မဟာအင်ပါယာ သက်ပြင်းချခြင်း
Vol. 158 Ch. 2238
ပို၍ များပြားသော ကျင့်ကြံသူများက ထိုစွမ်းအားကို သည်းမခံနိုင်သည့်အတွက် ပြိုလဲကျကုန်သည်။ မလုံလောက်သော စိတ်စွမ်းအားနှင့် ကျင့်ကြံသူအနည်းငယ်က ထွက်ပြေးရန် အချိန်မရလိုက်ဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရကာ ကြယ်ရောင်နယ်မြေအတွင်း သုတ်သင်ခံလိုက်ကြရပေသည်။
လူအချို့က ပြင်းထန်စွာ ရိုက်ခတ်မိသော်လည်း ချိုးဖြတ်လွတ်မြောက်သွားနိုင်စွမ်းရှိသည်။ သူတို့က ဘေးသို့ ရွေ့လျားသွားသည်။ ယခင်က ကျင့်ကြံသူများကဲ့သို့ သူတို့ကလည်း ကြယ်ကောင်းကင်ကို ပါးစပ်အဟောင်းသားနှင့် ရှိနေခဲ့သည်။
ကြည့်ရသည်မှာ သူတို့က အတွေးလွန်နေပုံရသည်။
စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို မြင်တွေ့နေရသည့်အခါ မည်သူက စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။ သို့သော် မည်သူကမှ အမွေအနှစ်ကို ရယူရန် အရည်အချင်း ရှိလိမ့်မည် မဟုတ်ပေ။
သိသာစွာပင် သူတို့က ထိုသို့သော စွမ်းဆောင်ရည်မျိုး မရှိပါချေ။
သူတို့သည် ဤတစ်ကြိမ်၌ စီဝေ့အင်ပါယာနန်းတော်၏ ကလိမ်ကျခြင်းကို ခံခဲ့ရပေသည်။ အဆုံးမှာတော့ စီဝေ့အင်ပါယာနန်းတော်သခင်က လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူက ဤနေရာ၌ လူကိုယ်တိုင်ရောက်နေခဲ့သည်။ ထို့အပြင် သူက စီဝေ့မဟာအင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး ဤကြယ်ကမ္ဘာကို အုပ်စိုးလေသည်။ ထို့ကြောင့် စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က သူနှင့်သာ သက်ဆိုင်ပေလိမ့်မည်။
စီဝေ့အင်ပါယာနန်းတော်သည် ဤကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သူတို့ကို ဤနေရာသို့ ဝင်ခွင့်ပြုခဲ့ကာ သူတို့၏ ကြိုးစားမှုမှ အမြတ်ထုတ်ရန် ခွင့်ပြုခဲ့သည်။
စီဝေ့အင်ပါယာနန်းတော်သခင်က ဤတစ်ကြိမ်၌ လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်ကာ သူ့ညာဘက်လက်ထဲ၌ တောင်ဝှေးကို ကိုင်ထားဆဲ ဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်က လေထဲတွင် ကခုန်နေပြီး အင်္ကျီစများက တဖျတ်ဖျတ်လွင့်နေသည်။ သူက မျက်လုံးများကို မှိတ်ကာ ထိုကောင်းကင်စွမ်းအားကို တောင့်ခံနေခဲ့သည်။ သူက ထိုစွမ်းအား အားလုံးကို လက်ခံရယူနေရင်း အားရကျေနပ်နေသော အခြေအနေ၌ ရှိနေခဲ့သည်။
