← Chapters

ဆန္ဒမရှိခြင်း

Vol. 158 Ch. 2239

ဆန္ဒမရှိခြင်း

Vol. 158 Ch. 2239

ကျယ်ပြောလှသော ကြယ်ကောင်းကင်က ထိုအခိုက်အတန့်၌ အလွန် တောက်ပနေခဲ့သည်။ အလွန် တောက်ပသည့် ကြယ်အလင်းရောင်များက လင်းလက်နေကာ ကြယ်ကောင်းကင်ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းထား၍ ပိုမို ခမ်းနားထည်ဝါလာသည်။

ရီဖူရှင်း ရှိနေသည့်နေရာတွင် မမြင်နိုင်သော ကောင်းကင်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး ကျင့်ကြံသူအားလုံးကို မောင်းထုတ်လိုက်သည်။ တခဏအတွင်းတွင် ရီဖူရှင်းသာလျှင် ထိုနေရာ၌ ကျန်ရှိနေတော့သည်။ သို့သော် သူသည် သိစိတ်အာရုံတို့ ပျောက်ဆုံးနေပုံရကာ ကြယ်ကောင်းကင်၌ အကူအညီမဲ့စွာ မျောလွင့်နေပြီး မြင့်မြတ်သည့် အင်ပါယာနတ်အလင်းတို့နှင့် အဆုံးမဲ့ ကြယ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသည်။

တစ်ချိန်တည်းတွင် နတ်ရောင်ဝါအလင်းတန်း ခုနစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားပြီး စွမ်းအားများ ဆက်ခံထားသည့် ခုနစ်ယောက်ကို မည်သည့် အန္တရာယ်မှ မဖြစ်စေခဲ့ပေ။ သူတို့က အမွေအနှစ်ကို လက်မ​လျှော့သလို ရီဖူရှင်းနှင့် တိုက်ခိုက်ရန်လည်း မလုပ်ခဲ့ပါချေ။ သူတို့ မသိရှိသော အရာတစ်ခုအတွက် ယှဥ်ပြိုင်ရန် ရရှိထားပြီးသော အင်ပါယာအဆင့် အမွေအနှစ်ကို လက်လျှော့ရန်မှာ ဉာဏ်မရှိသည့် လုပ်ရပ်ဖြစ်​လေသည်။

ကြယ်ကောင်းကင်သို့ အရင်ရောက်လာသည့် ပြင်ပဘုံများမှ ကျင့်ကြံသူများသာမက စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအပြင် အပြင်ဘက်မှလာသည့် အခြားသော အစွမ်းထက် ကျင့်ကြံသူများသည်လည်း အကောင်းဆုံး ရွေးချယ်မှုက မည်သည့်အရာဖြစ်ကြောင်း သိရှိကြသည်။

ထိုနောက်သို့ လွင့်သွားကြသော ကျင့်ကြံသူများ အားလုံးက နောက်ဆုံး၌ မှင်တက်နေရာမှ အသိစိတ်ပြန်ဝင်လာလေသည်။ ထို့နောက် သူတို့က ကြယ်ကောင်းကင်၌ မျောလွင့်နေသော ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

စီဝေ့မဟာအင်ပါယာက ရွေးချယ်မှု ပြုလုပ်ခဲ့သ​ည်လား။

လူတိုင်းက နောက်သို့ ဆုတ်ခွာသွားခဲ့ကြရသည်။ ထိုနေရာတွင် ရှိနေသော ကောင်းကင်စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး စီဝေ့အင်ပါယာနန်းတော်သခင်ကဲ့သို့ လူမျိုးသည်ပင် လူတိုင်းနှင့်ထပ်တူညီသော နာကျင်မှုကို ခံစားလိုက်ရပေသည်။

"မဟုတ်ဘူး.." စီဝေ့အင်ပါယာနန်းတော်သခင်က ဤအဖြစ်မှန်ကို လက်ခံရန် ခက်ခဲနေသည်။ သူက ဤကြယ်ကောင်းကင်အတွင်း ခြေချခဲ့ကတည်းက သူ့အမူအရာသည် တသမတ်တည်း တည်ငြိမ်အေးဆေးနေပြီး သူ၏ ခံစားချက်အစစ်အမှန်ကို အနည်းငယ်မျှပင် မဖော်ပြခဲ့ဘဲ သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှု ရှိနေခဲ့သည်။

