← Chapters

ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု

Vol. 61 Ch. 902

ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု

Vol. 61 Ch. 902

လီချင်ရို့သည် အရှုံးမပေးတတ်သော အမျိုးသမီးတစ်ဦး အမြဲဖြစ်ခဲ့ပြီး ကျူးနိုင်ငံတော် နန်းတော်အတွင်း၌ လုချန်း၏ လက်အောက်သို့ ရောက်ခဲ့ပြီးနောက်တွင်ပင် သူ့ကို အနိုင်ယူရန်နှင့် အခြေအနေကို ပြောင်းပြန်လှန်ကာ သူ့ကို ပြန်လည်ချုပ်ကိုင်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်၏။

သို့သော် လီချင်ရို့တစ်‌ယောက် မည်သည့်အခါကမှ မအောင်မြင်ခဲ့ပေ။

ထိုအချိန်က သူမသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး လုချန်းမှာမူ အရိပ်အယောင် ကောင်းကင်လူသားတစ်ဦးသာ ဖြစ်နေသေး၏။

ယခုအခါ လုချန်းသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့ပြီး သူမ၏ အင်အားမှာ များစွာတိုးတက်လာခြင်း မရှိသည့်အတွက် သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။

လုချန်းကောင်းကင်လူသား စွမ်းအားရှင်အဆင့်ဖြစ်နေပြီဟု တွေးမိတိုင်း လီချင်ရို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ခံစားရသော်လည်း ဝူကျန်းဝမ်၏ မျက်နှာကို ထောက်ထားသောအားဖြင့် လီချင်ရို့လည်း နောက်ဆုံးတွင် ဝူကျန်းဝမ်၏ ဘေး၌ လှဲလျောင်းလိုက်လေ၏။

သို့သော် ထိုလုချန်းဆိုသော လူက အမှန်တကယ်ပင် သနားညှာတာမှု မရှိခဲ့ချေ။ ဝူကျန်းဝမ် ထိုနေရာတွင် ရှိနေသော်လည်း သူသည် လုံးဝ တုံ့ဆိုင်းမနေပဲ သူမကို ဖမ်းကာ မညှာမတာ နှိပ်စက်မှု တစ်ကြိမ် ပြုလုပ်ခဲ့သည်။

လီချင်ရို့သည် ဝူကျန်းဝမ်၏ ရှေ့တွင် သူမ၏ အားနည်းသော မျက်နှာကို မပြလိုပေ။ ထို့ကြောင့် လုချန်းအား ပြန်လည်ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင်မူ ရှုံးနိမ့်သွားခဲ့ရပြန်သည်။

အချိန်မည်မျှကြာသွားသည်မသိ လုချန်းသတစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြင်းထန်မှုကို အနည်းငယ် လျှော့ချကာ လီချင်ရို့နှင့် ဝူကျန်းဝမ်အား

“ကိုယ့်ဆီမှာ မင်းတို့နှစ်ယောက် လေ့ကျင့်ဖို့ သိပ်ကို သင့်တော်တဲ့ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ရှိတယ်။”

ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။

ကောင်းကင်အဆင့် ကျင့်စဉ်.....

တကယ်လား။

လုချန်းဆီမှာ ကောင်းကင်အဆင့် ကျင့်စဉ် ရှိ နေလား။

သူတို့သည် ကောင်းကင်အဆင့် ကျင့်စဉ်ကို မမြင်ဖူးကြသော်လည်း ထိုသို့သော ကျင့်စဉ်၏ အရေးပါမှုကိုမူ ရှင်းလင်းစွာ သိရှိကြသည်။ အကြောင်းမှာ မြူခိုးမှော်ဂိုဏ်း၌ပင် မြေအဆင့် ကျင့်စဉ်တစ်ခုသာ ရှိသောကြောင့် ဖြစ်၏။

လုချန်းက ကောင်းကင်အဆင့် ကျင့်စဉ်ကို အမျိုးသမီးနှစ်ဦးထံသို့ ချက်ချင်းပင် ပေးပို့လိုက်၏။ အပြာရောင်အလင်းတန်းတစ်ခု သူတို့၏ နဖူးထဲသို့ ဝင်ရောက်သွားသည်နှင့် လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်၏ အကြောင်းအရာများကို သူတို့ သိရှိသွားကြသည်။

လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်၏ အကြောင်းအရာကို မြင်သောအခါ လီချင်ရို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ဤလျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် တကယ့်ကျင့်စဉ်အစစ်အမှန် မဟုတ်ဟု သူမ အဘယ်ကြောင့် ခံစားနေရသနည်း။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် ယောက်ျားနှင့်မိန်းမ ပူးတွဲလေ့ကျင့်ရန် လိုအပ်သော နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်နှင့် မတူညီသော်လည်း ဤကျင့်စဉ်တွင်လည်း ယောက်ျားတစ်ဦး လိုအပ်သည်ဟု သူမ ခံစားနေရဆဲ ဖြစ်သည်။

