မိုးကောင်းကင်၏ နှလုံးသား၊ သတ္တဝါအားလုံး၏ နှလုံးသား
Vol. 133 Ch. 1717
တဟုန်းဟုန်း တောက်လောင်နေသော ကံကြွေးမီးတောက်များသည် နောက်ဆုံးတွင် ငြိမ်းသေလွင့်ပျယ်သွားချေပြီ။
မီးပင်လယ်နေရာတွင် ပြာမှုန်များသာ ကျန်ရစ်ခဲ့၏။ တခြားမည်သည့်အရာမှ မရှိတော့ချေ။
“မြေအောက်ဘုံအရှင်သခင်”
ကောင်းကင်နတ်အရှင်ရုံက ပြန်လှည့်၍ ယိုတုမိစ္ဆာနတ်ဘုရားစစ်တပ်ကို ရင်ဆိုင်လိုက်သည်။ တာအိုမိတ်ဆွေတစ်ယောက်ကား ထိုသို့ လွင့်ပြယ်သွားခဲ့လေပြီ။
သူ မြင်တွေ့ခဲ့ရသော အားချိုနှင့်မိသားစုတို့ မြင်ကွင်းမှာ အမှန်တကယ် ဖြစ်ပွားခဲ့သော အရာမဟုတ်။ မြေအောက်ဘုံအရှင်သခင်၏ ပြင်းထန်အားကောင်းလှသော အစွဲစိတ်မှ ဖြစ်တည်လာသည့် ပုံရိပ်ယောင်မျှသာ ဖြစ်ပေသည်။ ထိုအစွဲစိတ် ပုံရိပ်ယောင်ထဲတွင်တော့ မြေအောက်ဘုံအရှင်သခင်၏ ဆန္ဒ ပြည့်ဝသွားခဲ့သည်။
ချင်ဖုန်းကျင့်က ဤမြင်ကွင်းကို အဝေးမှ ကြည့်နေသည်။ ဤတခဏ၌ သူ အရွယ်ရောက်လာပြီး မြေအောက်ဘုံအရှင်သခင်နှင့် ပိုမိုရင်းနှီးလာသလို ခံစားလိုက်မိသည်။
“ဂရုစိုက်ပါ… နွားကြီး”
သူက လမ်းစဉ်ခြောက်သွယ် ကောင်းကင်ရတနာလှည်းဘီးကို အသက်သွင်းလျက် ခပ်တိုးတိုး ရေရွတ်နေသည်။ “စိတ်မပူပါနဲ့… ခင်ဗျား သင်ပေးထားတဲ့အတိုင် ကျွန်တော် လုပ်မှာပါ… တရားမျှတမှုကို ထိန်းသိမ်းပြီး သက်ရှိသတ္တဝါတွေအပေါ် တရားမျှတစွာ ဆက်ဆံမယ်…”
သူက လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးဆီမှ ဆင်းလာသည်။ သူ၏ မှော်စွမ်းအင်သည် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး လှည့်ပတ်နေမှုကို ထိန်းသိမ်းပေးထားဆဲဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် သူ့အနေဖြင့် လမ်းစဥ်ခြောက်သွယ် ကောင်းကင်လှည်ဘီးကို တစ်ချိန်လုံး ထိန်းသိမ်းပေးနေရန် မလိုအပ်တော့ချေ။
ကောင်းကင်နတ်အရှင်ရှုနှင့် မြေအောက်ဘုံအရှင်သခင်ကား အတူတူ ထွက်သွားကြချေပြီ။ ကောင်းကင်နတ်အရှင်ရှု မရှိတော့သည့်အခါ ကမ္ဘာဦးဘုံအပေါ် ရစ်ဝဲနေသော အန္တရာယ်များစွာ လျော့ကျသွားပြီဖြစ်၏။ ထို့ကြောင့် လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးကို တစ်ချိန်လုံး ထိန်းချုပ်ထားစရာ မလိုတော့ပေ။
ချင်ဖုန်းကျင့်က မျက်လုံးများမှိတ်ထားရင်း အသက်ပြင်းပြင်း တစ်ရှိုက် ရှူသွင်းလိုက်သည်။ ကမ္ဘာဦးဘုံနှင့် ယိုတုမှာ ဆက်နွယ်မနေတော့ဘဲ သီးသန့်ကမ္ဘာလောကနှစ်စင်း ဖြစ်သွားခဲ့သည်။ ကောင်းကင်နတ်အရှင်ရှုနှင့် မြေအောာက်ဘုံအရှင်သခင်တို့က ယိုတုတာအိုအဖြစ် ပြောင်းလဲသွားကြပြီး ယိုတုမဟာတာအိုက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသားသည်။ တစ်ဆက်တည်းမှာပင် ယိုတုတွင် ပျံ့နှံ့နေသည့် မဟာတာအိုက ကြီးထွားလာပြီး သူ့အား စွမ်းအားများ ပြည့်သျှံလာသည့် ခံစားချက်တို့ ပေးစွမ်းနေ၏။
