အခန်း (၁၄၇၂)
Vol. 106 Ch. 1472
ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော တခြားကောင်းကင်မိစ္ဆာသားရဲများက တစ်နေရာတည်းမှာ စုဝေးသွားကြသည်။
အစွမ်းထက်သော ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က တခြားမိစ္ဆာသားရဲများကို အလိုအလျောက် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ယင်းက ကောင်းကင်မိစ္ဆာသားရဲများ၏ ပင်ကိုယ်ဗီဇဖြစ်သည်။
“ ဂရောင်း ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက မာန်ဖီဟိန်းဟောက်လိုက်သည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ကြေးမုံသဖွယ် တစ်လက်မချင်းစီ အက်ကွဲသွားသည်။
လေဟာနယ်လှိုင်းလုံးများက ကောင်းကင်ပံ့ပိုးဓားလေးလက်ထံသို့ တန်းမတ်စွာ ဝင်ဆောင့်သွားကြသည်။
“ ဝီး ဝီး ”
ဓားလေးလက်က တုန်ယင်သွားပြီး လေဟာနယ်လှိုင်းလုံးများကို ခုခံတားဆီးလိုက်သည်။
နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းလာသည်။
သူ့အရှေ့မှ ကောင်းကင်မိစ္ဆာသားရဲက ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သည်အထိ အလွန်အမင်း သန်မာကြောင်း သူအာရုံခံမိသည်။
ထိုသို့ခွန်အား… ။
အရမ်းကောင်းတယ်… ။
“ ဗုန်း ”
သုံးပေရှည်လျားသော ဓားလေးလက်က ကွဲထွက်သွားကြပြီး မူလဝိညာဉ်ဓားသုံးလက်က သူ၏ စိတ်နယ်ပယ်ထဲသို့ ပြန်ဝင်ရောက်သွားကြသည်။
မြေပြင်ပေါ်မှ ဓားဝင်္ကပါမှ ဖွဲ့စည်းသွားသော ဓားအလင်းသည်လည်း အောက်သို့ ပြန်ဆင်းသက်သွားသည်။ ထို့အတူ ဓားအလင်းမှ စုပ်ယူထားခဲ့သော မူလစွမ်းအားက ဓားကျင့်ကြံသူများထံသို့ ပြန်ဝင်ရောက်သွားသည်။
နောက်အခိုက်အတန့်မှာ ကျင့်ကြံခြင်းအတားအဆီးဖြင့် တွေ့ကြုံနေကြသော ဓားကျင့်ကြံသူများက ထပ်မံ အဆင့်ချိုးဖြတ်သွားကြသည်။
ဤအခိုက်အတန့်မှာ ပြိုကွဲလုနီးပါး ပရမ်းပတာဖြစ်နေသော မြေပြင်က အလွန်သိပ်သည်းသော မူလစွမ်းအား၏ လွှမ်းမိုးမှုအောက်မှာ ပြန်တည်ငြိမ်သွားသည်။
“ ရွှီး ”
ဟန်မူယဲ့၏ လက်ထဲတွင် အနက်ရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။
ထိုဓားက မူလဝိညာဉ်ဓားသုံးလက်နှင့် ခြားနားပြီး ယင်း၏ ကိုယ်ထည်ပေါ်မှာ နတ်ဘုရားအင်းကွက်များ အလွှာအထပ်ထပ်ရှိသည်။
“ ဝေါင်း ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။
လေပွေရိုင်းက ထွက်ပေါ်လာသည်။
ဟန်မူယဲ့က သဘောကျစွာ ရယ်မောလိုက်ပြီး သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ လျှပ်စီးကြောင်းများ တလက်လက် လျှောက်ကူးသွားနေသော သွေးနီရောင်စစ်ချပ်ဝတ်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
သူက ဓားကို ကိုင်မြှောက်လိုက်သည့်အခါ ဓားပေါ်မှ နတ်ဘုရားအင်းကွက်များက အရောင်ထွန်းလင်းလာကြသည်။
ထို့နောက် သူက လေကဲ့သို့ အလျင်နှင့်အတူ ဓားကို လွှဲယမ်းလိုက်သည်။
“ သတ်… သတ်… သတ်… ”
ဟင်းလင်းပြင်ထဲတွင် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သွေးနီရောင်မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားသည်။
အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ဟင်းလင်းပြင်ထဲတွင် ပုံရိပ်အများအပြားက သူ့ထက်ငါအရင် အလုအယက် ထွက်ပြေးနေကြသည်။
သို့သော်လည်း ဓားကိုင်ထားသော ပုံရိပ်တစ်ခုက ထိုလူများနှင့်ဆန့်ကျင်ဘက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေသည်။
ဟန်မူယဲ့က သုံးပေရှည်လျားသော ဓားတစ်လက်ကို ကိုင်ထားလျက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူထုတ်လွှတ်လိုက်သော ဓားအလင်းက သူ့အရှေ့မှ လေဟာနယ်ကို ဆုတ်ဖြဲသွားပြီး အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ မျက်နှာတည့်တည့်ပေါ်သို့ ထိမှန်သွားသည်။
“ ရွှီး ”
ဓားအလင်းက ကောင်းကင်မိစ္ဆာသားရဲ၏ အရေပြားနှင့် ထိတွေ့သွားသည့်အခါ စူးရှသော ဆုတ်ပြဲသံက ပဲ့တင်ထပ်လာသည်။
အက်ကွဲကြောင်းတစ်ခုက ကောင်းကင်မိစ္ဆာသားရဲ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဓားအလင်းက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ ခုခံမှုကို တိုက်ရိုက် ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲ၏ အရေပြားပေါ်တွင် ဓားဒဏ်ရာတစ်ခု ချန်ထားခဲ့သည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ မျက်နှာအရေပြားက လူးလွန့်သွားသည်။ ဤသည်မှာ ၎င်းက ဓားဒဏ်ရာကို ကုသရန် ကြိုးစားနေသည့်အလားပင်။ သို့သော်လည်း ယင်းက အချည်းနှီးသာ ဖြစ်၏။
ထိုဓားဒဏ်ရာက ၎င်း၏ ကုသနိုင်စွမ်းထက် ကျော်လွန်နေသည်။
အကယ်၍ ထိုဓားအလင်းသာ ကြယ်တစ်လုံးကို ထိမှန်သွားမည်ဆိုလျှင် ထိုကြယ်က ချက်ချင်း အပိုင်းပိုင်းအစစ အက်ကွဲသွားလိမ့်မည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ထိုကောင်းကင်မိစ္ဆာသားရဲ၏ ခုခံနိုင်စွမ်းက ကြယ်တစ်လုံးထက် အဆပေါင်းများစွာ ပိုပြီးသန်မာကြောင်း ထင်ရှားပေသည်။
ဓားအလင်းက ငြိမ်းသတ်သွားသည်။
ဓားဒဏ်ရာသည်တော့ ကောင်းကင်မိစ္ဆာသားရဲ၏ မျက်နှာပေါ်မှာ ကျန်ရစ်နေဆဲပင်။
“ ဂရောင်း ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။
လေဟာနယ်လှိုင်းဂယက်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။
ထို့နောက် အာကာသဟင်းလင်းပြင်ထဲမှ ကမ္ဘာငယ်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။
ဝိညာဉ်စွမ်းအားက ပေါ်လျှိုးလာသည်။
ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသော ကောင်းကင်မိစ္ဆာသားရဲများနှင့် ကျင့်ကြံသူများက ချက်ချင်း ခန္ဓာကိုယ်ပေါက်ကွဲသွားကြသည်။
မူလစွမ်းအား၊ ကောင်းကင်ပုတီးစေ့များနှင့် အသွေးအသားများက နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။
အလွန်အားကောင်းသော မုန်းတီးမှုက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ၎င်းက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည့်အခါ အနက်ရောင်အကြေးခွံများဖြင့် ပြည့်နှက်နေသော ဧရာမသားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ၎င်း၏ လက်လေးဖက်က ကွေးညွတ်နေသော ဓားမော့များဖြင့် ဆင်တူသည်။