လုချန်းက ကုတင်ပေါ်တွင် လှဲလျောင်းနေသော လီချင်ရို့ကို ကြည့်ရန် ခေါင်းအနည်းငယ် ငုံ့လိုက်ပြီး ပြုံးလျက်

“ချင်ရို့။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို စမ်းပြီး လည်ပတ်ကြည့်ပါလား။ မင်းနဲ့ သင့်တော်ရဲ့လားဆိုတာ ကြည့်ကြည့်ပေါ့။”

လုချန်းပြောသည်ကို ကြားပြီး သူ့မျက်နှာပေါ်မှ ကောက်ကျစ်သော အပြုံးကို မြင်သောအခါ ဤကျင့်စဉ်တွင် တစ်ခုခု မှားယွင်းနေသည်ကို လီချင်ရို့ သေချာပေါက်လိုက်သည်။

ဤလူသည် သူတို့ကို ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ပေးချင်သည်အထိ အလွန်ကြင်နာတတ်သည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူ့တွင် မသမာသော ရည်ရွယ်ချက်များ ရှိနေခဲ့သည်။

သို့သော် လီချင်ရို့ ထိုအကြောင်းကို များများစားစား မစဉ်းစားခဲ့ပေ။ သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း လည်ပတ်စေခဲ့၏။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ် စွမ်းအားများ လျင်မြန်စွာ စီးဆင်းလာခဲ့သည်။

ဟင်...

လီချင်ရို့ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပြီး သူမ၏ မျက်လုံးများကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ ပျော်ရွှင်နေသော အမူအရာဖြင့် သူမကိုကြည့်နေသော လုချန်းကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို မြင်သောအခါ လီချင်ရို့ သူမ၏ နှုတ်ခမ်းများကို စေ့လိုက်၏။ ဒါက သူမ သံသယရှိခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ဤလူတွင် ကောင်းသောစိတ်ထား မရှိသည်ကို သူမ သိသည်။ လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ် ကျင့်ကြံမှုက သူ့အတွက် အကျိုးကျေးဇူးများ ယူဆောင်လာနိုင်ကြောင်း ထင်ရှားနေပေသည်။

ထိုသို့ဆိုသော်လည်း ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်သောလျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်သည် ၎င်း၏အမည်နှင့် ထိုက်တန်လှ၏။ သူမပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်လာသည်ကို ခံစားနိုင်ပြီး သူမ၏ စိတ်ဝိညာဉ်ပင်လယ်သည်လည်း သိသာသောနှုန်းဖြင့် ကြီးထွားလာသည်။

ဤကြီးထွားနှုန်းအတိုင်းသာဆိုလျှင် သူမ၏ အင်အားသည် ကောင်းကင်လူသားနယ်ပယ်၏ ဒုတိယအလွှာသို့ ထိုးဖောက်ရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။

ဤကမ္ဘာလောကရှိ စိတ်ဝိညာဉ်စွမ်းအင် အလွန်နည်းပါးနေသည်ကတော့ ဝမ်းနည်းစရာပင်။ အကယ်၍ သူမသာ မြူခိုးဒေသတွင်သာ ရှိနေပြီး ဤကောင်းကင်အဆင့် ကျင့်စဉ်လည်း ရှိမည်ဆိုလျှင် တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် သူမ၏ အဆင့်နယ်ပယ်သည် မူလအစကမ္ဘာ နယ်ပယ်သို့ ထိုးဖောက်သွားနိုင်ပေမည်။

လီချင်ရို့၏ လှပသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ချင်ရို့။ဘယ်လိုလဲ။ ဒီကောင်းကင်အဆင့် ကျင့်စဉ်က မင်းတို့နှစ်ယောက်နဲ့ သင့်တော်တယ် မဟုတ်လား။”

လီချင်ရို့၏ ပါးပြင်များမှာ နီရဲနေပြီး သူမ၏ လှပသော မျက်လုံးများမှာ ဝေဝါးနေ၏။ သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင်က ကောင်းတဲ့လူ မဟုတ်မှန်း ကျွန်မ သိသားပဲ။”

ထိုသို့ ပြောလိုက်သော်လည်း လီချင်ရို့ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်တွင်း၌ ကျင့်စဉ်က ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် အနီးအနားရှိ ဝူကျန်းဝမ်က “မင်းကြီး မြူခိုးဒေသမှာ လှုပ်ရှားမှု တစ်စုံတစ်ရာ ရှိနေပြီလား။”