ကမ္ဘာဦးဘုံသည် ယိုတုကြောင့် အန္တရာယ် မရှိတော့ချေ။ ချင်ဖုန်းကျင့်သည်လည်း သူ၏ခွန်အားနှင့် ရည်မှန်းချက်များကို ထုတ်ဖော်နိုင်ပြီဖြစ်သည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအထက် အသေးစားရွှမ်တုတွင်
“ငါ့ညီမြေအောက်ဘုံအရှင်သခင်၊ လိုချင်တာ ရသွားပြီတဲ့လား”
ကောင်းကင်နယ်စားမင်းမှာ အောက်သို့ ငုံ့ကြည့်လိုက်ရာ ကမ္ဘာဦးဘုံယိုတုအတွင်း၌ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့သော မီးတောက်များ ငြိမ်းသေသွားသည်ကို တွေ့လိုက်ရသည်။ သူ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုရော ဝမ်းနည်းမှုတို့ပါ တစ်ပြိုင်နက်တည်း ဖြစ်တည်နေတော့သည်။
မြေအောက်ဘုံအရှင်သခင်သည် နောင်တ မရှိ၊ နောက်ဆံတင်းခြင်း မရှိ ထွက်ခွာသွားခဲ့ချေပြီ။
“အပြင်လူတွေ ကြည့်ရင်တော့ မင်း ဒီလိုထွက်ခွာသွားတာ ဝမ်းနည်းဖို့ ကောင်းပေမယ့်… တာအိုနောင်တော်တစ်ယောက်အနေနဲ့ဆိုရင်တော့ မင်းရဲ့ ဆန္ဒ ပြည့်ဝသွားတဲ့အတွက် ပျော်မိတယ်…. မင်းက လူသားတစ်ယောက် ဖြစ်လာတဲ့အပြင် တာအိုလည်း ရသွားခဲ့ပြီ… မင်း၊ မင်းရဲ့ သမီးနဲ့ မိသားစုလည်း ထာဝရ တည်ရှိနိုင်လိမ့်မယ်… ဒါက သိပ်ကို စိတ်အေးစရာပဲ”
ဝုန်း…
ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ၏ကောင်းကင်တာအိုကို စုစည်း၍ အထွတ်အမြတ်ရတနာအဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် ကောင်းကင်နယ်စားမင်း၏ မျက်နှာဆီသို့ အားကုန်ရိုက်ချလိုက်သည်။ ကောင်းကင်နယ်စားမင်း၏ မျက်နှာမှာ ပုံပျက်ရှုံ့တွသွားပြီး ခန္ဓာကိုယ်လည်း ယိုင်သွားသည်။ သူသည် အသေးစားရွှမ်တုနှင့် ဝင်တိုက်မိပြီးနောက် အချိန်အတော်ကြာမှ ရပ်လိုက်နိုင်လေသည်။
သူ့မှာ မြေအောက်ဘုံအရှင်သခင်ကြောင့် ငေးငိုင်သွားခဲ့သည့်အတွက် တခဏအတွင်း ရှေးဟောင်းနတ်ဘုရားဘုရင်က အားနည်းချက် ရှာတွေ့သွားပြီး ချက်ချင်း ရိုက်နှက်တော့သည်။
ကောင်းကင်နယ်စားမင်းသည် သူ၏သားတော် ရှေးဟောင်းနတ်ဘုရားဘုရင်အတွက် ဘယ်တုန်းကမှ ပြိုင်ဘက်တစ်ယောက် မဟုတ်ခဲ့ပေ။ ပြန်လည်မွေးဖွားလာခဲ့သည့် ကောင်းကင်နယ်စားမင်းအနေဖြင့် ကောင်းကင်တာအိုနှလုံးသားကို သိမြင်နားလည်၍ တာအိုကို အမြင့်မားဆုံးအဆင့်အထိ ကျင့်ကြံထားနိုင်သော်လည်း ကောင်းကင်တာအိုကို အချိန်တိုအတွင်း ရယူနိုင်ရန် မလွယ်ပေ။ ကောင်းကင်တာအို အထွတ်အမြတ်ရတနာများကိုသာ အားကိုး၍ ရှေးဟောင်းနတ်ဘုရားဘုရင်ကို တိုက်ခိုက်နေရ၏။
