အသက်ချမ်းသာပေးနိုင်ပါတယ်
Vol. 61 Ch. 903
မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ထျန်းချန်တိုက်သည် စဉ့်နှီးတုံးပေါ်မှ ငါးတစ်ကောင်ပမာ ဖြစ်သွားမည်ဖြစ်ပြီး မြူခိုးဒေသ၏ အင်အားစုအားလုံးသည် နယ်မြေများ လုယူရန် အလုအယက် ဝင်ရောက်လာကြမည် ဖြစ်သည်။ ခက်ခက်ခဲခဲ ရရှိခဲ့သော ရှနိုင်ငံတော်၏ စည်းလုံးညီညွတ်မှုသည် တစ်ဖန်ပြန်၍ ပြိုကွဲသွားမည် ဖြစ်၏။
မြူခိုးဒေသတွင် အင်အားစုများစွာ ရှိကြောင်း လီချင်ရို့ လုချန်းကို သတိပေးခဲ့သည့် ရည်ရွယ်ချက်မှာ ရှနိုင်ငံတော်သည် မကြာမီ ဖြစ်ပေါ်လာတော့မည့် ပဋိပက္ခမုန်တိုင်းအတွင်း အရေးပေါ်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သူ့ကို ပြောပြလိုခြင်း ဖြစ်သည်။
လုချန်းသည်လည်း ရှနိုင်ငံတော်၏ အခြေအနေကို ကောင်းစွာသိရှိပြီးဖြစ်သော်လည်း သူ့ထံ၌ မိမိကိုယ်ကို ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။ ထိုအခိုက်တွင် လုချန်းက
“ကျန်းဝမ်။ မင်းတို့ရဲ့ မြူခိုးမှော်ဂိုဏ်းက မြူခိုးဒေသရဲ့ အင်အားစုတွေထဲမှာ အဆင့် ဘယ်လောက်ရှိသလဲ။”
ဝူကျန်းဝမ်က
“ကျွန်မတို့ သိသလောက်တော့ မြူခိုးမှော်ဂိုဏ်းရဲ့ အင်အားက မြူခိုးဒေသတစ်ခုလုံးမှာ အင်အားအကြီးဆုံး ဖြစ်လောက်တယ်။”
လီချင်ရို့က
“ရှင်သာ မြူခိုးဒေသက အင်အားစုတွေကို ခုခံချင်တယ်ဆိုရင် မြူခိုးမှော်ဂိုဏ်းကို ဝင်တာက ရှင့်အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။”
“ရှင့်နောက်ကွယ်မှာ ဘယ်လိုအင်အားစုမျိုးက ထောက်ပံ့ပေးနေလဲဆိုတာ ကျွန်မ မသိပေမဲ့ အခုလောလောဆယ် ရှင့်နောက်က အင်အားစုက ဒီကမ္ဘာကို ဝင်မစွက်ဖက်နိုင်သေးခင်မှာတော့ မြူခိုးမှော်ဂိုဏ်းကို ဝင်တာက မြူခိုးဒေသက တခြားအင်အားစုတွေကို ဆန့်ကျင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။”
လီချင်ရို့နှင့် ဝူကျန်းဝမ်တို့သည် တစ်ချိန်က ထိုဂိုဏ်း၏ တပည့်များ ဖြစ်ခဲ့ကြသော်လည်း မြူခိုးမှော်ဂိုဏ်းကို နှစ်သက်ခြင်း မရှိကြပေ။ သို့သော် ယခု ဤအခြေအနေများအောက်တွင် မြူခိုးဒေသ၏ တားမြစ်ချက်များ ပယ်ဖျက်ပြီးသည်နှင့် လုချန်း၏ နောက်ကွယ်တွင် ခိုင်မာသောအင်အားစု၏ ထောက်ပံ့မှု မရှိပါက ရှနိုင်ငံတော်သည် မကြာမီ လုံးဝ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လုချန်း မြူခိုးမှော်ဂိုဏ်းသို့ ဝင်ရောက်ခဲ့လျှင်ပင်လည်း ရှနိုင်ငံတော် ပြိုကွဲသွားမည့်အချက်က မပြောင်းလဲသော်လည်း ဂိုဏ်း၏ တည်ရှိမှုက ထိုအင်အားစုများကို အလွန်အကျွံ မလုပ်ဆောင်ရန် တားဆီးနိုင်မည်ဖြစ်ပြီး ရှနိုင်ငံတော်အတွက် နယ်မြေများစွာကို ပိုမိုထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ မြူခိုးမှော်ဂိုဏ်း၏ ကိုယ်စားလှယ်တစ်ဦးအနေနှင့် လုချန်းအတွက် အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