သူက စီဝေ့ကြယ်ကမ္ဘာကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့ပြီး စီဝေ့မဟာအင်ပါယာ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြုမူခဲ့သည်။ ဤကြယ်ကောင်းကင်တွင် စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်အား ဆက်ခံနိုင်သူက သူသာလျှင် ဖြစ်သင့်ပေသည်။ ဤသည်မှာ ဖြစ်သင့်သည့် ကိစ္စတစ်ခုသာ ဖြစ်ပြီး မည်သည့် အံ့အားသင့်ဖွယ် ကိစ္စမှ မရှိသင့်ပေ။

သို့သော် သူ၏ အရှေ့၌ မြင်နေရသော မြင်နေသော မြင်ကွင်းက မည်သည့်အဓိပ္ပါယ်နည်း။

စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို အခြားတစ်စုံတစ်ယောက်က ဆက်ခံရရှိသွားသည်လား။

မဟာအင်ပါယာ၏ စွမ်းအားက စီဝေ့ကြယ်ကမ္ဘာ အရှင်သခင်ဖြစ်သော သူ့ကို မဟုတ်ဘဲ အခြားတစ်ယောက်ကို ရွေးချယ်လိုက်သည်လား။

ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူက ထိုသို့သော ရလဒ်ကို လက်မခံနိုင်ပေ။ ရီဖူရှင်းက အခြားဘုံမှ အပြင်လူမျှသာ ဖြစ်ပြီး စီဝေ့ကြယ်ကမ္ဘာမှ တစ်စုံတစ်ယောက် မဟုတ်ပေ။ မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် သူ့ကို ရွေးချယ်ရပါသနည်း။

သူက နားမလည်နိုင်သလို စီဝေ့အင်ပါယာနန်းတော်မှ အခြားကျင့်ကြံသူများလည်း အတူတူပင် ဖြစ်သည်။

သူတို့၏ မျက်နှာများတွင် စိတ်ပျက်မှု အပြည့်ပင် ဖြစ်သည်။ အမှန်တွင် သူတို့သည် မဟာအင်ပါယာက သူတို့ထဲမှတစ်ယောက်အား ရွေးချယ်ရန် အနည်းငယ် မျှော်လင့်နေခဲ့သည်။ အဆုံးမှာတော့ သူတို့က စီဝေ့အင်ပါယာနန်းတော်မှ အရည်အချင်း ရှိသူများ ဖြစ်ပြီး အခွင့်အရေး အရသင့်ဆုံးသူများ ဖြစ်ပေသည်။

သို့သော် မဟာအင်ပါယာက သူတို့ထဲရှိ မည်သူ့ကိုမှ မရွေးချယ်ခဲ့ပေ။ စီဝေ့အင်ပါယာနန်းတော်က အပြင်လူများ ဖြစ်သွားသလိုပင် ထင်မှတ်ရသည်။

သူတို့က မည်သည့်အတွက်ကြောင့် ထိုသို့ အဆုံးသတ်သွားရကြောင်း နားမလည်နိုင်ပေ။ သူတို့က လုံလောက်အောင် အားမကောင်းလျှင်ပင် နန်းတော်သခင်က မည်သည့်အတွက်နည်း။ သူက စီဝေ့ကြယ်ကမ္ဘာကို စောင့်ရှောက်နေသူ ဖြစ်သည်။ မဟာအင်ပါယာက သူ ဤကြယ်ကမ္ဘာကို ဆက်လက်စောင့်ရှောက်ပေးရန်အတွက် သူ့ကို ရွေးချယ်သင့်သည် မဟုတ်ပါလား။

