စုဟန်ယန်
Vol. 61 Ch. 904
မြူခိုးဒေသ။
မွှေးရနံ့များ ထုံမွှမ်းနေသော ဝါးအိမ်တစ်လုံးအတွင်းတွင် ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးသည် တရားထိုင်နေ၏။
ထိုအမျိုးသမီးသည် ပြည့်ဖြိုးသင့်သည့်နေရာတွင် ပြည့်ဖြိုးပြီး သွယ်လျသင့်သည့်နေရာတွင် သွယ်လျသော ခန္ဓာကိုယ်နှင့် ကျက်သရေရှိသော အမူအရာကို ပိုင်ဆိုင်ထားကာ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ထိုအချိန်၌ အပြင်ဘက်မှ အမျိုးသမီးတပည့်တစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။
“အကြီးအကဲစု။ ဂိုဏ်းချုပ်က အရေးကြီးကိစ္စရှိလို့ ခေါ်ခိုင်းလိုက်ပါတယ်။”
စုဟန်ယန်က အေးစက်စက် ပြန်ပြောလိုက်သည်။
“သိပြီ”
ထို့နောက်တွင် စုဟန်ယန်သည် သူမ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ထကာ မြူခိုးမှော်ဂိုဏ်း၏ တောင်ထွတ်ဆီသို့ ပျံသန်းသွားလေသည်။
မကြာမီတွင် စုဟန်ယန်သည် မြူခိုးမှော်ဂိုဏ်း၏ အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့ပြီး ဂိုဏ်း၏ အကြီးအကဲများလည်း စုဝေးရောက်ရှိနေကြပြီး ဖြစ်၏။
စုဟန်ယန် ရောက်ရှိလာသောအခါ ခန်းမ၏ အလယ်ဗဟို အဓိကနေရာတွင် ထိုင်နေသော အမျိုးသားက စတင်စကားပြောလိုက်သည်။
“ကျုပ် ရရှိထားတဲ့ သတင်းအရ လင်ဟူဂိုဏ်းက ထျန်းချန်တိုက်ကြီးကို သွားနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားပြီ။ ပြီးတော့ အဲဒီကို လူတွေတောင် လွှတ်ပြီးသွားပြီ။”
ထိုသို့ကြားလျှင် ခန်းမအတွင်း၌ ချက်ချင်းပင် ဆွေးနွေးသံများ ဆူညံသွား၏။
“တားမြစ်ချက်က မပြယ်သေးဘူး။ သူတို့က ထျန်းချန်တိုက်ကြီးထဲကို လူတွေလွှတ်လိုက်ပြီတဲ့။ တားမြစ်ချက် ပျောက်ကွယ်သွားလို့ ကျုပ်တို့ဝင်သွားတဲ့အချိန်ကျရင် ထျန်းချန်တိုက်ကြီးတစ်ခုလုံးက လင်ဟူဂိုဏ်းပိုင် ဖြစ်နေမှာ မဟုတ်ဘူးလား။”
“မဟုတ်ဘူး။ ကျုပ်တို့လည်း ထျန်းချန်တိုက်ကြီးကို တပည့်တွေလွှတ်ပြီး နယ်မြေကို စောစောစီးစီး သိမ်းပိုက်နိုင်ဖို့ နည်းလမ်းရှာရမယ်။”
“ထူးဆန်းလိုက်တာ။ တားမြစ်ချက်က ရှိနေတုန်းပဲ။ သူတို့က ထျန်းချန်တိုက်ကြီးကို လူတွေ ဘယ်လိုလုပ်ပြီး လွှတ်နိုင်ခဲ့တာလဲ။”
……..
