အခန်း (၁၄၈၂)
Vol. 106 Ch. 1482
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တည်ငြိမ်သော အမူအရာဖြင့် ဆက်ရှိနေဆဲပင်။
“ ဝှစ် ”
ရေမှင်စာက လျှပ်တစ်ပြက် ရွေ့လျားလိုက်ပြီး မဟာမိစ္ဆာများ၏ အရှေ့မှာ ပြန်ပေါ်လာသည်။
“ အနောက်ဆုတ်နေကြ ”
ရေမှင်စာက အော်ပြောလိုက်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို မကြည့်ခင် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ အခု ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဝန်ခံတယ် ”
သူက ပြောသည်။
“ ဒါပေမဲ့… ”
သူ၏ စကားမဆုံးခင်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နောက်ထပ် လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ထိုလက်သီးက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရေမှင်စာ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ နဂါး၏ လက်သည်းများက ရေမှင်စာ၏ ပခုံးကို ဖိနှိပ်ထားလေရာ ၎င်းက ရေမှင်စာ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်တော့မည့်အလားပင်။
“ ငါ့ရဲ့ လက်သီးတွေကို မင်းမချိုးဖြတ်နိုင်ဘူးမလား ”
“ မိစ္ဆာမျိုးနွယ်ရဲ့ နောက်ဆုံး ကမ္ဘာဦးအုပ်ချုပ်သူဖြစ်လာဖို့ ရည်မှန်းထားတဲ့ ရေမှင်စာက အခု ဘာဖြစ်သွားတာလဲ ”
“ သေသွားပြီလား ”
“ ငါက မင်းရဲ့ အကြွင်းအကျန်ဝိညာဉ်လေးလေ… ငါ့ကိုတောင် မင်းအနိုင်မယူနိုင်ဘူးလား ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး နောက်ထပ် လက်သီးထိုးလိုက်သည်။
ထိုအခါ ရေမှင်စာ၏ ခန္ဓာကိုယ်က ပေတစ်ထောင်အဝေးသို့ ထပ်မံ လွင့်စင်သွားသည်။
သူက သွေးအန်လိုက်ပြီး ထပ်မံ ပြန်ထလာသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏ လက်သီးက ရေမှင်စာ၏ ဖမ်းဆုပ်ခံလိုက်ရသည်။
“ ဒီလက်သီးချက်… တစ်နေ့ ငါမင်းကို ပြန်ပေးမယ် ”
ရေမှင်စာက အံ့ကြိတ်ပြောလိုက်ပြီး အနောက်လှည့်ကာ ထွက်သွားသည်။
မဟာမိစ္ဆာများက သူ့နောက်သို့ အမြန်လိုက်သွားကြသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က နေရာမှာ မတ်တတ်ရပ်နေစဉ် စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ တကယ်လို့ မင်း ကမ္ဘာဦးအုပ်ချုပ်သူ မဖြစ်လာနိုင်ဘူးဆိုရင်… အဲ့ဒါဆိုရင် မင်းနေရာကို ငါအစားထိုးမယ် ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တီးတိုးရေရွတ်လိုက်ပြီး ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်သည်။
ထိုစဉ် ဟွင်းသွမ်းက စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း သူက ရုတ်တရက် ရပ်လိုက်ပြီး ဟန်မူယဲ့ရှိနေသော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးက မှေးကျဉ်းသွားသည်။
“ အဲ့ဒီအရှိန်အဝါ… အရမ်းသန်မာတယ် ”
သူက ပြောသည်။
“ သူက စစ်မှန်တဲ့ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး ဖြစ်လာတော့မယ် ”
…..