ဤနေရာက စီဝေ့မဟာအင်ပါယာ၏ ကမ္ဘာပင် ဖြစ်လေသည်။

အစောပိုင်းက မဟာအင်ပါယာ သက်ပြင်းချခဲ့ခြင်းက မည်သည့် အဓိပ္ပါယ်နည်း။

မည်သူကမှ အကြောင်းရင်းကို မသိသော်လည်း ရလဒ်က သူတို့ ရှေ့၌ ရှိနေပေသည်။ စီဝေ့မဟာအင်ပါယာက ရီဖူရှင်းကို ရွေးချယ်ခဲ့၏။ ဤသည်က အမှန်တကယ်ပင် စီဝေ့မဟာအင်ပါယာ၏ ရွေးချယ်မှုဖြစ်ကြောင်း စီဝေ့အင်ပါယာနန်းတော်သခင်နှင့် သူ၏ ကျင့်ကြံသူများထက်ပို၍ မည်သူမှ မသိနိုင်ပေ။ စီဝေ့ကြယ်ကမ္ဘာကို အုပ်စိုးသော အင်အားစုများသာလျှင် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများက ဤကြယ်ကောင်းကင်၌ အမြဲ တည်ရှိနေခဲ့သည်ကို သေချာပေါက်နားလည်ထားသည်။

ယနေ့ စီဝေ့မဟာအင်ပါယာက သူ၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

အပြင်ဘက်လောကမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော အဖြူရောင်ဆံပင်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါးက မဟာအင်ပါယာ၏ အမွေကို ဆက်ခံနိုင်ခဲ့ပေသည်။

စီဝေ့အင်ပါယာနန်းတော်မှ လူများက နားမလည်သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ကျေနပ်အံ့အားသင့်သွားကြသည်။ သေချာသလောက် ဤကြယ်ကောင်းကင်၌ပင် ကောင်းကင်ဒေသ၊ မှော်နက်လောကနှင့် နတ္ထိဘုံနှင့် စီဝေ့အင်ပါယာနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များကြားတွင် သူက မဟာအင်ပါယာက အသိအမှတ်ပြုသော အကြွင်းမဲ့ အောင်နိုင်သူဖြစ်လာပေသည်။

သူက ကောင်းကင်၏ သားတော်တစ်ပါးကဲ့သို့ မည်သူက သူနှင့်ယှဥ်လာယှဥ်လာ ထိုသူများသာ ရှုံးနိမ့်သွားရမည် ဖြစ်ပြီး သူက မည်သည့်အခါမှ မရှုံးနိမ့်ဖူးပေ။

လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများက အခြားနားလည်သဘောပေါက်မှု ရှိကြသည်။ ဆရာသခင်က ရီဖူရှင်းကို အခြားလူများနှင့် မတူကွဲပြားစွာ ဆက်ဆံခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ကြည့်ရသည်မှာ ဆရာသခင်က ရီဖူရှင်း၏ အရည်အချင်းကို သိရှိပြီးသား ဖြစ်ပုံရသည်။ စီဝေ့မဟာအင်ပါယာကပင် ရွေးချယ်ခဲ့ရသော ရီဖူရှင်းသည် ပြိုင်ဘက်ကင်း ပါရမီရှင်ပင် ဖြစ်လေသည်။

ရှန်ချင်းနယ်​မြေမှ လူများကလည်း အံ့အားသင့် စိတ်လှုပ်ရှားနေကြပြီး မနာလိုပင် ဖြစ်မိကြပေသည်။ သူတို့က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွက် တိုက်ခိုက်ခဲ့ကြသောအခါ ရီဖူရှင်း တစ်ယောက်တည်းကသာလျှင် ရုပ်ကြွင်းကို နားလည်သဘောပေါက်နိုင်သူ ဖြစ်ခဲ့ပြီး သူ့ကိုယ်သူ အခြားသူများနှင့် ကွဲပြားခြားနားစေခဲ့သည်။ ယခု သူက တစ်ဖန်ထပ်ကာ တစ်ယောက်တည်းသောသူ ဖြစ်လာခဲ့ပြန်သည်။

သူက အလွန် တောက်ပစွာ မွေးဖွားလာပုံရသည်။

မြင့်မြတ်သော နတ်ဘုရားရုပ်ကြွင်းက မတော်တဆ တိုက်ဆိုင်မှု ဖြစ်ခဲ့လျှင် စီဝေ့မဟာအင်ပါယာ၏ ရွေးချယ်မှုက မည်သည်နည်း။

