← Chapters

ဝူကျန်းဝမ်၏ အတွင်းစိတ် ပဋိပက္ခကို ဖြေရှင်းခြင်း

Vol. 61 Ch. 901

ဝူကျန်းဝမ်၏ အတွင်းစိတ် ပဋိပက္ခကို ဖြေရှင်းခြင်း

Vol. 61 Ch. 901

လုချန်း၏ အသံကို ကြားပြီးနောက် လိီချင်ရို့၏ ဒေါသစိတ်များ ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ မြင့်တက်လာခဲ့သည်။ သစ္စာမရှိသော ထိုလူ နောက်ဆုံးတော့ ပေါ်လာခဲ့ပြီဖြစ်သည်။ လိီချင်ရို့ စိတ်ထဲ၌ လုချန်းကို ဓားဖြင့်လိုက်ခုတ်ချင်စိတ် ပေါက်နေသည်။

သို့သော် သူမကိုယ်သူမ လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။

ထို့နောက် အားတင်း၍ပြုံးကာ

“ကျန်းဝမ်။ တွေ့လား။ ငါပြောခဲ့တယ်လေ။ အခု လုချန်း ရောက်လာပြီ မဟုတ်လား။”

လုချန်းကို မြင်လိုက်သည့်အခိုက်တွင် ဝူကျန်းဝမ် ၏မျက်လုံးများထဲ၌ အရောင်တစ်ချက် လက်သွားခဲ့သည်။

အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဝူကျန်းဝမ်၏ ဆံပင်များ ဖွာလန်ကြဲနေပုံကို မြင်သောအခါ သူ အမှန်တကယ်ပင် လွန်လွန်ကဲကဲ ပြုမူခဲ့မိသည်ဟု လုချန်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ တကယ်တန်း ထိုသို့ပြုလုပ်ရမည်ဆိုလျှင်ပင် ဝူကျန်းဝမ်အား ကြိုတင်အသိပေးခဲ့သင့်ပေသည်။

ဝူမိသားစုဝင်ဖြစ်သော သူမကို ကြိုတင်အသိပေးခြင်းမရှိပဲ ထောင်ချောက်ဆင်ခြင်းက ဝူကျန်းဝမ်အား သူ မယုံကြည်ကြောင်း သို့မဟုတ် သူမအပေါ် မကျေနပ်ချက်အချို့ရှိနေကြောင်း ခံစားစေခဲ့မည် ဖြစ်၏။

ထို့နောက် လုချန်းက ပြုံးလျက် ဝူကျန်းဝမ်၏ ကုတင်ဘေးသို့ ချဉ်းကပ်သွားသည်။ ဝူကျန်းဝမ်က ထရန်ပြုစဉ် လုချန်းက သူမအား အမြန်ထောက်မပေးလိုက်ပြီး

“ကျန်းဝမ် ဒီအတိုင်းပဲ လှဲနေပါ”

ဝူကျန်းဝမ်က တည်ငြိမ်စွာဖြင့်

“ကျွန်မက ကိုယ်ဝန်ဆောင်ထားရလို့ မင်းကြီးကို ပြုစုနိုင်မှာ မဟုတ်ဘူး။ စိတ်မဆိုးပါနဲ့နော်။”

လုချန်းက ပြုံးလျက်

“ကျန်းဝမ်။ ဘာတွေပြောနေတာလဲ။ ကိုယ်က သားရဲတစ်ကောင်ဖြစ်နေရင်တောင် ဒီအချိန်မှာ မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး။”

ထိုအချိန်တွင် လိီချင်ရို့ တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်းပင်

“လုချန်း နဲ့ကျန်းဝမ်။ ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ အရင်သွားတော့မယ်။ နင်တို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြ။”

ထိုသို့ပြောရင်း လိီချင်ရို့က လုချန်းကို ကြည့်ကာ

“လုချန်း။ ရှင် ပြန်မလာတာ အတော်ကြာပြီပဲ။ ကျန်းဝမ်နဲ့ ပြောချင်တဲ့စကားတွေ အများကြီး ရှိနေမှာပဲ။”

ထိုစကားကိုကြားတော့ လုချန်း ပြုံးလိုက်သည်။ သူ လိီချင်ရို့၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။

ထို့နောက် လိီချင်ရို့ လှည့်ထွက်သွားခဲ့သည်။

လိီချင်ရို့ ထွက်သွားပြီးနောက် လုချန်းက ဝူကျန်းဝမ်ကို ပွေ့ဖက်ကာ သူမ၏နဖူးကို နမ်းလိုက်ရင်း

“ကျန်းဝမ်။ မင်းက ပိုပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ ကိုယ်ထင်တယ်။”