"ဘယ်လောက် အားကောင်းလိုက်သလဲ။" ဘေးဘက်မှ ကျင့်ကြံသူများက အံ့အားတသင့်နှင့် ရပ်ကြည့်နေကြသည်။ သူတို့သည် ထိုစွမ်းအားကို မခံနိုင်ကြသော်လည်း စီဝေ့အင်ပါယာနန်းတော်သခင်က စိတ်ရှိသလို လက်ခံရယူနေရင်း ကောင်းကင်စွမ်းအားကို တောင့်ခံကာ သူ့ခန္ဓာကိုယ်အတွင်း ကြယ်အလင်းရောင်ကို ဝင်ခွင့်ပြုထားသည်။
သူတို့က သက်ပြင်းချလိုက်ကြသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စီဝေ့အင်ပါယာနန်းတော်က ခန့်မှန်းထားပြီးသား ဖြစ်ရပေမည်။
ဤတစ်ကြိမ်၌ ရီဖူရှင်းသည်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားကို သည်းခံနေရသည်။ သူသည် သူ့အသွေးအသား တစ်မျှင်ချင်းစီကပင် သူ့အပိုင်မဟုတ်တော့သလို ခံစားမိပေသည်။ သူ၏ စိတ်ဝိညာဥ်က ကြယ်ကောင်းကင်အတွင်း ဝင်ရောက်သွားပြီး မရေတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်သွားပုံရသည်။ ၎င်းက ကြယ်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်အတွင်း ပေါင်းစပ်သွားပေသည်။
သူက ဂရုမစိုက်ဘဲ ထိုစွမ်းအားက သူ့အား လွှမ်းမိုးသွားသည်ကို ခွင့်ပြုမိလျှင် သူ၏ စွမ်းအားက ပျက်စီးသွားသလို သူ့စိတ်ဝိညာဥ်ကလည်း ဖျက်ဆီးခံလိုက်ရလိမ့်မည်ဟု ခံစားမိပေသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရှေးဟောင်းကမ္ဘာသစ်ပင်က မမြင်နိုင်သော အကိုင်းအခက်နှင့် အရွက်များအဖြစ် ပြောင်းလဲသွားပုံရသည်။ ၎င်းသည် စိတ်ဝိညာဥ်နှင့် ပေါင်းစပ်သွားပြီး အရာအားလုံးက အရူးအမူး ကြီးထွားလာပေသည်။ စိတ်ဝိညာဥ်က မည်သည့်နေရာသို့ ရောက်ရှိသွားပါစေ ရှေးဟောင်းသစ်ပင်က ၎င်းနှင့် ချိတ်ဆက်ထားသည်။ သူ့အမြစ်များက ခိုင်မြဲနေဆဲ ဖြစ်သည်။
ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း ပုံရိပ်တစ်ခုက ခိုင်မာစွာ ရှိနေခဲ့ပြီး ၎င်းသည် ရီဖူရှင်းက ထိုနေရာ၌ ထိုင်နေသလို ထင်မှတ်ရပေသည်။ သက်စောင့်ဟော်နန်းအတွင်းမှ လောကတွင် မရေတွက်နိုင်သော ရီဖူရှင်းပေါင်းများစွာက မတူညီသည့် နေရာများတွင် ပြန့်ကျဲနေသော်လည်း အားလုံးက ရှေးဟောင်းကမ္ဘာ့သစ်ပင်ကြီးနှင့် ချိတ်ဆက်ထားသည်။
'ငါ ဆက်လုပ်နိုင်သေးတယ်။' ရီဖူရှင်းက နှလုံးသားထဲမှ ရေရွတ်လိုက်သည်။ သူက ထိုအခိုက်အတန့်တွင် ကြီးစွာသော နာကျင်ခြင်းကို ခံစားရသော်လည်း သူက တောင့်ခံနေခဲ့သည်။ သူက ဤအခြေအနေသို့ ရောက်ရှိနေပြီး ဖြစ်ရာ ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို သူကိုယ်တိုင် ဖြေရှင်းနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူက လက်မလျှော့ဘဲ အခြားလူများကို ပေးပစ်၍ မရနိုင်ပေ။
