← Chapters

မြေအဆင့် လက်နက်ကို လက်ထဲမှာ ကိုင်ထားရုံနဲ့ လောကမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ တကယ် ထင်နေတာလား

Vol. 61 Ch. 908

မြေအဆင့် လက်နက်ကို လက်ထဲမှာ ကိုင်ထားရုံနဲ့ လောကမှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ တကယ် ထင်နေတာလား

Vol. 61 Ch. 908

မုန်ထျန်း၏ အသံအဆုံးတွင် သူ၏နောက်မှ လင်ဟူဂိုဏ်း တပည့်များသည် ချက်ချင်း နေရာယူလိုက်ကြပြီး နောက်တစ်ခဏတွင် သူတို့၏ ခြေထောက်အောက်၌ အပြာရောင် နည်းဗျူဟာ ပုံစံတစ်ခု ပေါ်ပေါက်လာသည်။

ထို့နောက် မုန်ထျန်းက သူ၏အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို ထုတ်ယူကာ နည်းဗျူဟာ ပုံစံ၏ အဓိကကျသော နေရာများပေါ်သို့ ပစ်တင်လိုက်ရာ ထိုပုံစံသည် ပိုမိုအားကောင်းသော အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်လေသည်။

သူတို့ ဤမျှယုံကြည်မှုရှိရခြင်း အကြောင်းရင်းမှာ လုံလောက်သော ဝိညာဉ်ကျောက်တုံးများ တပ်ဆင်ထားခြင်း၊ စိတ်ဝိညာဉ် စွမ်းအား အလျှံပယ်ရှိခြင်းနှင့် နည်းဗျူဟာ ပုံစံ၏ အားဖြည့်မှုတို့ကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ် စွမ်းအား အနည်းငယ်သာရှိသော ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးက သူတို့၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။

လုချန်း ချက်ချင်း မလှုပ်ရှားသေးပေ။ လင်ဟူဂိုဏ်း၏ နည်းဗျူဟာ ပုံစံသည် မည်သို့ရှိသည်ကို သူကြည့်ရှုလိုသေးသည်။

ခဏအကြာတွင် ကောင်းကင်ယံ၌ ကြီးမားသော အပြာရောင် မြေခွေး ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုမြေခွေး ပုံရိပ်သည် အသက်ရှူရခက်ခဲစေလောက်အောင် ပြင်းထန်သော ဖိအားပေးမှုကို ဖြစ်ပေါ်စေသည်။

မြေခွေး ပုံရိပ်ကြောင့် လုချန်းတစ်ယောက် ကြောက်လန့်သွားပုံရသည်ကို မြင်သောအခါ မုန်ထျန်းက ရယ်မောကာ ပြောလိုက်သည်။

“ဆွမ်ဧကရာဇ်။ ခင်ဗျားက တကယ်ကို မိုက်မဲတာပဲ။ ကိုယ့်သဘောနဲ့ကိုယ် ကျုပ်တို့ဆီ လာရုံတင်မကဘူး။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက တပည့်ဖြစ်တဲ့ အကြောင်းကိုပါ ထုတ်ပြောလိုက်သေးတယ်။”

အကယ်၍ လုချန်းသာ သူ၏သရုပ်မှန်ကို မထုတ်ပြပဲ မုဟုန်ကွမ်းအဖြစ် ဆက်လက်ဟန်ဆောင်နေခဲ့ပါက သူတို့ သူ့ကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

ထို့ပြင် ဆွမ်ဧကရာဇ်က သူ၏ မူလရုပ်သွင်သို့ ပြန်ပြောင်းပြီး သူ ဆွမ်ဧကရာဇ်ဖြစ်ကြောင်း ဝန်ခံခဲ့လျှင်ပင် မုန်ထျန်းက သူ့ကို ဆွဲဆောင်ရန် ကြိုးစားကောင်း ကြိုးစားပေမည်။