၎င်းကလည်း တိုက်ဆိုင်မှုကြောင့်ပေလား။ လောက၌ ထိုမျှ များပြားလှသော တိုက်ဆိုင်မှုမျိုး မည်သို့ ရှိနိုင်မည်နည်း။

အရာအားလုံးက ရီဖူရှင်း၏ ထူးခြားသော စွမ်းရည်တချို့ကြောင့် ဖြစ်နိုင်ပြီး ထူးခြားလှသည့် အရည်အချင်းပင် ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် သူက မည်သို့ဖြစ်၍ ဤကြယ်ကောင်းကင်အတွင်း ရပ်တည်နိုင်သည့် တစ်ယောက်တည်းသော သူဖြစ်ကာ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ပင် သူ့ကို မည်သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။

တုန်းဟွာနယ်မြေမှ နင်ဟွာနှင့် အခြားလူများ၏ စိတ်ထဲတွင်လည်း တူညီစွာပင် ဒွိဟဖြစ်နေခဲ့ကြသည်။

စိတ်ဒုက္ခအရောက်ဆုံး သူများမှာ ရီဖူရှင်းနှင့် ကမ္ဘာမကြေရန်သူများထြစ်သော မူလဘုံမှ ဒေသခံအင်အားစုများ ဖြစ်လေသည်။ မူလဘုံမှ အရှုပ်အထွေးများသည် ပြင်ပမှ အစွမ်းထက်သေု ကျင့်ကြံသူများ ရောက်ရှိလာအောင် ဆွဲဆောင်နိုင်ပေသည်။ သူတို့က ရီဖူရှင်း ကောင်းကင်ဒေသ၌ ရှိစဥ် လုပ်ဆောင်ချက်အချို့ကို ကြားခဲ့ရသော်လည်း သူတို့သည် ၎င်းတို့က ပုံပြင်သက်သက်သာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းက သူတို့၏ စိတ်ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေခဲ့ပြီး ဖြစ်လေသည်။

ယခုတွင် သူက ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံနိုင်မည့် သူတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုသည်က မည်သည်ကို ဆိုလိုသနည်း။

ရီဖူရှင်း၏ ကြီးထွားမှုကို သူတို့က ဆက်လက်ခွင့်ပြုထားလျှင် ၎င်းက လူတိုင်းအတွက် ပျက်စီးခြင်း ဆိုက်ကပ်လာစေပေလိမ့်မည်။

သံသယဝင်ရန်မလိုဘဲ ရီဖုရှင်းက အနာဂတ်တွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ဖြစ်ကာ အထွတ်အထိပ်၌ ရပ်တည်နိုင်သော သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူတို့က သူနှင့် မည်သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။ ရီဖူရှင်းက လုံလောက်အောင် သန်မာလာသည့်အခါ သူက သူတို့ကို ကျိန်းသေလက်တုန့်ပြန်လိမ့်မည် ဖြစ်သည်။ ဤအခြေအနေ၌ သူတို့အားလုံး၏ အတွေးက တူညီကြပေသည်။

ရှန်ကလန်၊ ရွှေရောင်နတ်ပြည်ထောင်၊ ထျန်းရှန်ကျောင်းတော်နှင့် အခြားအင်အားစုများမှ ကျင့်ကြံသူတို့က အလွန် စိတ်ရှုပ်ထွေးနေကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းကို ဆက်လက်တိုးတက်ခွင့်မပြုဘဲ သုတ်သင်ပစ်ရမည့်ပုံရပေသည်။

လူတိုင်း၏ အာရုံစိုက်မှုက တစ်နေရာတည်းတွင် ရှိနေကြပြီး ထိုနေရာက ရီဖူရှင်း ရှိနေသည့် နေရာဖြစ်​လေသည်။

ထိုအချိန်တွင် ကြယ်ရောင်များက တောက်ပနေသော်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်က အလွန် လျင်မြန်လှသော အရှိန်နှင့် ကြယ်ကောင်းကင်ကို ရွေ့လျားသွားသည်။ သူက နတ်အလင်းများနှင့် ဆွဲယူလိုက်ခြင်းခံရသလို အထက်သို့ ပျံတက်သွားသည်။

ဘုန်း...