ကောင်းကင်တာအို အထွတ်အမြတ်ရတနာက ရွှမ်တုငယ်အဖြစ် ပြောင်းလဲထားရင်း နတ်ဘုရားမိစ္ဆာများကို ခုခံကာကွယ်ပေးထားသောကြောင့် ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့သည် ရွှမ်တုစစ်တပ် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွင်းသို့ ချင်းနင်းမဝင်ရောက်နိုင်အောင် အချိန်ဆွဲတားဆီးထားနိုင််၏။ သို့သ်ော ကောင်းကင်နယ်စားမင်းမှာတော့ တိုက်ပွဲစကတည်းက အရေးနိမ့်ခဲ့သည်။
ရွှမ်တုငယ်တွင် ကောင်းကင်နတ်အရှင်ယွဲ့က အန္တိမဟင်းလင်းပြင်ကို အသက်သွင်းလျက် နေရာဟင်းလင်းပြင်အား ဖြတ်တောက်ကာ ရွှမ်တုငယ်အား မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်အလွှာများအဖြစ် ခွဲခြားလိုက်သည်။ လန်ဝူက သူမဘေးတွင် ရပ်၍ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများကို မြင်ယောင်ဖန်ဆင်းကာ ကျယ်ပြောကြီးမားသည့် နဂါးငွေ့တန်းတစ်ခုကို ဖန်တီးနေသည်။ သူတို့က ရွှမ်တုစစ်တပ်၏ နေစောင့်ရှောက်သူများနှင့် လစောင့်ရှောက်သူများအား တွန်းလှန်ခုခံနေကြ၏။
တစ်ဖက်နှင့်တစ်ဖက် ဝင်တိုက်သွားသည့်အခါ နေနှင့် လက ကောင်းကင်တွင် အပြည့်နေရာယူသွားသည်။ မရေမတွက်နိုင်သော နေလများက ၀င်္ကပါမျိုးစုံ ဖန်တီးကာ ရွှမ်တုငယ်၏ အတားအဆီးများအား ထိုးဖောက်နိုင်ရန် ကြိုးစားနေကြ၏။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်ဝူတို့အား ရင်ဆိုင်နေရသောကြောင့် နေလအစောင့်အရှောက်များ၏ ၀င်္ကပါများမှာ နောက်ကျကျန်နေကြသည်။
“ကောင်းကင်နယ်စားမင်း၊ အခြေအနေ တည်ငြိမ်သွားပြီ…”
ကောင်းကင်နတ်အရှင်ယွဲ့က နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ “ရှင် ကောင်းကင်တာအို အထွတ်အမြတ်ရတနာကို ယူသွားလို့ရပြီ”
ဤအချိန်အတွင်းတွင် ကောင်းကင်နယ်စားမင်းမှာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ အသေအကြေ ရိုက်နှက်ခြင်း ခံနေခဲ့ရ၏။ သေလုမျောပါး ပြေးလွှားနေခဲ့ရသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားဘုရင်၏ လက်ခုပ်ထဲက ရေပမာပင်။ မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ ရှေးဟောင်းနတ်ဘုရားဘုရင်က သူ့ကို တိုက်ခိုက်နိုင်လေသည်။
ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာသည် ထိုက်ချူခေတ်မှ ကောင်းကင်နတ်ဧကရာဇ်ခန္ဓာကိုယ်အောက် အနည်းငယ် နိမ့်ကျသော်လည်း အသန်မာဆုံး ရုပ်ခန္ဓာများထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့၏။ ပြီးခဲ့သည့်နှစ်များတစ်လျှောက် ဤရုပ်ခန္ဓာအပေါ် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ထိန်းချုပ်နိုင်မှုမှာ ပိုပို၍ကျွမ်းကျင်လာခဲ့ချေပြီ။