အလွန်သိပ်သည်းသော မူလစွမ်းအားက ဟန်မူယဲ့ကိုယ်ထဲသို့ ဝင်ရောက်သွားနေစဉ် သူ၏ ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါက သိသာစွာ ပြောင်းလဲသွားသည်။
သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံးက သူ၏ ခန္ဓာကိုယ်ထဲ၌ တစ်ဟုန်ထိုး တိုးမြှင့်သွားနေသည်။
သူ၏ မျက်လုံးများထဲမှာ အဆုံးမဲ့နတ်ဘုရားအလင်း ထွန်းလင်းလာသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာနေစဉ် သူ၏ ကျင့်ကြံခြင်းအခြေခံက စတင်အဆင့်ချိုးဖြတ်သွားသည်။
သို့သော်လည်း ယခု သူရင်ဆိုင်နေရသည်မှာ ဤလောက၏ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး ရင်ဆိုင်နေရသည့်အရာ ဖြစ်သည်။
“ ရုပ်ခန္ဓာကိုယ်ရဲ့ အချုပ်အနှောင်တွေကို လက်လွှတ်ပြီး တိုက်ရိုက် အုပ်ချုပ်သူတစ်ပါးဖြစ်လာမလား ဒါမှမဟုတ် အခြေတည်ငြိမ်အောင်လုပ်ပြီး ရုပ်ခန္ဓာကိုယ်နဲ့ အုပ်ချုပ်သူအဆင့်အတန်းကို ရယူမလား ”
“ နဂါးမီကျောင်းရဲ့ လမ်းစဉ်အတိုင်း ငါလျှောက်လှမ်းသင့်လား… ဒါမှမဟုတ် ယုယန်ရဲ့ ခြေလှမ်းအတိုင်း လိုက်သွားသင့်လား ”
“ ဒါမှမဟုတ် ကြယ်စင်စုစကြာဝဠာက စစ်ပွဲရုပ်သေးသခင်တွေရဲ့ နည်းလမ်းကို လိုက်နာသင့်လား ”
…..
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် စွမ်းအားအမျိုးမျိုး ယှက်ထွေသွားကြပြီး အသွင်ပြောင်းလဲသွားကြသည်။
နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ စိတ်ကူးမယဉ်နိုင်သော စွမ်းအင်များက သူ၏ ကိုယ်တွင်းထဲမှာ အချင်းချင်း ပွတ်တိုက်နေကြသည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအား၊ သူ၏ နားလည်သဘောပေါက်မှုနှင့် စွမ်းအင်အားလုံးက အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားကြသည်။
ယခု သူလုပ်ရမည်မှာ သူတစ်ဦးတည်းပိုင်ဆိုင်မည့် လမ်းစဉ်ကို ရွေးချယ်ရန် ဖြစ်သည်။
သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါအားလုံးက သူ၏ စိတ်နယ်ပယ်ထဲသို့ တိုးဝင်သွားပြီး သူ၏ အသိစိတ်နှင့် ပေါင်းစပ်သွားသည်။
“ ဗုန်း ”
သူ၏ အသိစိတ်ထဲတွင် နဂါးရှည်တစ်ကောင် ထွက်ပေါ်လာသည်။
သွေးနီရောင်နဂါး၏ ခန္ဓာကိုယ်က မိုင်သန်းပေါင်းများစွာ ရှည်လျားပြီး ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။ ဤသည်မှာ ၎င်းက မိုးကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတတ်သွားတော့မည့်အလားပင်။
သွေးနီရောင်နဂါးက ဆက်လက် လူးလွန့်သွားပြီး ၎င်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဒြပ်ထည်ရှိလာသည်။
အချိန်တစ်ခဏကြာပြီးနောက် နဂါး၏ ခန္ဓာကိုယ်မှာ မီကျောင်းသဖွယ် ခြေလက်လေးချောင်းနှင့် အမြီးရှည် ရှိလာသည်။
၎င်းက ရှေးဟောင်းနဂါးမီကျောင်း ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး ဖြစ်သည်။
ယင်းက သူ့ကိုယ်ပိုင် သွေးချီစွမ်းအားက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားနေသော လက္ခဏာ ဖြစ်သည်။