သို့သော် ဆွမ်ဧကရာဇ်က သူ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်တစ်ဦးဖြစ်ကြောင်း ဝန်ခံလိုက်သောကြောင့် ယဉ်ကျေးပြနေစရာ မလိုတော့ချေ။

လင်ဟူဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းတို့သည် ပြိုင်ဘက်များဖြစ်ကြရာ

ထျန်းချန်တိုက်ကို ပြိုင်ဘက်တစ်ဦးထံသို့ မည်သို့ ပေးအပ်နိုင်မည်နည်း။ ထို့ကြောင့် ဤဆွမ်ဧကရာဇ် သေကိုသေရမည်ဖြစ်သည်။

ထိုအချိန်တွင် မုန်ထျန်းနှင့် လင်ဟူဂိုဏ်း၏ အခြားတပည့်များ၏ အမြင်၌ လုချန်းသည် သေလူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

သူတို့၏ စကားကို ကြားသောအခါ လုချန်းက ကြောက်ရွံ့ခြင်းမရှိသည့်အပြင်သူ၏မျက်နှာပေါ်တွင်ပင် အပြုံးတစ်ခု ပေါ်လာသည်။

ထိုအခိုက်တွင် လုချန်းက သူ၏လူသတ်လှံကို ထုတ်ယူလိုက်သည်။

လှံကို မြင်လိုက်ရသောအခါ မုန်ထျန်းနှင့် လင်ဟူဂိုဏ်း၏ တပည့်များ တောင့်တင်းသွားကြသည်။

လူသတ်လှံသည် မည်သို့သော စိတ်ဝိညာဉ်လက်နက်မျိုးဖြစ်သည်ကို သူတို့ မသိကြသော်လည်း ၎င်း၏ စိတ်ဝိညာဉ်ဖိအားကို ကြည့်ရုံဖြင့် လူသတ်လှံ၏ အရည်အသွေးကို အကဲဖြတ်နိုင်ကြသည်။

သူတို့၏ လင်ဟူဂိုဏ်း ဂိုဏ်းချုပ်ထံတွင်လည်း အလားတူ စိတ်ဝိညာဉ်ဖိအားကို ထုတ်လွှတ်သော စိတ်ဝိညာဉ်လက်နက်တစ်ခု ရှိပြီး ထိုလက်နက်သည် မြေအဆင့် ဝိညာဉ်လက်နက် ဖြစ်လေသည်။

ထိုအခိုက်တွင် တပည့်တစ်ဦးက အော်ဟစ်လိုက်သည်။

“မြေ… မြေအဆင့် စိတ်ဝိညာဉ်လက်နက်ပဲ။ ဒါက မြေအဆင့် ဝိညာဉ်လက်နက်ပဲ။”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

“တန်ခိုးရှင် တစ်သောင်းဂိုဏ်းက မြေအဆင့် ဝိညာဉ်လက်နက်ကို တပည့်တစ်ယောက်ဆီ ဘယ်လိုလုပ် ယုံယုံကြည်ကြည် အပ်လိုက်နိုင်မှာလဲ။”

…

လင်ဟူဂိုဏ်းမှ လူများသည် ခဏခန့် ထိတ်လန့်တုန်လှုပ်သွားကြပြီး ကောင်းကင်ယံရှိ နည်းဗျူဟာ ပုံစံပင်လျှင် မတည်မငြိမ်ဖြစ်သည့် လက္ခဏာများ ပြသလာသည်။

မြေအဆင့် ဝိညာဉ်လက်နက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့ ကောင်းစွာ သိရှိကြသည်။ သူတို့၏ လင်ဟူဂိုဏ်း ဂိုဏ်းချုပ် မြူခိုးဒေသတွင် ခြေကုပ်ယူနိုင်ခြင်းမှာ မြေအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ထားသောကြောင့်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်။