ခန်းမအတွင်းရှိ အကြီးအကဲများ ခဏခန့် ဆွေးနွေးပြီးနောက် မြူခိုးမှော်ဂိုဏ်းချုပ် ဟန်ယွမ်ခိုင်က စကားဆက်လိုက်၏။
“ကျုပ် ရထားတဲ့ သတင်းအရ လင်ဟူဂိုဏ်းက အာကာသ အက်ကွဲကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပုံပဲ။ အဲ့ဒီအက်ကွဲကြောင်းကနေတစ်ဆင့်ပဲ သူတို့ ထျန်းချန်တိုက်ကြီးကို သွားခဲ့ကြတာပဲ။”
“အက်ကွဲကြောင်းကနေ ထျန်းချန်တိုက်ကြီးကို ရောက်နိုင်ပေမဲ့ တားမြစ်ချက်တွေ ရှိနေတဲ့အတွက် သူတို့က ညီညွတ်ခြင်းအဆင့်မှာရှိတဲ့ တပည့်တွေကိုပဲ အဲဒီကို လွှတ်နိုင်တယ်။”
ထိုသို့ကြားသော် အကြီးအကဲတစ်ဦးက “ညီညွတ်ခြင်းအဆင့် တပည့်တွေကိုပဲ လွှတ်နိုင်တယ်ဆိုပေမဲ့ ထျန်းချန်တိုက်ကြီးကိုယ်၌က စိတ်ဝိညာဉ် စွမ်းအင် ရှားပါးတဲ့နေရာပဲ။ တိုက်ကြီးတစ်ခုလုံးမှာ ကောင်းကင်လူသား စွမ်းအားရှင် တစ်ယောက်တောင် ရှိမှာမဟုတ်ဘူး။ လင်ဟူဂိုဏ်းရဲ့ တပည့်တွေ ထျန်းချန်တိုက်ကြီးကို ဝင်ရောက်ပြီး လအနည်းငယ်အတွင်းမှာပဲ နယ်မြေတစ်ခုလုံးကို အုပ်စိုးသွားနိုင်တယ်။”
ထိုအခိုက်တွင် ဟန်ယွမ်ခိုင်၏ အကြည့်က
စုဟန်ယန်အပေါ်သို့ ကျရောက်သွားပြီး
“ညီမလေး။ မင်း အရင်က ထျန်းချန်တိုက်ကြီးကို ရောက်ဖူးတယ် မဟုတ်လား။အဲဒီက မင်းရဲ့ အတွေ့အကြုံတွေကို ပြောပြပါဦး။”
စုဟန်ယန်က
“ထျန်းချန်တိုက်ကြီးမှာ စိတ်ဝိညာဉ်စွမ်းအင် ရှားပါးတယ်ဆိုပေမဲ့ ကောင်းကင်လူသား စွမ်းအားရှင် အနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင် နည်းပါးမှုကြောင့် ထျန်းချန်တိုက်ကြီးက ကောင်းကင်လူသား စွမ်းအားရှင်တွေဟာ သူတို့ရဲ့ အင်အားအပြည့်အဝကို ထုတ်သုံးဖို့ ခက်ခဲပါတယ်။”
“ဒါပေမဲ့ အဲ့ဒီကောင်းကင်လူသား စွမ်းအားရှင်တွေက လင်ဟူဂိုဏ်းက နယ်မြေတစ်ခုလုံးကို သိမ်းပိုက်တာကို နှောင့်နှေးအောင်တော့ လုပ်နိုင်မှာပါ။”
ထို့နောက် အမျိုးသမီးအကြီးအကဲတစ်ဦးက “ထျန်းချန်တိုက်ကြီးမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ တကယ်ရှိတယ်ထားဦး အကြီးအကဲယု ပြောသလိုပဲ စိတ်ဝိညာဉ်စွမ်းအင် ရှားပါးမှုကြောင့် သူတို့ရဲ့ အင်အားအပြည့်အဝကို ထုတ်မသုံးနိုင်ရင် လင်ဟူဂိုဏ်းရဲ့ ညီညွတ်ခြင်းအဆင့် တပည့်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
“နောက်ပြီး ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားဖို့ အနည်းဆုံး နှစ်နှစ်ဆယ်လောက် လိုသေးတယ်။ နှစ်နှစ်ဆယ်ကြာလို့ ကျွန်မတို့ ထျန်းချန်တိုက်ကြီးကို ဝင်သွားတဲ့အချိန်ကျရင် တိုက်ကြီးတစ်ခုလုံးက လင်ဟူဂိုဏ်းအပိုင် ဖြစ်နေလောက်ပြီ။”