၎င်း၏ မျက်နှာသည်တော့ သွေးနီရောင်မျက်လုံးများနှင့် အစွယ်များဖြင့် ပြည့်နှက်နေသည်။
၎င်းက ဓားမော့သဏ္ဍာန် လက်လေးဖက်ကို လွှဲယမ်းလိုက်သည့်အခါ အနက်ရောင်ဓားမော့အလင်းများက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားကြသည်။
“ ဝှစ် ဝှစ် ”
သိမ်မွေ့သော လေပြေတိုးဝှေ့သံနှင့်အတူ ကောင်းကင်မိစ္ဆာသားရဲ၏ ပုံရိပ်က ၎င်း၏ မူလနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို သူ့အနောက်သို့ ထိုးသွင်းလိုက်သည်။
“ ထန် ”
ဓားရှည်က အနက်ရောင်ဓားမော့နှင့် တွေ့ဆုံသွားသည့်အခါ မီးပွားစများ လွင့်စင်သွားပြီး ရောင်ခြည်တန်းများ ပေါက်ကွဲသွားသည်။
ဟန်မူယဲ့၏ အနောက်တွင် ကောင်းကင်မိစ္ဆာသားရဲ၏ ပုံရိပ်က ထွက်ပေါ်လာသည်။
၎င်း၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်က အထင်အရှား ပေါ်လွင်နေသည်။
၎င်းက အံ့မခန်းအမြန်နှုန်းနှင့် လေဟာနယ်စည်းမျဉ်းကို အသုံးပြု၍ ဟန်မူယဲ့ကို အလစ်အငိုက် လုပ်ကြံတိုက်ခိုက်ခဲ့သော်လည်း ၎င်း၏ အစီအစဉ်က ကျရှုံးသွားခဲ့သည်။
“ ရွှစ် ”
ဓားမော့လေးလက်က ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံ ကျဆင်းလာကြသည်။
ဓားမော့အလင်းရောင်က ဝင်းလက်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ကျုံ့သွားပြီး အကျဉ်းချခံလိုက်ရသည်။
စွမ်းအင်အားလုံးက စုဝေးသွားပြီး တောက်ပသော အလင်းရောင်အဖြစ် ပြောင်းလဲသွားကာ အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော လေဟာနယ်ဧရိယာကို ချုပ်နှောင်လိုက်သည်။
ဤအခိုက်အတန့်မှာ ထိုမိုးမြေဧရိယာအတွင်းမှ စည်းမျဉ်းချိုးဖြတ်စွမ်းအားအားလုံးက ဖိနှိပ်ခံလိုက်ကြရသည်။
ဓားမော့ထံမှ လွှမ်းမိုးခြယ်လှယ်သော စွမ်းအားသည်သာလျှင် ဤလေဟာနယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ၎င်း၏ စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။
ထို့ကြောင့် ၎င်းက စည်းမျဉ်းအားလုံးကို ဖိနှိပ်နိုင်သွားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ ၎င်း၏ တည်ရှိမှုက မိုးမြေ၏ တစ်ခုတည်းသောစည်းမျဉ်း ဖြစ်လာသည်။
ဤလောကထဲမှာ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲထက် ပိုပြီးသန်မာသော ပုဂ္ဂိုလ်များက အရေအတွက် အလွန်နည်းပါးသည်။
အရေအတွက်နည်းပါးခြင်းက တစ်ယောက်မှ မရှိဘူးဟု မဆိုလိုပေ။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။
တောက်ပသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားစဉ် သူ၏ ဓားကိုယ်ထည်ပေါ်မှာ သွေးနီရောင်အလင်းစီးကြောင်းများ ပေါ်လျှိုးလာကြသည်။
“ ဘန်း ”
အစစ်အမှန်ဝိညာဉ်စွမ်းအားက ဓားရှည်ထံမှ ပေါက်ကွဲထွက်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် မထင်မရှားအင်အားတစ်ခု ပေါ်လျှိုးလာသည်။