နဂါးမီကျောင်း၏ ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းသွားသည်နှင့် ရွှေရောင်နှင့် သွေးနီရောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ အတူတကွ ယှက်ထွေသွားကြပြီး အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။
အလွန်အားကောင်းသော ရုပ်ခွန်အားက သူ၏ စိတ်ဝိညာဉ်ကို စတင်တိုက်စားလာသည်။
အကယ်၍ သူက သူ့ကိုယ်ပိုင်အသိဉာဏ်ကို စွန့်လွှတ်လိုက်မည်ဆိုလျှင် သူက ဤလောကထဲမှာ အသန်မာဆုံး ကမ္ဘာဦးအုပ်ချုပ်သူ စစ်ပွဲရုပ်သေးရုပ် ဖြစ်လာလိမ့်မည်။ ထိုအခါကျလျှင် သူက သတ်ဖြတ်ရန်မှလွဲ၍ တခြားမည်သည့်အရာကိုမှ တွေးတောစဉ်းစားနိုင်တော့မည် မဟုတ်ချေ။
ထိုသို့မဟုတ်ဘဲ သူ၏ အသိဉာဏ်ကို ဆက်လက် ထိန်းသိမ်းမည်ဆိုလျှင် သူ၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
ရှေးခေတ်ကာလမှ နဂါးမီကျောင်းခန္ဓာကိုယ်ကို သူပိုင်ဆိုင်သွားသည့်အခါ အဘယ့်ကြောင့် အတိတ်မှာ တုံထျန်းအင်မော်တယ်ဘုရင်က သူ၏ နဂါးမီကျောင်းခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့ကြောင်း နောက်ဆုံးမှာ ဟန်မူယဲ့ နားလည်သွားသည်။
အကယ်၍ သူမထိန်းချုပ်နိုင်သော အသန်မာဆုံး ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလျှင် ထိုရုပ်ခန္ဓာကိုယ်က မည်သို့ အသုံးဝင်လိမ့်မည်နည်း။ ထို့ပြင် ယင်းက သူ၏ အနာဂတ်တိုးတတ်မှုကိုလည်း ပိတ်ပင်ဦးလိမ့်မည်။
“ ဂရား ”
ဟန်မူယဲ့၏ အသိစိတ်ထဲတွင် နဂါးမီကျောင်းက ဆက်တိုက် ဟိန်းဟောက်နေသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
နောက်ဆုံးမှာတော့ သူက မျက်လုံးဖွင့်လှစ်လိုက်သည်။ သူ၏ စိတ်ထဲမှ နဂါးမီကျောင်းခန္ဓာကိုယ်က အက်ကွဲသွားပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
နဂါးမီကျောင်း၏ လမ်းစဉ်ကို လျှောက်လှမ်းမည်လော။
ယင်းက အဓိပ္ပာယ်မရှိပေ။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အနီရောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ တဖြည်းဖြည်း သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
ဤအခိုက်အတန့်မှာ သူက ရွှေလက်ချောင်းစွမ်းအားကို အသုံးပြု၍ ရုပ်ခန္ဓာကိုယ်ဖြင့် ကမ္ဘာဦးအုပ်ချုပ်သူဖြစ်လာမည့် လမ်းစဉ်ကို လက်လွှတ်လိုက်သည်။
ထိုသို့လမ်းစဉ်က အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီးနောက် နောက်ထပ် အဆင့်ချိုးဖြတ်ရန် အလွန်ခက်ခဲပေသည်။
ဆက်လက် တိုးတတ်ရန် အဆုံးမဲ့သော စတေးမှုကို လိုအပ်လိမ့်မည်။
သို့ဖြစ်၍ နောက်ဆုံးမှာတော့ ဟန်မူယဲ့က နဂါးမီကျောင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် လက်လျော့လိုက်သည်။
သူက အနာဂတ်ကိုပင် ခပ်ရေးရေး မြင်ယောင်မိသည်။ အကယ်၍ သူက အချိန်လေဟာနယ်စွမ်းအားကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်လျှင် ထိုရုပ်ခန္ဓာကိုယ်က သူ့အသက်ကို နုတ်ယူသွားလိမ့်မည်။
ဟန်မူယဲ့က လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
သူအသက်ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ သူ၏ စိတ်နယ်ပယ်ထဲတွင် စစ်ပွဲရုပ်သေးရုပ်များနှင့် အနက်ရောင်ချပ်ဝတ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