ယုတ္တိဗေဒအရဆိုလျှင် ဂိုဏ်းတစ်ခု၏ တန်ဖိုးအရှိဆုံး အမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော မြေအဆင့် ဝိညာဉ်လက်နက်ကဲ့သို့သော ရတနာတစ်ပါးကို တပည့်တစ်ဦးထံ မည်သို့မှ အပ်နှင်းမည် မဟုတ်ချေ။ လင်ဟူဂိုဏ်း၏ တပည့်များ နားမလည်နိုင် ဖြစ်နေကြသည်။

လင်ဟူဂိုဏ်း၏ တပည့်များ ကြောင်ငေးနေစဉ်မှာပင် မုန်ထျန်း၏ မျက်လုံးများထဲတွင် လောဘရိပ်များ ပေါ်လာသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မြေအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်၏။

ထိုမြေအဆင့် စိတ်ဝိညာဉ်လက်နက်နတစ်ခု ပိုင်ဆိုင်ထားပါက သူ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းပြီးသည်နှင့် မူလအစကမ္ဘာ နယ်ပယ်မှ လူများနှင့်ပင် ယှဉ်ပြိုင်နိုင်သော အင်အားကို ပိုင်ဆိုင်နိုင်ပေမည်။

ဤဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ရခြင်းသည် သူ၏ အသက်ကယ်နိုင်သော ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်ရခြင်းဖြစ်သည်။

လင်ဟူဂိုဏ်း၏ တပည့်များက သူ မြေအဆင့် စိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ကြောင်း သူတို့၏ ဂိုဏ်းချုပ်ကို သတင်းပို့နိုင်မည့် ကိစ္စကိုတော့ သူ စဉ်းစားရန်ပင် မလိုအပ်ချေ။ ဆွမ်ဧကရာဇ်၏ လက်ထဲမှ မြေအဆင့် ဝိညာဉ်လက်နက်ကို ယူပြီးသည်နှင့် ဤလူများကို ရှင်းလင်းရန် ၎င်းကို ချက်ချင်း အသုံးပြုမည် ဖြစ်သည်။

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအနေနှင့် ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ သိနိုင်မည် မဟုတ်သကဲ့သို့ သူမြေအဆင့် ဝိညာဉ်လက်နက်တစ်ခုကို ရရှိခဲ့ကြောင်းလည်း မည်သူမှ သိနိုင်မည် မဟုတ်ပေ။

မုန်ထျန်းသည် သတိပြန်ဝင်လာသောအခါ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အားလုံးပဲ မကြောက်ကြနဲ့။ သူက မြေအဆင့် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားရင်တောင် အဲဒီရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။”

မုန်ထျန်း၏ စကားကို ကြားသောအခါ လင်ဟူဂိုဏ်း၏ တပည့်များသည် ချက်ချင်း သတိပြန်ဝင်လာကြသည်။

မှန်ပေသည်။ ဒီကမ္ဘာတွင် ရှိနေသော ဆွမ်ဧကရာဇ်သည် လုံလောက်သော စိတ်ဝိညာဉ် စွမ်းအင်ကို မစုပ်ယူသဖြင့် မြေအဆင့် ဝိညာဉ်လက်နက်၏ စွမ်းအားကို အပြည့်အဝ မည်သို့ ထုတ်ဖော်နိုင်မည်နည်း။

မုန်ထျန်း၏ စကားများက လင်ဟူဂိုဏ်း၏ တပည့်များ၏ ယုံကြည်မှုကို ချက်ချင်း ပြန်လည် ရှင်သန်လာစေသည်။

နောက်တစ်ခဏတွင် လင်ဟူဂိုဏ်း၏ တပည့်များသည် လုချန်းကို တိုက်ခိုက်ရန် ကောင်းကင်ယံရှိ မြေခွေး ပုံရိပ်ကို အတူတကွ ထိန်းချုပ်လိုက်ကြသည်။