သို့တိုင် ထိုအင်အားက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို ဓားတစ်ချက်တည်းဖြင့် တွန်းထုတ်ရန် လုံလောက်နေဆဲပင်။
ဓားရှည်က ဓားမော့သဏ္ဍာန် လက်လေးဖက်ဖြင့် တွေ့ဆုံသွားသည့်အခါ ကောင်းကင်မိစ္ဆာသားရဲက အဝေးသို့ လွင့်စင်သွားသည်။
အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော လေဟာနယ်ဧရိယာအတွင်းမှ စည်းမျဉ်းအားလုံးကို ဖိနှိပ်ထားသော အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက အမှန်တကယ်ပင် ဓားတစ်ချက်တည်းဖြင့် အဝေးသို့ လွင့်စင်ထွက်သွားသည်။
ယင်းက စည်းမျဉ်းအားလုံးထက် သာလွန်သော ခွန်အားဖြစ်သည်။
လောက၏ စည်းမျဉ်းအားလုံးတွင် ကိုယ်စီအားသာချက်များ အားနည်းချက်များ ရှိကြသကဲ့သို့ ခွန်အားတွင်လည်း အားသာချက်များ အားနည်းချက်များ ရှိကြသည်။ သို့သော် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲထက် ပိုပြီးသန်မာသော ခွန်အားက မည်မျှရှားပါးလိုက်သနည်း။
“ သေလိုက်စမ်း ”
ဟန်မူယဲ့က အော်ပြောလိုက်သည်။
လွှမ်းမိုးဖိနှိပ်သော ခွန်အားက စတင်ပေါ်လျှိုးလာသည်။
ဓားပေါ်တွင် သွေးနီရောင်အလင်းတန်းက ပေါက်ကွဲသွားသည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့ထံမှ သွေးအနှစ်သာရက နဂါးမီကျောင်းတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထိုဧရာမနဂါးမီကျောင်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျယ်လောင်စွာ ပါးစပ်ဖြဲဟလိုက်ပြီး ကောင်းကင်မိစ္ဆာသားရဲ၏ လည်ပင်းကို ရက်စက်ကြမ်းကြုတ်စွာ ကိုက်လိုက်သည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက နာကျင်စွာ အော်ဟစ်လိုက်ပြီး အကြောက်အကန် ရုန်းသည်။ နောက်ဆုံးမှာ ၎င်းက နဂါးမီကျောင်း၏ ပါးစပ်ထဲမှ လွတ်မြောက်သွားသည်။
သို့သော်လည်း ၎င်း၏ လည်ပင်းပေါ်တွင် အရိုးများပင် မြင်နေရသော အလွန်နက်ရှိုင်းသည့် သွားကိုက်ရာက ကျန်ရစ်နေခဲ့သည်။
“ ဂရား”
နဂါးမီကျောင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
၎င်း၏ ဟိန်းသံကြောင့် အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာအတွင်းမှ အချုပ်အနှောင်များက ချက်ချင်း ပြိုကွဲသွားကြသည်။
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။
ထိုအခါ သွေးနီရောင်နဂါးတစ်ကောင်က ပျံသန်းထွက်လာပြီး ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်နှင့် ဝင်ဆောင့်သွားသည်။
သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ပြိုကျပျက်စီးသွားသည်။
ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်သည်လည်း အပိုင်းပိုင်း အက်ကွဲသွားသည်။
အကယ်၍ ၎င်း၏ အံ့မခန်းသန်မာသော ရုပ်ခန္ဓာကိုယ်ကြောင့်မဟုတ်လျှင် ၎င်းက ချက်ချင်း ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။
“ ဂရောင်း ”
ရွှေရောင်သွေးက ရေပန်းသဖွယ် ပြန့်ကျဲသွားပြီး မရေမတွက်နိုင်သော ရွှေရောင်ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားသည်။