“ခမည်းတော်၊ ခင်ဗျား သေတော့မှာလား”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကျယ်လောင်သွား ရယ်မောလိုက်ပြီး မကျေနပ်သေးပေ။ “ခမည်းတော်က သိပ်သဘောကောင်းတယ်ဗျာ.... ကျုပ် ဆန္ဒကို ဖြည့်ဆည်းပေးဖို့ နှစ်ခါ သတ်ခွင့်တောင် ပေးတယ်နော်”
သူက ကောင်းကင်နယ်စားမင်းရုပ်ခန္ဓာ၏ နဖူးပေါ်မှ ဆင်းလာပြီး အခက်တွေ့နေသော ကောင်းကင်နယ်စားမင်းအား ကြည့်ကာ သတ်ပြင်းချသည်။ “ဒီလောကမှာ တရားမျှတမှုဆိုတာ မရှိဘူး… ခမည်းတော်က အမြဲတမ်း တရားမျှတမှုအကြောင်း ပြောခဲ့ပေမယ့် တကယ်တမ်း မမျှတဆုံးသူက ခင်ဗျားပဲ…. ဝံပုလွေတွေက သိုးတွေကို စားတယ်… သိုးတွေက မြက်ကို စားတယ်... မြက်ကတော့ ကမ္ဘာမြေကြီးကို ပြန်စားတယ်….. ဒါက ကောင်းကင်တာအိုပဲ… ရှေးဟောင်းနတ်ဘုရားတွေက နတ်ဘုရားတစ်ပိုင်းတွေကို စားတယ်…. နတ်ဘုရားတစ်ပိုင်းတွေက လူသားတွေကို စားတယ်…. လူသားတွေက တိရစ္ဆာန်တွေနဲ့ အပင်ကို စားတယ်… ဒါကလည်း ကောင်းကင်တာအိုပဲ… ကောင်းကင်နယ်စားမင်းအနေနဲ့ ခင်ဗျားရဲ့ ကောင်းကင်တာအိုအပေါ် သိမြင်နားလည်မှုက ကျဉ်းမြောင်းလွန်းတယ်… လူသားတွေ တွန်းလှန်အာခံနေတာက ခင်ဗျားက မသတ်တဲ့အပြင် ကူတောင် ကူညီပေးနေသေးတယ်…”
သူက လက်မြှောက်၍ လန်ဖုန်းတောင်ကြားဆီသို့ လက်ညှိုးထိုးလိုက်သည်။ ထို့နောက် နှာခေါင်းရှုံ့ကာ ပြော၏။ “အဲဒီလူသားတွေကို ကြည့်လိုက်စမ်း… ကမ္ဘာခေတ်နှောင်းကောင်တွေ… ထာဝရ အသက်မရှင်နိုင်တဲ့ အဲဒီကောင်တွေက ကောင်းကင်ကို ပုန်ကန်ပြီး နတ်ဘုရားတွေလို ထာဝရ အသက်ရှင်နိုင်ခဲ့ကြတယ်…. အစတုန်းက ဘာစွမ်းအားမှ မရှိပေမယ့် ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဖန်တီးပြီး စွမ်းအားရယူခဲ့ကြတယ်…. ကျောက်တုံးတွင်းတွေနဲ့ ကျောက်သွေးကြောတွေကို တူးပြီး လက်နက်တွေအဖြစ် သွန်းလုပ်ခဲ့ကြတယ်... အဲဒီနောက် ဘာလုပ်လဲ… နတ်ဘုရားတွေကို စတင်သတ်ကြတယ်….”
“သူတို့က တောင်တွေ ဖြိုပြီး လမ်းတွေ ဆောက်တဲ့အပြင် မြစ်တွေ ဖောက်လို့ လယ်ယာစိုက်ပျိုးခဲ့ကြတယ်… သူတို့ရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းဖို့အတွက် သီးနှံတွေရဲ့ ကြီးထွားနှုန်းကိုတောင် ပြောင်းလဲခဲ့ကြတယ်…. အဲဒီကောင်တွေက လောကရဲ့ မဟာတာအိုကိုတောင် ပုံပျက်ပြောင်းလဲစေခဲ့တာ… အရင်တုန်းက မရှိတဲ့ တာအိုကျင့်စဉ်တွေအများကြီးတောင် ပေါင်းထည့်ခဲ့ကြတယ်…”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်းဆီ ပျံသန်းသွားသော ကောင်းကင်နိယာမတာအိုလက်နက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ဤတာအိုလက်နက်ကို လက်ထဲတွင် ကိုင်ထားလိုက်သည်နှင့် ကျန်ကောင်းကင်တာအို အထွတ်အမြတ်ရတနာများက ချက်ချင်း ပျံသန်းလာပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဘေးပတ်လည်တွင် ဝန်းရံနေကြတော့သည်။