သူက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို အရယူနိုင်လျှင် သူက ဤကြယ်ကောင်းကင်ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
လက်ရှိအခြေအနေက သူ့အတွက် အမှန်တကယ် အန္တရာယ်ဖြစ်စေပေသည်။ သူ၏ ယခင် လုပ်ဆောင်ချက်က အလွန် တောက်ပနေခဲ့သည်။ လူတိုင်းက အတူတကွ ပူးပေါင်းကာ သူ့ကို ဆန့်ကျင်ခဲ့ကြသည်။ သူတို့က သူ အင်ပါယာကြယ်နှင့် ကြယ်ကောင်းကင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ရန်ပင် မျှော်လင့်ခဲ့ကြသည်။
သို့သော် ၎င်းက ထိုအချိန်ကသာ ဖြစ်သည်။ ကိစ္စများက အဆုံးသတ်သွားသည့်အခါ အခြေအနေက ကွာခြားသွားပြီး သူက ပြန်လည်တိုက်ခိုက်ခံရနိုင်ချေများပေသည်။
သူက အင်ပါယာကြယ်၏ စွမ်းအားကို အမွေဆက်ခံနိုင်ပြီး ၎င်းစွမ်းအားကို ထိန်းချုပ်နိုင်ပါက အခြားအင်အားစုများက သူ့ကို အလွတ် ပေးပါမည်လား။
ဤနေရာ၌ အင်ပါယာကြယ်၏ စွမ်းအားနှင့် ဆက်သွယ်နိုင်ရန် သူ့အကူအညီကို လိုချင်နေသော ထိပ်သီးအင်အားစုများမှ လူများစွာ ရှိပေသည်။ ယခုအချိန်တွင် တစ်ခုခု ဖြစ်ခဲ့လျှင် သူက လူတိုင်း၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် အခြေအနေအရ သူက အလွန် ခက်ခဲလှသော အနေအထား၌ ရှိနေပေသည်။
သူသည် မဟာအင်ပါယာ၏ အမွေအနှစ်ကို ယူဆောင်ခဲ့ပါလျှင် ကြီးမားသော ခြိမ်းခြောက်မှုအချို့နှင့် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ၎င်းက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပေသည်။ မဟာအင်ပါယာ၏ စွမ်းအားက ထိုနေရာ၌ ရှိနေပြီး ကြယ်ကောင်းကင်အား စောင့်ရှောက်ကာကွယ်ထားသည်။ သူက သူ့စွမ်းအား၏ အကူအညီကို အသုံးပြုနိုင်လျှင် ၎င်းက မှန်းဆ၍ မရနိုင်အောင် ဖြစ်ပေလိမ့်မည်။
ယခု သူက ရှိသမျှ အရာအားလုံးနှင့် ရင်း၍ လုပ်ဆောင်ရုံသာ တတ်နိုင်သည်။
သူက ထိုသို့တွေးလိုက်မိသည်နှင့် ရီဖူရှင်းသည် သူ့ကိုယ်သူ အပြည့်အဝ လွှတ်ပေးလိုက်ပြီး စိတ်ဝိညာဥ်က ထွက်ခွာသွားကာ ကြယ်ကောင်းကင်ဆီ မျောလွင့်သွားခဲ့သည်။ သူ၏ ကမ္ဘာက အပြည့်အဝ ပြောင်းလဲသွားသည်။ သူ့ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က ပျောက် ပျောက်ကွယ်သွားပြီး သူက ကြယ်ကောင်းကင်၏ အစိတ်အပိုင်း ဖြစ်လာသလိုပင် ဖြစ်၏။