ထိုကောင်းကင်ပုတီးစေ့တစ်လုံးစီမှာ အဆင့်နှစ် ကောင်းကင်ပုတီးစေ့တစ်လုံး၏ မူလစွမ်းအားက ကိန်းအောင်းနေသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ဟင်လင်းပြင်ထဲမှာ ပြန့်ကျဲနေသော ကောင်းကင်ပုတီးစေ့အားလုံးကို သိမ်းဆည်းလိုက်သည်။
သူ၏ အရှေ့တွင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ကောင်းကင်မိစ္ဆာသားရဲက လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ဤနေရာမှ အမြန်ထွက်ပြေးသွားသည်။ ၎င်းက မည်သည့်သဲလွန်စမှ မချန်ခဲ့ပေ။
“ ဝီး ဝီး ”
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ ထွက်ပြေးသွားသည့်အခါ လေဟာနယ်ထဲ၌ ဖိနှိပ်ခံထားရသော စည်းမျဉ်းများက တဖန်ပေါ်လျှိုးလာကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာအတွင်းမှ စည်းမျဉ်းထောင်သောင်းချီက အတူတကွ ယှက်ထွေသွားကြပြီး အချင်းချင်း ပွတ်တိုက်သွားကြသည်။ ထို့နောက် ရောင်စုံအလင်းတန်းများက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားကြသည်။
ဟန်မူယဲ့သည်တော့ မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
စည်းမျဉ်းချိုးဖြတ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်စစ်ချပ်ဝတ်နှင့် ထိမှန်သွားသည့်အခါ သွေးနီရောင်နဂါးမီကျောင်းပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ထိုနဂါးမီကျောင်းပုံရိပ်က ကျယ်လောင်စွာ ပါးစပ်ဖြဲဟလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ စည်းမျဉ်းချိုးဖြတ်စွမ်းအားများကို အငမ်းမရ ဝါးမျိုလိုက်သည်။
အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာအတွင်းမှ စည်းမျဉ်းချိုးဖြတ်စွမ်းအားများသည် မသန်မာကြပေ။ သို့မဟုတ်လျှင် ယင်းတို့က ကောင်းကင်မိစ္ဆာသားရဲ၏ ဖိနှိပ်ခံရလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ထိုစည်းမျဉ်းများသည် နဂါးမီကျောင်း၏ ဝါးမျိုခြင်းကို မခုခံနိုင်ကြချေ။ ယင်းတို့အားလုံးက နဂါးမီကျောင်း၏ ပါးစပ်ထဲသို့ ရိုသေကျိုးနွံစွာ ဝင်ရောက်သွားကြပြီး နဂါးမီကျောင်းအတွက် အာဟာရဓာတ်များ ဖြစ်လာကြသည်။
အကယ်၍ တခြားနေရာမှာသာဆိုလျှင် ဟန်မူယဲ့က ထိုသို့လုပ်ဆောင်ဝံ့လိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် စည်းမျဉ်းများကို တိုက်ရိုက် ဝါးမျိုမည်ဆိုလျှင် ယင်းတို့၏ တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။
သို့သော်လည်း ဤနေရာမှာတော့ စည်းမျဉ်းများက ကောင်းကင်မိစ္ဆာသားရဲကြောင့် ဖိနှိပ်ခံထားရသည်။ သို့ဖြစ်လေရာ အကယ်၍ တန်ပြန်ဆိုးကျိုးရှိမည်ဆိုလျှင် ယင်းကို ခံစားရမည့်သူက ကောင်းကင်မိစ္ဆာသားရဲသာ ဖြစ်လိမ့်မည်။ တန်ပြန်ဆိုးကျိုးက သူ့ဆီသို့ ရောက်လာလိမ့်မည် မဟုတ်ချေ။
ယခု သူလုပ်ဆောင်ရမည်မှာ တိုက်ပွဲမှ အကျိုးအမြတ်များကို ရိတ်သိမ်းရန် ဖြစ်သည်။