ကြယ်စင်စုစကြာဝဠာမှ အမွေအနှစ်က လောကတစ်သောင်းနယ်မြေထဲမှာ အထွတ်အထိပ်တည်ရှိမှုဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်။
မရေမတွက်နိုင်သော စကြာဝဠာများက ထိုစစ်ပွဲရုပ်သေးရုပ်များ၏ ကျူးကျော်တိုက်ခိုက်မှုအောက်မှာ ကျရှုံးခဲ့ကြရသည်။
ဟန်မူယဲ့၏ အသိစိတ်ထဲတွင် စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက စတင်ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။
သူ၏ ဝိညာဉ်က ငြိမ်သက်သွားပြီး သူ၏ အမူအရာက ပိုပြီးတည်ကြည်လာသည်။
နတ်ဘုရားအလင်းများက သူ၏ ဝိညာဉ်ထဲမှ ပျံသန်းထွက်လာကြပြီး နတ်ဘုရားအင်းသင်္ကေတများကို ဖွဲ့စည်းလိုက်ကြသည်။
မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက သူ့အရှေ့မှ စစ်ပွဲရုပ်သေးရုပ်များ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်တွယ်သွားကြသည်။
ဤအခိုက်အတန့်မှာ ထိုစစ်ပွဲရုပ်သေးရုပ်များက ခန္ဓာကိုယ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ဟန်မူယဲ့က သူ၏ လက်ဖဝါးနှစ်ဖက်ကို အောက်သို့ ဖိချလိုက်လေရာ သူ၏ နားလည်သဘောပေါက်မှုအားလုံးက ထိုစစ်ပွဲရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက ထိုခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ပေါက်ကွဲလုနီးပါး အလွန်အားကောင်းသော စွမ်းအားက ထွက်ပေါ်လာသည်။ ယင်းက ဟန်မူယဲ့၏ ဝိညာဉ်ကို သိမ့်သိမ့်တုန်သွားစေသည်။
သူ၏ မျက်လုံးထဲမှ ထွန်းလင်းတောက်ပမှုက အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ယခင်က တစ်ခါမှ သူမလုပ်ဆောင်ခဲ့ဝံ့သော ကိစ္စကို လုပ်ဆောင်လိုက်သည်။
“ ဝီး ”
သူ့အရှေ့မှ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအားက ချုပ်ထိန်းခံလိုက်ရသည်။ မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက ရွှေရောင်အလင်းမျှင်များအဖြစ် အသွင်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အတွင်းမှာ စုဝေးသွားကြသည်။ ထို့နောက် ယင်းတို့က အရိုးများနှင့် အရွတ်များအဖြစ် ပြောင်းလဲသွားကြသည်။
ဟန်မူယဲ့၏ လက်ချောင်းများက အနည်းငယ် တုန်ယင်သွားသည်။
ယင်းက သူတောင့်ခံနိုင်သော စွမ်းအားအကန့်အသတ် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုစွမ်းအားက ယခင်က တစ်ခါမှ သူမပိုင်ဆိုင်ခဲ့ဖူးသောအရာ ဖြစ်သည်။
ယင်းက နတ်ဘုရားတားမြစ်နယ်ပယ် ဖြစ်သည်။
ယင်းက အသက်ဖန်တီးခြင်း ဖြစ်သည်။
ကြယ်စင်စုစကြာဝဠာထဲတွင် သူနေထိုင်ခဲ့စဉ်က ဟန်မူယဲ့သည် လက်နက်သန့်စင်ခြင်းပညာရပ်၏ အထွတ်အထိပ်ဖြစ်သော အသက်ဖန်တီးခြင်းနယ်ပယ်ထဲသို့ ခြေချနိုင်ရန် ကြိုးစားခဲ့ဖူးသည်။
သို့သော်လည်း ကံမကောင်းစွာပင် အတိတ်မှာ သူ၏ စွမ်းအားက မလုံလောက်သောကြောင့် နောက်ဆုံးမှာ လက်လျော့ခဲ့ရသည်။
ဤတစ်ကြိမ်တွင် သူက ကမ္ဘာဦးအုပ်ချုပ်သူစွမ်းအား၏ လှုံ့ဆော်မှုကို အသုံးပြု၍ နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်သည်။
မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက ခန္ဓာကိုယ်ထဲမှာ စုဝေးသွားသည့်အခါ သူ့အရှေ့မှ ခန္ဓာကိုယ်က အလွန်စူးရှတောက်ပသော နတ်ဘုရားအလင်းကို စတင်ထုတ်လွှတ်လိုက်သည်။
ယင်းက အသက်ဖန်တီးခြင်း၏ စဦးအခြေအနေဖြစ်သည်။
ထိုသက်ရှိက သူနှင့် ပေါင်းစပ်သွားသည့်အခါ သူက လက်နက်သန့်စင်ခြင်း၏ ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ခြေချသွားလိမ့်မည်။ ယင်းက ကြယ်စင်စုစကြာဝဠာထဲတွင် ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ မည်သည့်ပန်းပဲပညာရှင်မှ မရောက်ဖူးသေးသောအဆင့် ဖြစ်သည်။
“ ဝီး ”
ဟန်မူယဲ့က သူ၏ လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအားက ထိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မြည်ဟိန်းသံက ခန္ဓာကိုယ်ထဲမှ ပဲ့တင်ထပ်လာသည်။ ဤသည်မှာ ကြယ်တာရာမြစ်များက ခန္ဓာကိုယ်ထဲမှာ တသွင်သွင်စီးဆင်းနေသည့်အလားပင်။
စိတ်လှုပ်ရှားသော အရိပ်အယောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အသက်ဖန်တီးခြင်း… ။
အသက်ဓာတ်စွမ်းအားက ထိုရုပ်သေးခန္ဓာကိုယ်ထဲမှာ စတင်ပေါ်လျှိုးလာနေကြောင်း သူအာရုံခံနိုင်သည်။
နောက်ဆုံးအတားအဆီးအလွှာကို သူဖြတ်ကျော်နိုင်သည်နှင့် ထိုအသက်ဓာတ်က အမှန်တကယ် နိုးထလာလိမ့်မည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်အားလုံးကို သူ့အရှေ့မှ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်အမျှင်တန်းတစ်ခုက သူ့အရှေ့မှ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့မည့်အချိန် သူက လက်နှစ်ဖက်ကို ရုတ်တရက် ရပ်တန့်လိုက်သည်။
“ အခု ငါနားလည်သွားပြီ… ”
သူ့အရှေ့မှ ခန္ဓာကိုယ်ကို ကြည့်နေရင်း ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
သူရပ်တန့်လိုက်သည်နှင့် သူ့အရှေ့မှ ခန္ဓာကိုယ်က ဗလာနတ္ထိအဖြစ် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
အရာအားလုံးရဲ့ အစက ဗလာနတ္ထိပဲ… ။
သူ၏ အသိစိတ်ထဲမှ ပုံရိပ်အားလုံး ပျောက်ကွယ်သွားသည်နှင့် ဟန်မူယဲ့က မျက်လုံးပြန်ဖွင့်လိုက်သည်။
“ အံ့ဖွယ်ကိုးပါးတောင်သခင်… မင်းက ငါ့ကို ဖန်တီးခဲ့တာလား… ဒါမှမဟုတ် ငါက မင်းကို ဖန်တီးခဲ့တာလား ”
အကယ်၍ သူသာ အစောနက မရပ်တန့်ခဲ့ဘဲ ဆက်လက် ဆောင်ရွက်ခဲ့မည်ဆိုလျှင် သူက သက်ရှိတစ်ယောက်ကို အမှန်တကယ် ဖန်တီးနိုင်လိမ့်မည်။
သို့သော်လည်း ထိုသက်ရှိက သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ပေါင်းစပ်သွားမည်ဆိုလျှင် သူပိုင်ဆိုင်သောအရာအားလုံးက ထိုသက်ရှိ၏ ဝါးမျိုခံရလိမ့်မည်။
သူ့ကိုယ်ပိုင်စွမ်းအားက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ဝင်ရောက်တော့မည်ဖြစ်သော်လည်း ယင်းက သူဖန်တီးမည့် သက်ရှိနှင့် နှိုင်းယှဉ်လျှင် အလွန်ဝေးကွာနေဆဲပင်။
ယင်းက စိတ်ဝင်စားဖွယ်ကောင်းသော ခြားနားချက် ဖြစ်သည်။
သူက သက်ရှိများနှင့် နတ်ဘုရားများကို ဖန်တီးနိုင်သည်။ သို့သော်လည်း ၎င်းတို့ကို သူမထိန်းချုပ်နိုင်ပေ။
သို့ဖြစ်၍ ထွက်ပေါ်လာမည့် နောက်ဆုံးရလဒ်ကို သူမခန့်မှန်းနိုင်ပေ။