လီချင်ရို့၏ စကားကို ကြားသောအခါ လုချန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“ချင်ရို့က ကိုယ့်အတွက် စိတ်ပူနေတာလား။”
လီချင်ရို့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်မက ကျန်းဝမ်ရဲ့ ကလေး မွေးလာတဲ့အခါ အဖေမရှိတာကို မမြင်ချင်လို့ပါ။”
ဆက်လက်၍ လီချင်ရို့က
“ကျွန်မနဲ့ ကျွန်မရဲ့ ဆရာက မြူခိုးမှော်ဂိုဏ်းထဲမှာ အဆင့်အတန်းတစ်ခု ရှိတယ်။ ရှင်သာ မြူခိုးမှော်ဂိုဏ်းဘက်ကို ကူးပြောင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မတို့ရဲ့ ဆရာဆီက အကူအညီ တောင်းနိုင်တယ်။”
“ဒါပေမဲ့ ရှင်က မြူခိုးဒေသတစ်ခုလုံးကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားရှိတယ်လို့ ထင်နေတယ်ဆိုရင်တော့ ကျွန်မ ပြောခဲ့တာတွေကို မကြားချင်ယောင်ဆောင်လိုက်ပါ။”
မည်သည့်အင်အားစုတွင်မှ ခိုလှုံရန် စိတ်ဝင်စားမှု မရှိကြောင်း ရှင်းလင်းစွာ ပြသနေသော လုချန်း၏ ရည်ရွယ်ချက်များကို လီချင်ရို့ မျက်ကွယ်မပြုနိုင်ခဲ့ပေ။ လီချင်ရို့၏ အကြံပြုချက်က လုချန်းအား ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုတစ်ခုကို ပေးအပ်သည့် သာမန်အကြံပေးချက်တစ်ခုသာ ဖြစ်သည်။
လုချန်း မည်သို့ရွေးချယ်မည်ဆိုသည်မှာမူ သူ့ကိစ္စသာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရှနိုင်ငံတော်သည် ထိုအင်အားစုများ၏ ခွဲခြမ်းခြင်းကို ခံရလျှင်ပင် သူမနှင့် ဝူကျန်းဝမ်ကတော့ သူတို့၏ ဆရာမထံမှ အကူအညီ တောင်းခံနိုင်သေးသည်။ ရှနိုင်ငံတော်ကို မကယ်တင်နိုင်လျှင်ပင် သူတို့၏ အသက်နှင့် လုချန်း၏ အသက်ကို ဘေးကင်းအောင် ထားနိုင်ဖို့ကတော့ ပြဿနာ မဟုတ်ပေ။
ထိုအခိုက်တွင် လုချန်းက လီချင်ရို့၏ နားနားကပ်၍
“ချင်ရို့က တကယ်ပဲ ကိုယ့်အတွက် စိတ်ပူနေတာပဲ။ မင်းရဲ့ ခင်ပွန်းကို ပိုပိုပြီး ဂရုစိုက်လာပုံရတယ်။”
လီချင်ရို့က လုချန်း၏ စကားများကို လျစ်လျူရှုလိုက်၏။ သူမက အရေးကြီးသော ကိစ္စများကို ဆွေးနွေးရန် ကြိုးစားနေသော်လည်း သူက ဟာသလုပ်နေပြီး လုံးဝ အလေးအနက်မထားခဲ့ချေ။
ထိုစဉ် လုချန်းက