“ဒါကြောင့် ကျွန်မ အဆိုပြုချင်တာက လင်ဟူဂိုဏ်းကို တိုက်ရိုက်တိုက်ခိုက်ပြီး အာကာသ အက်ကွဲကြောင်းရဲ့ တည်နေရာကို ထုတ်ဖော်ခိုင်းဖို့ပဲ။ အဲဒီလိုလုပ်မှ ကျွန်မတို့ဂိုဏ်းရဲ့တပည့်တွေကို ထျန်းချန်တိုက်ကြီးထဲ စောစောစီးစီး လွှတ်နိုင်ပြီး နယ်မြေအများအပြားကို သိမ်းပိုက်နိုင်မှာ။”
ထိုအမျိုးသမီးအကြီးအကဲ၏ စကားဆုံးသည်နှင့် ခန်းမအတွင်းရှိ အခြားအကြီးအကဲများကလည်း သဘောတူညီကြောင်း ဖော်ပြကြသည်။
“ကျွန်တော်လည်း အကြီးအကဲရန်ရဲ့ စကားကို သဘောတူတယ်။ ထျန်းချန်တိုက်ကြီးကို တခြားသူတွေ သိမ်းပိုက်ပြီးမှ ကျုပ်တို့ဝင်လို့ မဖြစ်ဘူး။”
“တခြားအင်အားစုတွေ လက်ဦးမှုရသွားတာကို စောင့်နေရင် အနာဂတ်မှာ သူတို့ဆီကနေ နယ်မြေလုယူဖို့ ပိုပြီးခက်ခဲသွားလိမ့်မယ်။”
“ဂိုဏ်းချုပ်။ လင်ဟူဂိုဏ်းကို အခုပဲ တိုက်ခိုက်ပြီး အဲ့ဒီ အာကာသ အက်ကွဲကြောင်းရဲ့ တည်နေရာကို ထုတ်ဖော်ခိုင်းလိုက်ပါ။”
……..
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ဟန်ယွမ်ခိုင်က
“အကြီးအကဲတို့ ပြန်ပြီး ပြင်ဆင်ကြပါ။ နှစ်ရက်ကြာရင် လင်ဟူဂိုဏ်းကို တိုက်ခိုက်မယ်။”
ဟန်ယွမ်ခိုင်၏ စကားကို ကြားသောအခါ အကြီးအကဲများသည် ချက်ချင်း မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ကြပြီး
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။”
ထို့နောက် လူတိုင်း အစည်းအဝေးခန်းမမှ ထွက်ခွာသွားကြ၏။ စုဟန်ယန်လည်း ဆက်မနေတော့ချေ။ သူမသည် လှည့်၍ ထွက်ခွာရန် ပြင်လိုက်ပြီး တံခါးပေါက်ဝသို့ မရောက်မီတွင် ဟန်ယွမ်ခိုင်က ရုတ်တရက်
“ညီမလေး။ ခဏစောင့်ပါဦး”
ထိုသို့ကြားလျှင် စုဟန်ယန် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
အခြားအကြီးအကဲများ ခန်းမထဲမှ ထွက်ခွာသွားပြီးနောက် ဟန်ယွမ်ခိုင်က စုဟန်ယန်၏ နောက်သို့ လျှောက်လာကာ
“ညီမလေး။ မင်း တစ်ခါက ထျန်းချန်တိုက်ကြီးက တပည့်နှစ်ယောက်ကို လက်ခံခဲ့ဖူးတာကို ငါ မှတ်မိတယ်။”
စုဟန်ယန်က လှည့်ကြည့်ရင်း အေးစက်စွာဖြင့်
“မှန်ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တွေ လျော့ရဲသွားပြီးနောက် ကျွန်မ သူတို့နှစ်ယောက်လုံးကို ထျန်းချန်တိုက်ကြီးကို ပြန်ပို့လိုက်ပြီ။”
“အစ်ကိုကြီးက သူတို့အကြောင်း ဘာလို့ မေးတာလဲ”
ဟန်ယွမ်ခိုင်က
“သူတို့နှစ်ယောက်က အရည်အချင်း မဆိုးဘူး။ ပြီးတော့ သူတို့က ထျန်းချန်တိုက်ကြီးရဲ့ ဒေသခံတွေပဲ။ ငါ့ရဲ့ အစီအစဉ်အတွက် သူတို့နှစ်ယောက်ကို ငါ့ဆီ အပ်ပေးစေချင်တယ်။”