ဝူကျန်းဝမ်သည်လည်း တကယ့်အာဏာကို ကိုင်စွဲထားဖူးသူဖြစ်ရာ မြူခိုးဒေသတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို သတိပြုမိခဲ့သည်။

ဝူကျန်းဝမ်က ထိုကိစ္စကို အစပျိုးလာသည်ကို ကြားသောအခါ လုချန်း အံ့အားသင့်သွား၏။ အမှန်တကယ်တော့ သူလည်း မြူခိုးဒေသ၌ ဝူကျန်းဝမ်တို့ဂိုဏ်းအကြောင်းနှင့် အခြားဂိုဏ်းများ၏ အခြေအနေကို စုံစမ်းမေးမြန်းလိုခဲ့သည်။

သို့သော် သူ ယနေ့ည ဝူကျန်းဝမ်ကို နှစ်သိမ့်ရန် လာခဲ့ခြင်းဖြစ်သဖြင့် အကယ်၍ သူက မြူခိုးမှော်ဂိုဏ်းအကြောင်းကို ယခု ပြောလိုက်လျှင် ဝူကျန်းဝမ်က သူ သူမအတွက်ထက် မြူခိုးမှော်ဂိုဏ်းအကြောင်း မေးမြန်းချင်၍ လုချန်း‌လာရောက်သည်ဟု ထင်သွားပါက သူမကို ပို၍ ဝမ်းနည်းစေမည် မဟုတ်ပါလား။ ထို့ကြောင့် ထိုအကြောင်းကို ဘာမှမပြောပဲ နေရန် လုချန်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဝူကျန်းဝမ်က သူမ၏ သဘောဆန္ဒအလျောက် စတင်ပြောဆိုလာခဲ့သည်။

ထို့နောက် လုချန်းက

“အင်း။ မြူခိုးဒေသရဲ့ အတားအဆီးတွေ မပျောက်ကွယ်သေးပေမဲ့ အဲ့ဒီက အင်အားစုတစ်စုက ကိုယ်တို့ကမ္ဘာထဲကို ဝင်ရောက်လာပြီးပြီ။ သူတို့က အရင်က နဂါးနက်နိုင်ငံရဲ့ နယ်မြေကိုတောင် သိမ်းပိုက်လိုက်ပြီ။ အခု ဧကရာဇ်အသစ်တစ်ပါးကို တင်မြှောက်ပြီး နဂါးနက်နိုင်ငံကို ပြန်လည်တည်ထောင်ဖို့ စီစဉ်နေကြတယ်။”

ထိုစကားကို ကြားသောအခါ လီချင်ရို့က

“ဒါဆို..... မင်းကြီး ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ။”

သူ၏ အလုပ်များကို ဆက်လက်လုပ်ဆောင်ရင်း လုချန်းက

“ကိုယ်က ကောင်းကင်လူသား စွမ်းအားရှင် သုံးယောက်ကို ကျူးနိုင်ငံတော်ကနေ လွှတ်ဖို့ စီစဉ်ထားတယ်။ အခုလောလလောဆယ် မြူခိုးဒေသကနေ လာတဲ့သူတွေထဲမှာ အင်အားအကြီးဆုံးက ညီညွှတ်ခြင်းနယ်ပယ်အဆင့်တွေပဲ ရှိသေးတယ်။ လျှိုကျိန့်ချူတို့ သူတို့ကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကိုယ်မျှော်လင့်တယ်။”

ဝူကျန်းဝမ်က သူမ၏ စိုးရိမ်မှုကို ဖော်ပြကာ “မင်းကြီး။ ရောက်လာတဲ့ ကျင့်စဉ်ကျင့်သူတွေက ညီညွှတ်ခြင်းနယ်ပယ် အဆင့်ပဲ ရှိပေမဲ့ မြူခိုးဒေသရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ပေါများတော့ ဒီညီညွှတ်ခြင်း နယ်ပယ်ကသူတွေရဲ့ စွမ်းရည်ကို လျှော့မတွက်သင့်ပါဘူး။ နောက်ပြီး အဖွဲ့အစည်းအများစုမှာ သူတို့ ကျွမ်းကျင်တဲ့ အထူးနည်းဗျူဟာ ပုံစံတွေ ရှိကြတယ်။ ကောင်းကင်လူသား စွမ်းအားရှင် သုံးယောက်က သူတို့အတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူး။”

လုချန်းက

“အင်း... ကိုယ် သိပါတယ်။ အစကတော့ ဖုန်းယင်ကျွန်းကို သွားဖို့ စီစဉ်ထားတာပဲ။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ကြားပြီးနောက် ရန်ခရိုင်ကို ချက်ချင်း ပြန်လာခဲ့တာ။

လျှိုကျိန့်ချူတို့က ကျူးကျော်သူတွေကို မယှဉ်နိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင် ဝင်ပါရလိမ့်မယ်။”