ထိုအခိုက်အတန့်၌ လူအုပ်ကြီးသည် အံ့သြထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားမိလိုက်ပြီး ၎င်းက ကျင့်ကြံသူများအားလုံး၏ နှလုံးသားများကို အခုန်မြန်လာစေသည်။ မည်သူက လှုပ်ရှားမှု ပြုလိုက်သနည်း။

မဟာအင်ပါယာက သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းနေချိန်၌ လှုပ်ရှားမှုပြုလာသည်လား။

လှုပ်ရှားမှုပြုလာသည့် သူကို မြင်သည့်အခါ လူတိုင်း အံ့သြထိတ်လန့်သွားပေသည်။ ၎င်းက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ပင် ဖြစ်လေသည်။

အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်ပင် ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့အားသင့်သွားကြပြီး နန်းတော်သခင်က ရီဖူရှင်းအား တိုက်ခိုက်လာသည်ကို ကြည့်နေခဲ့သည်။

စီဝေ့မဟာအင်ပါယာက စီဝေ့ကြယ်ကမ္ဘာ၏ နတ်ဘုရားတစ်ပါးဖြစ်ပြီး ဤလောက၏ အရှင်သခင် ဖြစ်သည်။ သူက စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ယောက်ကို မရွေးချယ်လျှင်ပင် အင်ပါယာနန်းတော်က သူ၏ ဆုံးဖြတ်ချက်မှန်သမျှကို ခြွင်းချက်မရှိ လိုက်နာကြရပေလိမ့်မည်။

အဆုံးမှာတော့ သူတို့က စီဝေ့ကြယ်ကမ္ဘာ၏ အုပ်ချုပ်သူများဖြစ်သော်လည်း သူတို့ကိုယ်တိုင်က စီဝေ့မဟာအင်ပါယာ၏ ဆန္ဒကို ထိန်းသိမ်းနေရသူများ ဖြစ်သည်။

ယခု စီဝေ့မဟာအင်ပါယာက ရီဖူရှင်းကို ရွေးချယ်လိုက်သည့်အတွက် သူတို့က စီဝေ့မဟာအင်ပါယာ၏ ဆန္ဒကို လိုက်နာကြရမည်ဖြစ်ပြီး ရီဖုရှင်းကိုပင် အင်ပါယာနန်းတော်သို့ ဝင်ခွင့်ပြုရပေလိမ့်မည်။

သို့သော် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က ထိုသို့မလုပ်ဆောင်ခဲ့ပေ။ ယခု အခြေအနေ၌ သူက ရီဖူရှင်းကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပေသည်။

အဘိုးမာနှင့် အခြားလူများ၏ အမူအရာက ပြောင်းလဲသွားသည်။ စီဝေ့အင်ပါယာနန်းတော်သခင်ကဲ့သို့သော တစ်စုံတစ်ယောက်က ထိုမျှ ကိုယ်ကျင့်တရား ပျက်စီးနေနိုင်သည်လား။

လူတိုင်းသည် သူ၏ အပြုအမူနောက်ကွယ်မှ အကြောင်းရင်းကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။ သူက သိသာစွာပင် စီဝေ့မဟာအင်ပါယာ၏ ဆက်ခံသူ ဖြစ်သင့်သော်လည်း ယခု စီဝေ့မဟာအင်ပါယာက ဆက်ခံသူအဖြစ် သူ မဟုတ်ဘဲ ရီဖူရှင်းအား ရွေးချယ်လိုက်သည့်အတွက် စိုးရိမ်မကင်း ဖြစ်လာပေသည်။ သူ့ အမြင်အရ စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်က သူ့အတွက် ဖြစ်သင့်ပေသည်။

အမှန်တကယ်ပင် စီဝေ့အင်ပါယာနန်းတော်သခင်က ထိုကဲ့သို့ တွေးထားခဲ့သည်။ ဤသ​ည်က နှစ်ပေါင်းမည်မျှ ကြာမြင်နေပြီနည်း။