“ကိုယ် မြူခိုးမှော်ဂိုဏ်းမှာ ခိုလှုံမှာ မဟုတ်ဘူး။ သူတစ်ပါး လက်အောက်မှာ နေရတာက ကိုယ့်ရဲ့စရိုက်နဲ့ မကိုက်ညီဘူး။”
“ရှနိုင်ငံတော်က မြူခိုးမှော်ဂိုဏ်းကို သစ္စာခံလိုက်တာနဲ့ သူ့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးသွားမှာပဲ။ ရှနိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို မြူခိုးမှော်ဂိုဏ်းက ဆုံးဖြတ်လိမ့်မယ်။ ကိုယ်က မြူခိုးမှော်ဂိုဏ်းရဲ့ ရုပ်သေးတစ်ရုပ်၊ ခွေးတစ်ကောင်ပဲ ဖြစ်သွားလိမ့်မယ်။”
လီချင်ရို့ အကြံပြုသော နည်းလမ်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း လုချန်း ကောင်းစွာ သိသည်။
မြူခိုးမှော်ဂိုဏ်းကို သစ္စာခံလိုက်ပါက အမှန်တကယ်ပင် ပြဿနာများစွာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထိုအင်အားစုများကို နယ်မြေများ လုယက်တိုက်ခိုက်ခွင့် ပြုလိုက်ပြီး သူနှင့် သူ့မိဖုရားများကတော့ သက်သောင့်သက်သာ နေထိုင်နိုင်ပေမည်။
ဤကမ္ဘာကို စုစည်းရမည့် တာဝန်သည် ပြီးမြောက်ခဲ့ပြီဖြစ်ပြီး သူလည်း ကောင်းကင်လူသားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ တာဝန်များကို ရှောင်လွှဲသော အုပ်စိုးသူတစ်ဦး ဖြစ်လိုလျှင်လည်း လုပ်လို့မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
စိတ်ကို ခိုင်ခိုင်မာမာ ဖြတ်ထားလိုက်လျှင် ဤကမ္ဘာလောကရှိ အရာအားလုံးနှင့် သူ အဆက်အသွယ် ဖြတ်တောက်နိုင်လိမ့်မည်။
သို့သော် လုချန်းသည် အခြားသူတစ်ဦး၏ ရုပ်သေးရုပ် လုပ်မည့်သူ မဟုတ်သည့်အပြင် မြူခိုးဒေသတွင် သူ့ကိုယ်ပိုင် အင်အားစုတစ်ခုလည်း ရှိနေသေးသည်။ သူ့တွင် အခွင့်အရေး လုံးဝမရှိဟု မည်သူ ပြောနိုင်သနည်း။
အရေးအကြီးဆုံးမှာ ဝူကျန်းဝမ်၊ ရွှီလင်လုံနှင့် ပိုင်ချင်းချင်းတို့အားလုံးသည် သူ့ရင်သွေးများကို လွယ်ထားကြသည်။ ဤကလေးသုံးဦး မွေးဖွားလာသည်နှင့် စနစ်က ပို၍ ရက်ရောသော ဆုလာဘ်များ ပေးအပ်ကောင်း ပေးအပ်ပေမည်။
သူ့တွင် စနစ်တစ်ခု ရှိနေသည်။ အဘယ်ကြောင့် ဤဒေသခံများကို ကြောက်ရွံ့နေရမည်နည်း။ ပြန်လည်တိုက်ခိုက်လိုက်ရုံသာ ရှိသည်။
တစ်စုံတစ်ယောက်၏ နောက်လိုက်ခွေးဖြစ်ရခြင်းသည် ဘယ်သောအခါကမှ ကောင်းမွန်သောအရာတစ်ခု မဟုတ်ပေ။ သူ့မိဖုရားဆောင်ထဲရှိ သူ့မိဖုရားတစ်ဦးစီတိုင်းသည် ပန်းများကဲ့သို့ လှပကြသည်။ မြူခိုး မှော်ဂိုဏ်းမှ ကျင့်ကြံသူများက သူ့မိဖုရားများကို စိတ်မဝင်စားပဲ နေလိမ့်မည်ဟု သူ အမှန်တကယ် မယုံကြည်နိုင်ပေ။
အကယ်၍ ထိုကျင့်ကြံသူများက သူတို့၏ ပျော်ရွှင်မှုအတွက် သူ့မိဖုရားများကို ပေးအပ်ရန် တောင်းဆိုလာလျှင်ကော။