ဝူကျန်းဝမ်က လုချန်း၏စကားကို ဂရုမစိုက်ပဲ

“မင်းကြီး ကျွန်မကို ပြောစရာတစ်ခုခု ရှိနေတယ် မဟုတ်လား။”

လုချန်း စိတ်မသက်မသာဖြစ်နေသည်ကိုဝူကျန်းဝမ် သိ၏။ ဝူမိသားစုနှင့် ပတ်သက်သော ကိစ္စများက သူ့ကို ဤသို့ခံစားနေစေကြောင်း ထင်ရှားသည်။

လုချန်းက တိုက်ရိုက်ပင်

“ကျန်းဝမ်။ ကိုယ်ရန်ခရိုင်က မထွက်ခွာခင်က ဝူမိသားစုလူတွေမှာ ပုန်ကန်လိုတဲ့စိတ်တွေ ရှိနေသေးလားဆိုတာကို စမ်းသပ်ဖို့ အထူးကိုယ်ရံတော်ကို အမိန့်ပေးခဲ့တာကို အခုမှ သတိရတယ်။”

“မထင်မှတ်ပဲ ဝူမင်းက တကယ်ပဲ ပုန်ကန်ခဲ့တယ်။ ဒီကိစ္စကြောင့် မင်းအရမ်း စိတ်မကောင်းဖြစ်သွားတယ်လို့ ကြားတယ်။”

“ဒါ ကိုယ့်အမှားပါ။ ကိုယ် သူတို့ကို မစမ်းသပ်ခိုင်းခဲ့သင့်ဘူး။ လူ့သဘာဝက အဲ့ဒီလို စမ်းသပ်မှုတွေကို မခံနိုင်ဘူးဆိုတာ ကိုယ် စောစောစီးစီး နားလည်ခဲ့သင့်တယ်။”

ထို့နောက် လုချန်းက ဝူကျန်းဝမ်၏ လှပသောမျက်လုံးများကို စိုက်ကြည့်ရင်း

“ကျန်းဝမ်။ ကိုယ့်အပေါ် စိတ်မဆိုးပါနဲ့တော့နော်။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီးနောက် သူမက

“ကျွန်မ မင်းကြီးကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး။ ကျွန်မ ခံစားရတာက မင်းကြီး ကျွန်မကို မယုံကြည်ဘူးလို့ ထင်မိလို့ နည်းနည်းဝမ်းနည်းသွားတာပါ။”

“မင်းကြီးက ဝူမိသားစုကလူတွေကို အမြဲတမ်း သတိထားနေပြီး သူတို့က အနာဂတ်မှာ ပုန်ကန်နိုင်တယ်လို့ ထင်နေတာကို ကျွန်မသိပါတယ်။ ဒါကြောင့် သူတို့ကို တိုက်ရိုက်ရှင်းပစ်လိုက်တာက ပိုကောင်းနိုင်တယ်။”

“မင်းကြီးက ဝူမိသားစုလူတွေကို တကယ်ပဲ အရေးယူဖို့ ရည်ရွယ်ထားရင်တောင် ကျွန်မ ဘာမှပြောမှာ မဟုတ်ပါဘူး။”

ဝူကျန်းဝမ်၏ စကားကိုကြားလျှင် သူမှန်းဆခဲ့သည့်အတိုင်းပင် ဖြစ်သည်ဟု လုချန်း တွေးလိုက်၏။ ဝူမိသားစုအခြေအနေကို သူမအား ကြိုတင်အသိမပေးခဲ့သောကြောင့် စိတ်မကောင်းဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။

ထို့နောက် လုချန်းက

“ဒါက တကယ်ပဲ ကိုယ့်ရဲ့ မစဉ်းစားမဆင်ခြင်တဲ့ လုပ်ရပ်ပါ။ နောင်ကို ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး။”

ဝူကျန်းဝမ်သည် လုချန်း၏ ချောမောသော မျက်နှာကို ကြည့်လိုက်ပြီးနောက်

“မင်းကြီး ကျွန်မဆီကိုလာပြီး ဒီကိစ္စတွေကို ပြောပြတာက ကျွန်မကို စိတ်ချမ်းသာစေပါတယ်။”

သူမသည် အစပိုင်းတွင် စိတ်မကောင်းဖြစ်ခဲ့သော်လည်း လုချန်းကိုယ်တိုင် သူမထံသို့လာ၍ ဤကိစ္စများကို ဆွေးနွေးပြီး ဧကရာဇ်တစ်ဦးအနေဖြင့် တောင်းပန်စကားပင် ဆိုခဲ့သည်က သူမအပေါ် ထားရှိသော လုချန်း၏ ချစ်ခင်မှုကို သက်သေပြနေခြင်းဖြစ်သည်။