ဤသို့ကြားလျှင် စုဟန်ယန်၏ လှပသော မျက်ခုံးများ ပင့်တက်သွားပြီး သူမ၏ မျက်နှာအမူအရာလည်း ချက်ချင်းပင် အလွန်အေးစက်သွား၏။
“အစ်ကိုကြီး။ သူတို့နှစ်ယောက်က ကျွန်မရဲ့ တပည့်ရင်းတွေဖြစ်သလို မြူခိုးမှော်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်တယ်။ အစ်ကိုကြီးက ကျွန်မတို့ဂိုဏ်းရဲ့ တပည့်တွေကို ဒီလိုဆက်ဆံချင်တာလား။”
ဟန်ယွမ်ခိုင်က
“ညီမလေး။ မိန်းမတွေအပေါ် သနားကြင်နာမှုထားတာက ငါတို့အတွက် ဘာအကျိုးမှ မရှိဘူး။ အစတုန်းက ငါတို့ ဒီကမ္ဘာမှာ ဘယ်လို အပယ်ခံဖြစ်ခဲ့ရလဲဆိုတာ မေ့သွားပြီလား။”
“နောက်ပြီး အဲ့ဒီမိန်းမနှစ်ယောက်က အောက်ကမ္ဘာက သာမန်လူတွေပါ။ မင်းက ဘာလို့ သူတို့ကို ဒီလောက် တန်ဖိုးထားနေရတာလဲ။”
စုဟန်ယန်က ချက်ချင်းပင်
“အစ်ကိုကြီးရဲ့ ရည်ရွယ်ချက်အတွက် ထျန်းချန်တိုက်ကြီးက လူတွေကို လိုချင်တယ်ဆိုရင် ထျန်းချန်တိုက်ကြီးက တခြားမိန်းမတွေကို တိုက်ရိုက်ရှာလို့ရပါတယ်။ အစ်ကိုကြီး ကျွန်မရဲ့ တပည့်တွေကို မျက်စိကျနေတာ ရပ်လိုက်သင့်ပြီ။ ကျွန်မ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။”
သူမ၏ စကားဆုံးသည်နှင့် စုဟန်ယန် လှည့်၍ ထွက်ခွာသွား၏။ သူမ အမှန်တကယ် ဒေါသထွက်နေသည်မှာ ထင်ရှားပေသည်။
စုဟန်ယန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဟန်ယွမ်ခိုင်၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် မပြခဲ့ချေ။ စုဟန်ယန် သဘောမတူလျှင်ပင် သူသည် သူ၏ အစီအစဉ်ကို စွန့်လွှတ်မည် မဟုတ်ပါ။
သူသည် စုဟန်ယန်အား အသိပေးရုံသာဖြစ်ပြီး သူမ၏ သဘောတူညီချက်ကို တောင်းခံနေခြင်း မဟုတ်ပေ။ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည်နှင့် သူသည် ထိုအမျိုးသမီးနှစ်ဦးအား အသုံးချရန် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးရန် လျှို့ဝှက်စွာ လူလွှတ်မည် ဖြစ်သည်။
သူမ၏ တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် စုဟန်ယန်၏ မျက်နှာထား အလွန်တင်းမာနေ၏။ သူမသည် သူမ၏ အစ်ကိုကြီး၏ အကျင့်စရိုက်ကို ကောင်းစွာ သိသည်။ သူသည် သူပြောသည့်အတိုင်း မလွဲမသွေ လုပ်မည်ဖြစ်ပြီး သူမ၏ စကားတစ်ခွန်းကြောင့် ရပ်တန့်သွားမည် မဟုတ် ပေ။
သူမ၏ တပည့်နှစ်ယောက်အား ပုန်းအောင်းဖို့ နေရာရှာခိုင်းရန် အကြောင်းကြားဖို့ နည်းလမ်းတစ်ခု ရှာရပေမည်။