မြေခွေး ပုံရိပ်သည် ၎င်း၏ပါးစပ်ကို ဖွင့်ကာ လုချန်းထံသို့ အပြာရောင် မီးတောက်များကို တိုက်ရိုက် မှုတ်ထုတ်လိုက်သည်။ လုချန်းက ရှောင်တိမ်းခြင်းမပြုပဲ လူသတ်လှံကို မြှောက်ကာ စိတ်ဝိညာဉ် စွမ်းအားကို ထည့်သွင်းလိုက်သည်။

မြေခွေး ပုံရိပ်မှ မှုတ်ထုတ်လိုက်သော မီးတောက်များသည် လုချန်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့တော့မည့်ဆဲဆဲတွင် သူက ရုတ်တရက် ခလုတ်ကို ဆွဲလိုက်သည်။ နောက်တစ်ခဏတွင် လူသတ်လှံမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အပြာရောင် မီးတောက်များနှင့် တိုက်ရိုက် တိုက်မိသွားသည်။

အပြာရောင် အလင်းတန်း အပြာရောင် မီးတောက်များနှင့် တွေ့ဆုံသောအခါ ချက်ချင်းပင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးကွယ်သွားစေကာ ဖုန်မှုန့်များ နေရာအနှံ့ လွင့်စင်သွားသည်။

ခဏအကြာတွင် လင်ဟူဂိုဏ်း၏ နည်းဗျူဟာ ပုံစံသည် နေရာတွင် ရှိနေဆဲဖြစ်ပြီး ကောင်းကင်ယံရှိ မြေခွေး ပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

မုန်ထျန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ ခင်ဗျားက မြေအဆင့် ဝိညာဉ်လက်နက်တစ်ခု ရှိရုံနဲ့ တစ်လောကလုံးကို အနိုင်ရလိမ့်မယ်လို့ တကယ် ထင်နေတာလား။ ရယ်စရာပဲ။”

သူစကားပြောနေစဉ်တွင် မုန်ထျန်းသည် လူသတ်လှံ၏ တည်နေရာကို ရှာဖွေရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် ထိုအခိုက်မှာပင် အဝေးမှ နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ အလင်းတန်းသည် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး မြေခွေး ပုံရိပ်ယောင်၏ အောက်ရှိ မုန်ထျန်းတို့အုပ်စုထံသို့ တိုက်ရိုက် ဦးတည်လာသည်။

အန္တရာယ်ကို အာရုံခံမိသောအခါ မုန်ထျန်းက

“မကောင်းတော့ဘူး”

ဟု အော်လိုက်သည်။

မုန်ထျန်းသည် မြေခွေးဖြင့် ရွှေရောင်အလင်းတန်းကို တားဆီးရန်အတွက် သူတို့၏ ကြီးမားသော နည်းဗျူဟာ ပုံစံကို အလျင်အမြန် ထိန်းချုပ်ရန် ကြိုးစားသော်လည်း အလင်းတန်းသည် အလွန်မြန်ဆန်လှသည်။ သူတို့ တစ်လှမ်း နောက်ကျသွားခဲ့သည်။

နောက်တစ်ခဏတွင် ရွှေရောင်အလင်းတန်းသည် မုန်ထျန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ချက်ချင်း ပျံ့နှံ့သွားကာ ရွှေရောင်အလင်းနှင့် ထိတွေ့မိသော လင်ဟူဂိုဏ်း၏ အခြားတပည့်များကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မုန်ထျန်းတို့ ပျောက်ကွယ်သွားခဲ့သော နေရာသို့ လုချန်း ရောက်လာပြီး မြေပြင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်သည်။

လူသတ်လှံ၏ တိုက်ခိုက်မှုသည် သူတို့၏ ရုပ်ခန္ဓာနှင့် အဝတ်အစားများကို ဖျက်ဆီးခဲ့ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ ချန်ထားခဲ့သည်။ ထိုအချိန်တွင် မြေပြင်ပေါ်၌ စိတ်ဝိညာဉ်ကျောက်တုံး အလုံး နှစ်ဆယ်ခန့် ရှိနေသည်။