အကယ်၍ လုချန်းက သူမအပေါ် ခံစားချက်မရှိပဲ သူမကို ကစားစရာတစ်ခု၊ ကိရိယာတစ်ခုအဖြစ်သာ သဘောထားခဲ့ပါက သူ့ အနေနှင့် ဤကိစ္စများကို သူမနှင့် ဆွေးနွေးရန် မလိုအပ်သည့်အပြင် သူမအား တောင်းပန်စကား ဆိုရန်မှာ ပို၍ပင် မလိုအပ်ချေ။

လုချန်းက သူ၏လက်ကိုမြှောက်ကာ ဝူကျန်းဝမ်၏ မျက်နှာကို ဖွဖွလေးပွတ်သပ်ရင်း ပြုံးကာ

“မင်းက ကိုယ့်ရဲ့ဇနီးပဲ။ ဒါကြောင့် မင်း စိတ်ဓာတ်ကျပြီး အမြဲတမ်း ညှိုးငယ်နေတာကို ကိုယ် မမြင်ချင်ဘူး။”

ထိုအချိန်တွင် လုချန်း ရှေ့သို့တိုးကာ ကျန်းဝမ်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။

“အွန်း...”

လုချန်းက ထိုအချိန်တွင် သူမကို နမ်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း မငြင်းဆန်ပဲ လုချန်းနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခဲ့သည်။

ဝူကျန်းဝမ်သည် ယခု ကိုယ်ဝန်ဆောင်ထားသဖြင့် သူမကို နမ်းရုံသာ နမ်းနေခြင်းဖြစ်ပြီး မည်သည့်အရာကိုမှ အလွန်အကျွံ မလုပ်ခဲ့ပေ။

သို့သော် အနမ်းတစ်ခုမျှသာ ဖြစ်လင့်ကစား သူတို့ကြားရှိ ချစ်ခင်မှုကို ပိုမိုနက်ရှိုင်းစေနိုင်သည်။ လုချန်း၏ အနမ်းသည် ဝူကျန်းဝမ်၏ နှလုံးသားထဲရှိ လပေါင်းများစွာ ခိုအောင်းနေခဲ့သော စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များကို ချက်ချင်းပင် ပျောက်ကွယ်သွားစေခဲ့သည်။

ထိုအခိုက်တွင် နန်းတော်အပြင်ဘက်ရှိ လိီချင်ရို့လည်း အတွင်းမှ အဖြစ်အပျက်များကို အာရုံ ခံစားမိပြီး သူမ၏ ချစ်လှစွာသော သူငယ်ချင်း နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သွားသည့်အတွက် သက်ပြင်းငယ်တစ်ချက်ချလိုက်သည်။

သို့သော် မကြာမီပင် သူမ လုချန်းအပေါ် ပို၍မကျေမနပ်ဖြစ်လာခဲ့သည်။ သူတို့သူငယ်ချင်းနှစ်ယောက် ယခုကဲ့သို့ အကျပ်အတည်းဆိုက်ရသည်မှာ သူ့ကြောင့်သာ ဖြစ်သည်။

ခဏအကြာတွင် လိီချင်ရို့ ညင်သာစွာ သက်ပြင်းချလိုက်ပြန်သည်။

ဖြစ်ပျက်ပြီးသွားပြီဖြစ်သည်။ အရာအားလုံး ပြန်ပြင်၍ မရတော့ပေ။ ဝူကျန်းဝမ်သည် မကြာမီ လုချန်း၏ ကလေးကို မွေးဖွားတော့မည်ဖြစ်ပြီး နောင်တွင်လည်း ဤအတိုင်းသာ ဖြစ်ပေလိမ့်မည်။

လုချန်းသည် အနည်းငယ် မိန်းမရှုပ်သူတစ်ယောက် ဖြစ်သော်လည်း အခြားကိစ္စများတွင်မူ အဆင်ပြေသူတစ်ဦး ဖြစ်၏။ နောင်တွင် သူ ဝူကျန်းဝမ်ကို ဝမ်းနည်းအောင် မလုပ်လောက်ဟု သူမ မျှော်လင့်မိသည်။

လိီချင်ရို့ ထိုသို့တွေးနေစဉ်တွင် ဝူကျန်းဝမ်က ရုတ်တရက်

“ချင်ရို့ အထဲကိုဝင်ခဲ့။”

ထိုအသံကိုကြား သောအခါ လိီချင်ရို့ အံ့အားသင့်သွားသည်။

သို့သော် တံခါးကိုဖွင့်ကာ အိပ်ဆောင်ထဲသို့ ပြန်ဝင်လာခဲ့ပြီး နားမလည်စွာဖြင့်

“ကျန်းဝမ်။ ဘာဖြစ်လို့လဲ”

ဝူကျန်းဝမ်က ပြုံးကာ

“ချင်းရို့။ ငါက ကိုယ်ဝန်ဆောင်ထားတော့ လုချန်းကို ပြုစုလို့မရဘူး။ ဒီည သူ့ကို နင်ပဲ ပြုစုလိုက်ပါ။”

ဒါက...