“သူတို့က ကောင်းကင်တာအိုကို ပြောင်းလဲနေတာ… ဒီစကြဝဠာကို ပြောင်းလဲနေတာ… ခင်ဗျားကတော့ ဘာမှမလုပ်ဘူး… ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ ရပ်တည်ချက် ရှိသင့်တယ်… ခင်ဗျားမှာတော့ ဘာရပ်တည်ချက်မှ မရှိဘူး”
ကောင်းကင်တာအို အထွတ်အမြတ်ရတနာ တစ်ခုပြီးတစ်ခုမှာ ရှေးဟောင်းနတ်ဘုရားဘုရင်က ထိန်းချုပ်ခြင်း ခံလိုက်ရသည်။ သူက ကောင်းကင်နယ်စားမင်းထံသို့ လျှောက်သွား၏။ သူ၏နောက်မှ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကလည်း ကောင်းကင်နယ်စားမင်းကို အဆက်မပြတ် ဆက်လက်တိုက်ခိုက်နေသည်။
“ဒီခေတ်နှောင်းသတ္တ၀ါတွေက စကြဝဠာကို ဖရိုဖရဲ ဖြစ်စေမယ်ဆိုတာ ကျုပ် အရင်တည်းက သိခဲ့ပြီးသား… အနာဂတ်မှာ နတ်ဘုရားတွေရဲ့ အာဏာဟာ သူတို့ကြောင့် ပြိုကွဲပျက်စီးရမယ်ဆိုတာ ကျုပ် သိခဲ့တယ်… သူတို့ကို ကြီးထွားခွင့်ပေးလိုက်ရင် ကျုပ်တို့က သူတို့ရဲ့ ကျွန်တွေ ဖြစ်လာလိမ့်မယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်ကား အမျက်ချောင်းချောင်း ထွက်နေသဖြင့် ကောင်းကင်နယ်စားမင်း ရုပ်ခန္ဓာ၏ တိုက်ကွက်များသည်လည်း ပိုမိုပြင်းထန်လာ၏။ “ကောင်းကင်နယ်စားမင်းတစ်ယောက်အနေနဲ့ သတ္တဝါတွေကို အပြစ်ပေးရမယ်… မိုးကောင်းကင်ကို ဆန့်ကျင်တဲ့အခါ ကပ်ဘေးတွေ ကျရောက်စေပြီး ဖျက်ဆီးပစ်ရမယ်… နတ်ဘုရားတွေကို မကိုးကွယ်ရင် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြောက်ရွံ့တတ်အောင် သင်ပေးရမယ်… မြစ်ချောင်းတွေ ဖောက်ရင် သူတို့ မြို့တွေကို ရေမြုပ်ပစ်ရမယ်… ကျောက်သွေးကြောတွေ တူးရင် ငလျင်လှုပ်စေပြီး ဖျက်ဆီးပစ်ရမယ်… ခင်ဗျား သူတို့ကို နာခံအောင် လုပ်လို့ရတယ်… ကောင်းကင်မီးလျှံဟာ နေနဲ့ လကို ကွယ်ပြီး ရေကြီးမှုတွေ၊ မိုးခေါင်ရေရှားမှုတွေ ဖန်တီးနိုင်တယ် … ဒါပေမဲ့ ခင်ဗျား ဘာမှမလုပ်ခဲ့ဘူး”
“ကျုပ် သူတို့ကို ဖျက်ဆီးဖို့ ခင်ဗျားကို တိုက်တွန်းခဲ့တယ် … ဒါပေမဲ့ ခင်ဗျားက ကောင်းကင်တာအိုရဲ့ မျှတမှုဆိုတာကိုပဲ တွင်တွင်ပြောနေခဲ့တာ… အဲဒီအချိန်ကတည်းက ခင်ဗျားကို အားကိုးလို့မရမှန်း ကျုပ် သိလိုက်ရတာပဲ… ခင်ဗျားက အိုနေပြီး ဒီကိစ္စတွေရဲ့ အကျိုးအပြစ်ကို မမြင်နိုင်တော့ဘူး”
ကောင်းကင်နယ်စားမင်းက လက်နှစ်ဖက်ကို မြှောက်ကာ သူ၏ရုပ်ခန္ဓာမှ ထိုးချလိုက်သော လက်သီးကို ခုခံလိုက်သည်။ သူ၏မျက်နှာ၌ သွေးများ ပေရေနေသော်လည်း ပြုံးလျက် ဆို၏။ “ငါ့သား… ကောင်းကင်ရဲ့လမ်းစဉ်ဆိုတာ ပုံသေပဲ… ကောင်းကင်ဥပဒေဟာ ‘မူ’ အသက်ရှင်စေဖို့ တည်ရှိနေတာ မဟုတ်သလို၊ ‘ရှောင်’ မသေအောင် ကာကွယ်ဖို့လည်း မဟုတ်ခဲ့ဘူး … မင်းသာ ဒီစကားကို နားလည်နိုင်စွမ်း မရှိခဲ့တာ”
ဝုန်း..
ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာမှ လက်သီးတစ်ချက်က သူ့အား ထိုးနှက်၍ ကမ္ဘာဦးဘုံအပြင်ဘက်သို့ လွင့်စင်သွားစေသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာသည် လက်ဖဝါးတစ်ဖက်ကို ဆန့်လျက် သူ့ကို ပင့်မပေးလိုက်ရာ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံးတွင် ကောင်းကင်နယ်စားမင်းကို တွေ့လိုက်ရ၏။
ဤနေရာသည် ရွှမ်တု… ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာ တည်ရှိရာ နေရာ ဖြစ်သည်။
ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာသည် ကမ္ဘာဦးဘုံသို့ အမှန်တကယ် ဆင်းသက်လာခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤရုပ်ခန္ဓာမှာ အလွန်ကြီး မားလွန်းသောကြောင့် ဖြစ်၏။ ဤရုပ်ခန္ဓာနှင့် နှိုင်းယှဉ်လျှင် ကမ္ဘာဦးဘုံမှာ အလွန်သေးငယ်နေသဖြင့် တစ်ကိုယ်လုံး ဆင်းသက်ရန် မဖြစ်နိုင်ချေ။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာအပေါ်ပိုင်းကိုသာ ထိန်းချုပ်၍ အာကာပြင်ကျယ်အပြင်မှ ကမ္ဘာဦးဘုံ၏ ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်နယ်စားမင်းနှင့် တိုက်ခိုက်ခဲ့သည်။ ယခုမူ သူတို့သည် ရွှမ်တုသို့ ပြန်ရောကက်လာကြပြီဖြစ်၏။
ကောင်းကင်နယ်စားမင်းက ရွှမ်တုထဲတွင် မျောလွင့်နေရင်း နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူက မောဟိုက်စွာ အသက်ရှူနေရင်း ပြုံး၏။ “ငါ့သား.. ငါလည်း အရင်က ဒီအချက်ကို နားမလည်ခဲ့ဘူး… နောက်ပိုင်းကျမှပဲ ငါ နားလည်လာခဲ့တာ”
သူက စကြဝဠာ၏ ကြယ်တာရာကောင်းကင်အား ပွတ်သပ်နေသည့်အလား လက်ဖဝါးကို ဆန့်တန်းလိုက်သည်။ သူ၏ရင်ထဲတွင် လှိုင်းထန်သွားလေသည်။ “ကြည့်စမ်း… ငါတို့ရဲ့ ရွှမ်တုကနေ အနန္တကမ္ဘာလောကတွေ ကောင်းကင်ဘုံတွေနဲ့ သက်ရှိတွေရဲ့ ဘ၀အခြေအနေအမျိုးမျိုးကို မြင်နိုင်တယ်… လူ့လောကရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ခွဲခွာမှု၊ ပြန်လည်ဆုံဆည်းမှု၊ အချစ်နဲ့ အမုန်းအားလုံးကို မျက်ဝါးဝါးထင်ထင် တွေ့မြင်နေရတာ.. ဒီလူ့လောကဆိုတာ ဘာများလဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နိယာမတာအိုလက်နက်ကို လှုပ်ခါလိုက်ရာ ကျန်ကောင်းကင်တာအို အထွတ်အမြတ်ရတနာ ၄၉ ခုက ပျံသန်းလာ၍ လှံရှည်တစ်စင်းအဖြစ် ပေါင်းစပ်သွားသည်။ သူက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ကောင်းကင်နယ်စားမင်းထံ လျှောက်သွားရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ခမည်းတော်မှာ ဘယ်လို ထူးဆန်းတဲ့ အတွေးအခေါ်တွေ ရှိနေပြန်ပြီလဲ”
ကောင်းကင်နယ်စားမင်းက ရွှမ်တု၏ အလယ်ဗဟိုတွင် ရပ်လျက် အနန္တလောကတစ်သောင်းဆီသို့ ငုံ့ကြည့်နေ၏။ သူ၏နှလုံးသား၌ ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှံနေပြီး သူက ပြုံးလျက်ဆို၏။ “ဒီလူ့လောကက ကောင်းကင်ပင်လယ်ပဲ”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။ “ခမည်းတော်၊ ခင်ဗျားရဲ့ ဦးနှောက်က တကယ်ကို သေမျိုးလောကကြောင့် ညစ်ညမ်းသွားပြီပဲ… အဓိပ္ပာယ်မရှိတာတွေ စပြောနေပြီ… ကောင်းကင်ပင်လယ်ဆိုတာ ဘိုးဘေးနန်းတော်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့နေရာပဲ… ဘယ်တုန်းကမှ သေမျိုးလောက မဟုတ်ခဲ့ဘူး… စကြဝဠာ ပွင့်ဟလာခဲ့တုန်းက ကောင်းကင်ပင်လယ်ကို မွေးဖွားခဲ့တယ်… ကောင်းကင်နတ်မြစ်က ကောင်းကင်ပင်လယ်ကနေ မြစ်ဖျားခံပြီး ရွှမ်တုကို မွေးထုတ်ပေးခဲ့တာ… ခင်ဗျားက တော်တော်ကို ဦးနှောက်မရှိတော့တာပါလား”