ထိုစည်းမျဉ်းချိုးဖြတ်စွမ်းအားများက အားနည်းသော်လည်း ယင်းတို့၏ တန်ဖိုးက အဆင့်နှစ် ကောင်းကင်ပုတီးစေ့များထက် မနည်းပေ။
ဟန်မူယဲ့သည် ဓားကိုင်ထားလျက် ဟင်းလင်းပြင်ထဲမှာ ရပ်နေပြီး စည်းမျဉ်းချိုးဖြတ်စွမ်းအားများကို သွေးအနှစ်သာရအဖြစ် သန့်စင်နေသည်။ အချိန်အတော်ကြာပြီးနောက် သွေးအနှစ်သာရက ပြန်ငြိမ်သက်သွားသည့်အခါ သူ၏ ဘေးပတ်ပတ်လည်မှ သွေးရောင်ခြည်စက်ဝန်းက မှေးမှိန်သွားပြီး ပျောက်ကွယ်သွားသည်။
သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး တစ်ခဏကြာ တွေးတောလိုက်သည်။
သူက ကောင်းကင်မိစ္ဆာသားရဲနောက်သို့ လိုက်မဖမ်းပေ။
မည်သို့ဖြစ်ပါစေ သူက ထိုအထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီးပြီ မဟုတ်ပါလော။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်သည် လောကတစ်သောင်း၏ လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သော အစွမ်းထက်တည်ရှိမှုတစ်ခု ဖြစ်သည်။
ယခင်လောကတစ်သောင်းယှဉ်ပြိုင်ပွဲများ၏ သမိုင်းမှတ်တမ်းများအရ လောကတစ်သောင်းက မူလနေရာသို့ ပြန်ရောက်သွားခြင်းဖြစ်စေ သို့မဟုတ် ယှဉ်ပြိုင်ပွဲက အဆုံးသတ်သွားခြင်းဖြစ်စေ ယင်းတို့က အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ သို့မဟုတ် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ လက်ချက်ကြောင့်သာ ဖြစ်၏။
ယန်မူယဲ့ စိတ်ဝင်စားသည်မှာ ထိုအစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲများက နောက်ပိုင်းမှာ မည်သည့်နေရာဆီသို့ သွားရောက်လိမ့်မည်နည်း။
ဤတစ်ကြိမ်တွင် သူက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားနိုင်ခဲ့သည်။ သူက ထိုကောင်းကင်မိစ္ဆာသားရဲကို အသုံးပြုပြီး ယခင်ကောင်းကင်မိစ္ဆာသားရဲများ မည်သည့်နေရာသို့ ထွက်သွားကြောင်း အဖြေရှာဖွေချင်သည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက အနောက်ဆုတ်သွားသည့်အခါ ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းများက ဖြည်းညင်းစွာ လွင့်ပြယ်သွားကြသည်။
ဘေးပတ်ဝန်းကျင်၌ ပျက်စီးသွားခဲ့သော မိုးမြေက ဖြည်းညင်းစွာ ပြန်ကောင်းမွန်သွားသည်။
ယင်းက မူလစွမ်းအားနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားများ၏ အံ့ဖွယ်ကောင်းသော လက္ခဏာတစ်ခု ဖြစ်သည်။ အဖျက်အဆီးစွမ်းအားက မည်မျှသန်မာပါစေ ယင်းက နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်သွားလိမ့်မည်။
ဖြစ်နိုင်သည်မှာ ထိုအချက်ကြောင့် အဆုံးမဲ့လောကက မရေမတွက်နိုင်အောင် ဖျက်ဆီးခံခဲ့ရသော်လည်း ပြန်ပေါင်းစည်းသွားခဲ့ခြင်း ဖြစ်နိုင်သည်။
မိုးမြေက ပြန်ကောင်းမွန်သွားသည့်အခါ ယခင်ကထက် ပိုပြီးတောင့်တင်းခိုင်မာလာသည်။
ထိုအခိုက်အတန့်မှာ လင်းရှောင်နယ်မြေက တခြားကုန်းမြေများကို ဆက်လက် ဝါးမျိုလိုက်သည်။
ပြန့်ကျဲနေသော မူလစွမ်းအားများက အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲများအဖြစ် ဖွဲ့စည်းသွားကြသည်။
…..