လိီချင်ရို့ တစ်စုံတစ်ခုကို ပြောရန် ပြင်နေစဉ်မှာပင် လုချန်းက ဝူကျန်းဝမ်အား

“ကျန်းဝမ်။ ဒါ ဘာသဘောလဲ။ မင်းက ကိုယ့်ကို ညဘက်မှာ မိန်းမတစ်ယောက် ပြုစုမှ အိပ်ပျော်နိုင်တဲ့သူလို့ တကယ်ပဲ မြင်နေတာလား။”

ဝူကျန်းဝမ်က ရယ်မောကာ

“ကောင်းပြီလေ။ ဟန်ဆောင်ကောင်းလိုက်တာ။ အရင်က ကျွန်မရဲ့ အိပ်ဆောင်ထဲမှာ ချင်ရို့ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မေ့သွားပြီလား။”

သူမ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ဖြေရှင်းပြီးနောက် ကျန်းဝမ်၏ အမူအရာများ ပိုမိုလန်းဆန်းတက်ကြွလာခဲ့သည်။

လုချန်းနှင့် လိီချင်ရို့ကြားက ကိစ္စကို သူမ လုံးဝ စိတ်ထဲမထားတော့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ဤအခွင့်အရေးကို အသုံးချကာ လိီချင်ရို့၏ တောင့်တမှုကို အနည်းငယ် ဖြေဖျောက်ပေးချင်ခဲ့သည်။

လုချန်းသည် အခြားမိန်းမများထံ သွားရောက်လည်ပတ်နေခဲ့သော်လည်း သူတို့နေရာသို့ မလာခဲ့ပေ။ ယခု သူ နောက်ဆုံးတွင် ရောက်လာပြီဖြစ်သောကြောင့် လိီချင်ရို့အား အလှည့်ကျ ချစ်ခင်ယုယစေရန် အခွင့်ပေးလိုက်လျှင် ကောင်းမည်ဟု တွေးမိသည်။

ဝူကျန်းဝမ် ထောက်ပြလိုက်သည့်စကားများက လုချန်းကို အနည်းငယ် ရှက်ရွံ့သွားစေသည်။ သူသည် ဝူကျန်းဝမ်ကို နှစ်သိမ့်ရန် လာခဲ့ခြင်းဖြစ်ပြီး ယခု ဝူကျန်းဝမ်က သူ့ကို အခြားမိန်းမတစ်ယောက်နှင့် ရင်းနှီးစေရန် တောင်းဆိုနေသည်။

ဒါက ဘယ်လိုလုပ် အဆင်ပြေနိုင်မည်နည်း...

ထိုအချိန်တွင် ကျန်းဝမ်က ဆက်ပြောလိုက်သည်။

“မင်းကြီး ဆန္ဒမရှိဘူးဆိုရင် ဒီည တခြားညီအစ်မတွေရဲ့ နန်းဆောင်ကိုပဲ သွားသင့်တယ်။”

လုချန်းက ရယ်မောလိုက်ပြီး ဝူကျန်းဝမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ ချက်ချင်းပင်

“ကောင်းပါပြီ။ ကောင်းပါပြီ။ ကိုယ် သဘောတူတယ်။”

လုချန်း သဘောတူသည်ကို မြင်သောအခါ လိီချင်ရို့ အံ့အားသင့်သွားသည်။

ဒါက ဘာအဓိပ္ပာယ်လဲ။ သူမ စကားတစ်ခွန်းမှပင် မပြောရသေးပဲ သူတို့နှစ်ယောက်က ဒီညအတွက် သူမရဲ့ကံကြမ္မာကို ဆုံးဖြတ်လိုက်ကြပြီလား။

လိီချင်ရို့ မတုံ့ပြန်နိုင်မီမှာပင် သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် ထိန်းချုပ်မရဖြစ်သွားပြီး လုချန်း၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

လုချန်းက လိီချင်ရို့ကို သူ၏ပေါင်ပေါ်တွင် ထိုင်စေပြီး သူမ၏နားနားကပ်ကာ

“ချင်းရို့။ ကိုယ်က အခု ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက် ဖြစ်နေပြီ။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ယောက်ရဲ့ အင်အားကို စမ်းကြည့်ချင်လား။”

…………….

All Chapters