သူသည် ကြယ်ကောင်းကင်နှင့် ပေါင်းစပ်နေသလို ခံစားရကာ အောက်ဘက်ရှိအရာအားလုံးကို မြင်နိုင်ပေသည်။ မြင်ကွင်းက အလွန် ရှင်းလင်းလှပြီး ရီဖူရှင်းသည် ယခင်က မည်သည့်အခါကမှ ထိုသို့ မခံစားခဲ့ဖူးပေ။
ထိတ်လန့်အံ့သြဖွယ် နတ်စွမ်းအားများ ကျဆင်းလာပြီး စျာန်ဝင်စားနေသည့် ရီဖူရှင်းအား တုန်ယင်လာစေသည်။ သူက စီဝေ့မဟာအင်ပါယာကို မြင်တွေ့ရပေသည်။ သူက ယခု ယခု မဟာအင်ပါယာနှင့် မျက်နှာချင်းဆိုင် မြင်နေရပေသည်။
အဆုံးအစမဲ့ ကြီးမားပြီး ခမ်းနားထည်ဝါသည့် စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က သူ့ရှေ့တွင် ရှိနေသကဲ့သို့ပင် ဖြစ်၏။ သူတို့က ကြယ်ကောင်းကင်၌ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ အချင်းချင်း ကြည့်နေကြသည်။
စီဝေ့မဟာအင်ပါယာ၏ စွမ်းအားက ကြယ်ကောင်းကင်အတွင်း တည်ရှိနေပြီး မည်သည့်အခါမှ ဖျက်ဆီးမခံရနိုင်သလိုပင် ဖြစ်သည်။
အဆုံးမဲ့ ကြယ်ကောင်းကင်၏ လမ်းစဥ်က ဤနေရာ၌ ထာဝရတည်ရှိနေမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နန်းတော်သခင်၏ ခန္ဓာကိုယ်က အနည်းငယ် စတင်၍ တုန်ယင်လာသည်။ သူကဲ့သို့သော ပုဂ္ဂိုလ်ကြီးမျိုးသည်ပင် ပြိုင်ဘက်ကင်း ဖိအားအောက်၌ ရှိနေသလို ထင်ရပေသည်။ ထိုအချိန်၌ ၎င်းလေဟာနယ်အတွင်း ကျန်ရစ်သူ များများစားစား မရှိတော့ပေ။ သူတို့တစ်ယောက်ချင်းစီက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပြီး လူအများစုက ဘေးမှနေသာ အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေခဲ့သည်။
"မဟာအင်ပါယာ။" စီဝေ့အင်ပါယာနန်းတော်သခင်က တစ်ခုခုကို မြင်တွေ့လိုက်ပုံရသည်။ သူက တည်ငြိမ်လေးနက်သော အသံဖြင့် ခေါ်လိုက်၏။ သူက အလွန် ရိုကျိုးနေပေသည်။ သူသည် မဟာအင်ပါယာကို မြင်လိုက်ရသလိုပင် ဖြစ်သည်။
"မဟာအင်ပါယာ ကျေးဇူးပြုပြီး ကျွန်တော့ကို စွမ်းအားတွေနဲ့ ကောင်းချီးပေးပါ။" နန်းတော်သခင်၏ တောင်းပန်တိုးလျှိုးသော အသံက လူအများကို တုန်ယင်လာစေရန် လုံလောက်ပေသည်။ စီဝေ့အင်ပါယာနန်းတော်သခင်သည် မဟာအင်ပါယာ၏ တည်ရှိမှုကို ခံစားမိပြီးဖြစ်သည့်အတွက်ကြောင့် စီဝေ့မဟာအင်ပါယာနှင့် စကားပြောဆိုနေသည်လား။
သို့ဆိုလျှင် ထိတ်လန့်အံ့သြဖွယ်ပင် ဖြစ်၏။
အမှန်တကယ်ပင် အရာအားလုံးက စီဝေ့အင်ပါယာနန်းတော်နှင့် သက်ဆိုင်ပုံရလေသည်။
