ဒီည ဆရာမ အခန်းကို လာခဲ့
Vol. 61 Ch. 909
မွှေးရနံ့များဖြင့် ပြည့်နှက်နေသော နန်း ဆောင်၏ ကြမ်းပြင်ပေါ်၌ အမျိုးသမီးသုံးဦးသည် ထိုင်နေကြသည်။ သူတို့ထဲတွင် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဆင်မြန်းထားသည့် ယွမ်ရှန်ရှန်က မျက်လုံးများကို မှိတ်ထားပြီး တရားထိုင်ခြင်း၌ နက်ရှိုင်းစွာ နစ်မြောနေသည်။
ထိုအခိုက်တွင် နန်းဆောင်၌ စိတ်ဝိညာဉ် စွမ်းအား လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အမျိုးသမီးသုံးဦး၏ ဘေးတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ပြန်လာသူမှာ လုချန်းဖြစ်သည်ကို မြင်သောအခါ လင်ဝမ်ရွန်က ချက်ချင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။”
လုချန်းက ပြုံးလျက်
“ဝမ်ရွန်။ မင်းက ကိုယ့်နဲ့ဆို အမြဲတမ်းစိမ်းနေတာပဲ။”
ဤစကားကို ကြားသောအခါ ထိုလှပသော အမျိုးသမီး၏ မျက်နှာ နီမြန်းသွားသည်။
ထို့နောက် လုချန်း၏ အကြည့်က သူတို့ဘေးတွင် တရားထိုင်နေသော ယွမ်ရှန်ရှန်ထံသို့ ရောက်သွားသည်။ ထုံးစံအတိုင်းပင် သူမ၏ ကောင်းကင်ဘုံဆန်သော အငွေ့အသက်သည် ထင်ရှားလျက်ရှိပြီး သူမ၏ လှပသော မျက်နှာသွင်ပြင်နှင့် ဖြူသော အသားအရေသည် သူမအား အောင်နိုင်လိုစိတ်များ မွေးဖွားအောင် လှုံဆော်ပေးသည့် ရေခဲတမျှ အေးစက်မှုတခုကို ထုတ်လွှတ်နေသည်။
ထိုအခိုက်တွင် ယွမ်ရှန်ရှန် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ လုချန်းက သူမကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
သူမ၏ တပည့်က သူမအပေါ် တပ်မက်သော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန် မနှစ်မြို့နိုင်တော့ပဲ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
လုချန်းက ပြုံးကာ
“ဆရာမက မြူခိုးဒေသရဲ့ အခြေအနေကြောင့် တောင်ပေါ်က ဆင်းလာတာလား။”
ယွမ်ရှန်ရှန်က ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
“မြူခိုးဒေသမှာ အာကာသ ကွဲကြောင်းတစ်ခုကို ငါ အာရုံခံမိတယ်။ အဲဒီက ကျင့်စဉ်ကျင့်သူတွေက ဒီတိုက်ထဲကို ရောက်နေလောက်ပြီ။”
လုချန်းက ချက်ချင်း ပြောလိုက်သည်။
“ဒါဆို ဆရာမက တပည့်ဖြစ်တဲ့ ကျွန်တော့်ကို ကာကွယ်ပေးဖို့ ရန်ခရိုင်ကို အထူးတလည် လာခဲ့တာလို့ ဆိုလိုတာလား။”
ယွမ်ရှန်ရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်း လျှောက်တွေးနေတာ။ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေ မင်းကို တိုက်ရိုက် ပြဿနာလာရှာမလားဆိုတာ ကြည့်ဖို့ပဲ ငါ ဒီကိုလာတာ။ တကယ်လို့ လာရှာခဲ့ရင် သူတို့ထဲက တချို့ကို ဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ ငါ ရည်ရွယ်ထားတယ်။”
ယွမ်ရှန်ရှန်သည် မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားသည်နှင့် ထိုနေရာသို့ ခရီးသွားရန် စီစဉ်ထားသောကြောင့် ထိုနေရာရှိ လက်ရှိအခြေအနေကို သေချာစွာ သိရှိရန် လိုအပ်သည်။