ဤအချိန်တွင် လုချန်းက

“စကားမစပ်။ မင်းတို့နှစ်ယောက်က မြူခိုးဒေသကို အရင်က ရောက်ဖူးတယ်ဆိုတော့ လင်ဟူဂိုဏ်းလို့ခေါ်တဲ့ အဖွဲ့အစည်းကို သိလား။”

“လင်ဟူဂိုဏ်း” ဟူသော အမည်ကို ကြားသည်နှင့် အမျိုးသမီးနှစ်ဦးလုံး တုံ့ဆိုင်းသွားကြ၏။ ထိုအဖွဲ့အစည်းနှင့် သူတို့ရင်းနှီးကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ဝူကျန်းဝမ်က

“ကျွန်မ ကြားဖူးပါတယ်။ လင်ဟူဂိုဏ်းကို မြူခိုးဒေသမှာ အလယ်အလတ်တန်းစား အင်အားစုတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ချင်ရို့နဲ့ ကျွန်မ မြူခိုးဒေသမှာ ရှိနေတုန်းက လင်ဟူဂိုဏ်းရဲ့ တပည့်တွေက ကျွန်မတို့ကို လိုက်လံဖမ်းဆီးပြီး ပစ်မှတ်ထားခဲ့ဖူးပါတယ်။”

လုချန်းက ပြုံးလျက်

“ဒါဆို ဒီလူတွေက ကိုယ်တို့ရဲ့ ရန်သူဟောင်းတွေလည်း ဖြစ်နေတာပေါ့။ ကိုယ့်ရဲ့မိဖုရားနှစ်ပါးကို ပစ်မှတ်ထားရဲတဲ့အတွက် သူတို့ကို ကောင်းကောင်း ကြိုဆိုရမှာပေါ့။”

“စိတ်မပူကြနဲ့ ကိုယ့်မိဖုရားနှစ်ပါး။ ကိုယ်မင်းတို့အတွက် ကောင်းကောင်း လက်စားချေပေးမယ်။”

ထိုစကားများကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလုံး၏ နှလုံးသားများထဲတွင် နွေးထွေးမှုများ လှိုက်တက်လာသည်။ ဤယောက်ျားသည် ချိုသာသော စကားများဖြင့် နှစ်သိမ့်နေခြင်းသာဖြစ်သည်ကို သူတို့ သိသော်လည်း လက်ရှိတွင်မူ သူတို့သည် ထိုစကားများတွင် နစ်မျောနေကြသည်။

ထိုအခိုက်တွင် လီချင်ရို့က

“အင်း... အခု မြူခိုးဒေသက လူတွေက...... ဒီကမ္ဘာကို ရောက်လာပြီဆိုတော့ အတားအဆီးက ပျောက်ကွယ်တော့မယ်ဆိုတဲ့ သဘော မဟုတ်ဘူးလား။”

“မြူခိုးဒေသမှာ လင်ဟူဂိုဏ်းတစ်ခုတည်း ရှိတာ မဟုတ်ဘူး။”

မြူခိုးဒေသသည် မတည်ငြိမ်သော အာကာသရှိသည့် ကျယ်ပြောသော နေရာတစ်ခုဖြစ်ပြီး ၎င်း၏ တကယ့်အရွယ်အစားကို လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ မသိကြပေ။ သူတို့သည် ထိုနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အပြည့်အစုံ မစူးစမ်းခဲ့ဖူးချေ။

မြူခိုးဒေသတွင် အင်အားစုများစွာ ရှိပြီး အခြားကမ္ဘာများမှ ပုဂ္ဂိုလ်များကိုလည်း အဆက်မပြတ် လက်ခံနေသည်။

အတားအဆီး ပျောက်ကွယ်သွားသည်နှင့် မြူခိုးဒေသမှ ထိုအင်အားစုများသည် ဤကမ္ဘာသို့ သေချာပေါက် ရောက်လာကြမည် ဖြစ်သည်။ ဤကမ္ဘာတွင် နိယာမတရားများသည် မပြည့်စုံသော်လည်း ဘေးကင်းလုံခြုံသည်ကတော့ အမှန်ပင်ဖြစ်သည်။

မတည်ငြိမ်မှုများ လွှမ်းမိုးနေသော မြူခိုးဒေသကဲ့သို့ နေရာမျိုး၌မူ တစ်နေရာတည်း၌ ဘာမှမလုပ်ပဲ နေလျှင်ပင် အာကာသ၏ ဆွဲဖြဲခြင်းကို ခံရနိုင်သည့် အန္တရာယ်ရှိသည်။

လီချင်ရို့၏ သတိပေးစကားကို ကြားသောအခါ လုချန်းသည် သူမ ဆိုလိုချင်သည့်အရာ နားလည်သွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

……………..

All Chapters