ထိုသို့တွေးမိရင်း အဝေးမှ မြူခိုးများကို စုဟန်ယန် ငေးကြည့်လိုက်သည်။ ထျန်းချန်တိုက်ကြီးနှင့် မြူခိုးဒေသကို ဆက်သွယ်ထားသည့် လားရာဘက်သို့ ငေးကြည့်နေခြင်းဖြစ်သည်။ သူမ၏ တပည့်များ ယခု မည်သို့နေနေကြကြောင်း၊ သူတို့၏ အင်အားများ တိုးတက်လာခြင်း ရှိ မရှိ စသည်ဖြင့် အတွေးနက်နေမိသည်။
အစပိုင်းတွင် ထိုနှစ်ယောက်ကို ပြန်လွှတ်လိုက်သည့်အတွက် သူမ အနည်းငယ် နောင်တရခဲ့သည်။ သူမသည် ထိုတပည့်ရင်း နှစ်ယောက်ကိုသာ လက်ခံခဲ့ဖူးသည် မဟုတ်ပါလား။
သို့သော် ယနေ့ သူမ၏ အစ်ကိုကြီး၏ စကားကို ကြားပြီးနောက် သူတို့နှစ်ဦးကို ပြန်ပို့လိုက်သည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရမိသည်။ မဟုတ်လျှင် သူမ၏ အစ်ကိုကြီးသည် သူမ၏ တပည့်နှစ်ယောက်အပေါ် လက်ဦးမှု ရယူပြီးလောက်ပြီ ဖြစ်သည်။
…….
လဝက်ခန့် အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့၏။
ဤလဝက်အတွင်း လုချန်းသည် သူ၏ ဇနီးများအား လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်ကို သင်ကြားပေးနေခဲ့ရာ ယခု အားလုံး ထိုကျင့်စဉ်ကို တတ်မြောက်သွားကြပြီးဖြစ်သည်။ သိုင်းပညာ အဆင့်နိမ့်သောအမျိုးသမီးများပင် စတင်ကျင့်ကြံနေပြီ ဖြစ်သည်။
ဤကာလအတွင်း သူတို့အား အားစိုက်သင်ကြားနေရသဖြင့် “သံမဏိလူသား” ဖြစ်သော လုချန်းကိုပင် လွန်စွာပင်ပန်းစေခဲ့သည်။ ဤမျှ ပင်ပန်းကြီးစွာသော ကျင့်ကြံရသော ကျင့်စဉ်ကို တီထွင်နိုင်ခဲ့သူအား သူအမှန်တကယ် လေးစားမိသည်။
အပျော်အပါးများ ခံစားပြီးနောက် လုချန်းလည်း သူ၏ အာရုံကို အလုပ်အပေါ်၌ ပြန်စိုက်လိုက်သည်။ ယခုရက်ပိုင်းများတွင် လုချန်းသည် အချိန်အများစုကို နန်းတွင်းစာကြည့်ခန်းတွင် အစိုးရအရေးကိစ္စများကို ကိုင်တွယ်ရင်း ကုန်ဆုံးစေခဲ့သည်။
အစိုးရအရေးကိစ္စများ ကိုင်တွယ်ရခြင်းကို သူ အတော်အတန် မနှစ်ခြိုက်ကြောင်း လုချန်း တွေ့ရှိလာခဲ့သည်။
သူ၏ ဇနီးများသည် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သင်ယူတတ်မြောက်ခဲ့ကြသော်လည်း သူ၏ ပြိုင်ဘက်မဟုတ်ကြသေးပေ။ သို့သော် သူ၏ ဇနီး အရေအတွက်ကတော့ သူ့အတွက်အခက်အခဲတခုဖြစ်သည်။
ထိုအခိုက်တွင် လုချန်းသည် လွန်ခဲ့သော လဝက်အတွင်း သူပြုလုပ်ခဲ့သော မဖြစ်နိုင်သည့် အရာများကို ပြန်တွေးမိရင်း သူ၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုစဉ် အပြင်ဘက်မှ အမျိုးသမီးကိုယ်ရံတော်တစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။
“မင်းကြီး။ တပ်မှူးလျှံ ဝင်ခွင့် တောင်းနေပါတယ်။”
………………