၎င်းတို့အားလုံးသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသော်လည်း လုချန်းအတွက် အလွန် အသုံးဝင်သေးသည်။ မည်သို့ပင်ဆိုစေ ဤကမ္ဘာလောက၏ စိတ်ဝိညာဉ် စွမ်းအင်များက နည်းပါးနေဆဲဖြစ်သည်။ မြူခိုးဒေသမှ ကျူးကျော်သူများကို ရင်ဆိုင်ရန် ဤစိတ်ဝိညာဉ်ကျောက်တုံးများကို သူ လိုအပ်မည်ဖြစ်သည်။

လုချန်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ကျောက်တုံးများအားလုံး သူ၏ လက်ဖဝါးထဲသို့ ပျံသန်းဝင်ရောက်လာသည်။ သူ၏ လက်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း လုချန်း ပြုံးလိုက်မိသည်။ ဤမျှ ကြီးမားသော အကျိုးအမြတ်ကို မမျှော်လင့်ထားပဲ သူရရှိခဲ့ခြင်းဖြစ်သည်။

ဤလူများသည် ရှနိုင်ငံတော်အကြောင်း သတင်းအချက်အလက် စုဆောင်းရန် လင်ဟူဂိုဏ်းမှ စေလွှတ်လိုက်သော ရှေ့ပြေးအဖွဲ့သာ ဖြစ်နိုင်သည်။ လင်ဟူဂိုဏ်း တပည့်အများစုသည် နဂါးနက်မြို့တွင် ရှိနေကြဆဲဖြစ်ပြီး ထိုလူများထံတွင် ဝိညာဉ်ကျောက်တုံး အတော်များများ ရှိနိုင်သေးသည်။

ထိုသို့ တွေးမိသောအခါ နဂါးနက်မြို့သို့ သွားရန် စိတ်ကူးဖြင့်များ သူ့ကိုချက်ချင်း လွှမ်းမိုးသွားသည်။

ထို့နောက် လုချန်း ရန်ခရိုင်သို့ တန်းပြန်လာခဲ့သည်။

သူ ရန်ခရိုင်၏ အဝင်ဝသို့ ရောက်ရှိပြီး နန်းတော်သို့ မရောက်သေးမီမှာပင် အမျိုးသမီး အစောင့်တစ်ဦး လုချန်းထံသို့ အလျင်အမြန် ရောက်လာပြီး

“မင်းကြီး။ လျှို့ဝှက်လဝန်းနန်းတော်က သခင်မတစ်ယောက် ရောက်နေပါတယ်။”

ဂိုဏ်းအင်အားစုအမျိုးမျိုး၏ ပုန်ကန်မှုပြဿနာကို ဖြေရှင်းရန် လုချန်းကို ကူညီခဲ့ပြီးနောင် ယွမ်ရှန်ရှန်လည်း လျှို့ဝှက်လဝန်းနန်းတော်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။ ယခုလို ရန်ခရိုင်သို့ သူမ စောစောစီးစီး ပြန်လာမည်ဟု မထင်ထားခဲ့ပေ။

ယွမ်ရှန်ရှန် ရန်ခရိုင်သို့ ရောက်လာသည်ဟူသော သတင်းကို ကြားသောအခါ လုချန်း ချက်ချင်းသဘောပေါက်လိုက်သည်။ သူမသည် မြူခိုးဒေသရှိ အခြေအနေကို အာရုံခံမိသောကြောင့် သူ့ကို အလျင်အမြန် ရှာဖွေနေခြင်းဖြစ်ရမည်။

ထို့နောက် တုံ့ဆိုင်းမနေတော့ပဲ သူ၏ အလင်းအရိပ်ကို အသုံးပြုကာ နန်းတော်သို့ ချက်ချင်း ပြန်သွားလိုက်သည်။

…………….

All Chapters