သူက နှစ်ပေါင်းများစွာကြာအောင် ရှင်သန်ခဲ့ပြီး စီဝေ့မဟာအင်ပါယာအတွက် စီဝေ့ကြယ်ကမ္ဘာကို စောင့်ကြပ်ပေးခဲ့သည်။ သူက လူသားမျိုးနွယ်၏ အထွတ်အထိပ် အမြင့်ဆုံး ကျင့်ကြံဆင့်သို့လည်း ရောက်နေပြီ ဖြစ်ကာ နတ်ဘုရားများကြားသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

သို့သော် သူက ထိုအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။ သူ၏ မျှော်လင့်ချက်များ အားလုံးကို စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ပေါ်တွင် ပုံအပ်ထားခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌ ကောင်းကင်က အကူအညီပေးကာ ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် အပြင်လူများ ရောက်ရှိလာခဲ့သည်။ သူသည် အဆုံး၌ နောက်ဆုံးခြေလှမ်းနှင့် နီးကပ်လာပြီဟု တွေးထင်ထားခဲ့သည်။

သူ့အတွက် ထိုအဆင့်၏ အရေးပါမှုက လူတိုင်း ခန့်မှန်းနိုင်သည်ထက် ကျော်လွန်နေပေသည်။ သူသည် ထိုအကန့်အသတ်ကို မည်သည့်အခါမှ ကျော်လွှားနိုင်ခြင်း မရှိတော့မည်အား ကြောက်ရွံ့နေပြီး ထိုသို့ ဖြတ်ကျော်ရန် စီဝေ့မဟာအင်ပါယာသာလျှင် သူ့ကို ကူညီနိုင်ပေလိမ့်မည်။

ထိုအဆင့်တစ်ခုကို ကျော်ဖြတ်နိုင်လျှင် သူက နတ်ဘုရားတစ်ပါး ဖြစ်လာကာ လောက၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ပေလိမ့်မည်။

သို့သော်လည်း စီဝေ့မဟာအင်ပါယာက သူ့ကို နောက်ဆုံး အဆင့်အား ဖြတ်ကျော်ရန် အခွင့်အရေး မပေးခဲ့ပေ။ ယခု သူ မည်သို့ ခံစားနေရသည်ကို တစ်စုံတစ်ယောက်က ခန့်မှန်းကြည့်နိုင်ပေသည်။

ဆန္ဒမရှိခြင်း၊ ဒေါသထွက်ခြင်းနှင့် မနာလိုခြင်းပင် ဖြစ်နေနိုင်သည်။

သူ၏ စိတ်က အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။ မဟာအင်ပါယာက  သူ့ကို လှည့်ဖြားခဲ့၏။ သူသည် မဟာအင်ပါယာ၏ ဆန္ဒအတွက် နှစ်ပေါင်းများစွာကြာအောင် ဤကြယ်ကမ္ဘာကို စောင့်ရှောက်ပေးခဲ့သည်။ အဆုံး၌ မည်သည့်အတွက်ကြောင့် သူ့ကို မရွေးချယ်ရသနည်း။

ကောင်းကင်ထက်တွင် ကြယ်နတ်ဓားတစ်လက် ပေါ်ပေါက်လာပြီး လေဟာနယ်ကို ဖြတ်သန်းသွားလေသည်။ ၎င်းကို မည်သူကမှ မရပ်တန့်နိုင်သလို အချိန်မီ ရပ်တန့်နိုင်စွမ်းလည်း မရှိခဲ့ကြပေ။

ကြယ်နတ်ဓားတစ်လက်က လေဟာနယ်ကို ထိုးခွင်းသွားပြီး ပြင်းထန်သည့် ပေါက်ကွဲသံက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။ ၎င်းက ရီဖူရှင်းကို ရိုက်ခတ်ကာ သူ့ကို ခုတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။ နန်းတော်သခင်က သူ့အား အမွေအနှစ် စွမ်းအားကို ဆက်ခံရန် အခွင့်အရေး တစ်ခုတစ်လေမှ မပေးလိုခဲ့ပေ။

မဟာအင်ပါယာက သူ့ကို အရင်သစ္စာဖောက်ခဲ့ခြင်း ဖြစ်သော​ကြောင့် သူ၏ ရက်စက်မှုက အပြစ်မဖြစ်နိုင်တော့ချေ။ ယခုချိန်မှစကာ သူက စီဝေ့ကို လေးစားခြင်းရှိလိမ့်တော့မည် မဟုတ်ဘဲ ရန်သူပင် ဖြစ်လာပေလိမ့်မည်။

