခြားသူများ၏ မိသားစုကိစ္စများကို သိပ်မမေးတတ်သော်လည်း ယခုမူ လူတိုင်း ဘွဲ့ရ၍ အလုပ်စလုပ်ပြီဖြစ်သည့်အတွက် ကျန်းကျန်းသည် ဝေ့ယွီကျင်းအား ကူညီလိုခဲ့သည်။

အချိန်လည်း စောနေသေးသည်ကို မြင်သည့်အခါ ကျန်းကျန်းက ဝေ့ယွီကျင်းအား ဆွဲခေါ်၍ ခြံ၌ရှိသည့် စင်္ကြံအောက်သို့ ဆွဲသွားလိုက်သည်။

“အစ်မ၊ ကျွန်မ တကယ် မေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်၊ အစ်မ ကျွန်မကို ရိုးရိုးသားသား ပြောပြပေးရမယ်နော်”

“ဘာလဲ၊ ဒီလောက် လျှို့ဝှက်ဆန်းကြယ်နေတာ”

ဝေ့ယွီကျင်းသည်က ကျန်းကျန်း၏ မျက်နှာတည်ငြိမ်လေးနက်နေသည်ကို ကြည့်၍ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ၊ မင်း ဘာမေးချင်လည်း မေးလို့ရတယ်၊ပြောလိုက်”

ကျန်းကျန်းက ရှက်ရွံ့စွာ ပြုံးလိုက်၍ပြောသည်။

“ကျွန်မက အစ်မကို မေးချင်တာက အစ်မရဲ့ ကလေးခေါ်လာစေချင်တာ တကယ်လား၊ ဒါမှမဟုတ် တခြားစိတ်ကူးတွေရှိသေးလား”

“ဒါဆိုရင်တော့ တကယ်လာစေချင်တာပေါ့”

ဝေ့ယွီကျင်းသည် သက်ပြင်းချရင်း ပြောလာသည်။

“ငါတို့လို ပညာတတ်လူငယ်တွေထဲမှာ တချို့က မြို့ကိုပြန်ဖို့နဲ့ တချို့က တက္ကသိုလ်တက်ဖို့အတွက် ကျေးလက်က ယောက်ျားတွေနဲ့ ကွာရှင်းခဲ့ကြတယ်၊

ဒါပေမဲ့ ငါတို့တွေက အတူတူ ကလေးရခဲ့ကြပြီလေ၊ ဆိုတော့ ကိုယ့်အတွက်ကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးဖို့အတွက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယောက်ျားနဲ့ ကလေးတွေအတွက် မကောင်းတဲ့ဘဝတစ်ခုကို ဘယ်လိုလုပ်ပြီး ပေးချင်မလဲ၊ အဲဒီလိုလုပ်ရင် ရှေးတုန်းက ချန်ရှိမေ့နဲ့ ဘာထူးလဲ၊ ငါပြောတာ မှန်တယ်မလား”

ကျန်းကျန်းက ပြုံးလိုက်သည့်အခါ ဝေ့ယွီကျင်းသည် ဆက်ပြောလိုက်သည်။

“ထားလိုက်ပါတော့၊ မင်းရဲ့အစ်မကို မပူပါနဲ့၊ နှစ်အနည်းငယ်ကြာရင် အစ်မ အလုပ်ကောင်းရပြီး အိမ်အတွက် လျှောက်ထားဖို့ အခွင့်အရေးရရင် သူတို့ကို ခေါ်လာခဲ့မယ်၊

မင်းရဲ့ခဲအိုရဲ့ လက်သမားပညာက တော်တော်ကောင်းတယ်၊ သူကလည်း ဒုက္ခခံဖို့ ဆန္ဒရှိတယ်ဆိုတော့ အလုပ်ရှာလို့ရမှာပါ”

*

All Chapters