စီဝေ့အင်ပါယာနန်းတော်က သူတို့ကို ဤကြယ်ကောင်းကင်သို့ လာရောက်ရန် ခွင့်ပြုခဲ့သော်လည်း စီဝေ့အင်ပါယာနန်းတော်ကသာ အကြွင်းမဲ့ အနိုင်ရသူများ ဖြစ်လေသည်။
စီဝေ့အင်ပါယာနန်းတော်သခင်သည် စီဝေ့မဟာအင်ပါယာက သူ့ကို ကြည့်နေသည်အား မြင်နေရသည်။ သို့သော် ဂရုမစိုက်သည့် မျက်လုံးများနှင့် ဖြစ်သည်။ မဟာအင်ပါယာက သူ့ကို ရွေးချယ်ရန် မရည်ရွယ်ထားသလိုပင်။ နန်းတော်သခင်၏ မျက်နှာထက်၌ သံသယအကြည့်တို့ ပေါ်ပေါက်လာပြီး သူက ရိုသေလေးစားစွာဖြင့် နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ "မဟာအင်ပါယာ။"
သို့သော် စီဝေ့မဟာအင်ပါယာက သူ့ကို အသိအမှတ်မပြုခဲ့ပေ။
သို့ပေမယ့် ရီဖူရှင်း၏ အမြင်အရ စီဝေ့မဟာအင်ပါယာက သူ့ကို ချဥ်းကပ်လာသကဲ့သို့ သူနှင့် နီးကပ်လာပေသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် စီဝေ့မဟာအင်ပါယာက မည်သည့်အခါမှ မသေဆုံးခဲ့သလိုမျိုး အစစ်အမှန်တည်ရှိမှုတစ်ခုကဲ့သို့ ခံစားမိပေသည်။
ကြယ်ရောင်များဖြင့် တောက်ပလာသည့်အတွက်ကြောင့် မဟာအင်ပါယာ၏ စွမ်းအားက ပြန်လည်အသက်ဝင်လာသည်လား။
ထို့နောက် ရီဖူရှင်းက သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရပြီး ၎င်းက မဟာအင်ပါယာထံမှ ဖြစ်ပုံရသည်။ ၎င်းသည် ရီဖူရှင်းကို အဆုံးမရှိ ထိတ်လန့်အံ့အားသင့်စေသည်။ မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် သက်ပြင်းချရသနည်း။
ထိုသက်ပြင်းချသံကို ရီဖူရှင်းတစ်ယောက်သာ ကြားရခြင်းမဟုတ်ဘဲ ကြယ်ကောင်းကင်တစ်ခွင်လုံးရှိ ကျင့်ကြံသူများအားလုံး ကြားလိုက်ရခြင်း ဖြစ်သည်။
"ဒါက.." မရေတွက်နိုင်သော လူများ၏ မျက်လုံးများက ထက်ရှလာပြီး သူတို့ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်လာနေသည်။ ထိုသည်က မည်သူ့သက်ပြင်းချသံနည်း။
၎င်းက မဟာအင်ပါယာ၏ သက်ပြင်းချသံပေလော။
မဟာအင်ပါယာက ဤနေရာ၌ ရှိနေသေးသည်လား။
ထိုသို့ ရိုးရှင်းသော အသံတစ်ခုကပင် ကျင့်ကြံသူများကို ကြီးစွာသော သက်ရောက်မှု ဖြစ်စေခဲ့သည်။ ၎င်း သည်သူတို့က စီဝေ့မဟာအင်ပါယာ၏ တည်ရှိမှုကို လေ့လာသိရှိရန် ဖြစ်စေခဲ့သည်။
တူညီစွာပင် ထိုသက်ပြင်းချသံက နန်းတော်သခင်၏ နှလုံးသားကို အခုန်မြန်သွားစေသည်။ မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် သက်ပြင်းချရသနည်း။
ထိုအခိုက်အတန့်တွင် သူက မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားမိလိုက်သည်။