အဘိုးမာနှင့် အခြားလူများ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်နေပြီး သူတို့က အလွန် စိုးရိမ်နေခဲ့သည်။ ထိုကြောက်မက်ဖွယ် ကြယ်နတ်ဓားတစ်လက်က လေဟာနယ်ကို ထိုးခွင်းက ရီဖူရှင်းအား သတ်ဖြတ်ရန် ရည်ရွယ်နေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်မှ ကြယ်အလင်းတန်းတို့ ကျဆင်းလာပြီး ထိုအလင်းများအတွင်း၌ မြင့်မြတ်ကာ ခမ်းနားထည်ဝါလှသည့် စွမ်းအားများ မြှုပ်နှံထားသည်။ ကြယ်နတ်ဓားက ထိုနေရာသို့ ရောက်လာသည်နှင့် ၎င်းက မီးတောက်ပေါ်မှ စက္ကူစကဲ့သို့ လောင်ကျွမ်းသွားကာ အပိုင်းအစများအဖြစ် တဖြေးဖြေး ပြောင်းလဲသွား​လေသည်။ မကြာခင်၌ ၎င်းသည် ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားကာ ရီဖူရှင်းအား ထိရန် အခွင့်အရေးပင် မရလိုက်ပေ။

၎င်းကို မြင်သည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လေးမျက်နှာကျေးရွာမှ ကျင့်ကြံသူများက စိတ်သက်သာရာ ရသွားကြသည်။ သို့သော် စီဝေ့အင်ပါယာနန်းတော်သခင်က အလွန်အမင်း ဒေါသထွက်လာပေသည်။ မဟာအင်ပါယာက အရာအားလုံးကို စီစဥ်ထားပြီး ဖြစ်နိုင်သလား။

သို့သော် သူက နားမလည်နိုင်ပေ။ မည်သည့်အတွက်ကြောင့် ရီဖူရှင်းက ရွေးချယ်ခံခဲ့ရသနည်း။

ထိုဆံပင်အဖြူရောင်နှင့် လူငယ်က မည်မျှ ထူးခြားနေပါသနည်း။

ထို့အပြင် သူက အမွေအနှစ်အား ဆက်ခံရလျှင်ပင် မည်သည်ကို လုပ်ဆောင်နိုင်ပါမည်နည်း။

ဤနေရာ၌ အလွန် အစွမ်းထက်သော လူများစွာ ရှိသည်။ အဆင့်ခြောက်ရန်ဟောင်လေးတစ်ပါးက သူတို့လက်ထဲမှ ရှင်သန်နိုင်ပါမည်လား။

ဤကြယ်ကောင်းကင်က သူ့ကို ခေတ္တမျှ အကာအကွယ်ပေးနိုင်လျှင်ပင် သူ ထွက်သွားပြီးနောက် မည်သို့ လုပ်နိုင်မည်နည်း။ ထိုအချိန်ရောက်လျှင် သူ့ကို မည်သူက အကာအကွယ်ပေးပါမည်နည်း။

ကြယ်ကောင်းကင်ထက်ရှိ ပုံရိပ်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် အတွေးများစွာ ကြည့်နေခဲ့သည်။ သူတို့ကိုမဆိုထားနှင့် နန်းတော်သခင်သည်ပင် သူတို့ကို မည်သို့မှ မလုပ်နိုင်ခဲ့ပေ။

ရီဖူရှင်းက ထိုအရာအားလုံးကို အနည်းငယ်မျှ သိမနေပါချေ။ သူက အိပ်မွေ့ချခံထားရသကဲ့သို့ အခြေအနေ၌ နစ်မြုပ်နေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်က သူ့ အပိုင်မဟုတ်တော့ဘဲ ကြယ်ကောင်းကင်နှင့်သာ သက်ဆိုင်တော့သလို ထင်မှတ်ရသည်။ စီဝေ့မဟာအင်ပါယာကဲ့သို့ သူက ​ဤကြယ်ကောင်းနှင့် တသားတည်း ဖြစ်လာသလို ထင်မှတ်ရပေသည်။

***

All Chapters