ထျန်းချန်တိုက်၏ တစ်ဦးတည်းသော ဧကရာဇ်၊ အချုပ်အခြာအာဏာပိုင်ရှင်ဖြစ်သော လုချန်းသည် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ ဤနေရာသို့ ရောက်ရှိလာပါက ပထမဆုံး ပစ်မှတ်ဖြစ်လာမည်မှာ သေချာသည်။
သူတို့က လုချန်းကို မြူခိုးဒေသ၏ အင်အားစုများနှင့် ပူးပေါင်းရန် စည်းရုံးခြင်း သို့မဟုတ် အခြားဧကရာဇ်တစ်ပါးကို တင်မြှောက်ရန် သူ့ကို ဖယ်ရှားခြင်းတို့ လုပ်လိမ့်မည်ဖြစ်သည်။ ဂိုဏ်းများ လုပ်တတ်သောလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ကျယ်ပြန့်သော ဗဟုသုတရှိသည့် ယွမ်ရှန်ရှန်အတွက် ဤအရာများက အလွန် ရင်းနှီးနေသော နည်းဗျူဟာများ ဖြစ်သည်။
ထို့ကြောင့် သူမ စိတ်ရှည်စွာ စောင့်ဆိုင်းပြီး ချဉ်းကပ်လာသည့် ထိုဂိုဏ်းအင်အားစုများကို ရင်ဆိုင်ရန် ရည်ရွယ်ထားသည်။
ယွမ်ရှန်ရှန်၏ အကြောင်းပြချက်ကို ကြားသောအခါ လုချန်းက
“ဒါဆို ဆရာမ ဒီထက်စောပြီး ရောက်လာသင့်တာ။ ကျွန်တော် ခုလေးတင်ပဲ ရန်ခရိုင်အပြင်ဘက်က တာအိုကျောင်းတစ်ခုမှာ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူ တော်တော်များများကို ရှင်းပစ်ခဲ့တယ်။”
ဟမ်....
မြူခိုးဒေသမှ လူများက လုချန်းကို ဤမျှ လျင်မြန်စွာ ဆက်သွယ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ယွမ်ရှန်ရှန် ခဏခန့် ကြက်သေသေသွားသည်။
စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ယွမ်ရှန်ရှန်က
“မင်း ဘာသတင်းအချက်အလက်တွေ စုဆောင်းမိသေးလဲ။”
လုချန်းက
“ကျွန်တော်တို့ ကမ္ဘာကို ကျူးကျော်သူတွေက လင်ဟူဂိုဏ်းလို့ခေါ်တဲ့ အင်အားစုတစ်ခုကပါ။ သူတို့အဖွဲ့ဝင်တွေရဲ့ အပြောအရ လင်ဟူဂိုဏ်းရဲ့ အင်အားက မြူခိုးဒေသမှာ တတိယအဆင့်ရှိတယ်လို့ ပြောကြတယ်။”
ယွမ်ရှန်ရှန်က
“တခြားကော။”
လုချန်းက
“ဒါပါပဲ။ သူတို့က လင်ဟူဂိုဏ်းရဲ့ တပည့်တွေချည်းပဲ။ အရေးပါတဲ့ ထောက်လှမ်းရေးသတင်း ဘာမှမရှိဘူး။”
“ဪ ...”
သူစကားပြောနေစဉ် လုချန်းက စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူလိုက်ပြီး
“ဆရာမ။ ဒီဝိညာဉ်ကျောက်တုံးတွေကို သူတို့ဆီက သိမ်းလာတာ။ အထဲက စွမ်းအားကို ဆရာမ စုပ်ယူလိုက်ပါ။”
လုချန်း၏ လက်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်သောအခါ ယွမ်ရှန်ရှန် ရင်တစ်ချက် ခုန်သွားသည်။ ဤကမ္ဘာလောကသို့ ရောက်ရှိလာပြီးနောက် သူမသည် ဝိညာဉ်ကျောက်တုံးများကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ လုံလောက်သော စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူခွင့် မရခဲ့သည်မှာလည်းကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမသည် စိတ်ဝိညာဉ် စွမ်းအား ချို့တဲ့သည့် အခြေအနေတွင် အမြဲရှိနေခဲ့သည်။
ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ လုချန်း၏ လက်ထဲရှိ ဝိညာဉ်ကျောက်တုံး နှစ်တုံး ယွမ်ရှန်ရှန်၏ လက်ထဲသို့ ပျံသန်းသွားသည်။ သို့သော် သူမသည် ကျောက်တုံးများအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း မစုပ်ယူပဲ လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ကျောက်တုံး နှစ်တုံးပဲလား။”
ဤလောကသို့ ရောက်လာသော မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများသည် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးသာ ယူဆောင်လာသည်ဟု ယွမ်ရှန်ရှန် မယုံကြည်ပေ။ ဤ ပုန်ကန်တတ်သော တပည့်ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်ရှိရမည်ဖြစ်သည်။
လုချန်းက ပြုံးကာ ပြောလိုက်သည်။
“နှစ်တုံးပဲ။ တခြားကျောက်တုံး နည်းနည်းပါးပါးတော့ ထပိရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော် စုပ်ယူပြီးသွားပြီ။ ဒါကြောင့် နှစ်တုံးပဲ ကျန်တော့တာ။”
လုချန်း၏ အဖြေကို မယုံကြည်သော်လည်း သူမ ထပ်မမေးတော့ပေ။ ဤပုန်ကန်တတ်သော တပည့်က သူမအား စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးကမ်းရန်အထိ သိတတ်သည်ကပင် ကောင်းလှပြီဖြစ်သောကြောင့် ထပ်မံတောင်းဆိုရန် မလိုအပ်ဟု ယွမ်ရှန်ရှန် ခံစားရသည်။
ထို့နောက် ယွမ်ရှန်ရှန်က သူမ၏ လက်ထဲရှိ ဝိညာဉ်ကျောက်တုံး နှစ်တုံးမှ စိတ်ဝိညာဉ် စွမ်းအားများကို ချက်ချင်း စုပ်ယူလိုက်သည်။ ၎င်းတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သော်လည်း ၎င်းတို့တွင် ပါရှိသော စိတ်ဝိညာဉ် စွမ်းအားသည် သူမ စွမ်းအင်စုဆောင်းရမည့် အချိန်တော်တော်များများကို အစားထိုးပေးနိုင်သည်။
ထိုအခိုက်တွင် လုချန်း တစ်စုံတစ်ခုကို သတိရသွားပြီး ဆက်ပြောလိုက်သည်။
“စကားမစပ် ဆရာမ။ လင်ဟူဂိုဏ်းရဲ့ တပည့်တွေက နဂါးနက်မြို့ကို သိမ်းပိုက်ထားပြီး အဲ့ဒီမှာ ဧကရာဇ်အသစ်တစ်ပါးကို တင်မြှောက်ဖို့ ကြံစည်နေကြတယ်။”
“သူတို့လွှတ်လိုက်တဲ့လူတိုင်းက ကောင်းကင်လူသားအဆင့်အောက်မှာ ရှိကြပေမဲ့ ဒီလောကမှာ စိတ်ဝိညာဉ် စွမ်းအင်က ရှားပါးပြီး သူတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ပြန်ဖြည့်တင်းဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တော့ သူတို့ထဲက တခြားသူတွေလည်း စိတ်ဝိညာဉ်ကျောက်တုံးတွေ ယူလာကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်လည်း သူ၏ အကြံအစည်ငယ်ကို ချက်ချင်း သဘောပေါက်သွားပြီး အေးစက်စွာဖြင့်
“မြူခိုးဒေသက ကျူးကျော်သူတွေအားလုံးကို ရှင်းလင်းဖို့ မင်းက ငါ့ကို ကူညီစေချင်တာလား။”
လုချန်းက ပြုံးကာ
“ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ မဟုတ်ဘူးလား။ ဆရာမလည်း ဝိညာဉ်ကျောက်တုံးတွေ ရနိုင်တယ်။ ဒီလောကကြီးလည်း ခဏလောက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်တာပေါ့။”
ထို့နောက် ယွမ်ရှန်ရှန်က မေးလိုက်သည်။ “မြူခိုးဒေသက အဲဒီဂိုဏ်းတွေကို မင်း တကယ် ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။”