သူသည် မဟာအင်ပါယာက သူ့ကို ရွေးချယ်ရန် စိတ်ကူးမရှိသည်ကို ခံစားမိလိုက်၏။
ထိုအချိန်တွင် ရီဖူရှင်းရှိနေသည့်နေရာမှ ဖိအားက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူက အပိုင်းပိုင်း စုတ်ဖြဲခံရတော့မလိုပင် ဖြစ်၏။ သို့သော် သူသည် အားကောင်းလှသော စိတ်စွမ်းအားဖြင့် တောင့်ခံနေနိုင်ဆဲ ဖြစ်သည်။ သူသည် မဟာအင်ပါယာက သူ့ကို စောင့်ကြည့်နေခဲ့သည်အား ခံစားမိပေသည်။ သူက ရွေးချယ်ခံရနိုင်သည့် အခွင့်အရေးရှိပုံရပေသည်။
စီဝေ့မဟာအင်ပါယာသည် ကြယ်ကောင်းကင်အတွင်း လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်ကို ချန်ရစ်ထားခဲ့သော်လည်း အဆုံးတွင် အမွေအနှစ်ကို ဆက်ခံနိုင်မည့်သူမှာ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်သူဟူ၍ မဟုတ်သလို ပြိုင်ဆိုင်မှုမှ ရရှိနိုင်မည်လည်း မဟုတ်ပေ။ စီဝေ့မဟာအင်ပါယာကသာ အကြွင်းမဲ့ ဆုံးဖြတ်နိုင်သူ ဖြစ်ပေသည်။
သူ၏ စွမ်းအားက မည်သည့် အခါမှ ပျက်စီးသွားမည်မဟုတ်သလိုမျိုး ဤလောကအတွင်း ရှင်သန်နေခဲ့ပြီး ကြယ်ကောင်းကင်နှင့် ပေါင်းစပ်နေခဲ့သည်။ ကြယ်ကောင်းကင်က လင်းလက်လာသောအခါ ထိုစွမ်းအားများက ပြန်လည်စုစည်းလာပြီး သူက သူ၏ ဆက်ခံသူကို ကိုယ်တိုင် ရွေးချယ်ချင်နေသည်။
ဤကဲ့သို့ ဖြစ်စဥ်က သူ့ကို အတော်လေး ထိတ်လန့်သွားစေသည်။
"အရာအားလုံးက ပြန်လည်မွေးဖွားခြင်းကံကြမ္မာပဲ။" ရှေးကျသည့်အသံတစ်ခုက ရီဖူရှင်းစိတ်ထဲ၌ ထွက်ပေါ်လာပြီး ဝမ်းနည်းစွာ သက်ပြင်းချသည့် အသံတစ်ခုလည်း ကပ်ပါလာသည်။ နောက်တခဏတွင် ရီဖူရှင်းသည် သူ့ခန္ဓာကိုယ်အတွင်း အားကောင်းလှသော ဖိနှိပ်မှုစွမ်းအားကို ခံစားမိပေသည်။ သူသည် သူ၏ စိတ်ဝိညာဥ်က ပျက်စီးလုနီးပါး ဖြစ်လာသည်ကို ခံစားမိလိုက်သည်။ ကြယ်အလင်းရောင်တို့ လွှမ်းမိုးမှုအောက်တွင် ရီဖူရှင်း၏ အသိစိတ်က ဖော်ပြ၍မရနိုင်လောက်အောင် နာကျင်မှုကို စတင်ခံစားလာရသည်။ တဖြေးဖြေးနှင့် သူ၏ အသိစိတ်က ဝေဝါးလာသည်။
ချက်ချင်းပင် ရီဖူရှင်းက ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲနှင့် ကြယ်ကောင်းကင်နှင့် တသားတည်း ဖြစ်လာသလို ခံစားရပေသည်။ ယခုသူက နက်ရှိုင်းသော အိပ်စက်ခြင်းအတွင်းသို့ ကျရောက်သွားလုဆဲဆဲ အခြေအနေတွင် ရှိနေသည်။
ကြယ်များက အဆုံးမဲ့နေပြီး ရီဖူရှင်းသည် သူကိုယ်တိုင်က ကြယ်ကောင်းကင် ဖြစ်လာသကဲ့သို့ ခံစားလိုက်မိပေသည်။
***