ထိုအချိန်ကျလျှင် ရုပ်သေးဧကရာဇ်တစ်ပါးအနေနှင့် သူတို့တောင်းဆိုချင်သည်ကို လိုက်လျောပေးရုံမှတပါး ရွေးချယ်စရာရှိမည် မဟုတ်ပေ။
ယောက်ျားတစ်ယောက်အနေနှင့် ထိုအဖြစ်ကို သူ လုံးဝ သည်းခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ်ပိုင်အင်အားသည် အရေးကြီးဆုံး ဖြစ်သည်။ သူ့ကိုယ်ပိုင်အင်အားဖြင့်သာလျှင် သူ့ပတ်ဝန်းကျင်မှ လူများကို ကာကွယ်နိုင်ပေမည်။
အထောက်အပံ့ ရှာနေရန် အကြောင်းမရှိပေ။ သူသည် သူကိုယ်တိုင်၏ အထောက်အပံ့ပင် ဖြစ်သည်။
လုချန်း၏ စကားများကို ကြားသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ လုံးဝ အံ့အားသင့်ခြင်း မရှိကြပေ။ သူတို့နှစ်ဦးစလုံးသည် လုချန်း မည်သို့သောလူစားမျိုးဖြစ်သည်ကို ကောင်းစွာ သိကြသည်။
သို့သော် ဤသည်က ရှနိုင်ငံတော်နှင့် မြူခိုးဒေသကြားမှ စစ်ပွဲသည် ရှောင်လွှဲမရနိုင်တော့ဟု အဓိပ္ပာယ်ရပြီး လုချန်းအပေါ် ရှိနေသော ဖိအားမှာလည်း အလွန်ကြီးမားလာမည် ဖြစ်သည်။
ဤအချိန်တွင် လီချင်ရို့သည် သူမ၏ ရှေ့တွင် လှုပ်ရှားနေသော ပုံရိပ်ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် တစ်ချိန်က ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးရာ အင်အားကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ ဧကရာဇ်တစ်ပါး ခံစားရသော ဖိအားကို ကောင်းစွာ နားလည်သည်။
သို့သော် လီချင်ရို့ စာနာစိတ် ခံစားနေရစဉ်မှာပင် လုချန်းက
“စကားမစပ်။ မင်းတို့ရဲ့ ဆရာက ဘယ်လိုလူစားမျိုးလဲ”
ဟု ရုတ်တရက် မေးလိုက်သည်။
“မြူခိုးမှော်ဂိုဏ်းက ဒီကမ္ဘာကို ကျူးကျော်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ရှနိုင်ငံတော်နဲ့ မြူခိုးမှော်ဂိုဏ်းကြားမှာ ပဋိပက္ခကြီးတစ်ခုက မလွဲမသွေ ဖြစ်လာမှာပဲ။ အချိန်တန်ရင် မင်းတို့ရဲ့ ဆရာ့အသက်ကို ကိုယ် ချမ်းသာပေးကောင်း ပေးနိုင်ပါတယ်။”
ထိုစကားများကို ကြားသောအခါ လီချင်ရို့ ရယ်မောလိုက်သည်။ ဤလူသည် မြူခိုး မှော်ရှင်ဂိုဏ်း ရှုံးနိမ့်မည်ဟု အလွန်ယုံကြည်နေသည်။ သူသည် ကိုယ့်ကိုယ်ကိုအထင်ကြီးလှသော သူတစ်ယောက်သာဖြစ်သည်။
ဝူကျန်းဝမ်က ဘေးမှနေ၍
“ကျွန်မတို့ရဲ့ ဆရာက အခုဆိုရင် ယင်ယန်နယ်ပယ်မှာ ရှိလောက်ပြီ။ သူက အရမ်းလှပြီး ထူးခြားတဲ့ အငွေ့အသက် ရှိတယ်။ ဂိုဏ်းတပည့်တော်တော်များများ အားကျရတဲ့ နတ်သမီးတစ်ပါးပဲ။”
လီချင်ရို့က သက်ပြင်းတစ်ချက်ချလိုက်ပြီး “အာ... ကျန်းဝမ်။ ဘာလို့ ဒီလိုအကြောင်းတွေဒီကာမဘီလူးကို ပြောပြရတာလဲ... ငါတို့ရဲ့ ဆရာမကို သူမျက်စိကျသွားရင် ဘယ်လိုလုပ်မလဲ။”