ကောင်းကင်နယ်စားမင်းက ခေါင်းခါကာ ပြုံးလိုက်သည်။ “ငါ့သား… မင်းက ကောင်းကင်နှလုံးသားဆိုတာ ဘာလဲ ခုထိ နားမလည်သေးဘူး… အဲဒီတုန်းက ငါလည်း နားမလည်ခဲ့ပါဘူးလေ… ကောင်းကင်နတ်အရှင်မူ ငါ့ကို အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲ ပစ်မထည့်ခင် အချိန်အထိပေါ့… ငါ အကျဉ်းထောင်ကိုးထပ်စင်မြင့် အလယ်မှာ ရပ်ပြီး မော့ကြည့်လိုက်တဲ့အခါကျမှ ကောင်းကင်တာအို ဆိုတာ ဘာလဲ… ကောင်းကင်နှလုံးသားဆိုတာ ဘာလဲ နားလည်ခဲ့တာ”
သူ၏နှလုံးသားထဲတွင် နက်ရှိုင်းလေးပင်သော ပျော်ရွှင်မှုတစ်မျိုးကို ခံစားလိုက်ရပြီး ဆက်ပြော၏။ “ငါ အောက်မှာ ရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်တော့ ငါ့ခေါင်းပေါ်က ကောင်းကင်ကို မြင်လိုက်ရတယ်… အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံတွေဆိုတာ မရှိဘူး.. ကောင်းကင်တာအိုဆိုတာလည်း မရှိမှန်း နားလည်သွားခဲ့တယ်.. ဘိုးဘေးနန်းတော်ရဲ့ ဖန်ဆင်းရှင် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံတွေ မွေးဖွားလာခဲ့ပြီး ကောင်းကင်တာအိုကလည်း အလိုအလျောက် ပေါ်ပေါက်လာခဲ့တာ”
“ကောင်းကင်တာအိုဆိုတာ အမှန်တော့ သက်ရှိအားလုံးရဲ့ တာအိုပဲ”
သူက စိတ်လှုပ်ရှားစွာ ပြောသည်။ “ကောင်းကင်နှလုံးသားဆိုတာ အမှန်တော့ သက်ရှိအားလုံးရဲ့ နှလုံးသားပဲ… ဒီကောင်းကင်ဘုံအားလုံးနဲ့ အနန္တလောကတွေနဲ့အတူ တည်နေတဲ့ လူ့ပြည်ဟာ ကောင်းကင်ပင်လယ်ပဲ… ကောင်းကင်တာအိုရဲ့ ရှုထောင့်အားလုံးကို ထင်ဟပ်ပြနေတယ်… သက်ရှိတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုအသစ်တွေကို ဖန်တီးခဲ့ကြတယ်…. ကောင်းကင်နဲ့ မြေကြီးဟာ အံ့ဩခြင်းလည်း မရှိသလို ဒေါသလည်း မထွက်ဘူး… ဒီအတိုင်း တိတ်တဆိတ် လက်ခံလိုက်တယ် … ကောင်းကင်နဲ့မြေကြီးကလည်း တိတ်တဆိတ် ပြောင်းလဲနေပြီ… ဒီအတွက်ကြောင့် ကပ်ဘေးတွေ ရှိလာမှာ မဟုတ်ဘူး… ဆန့်ကျင်ဘက်အနေနဲ့ သက်ရှိတွေက ကောင်းကင်တာအိုကို ဖွံ့ဖြိုးတိုးတက်စေပြီး ပြီးပြည့်စုံအောင် လုပ်ဆောင်နေကြတာ … မင်း သူတို့ကို တားဆီးတာကမှ မိုးကောင်းကင်ကို ဆန့်ကျင်တာပဲ…”
“အဓိပ္ပာယ်မရှိတာ”
ရှေးဟောင်းနတ်ဘုရားဘုရင်က ဒေါသတကြီးဖြင့် လှံကို ကိုင်ကာ ရှေ့တိုးလာသည်။ သူက ကောင်းကင်နယ်စားမင်းကို လှံဖြင့် ထိုးသတ်ရန် ကြံရွယ်လိုက်၏။
“ခမည်းတော်၊ ခင်ဗျားက ကောင်းကင်နယ်စားမင်းဖြစ်ဖို့ မထိုက်တန်တော့ဘူး… ကျုပ် ခင်ဗျားကို သင်ပေးမယ်”
သူသည် ကောင်းကင်နယ်စားမင်းကို တစ်ကြိမ်သတ်ခဲ့ဖူး၏။ ထိုအချိန်က သူ၏စွမ်းအားမှာ လက်ရှိထက် အဆပေါင်းများစွာ နိမ့်ကျနေသည့်အပြင် ကောင်းကင်နယ်စားမင်း၏ စွမ်းအားက ယခုထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ကောင်းကင်နယ်စားမင်းကို အလွယ်တကူ ထပ်သတ်နိုင်မည်ဟု ယုံကြည်သည်။ ဤတစ်ကြိမ်တွင် ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်အား စိစိညက်ညက် ကြေသည့်တိုင်အောင်၊ အနက်ရောင်ဝိညာဉ်သဲမှုန်များပင် မကျန်ရစ်သည့်တိုင်အောင် ရိုက်နှက်သတ်ဖြတ်ပစ်မည်။
ဝုန်း…
သူ ကောင်းကင်နယ်စားမင်းအား ထိုးနှက်လိုက်ရာ ကောင်းကင်နယ်စားမင်း ပေါက်ကွဲသွားသည်။ သူ၏ရုပ်ခန္ဓာက အက်ကွဲသွားသော်လည်း ထင်ထားသလို ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။
ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်မှာ ပျောက်ကွယ်သွားလေပြီ။
ထိုအချိန်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို မြင်လိုက်ရ၏။ ၎င်းမှာ ချင်မူ၏ ကောင်းကင်နတ်သိုင်း ဖြစ်ပေလိမ့်မည်။ ယခင်က ရွှမ်တုတိုက်ပွဲတွင် ချင်မူသည် အကျဉ်းထောင်ကိုးထပ်စင်မြင့် ကောင်းကင်နတ်သိုင်းအား ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့သည်။
ဤသို့ ကောင်းကင်နတ်သိုင်းမျိုးမှာ အလွန်အံ့ဩဖွယ်ကောင်း၏။ တာအိုနှလုံးသားပေါ် ရည်ရွယ်သည့် ကောင်းကင်နတ်သိုင်းတစ်ခုလည်း ဖြစ်သည်။ ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ချင်မူ ပြန်လည်တည်ဆောက်ပေးခဲ့သော်လည်း သူ၏တာအိုနှလုံးသားမှာ အကျဉ်းထောင်ကိုးထပ်စင်မြင့်တွင် ကျန်ရစ်ခဲ့ပြီး ဘယ်တော့မှ ထွက်လာနိုင်ခဲ့ခြင်း မရှိပေ။
ထွက်မလာနိုင်သည့်အပြင် ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်၍ အကျဉ်းထောင်ကိုးထပ်စင်မြင့် ကောင်းကင်နတ်သိုင်းကို ပိုမိုအားကောင်းလာစေခဲ့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင် အကျဉ်းထောင်ကိုးထပ်စင်မြင့်သို့ ကြည့်လိုက်ရာ ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သည် တစ်လက်မပတ်လည်သာ ရှိသော နေရာလေးတွင် ရပ်နေသည်အား တွေ့လိုက်ရ၏။
ကောင်းကင်နယ်စားမင်းက သူ့ကို မော့ကြည့်ကာ ပြုံးလိုက်သည်။ “ငါ့သား… ၊ ငါနဲ့အတူ ကောင်းကင်နှလုံးသားနဲ့ သက်ရှိအားလုံးကို လာကြည့်လှည့်ပါ”
ရှေးဟောင်းနတ်ဘုရားဘုရင် ဒေါသူပုန်ထသွားသည်။ သူက ကောင်းကင်တာအို အထွတ်အမြတ်ရတနာကို ဝှေ့ယမ်းကာ အကျဉ်းထောင်ကိုးထပ်စင်မြင့်၊ ကောင်းကင်နယ်စားမင်း၏ တာအိုနှလုံးသားနှင့် မူလဝိညာဉ်ကို ချေမှုန်းရန် ကြံရွယ်လိုက်၏။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ရုတ်တရက် ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရပြီး သူကိုယ်တိုင် ထိုတစ်လက်မနေရာလေးထဲသို့ ကျရောက်သွားသည်ကို မြင်လိုက်ရသည်။
သူ မော့ကြည့်လိုက်ရာ သူ့အထက်ရှိ ကောင်းကင်ကို မြင်လိုက်ရ၏။
“ကောင်းကင်နယ်စားမင်းကို ကူညီရမလား”
ကမ္ဘာဦးဘုံ လန်ဖုန်းတောင်ကြားအထက်တွင် ကောင်းကင်နတ်အရှင်ယွဲ့က ရွှမ်တုကို စိုးရိမ်ပူပန်စွာ မော့ကြည့်နေသည်။ သို့သော် သူမသည် ချက်ချင်း စိတ်တည်ငြိမ်စေ၍ ဗျပ်စောင်းကို ထုတ်ကာ ပေါင်ပေါ်တွင် တင်လိုက်၏။
သူမက ကောင်းကင်ဘုံစစ်တပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး လက်ချောင်းကို ဗျပ်စောင်းကြိုးပေါ်တွင် တင်လိုက်သည်။ သို့သော် မတီးခတ်သေးပေ။ အသက်အောင့်၍ အာရုံစူးစိုက်ကာ စိတ်ထဲတွင် စဉ်းစားတွေးတောနေသည်။ “ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံစစ်တပ်ကို တစ်ယောက်တည်း တားဆီးတာက ပိုပြီး အန္တရာယ်များနိုင်တယ်… ငါလုပ်နိုင်တာက အရေးအကြီးဆုံး အခိုက်အတန့်ကို ရှာပြီး မီလော့နန်းတော် သခင်လေးလေးရဲ့ သံစဉ်ကို တီးခတ်ဖို့ပဲ…. သူ့စိတ်ကို နှောင့်ယှက်နိုင်ရင် ကောင်းကင်နတ်အရှင်မူ အနိုင်ရနိုင်မယ့် အခွင့်အရေး ဖန်တီးပေးနိုင်လောက်တယ်”
ဤအခွင့်အရေးမှာ တခဏမျှသာ ပေါ်ထွက်လာလိမ့်မည်။ သူမအနေဖြင့် အာရုံမလွင့်ပျယ်ဘဲ အမိအရ ဖမ်းဆုပ်ရပေမည်။