လီချင်ရို့၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလျက်
“မင်းသာ အဲ့ဒီလို မပြောခဲ့ရင် ကိုယ် မင်းတို့ရဲ့ ဆရာမကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူ ဘယ်လောက်လှလဲဆိုတာကို ကိုယ် တော်တော်လေး သိချင်သွားပြီ။”
လီချင်ရို့က
“တော်စမ်းပါ...... ရှင့်ရဲ့ ကောင်းကင်လူသားအဆင့် အင်အားနဲ့ဆိုရင် ကျွန်မတို့ရဲ့ ဆရာမနဲ့ယှဉ်နိုင်မှာ မဟုတ်ဘူး။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“ယင်ယန်နယ်ပယ်အဆင့်လောက်ပဲဟာကို။”
လုချန်းက ဂရုမစိုက်သလို ပြောဆိုနေသည်ကို မြင်သောအခါ အမျိုးသမီးနှစ်ဦးစလုံး ချက်ချင်းပင် မကောင်းသော ခံစားချက်တစ်ခု ရရှိလိုက်ကြသည်။ ဤလူက သူတို့၏ ဆရာမကို ပစ်မှတ်ထားရန် အမှန်တကယ် စဉ်းစားနေတာလား။
သူသည် ယင်ယန်နယ်ပယ်ကိုပင် ဂရုမစိုက်ချေ။ သူ့နောက်ကွယ်မှ အင်အားစုသည် ဤကမ္ဘာလောကကို အမှန်တကယ် ဝင်ရောက်စွက်ဖက်နိုင်နေပြီလား။
လုချန်းသည် ကျင့်စဉ် မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ဦးဖြစ်ပြီး သူ့နောက်ကွယ်တွင် တန်ခိုးကြီးသော အင်အားစုတစ်ခု ရှိသည်ဟု အစောကတည်းက သူတို့ ကောက်ချက်ချထားခဲ့ကြသည်။ လုချန်းသည် ဤကမ္ဘာသို့ လေ့ကျင့်ရန်သက်သက် လာရောက်ခြင်းသာ ဖြစ်သည်။
သူတို့ အစိုးရိမ်ဆုံးမှာ လုချန်း၏ နောက်ကွယ်မှ အင်အားစုက အချိန်မီ ဝင်ရောက်မစွက်ဖက်နိုင်မည်ကို ဖြစ်သည်။ ထို့ကြောင့် လီချင်ရို့က လုချန်းအား မြူခိုးမှော်ဂိုဏ်း၏ အထောက်အပံ့ကို ရှာဖွေရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ လုချန်း၏ နောက်ကွယ်မှ အင်အားစုက ဝင်ရောက်စွက်ဖက်နိုင်လျှင် တော့ မြူခိုးမှော်ဂိုဏ်း၌ ခိုလှုံရန် အမှန်တကယ် မလိုအပ်တော့ပေ။
လုချန်းက မြူခိုးမှော်ဂိုဏ်းကို အလေးမထားသည်ကို မြင်သောအခါ လုချန်း၏ နောက်ကွယ်မှ အင်အားစုက သူ့ကို ကူညီရန် ဝင်ရောက်လာလိမ့်မည်ဟု သူတို့ ထင်မှတ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ စိတ်ထဲ၌ အတွေးတစ်ခု တပြိုင်နက်တည်း ပေါ်ပေါက်လာသည်။ အကယ်၍ လုချန်း၏ နောက်ကွယ်မှ အင်အားစုသည် အမှန်တကယ် လှုပ်ရှားလာပါက သူတို့၏ ဆရာမ အပေါ် အန္တရာယ်ကျရောက်လာမည် မဟုတ်ပါလား။
သူတို့၏ ဆရာမ ဤလူဆိုး၏ လက်ထဲသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏ ကံကြမ္မာသည်လည်း သူတို့ကဲ့သို့ပင် ဖြစ်သွားမည် မဟုတ်ပါလား။
…………….