လုချန်း၏ နောက်ကွယ်မှ အင်အားစုက သူ အန္တရာယ်ကြုံသည့်အချိန်၌ သူ့ထံ အမှန်တကယ် အကူအညီပေးရန် လာမှာလား ဆိုသည်ကို ယွမ်ရှန်ရှန် သိလိုသည်။
ကျင့်စဉ် မိသားစုများသည် သူတို့၏ ထူးချွန်သော မျိုးဆက်များကို အတွေ့အကြုံရရှိရန် အဆင့်နိမ့်ကမ္ဘာများသို့ မကြာခဏ စေလွှတ်လေ့ရှိသော်လည်း သူတို့၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်အတွက် အမျိုးမျိုးသော အကာအကွယ်များကို အသင့်ပြင်ထားမည်မှာ သေချာသည်။
ထိုမျိုးဆက်များထဲမှ တစ်ဦးဦး ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခိုက်တွင် ထိုကျင့်စဉ် မိသားစုများ ဝင်ရောက်စွက်ဖက်မည်မှာ သေချာသည်။
လုချန်းသည် ကျင့်စဉ် မိသားစုတစ်ခု၏ မျိုးဆက်ဖြစ်သည်ဟု ယွမ်ရှန်ရှန်နှင့် လျှိုချင်းချိုတို့က အသေအချာ ကောက်ချက်ချထားကြပြီသည်။
ယွမ်ရှန်ရှန်၏ မေးခွန်းကို ကြားသောအခါ လုချန်းက တုံ့ဆိုင်းခြင်းမရှိပဲ
“ဆရာမ စိတ်ချပါ။ မြူခိုးဒေသရဲ့ တားမြစ်ချက် ပျောက်ကွယ်သွားတဲ့နေ့ဟာ အဲ့ဒီနေရာက ရှနိုင်ငံတော်ရဲ့ ပိုင်နက်ဖြစ်လာမယ့်နေ့ပါပဲ။”
လုချန်း၏ ယုံကြည်မှုကို မြင်သောအခါ ယွမ်ရှန်ရှန်က မှတ်ချက်ပေးသည်။
“မင်းက တော်တော် ယုံကြည်မှုရှိပုံပဲ။ မင်းရဲ့နောက်က အင်အားစုတွေက လှုပ်ရှားဖို့ အသင့်ဖြစ်နေကြပုံရတယ်။”
လုချန်းသည် ပြုံးရုံသာပြုံးပြီး မည်သို့မှ ရှင်းပြခြင်း မပြုပေ။ ယွမ်ရှန်ရှန်နှင့် အခြားသူများသည် သူ့ကို ကျင့်စဉ် မိသားစုတစ်ခု၏ မင်းသားဟု အထင်လွဲနေကြမှန်း သူသိသည်။ သူတို့ကို အထင်လွဲခိုင်းထားလိုက်သည်။ တကယ်တော့ ထိုအချက်က သူ့အပေါ် သိပ်ပြီး သက်ရောက်မှု မရှိပေ။
ယွမ်ရှန်ရှန်က ဆက်ပြောလိုက်သည်။
“ကောင်းပြီလေ။ ရက်အနည်းငယ်အတွင်းမှာ ငါကိုယ်တိုင် နဂါးနက်မြို့ကို သွားပြီး မြူခိုးဒေသက ကျူးကျော်သူတွေကို ရှင်းလင်းပေးမယ်။”
“ဒါပေမဲ့ ကြိုပြောထားရမယ်။ ကောင်းကင်လူသားအဆင့်ထက် ပိုအင်အားကြီးတဲ့ တစ်ယောက်ယောက် ပေါ်လာရင်တော့ ငါ ဝင်မပါဘူး။”
လုချန်းက
“ဆရာမ စိတ်ချပါ။ တားမြစ်ချက်က မပျောက်ကွယ်သေးဘူး။ ဒါကြောင့် လင်ဟူဂိုဏ်းက ညီညွတ်ခြင်းနယ်ပယ်နဲ့ အဲဒီအောက်က တပည့်တွေကိုပဲ ကျွန်တော်တို့ကမ္ဘာကို ကျူးကျော်ဖို့ လွှတ်နိုင်တယ်။ ညီညွတ်ခြင်းနယ်ပယ်က တပည့်တွေက ဆရာမအတွက် အခက်အခဲမဖြစ်သင့်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။”
ထိုစိတ်ဝိညာဉ်ကျောက်တုံးများကို အတော်လေး စိတ်ဝင်စားသောကြောင့် နဂါးနက်မြို့သို့ လုချန်း ကိုယ်တိုင် သွားလိုခဲ့သည်။ သို့သော် သူသည် သူ၏ အဓိကတာဝန်က မျိုးပွားခြင်းဖြစ်သည်ကို သတိရသွားသည်။
မကြာမီတွင် မြူခိုးဒေသ၏ တားမြစ်ချက်များ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ဝူကျန်းဝမ်နှင့် သူ၏ ဇနီးသုံးဦး ကိုယ်ဝန်ရှိနေပြီဖြစ်သော်လည်း စနစ်က ဘယ်လို ဆုလာဘ်မျိုး ပေးအပ်မည်ဆိုတာက မသေချာသောကြောင့် သူ ပိုမိုပြင်ဆင်ရန် လိုအပ်သည်။
ထို့ကြောင့် ကလေးများ ပိုမိုမွေးဖွားပေးရန် လိုအပ်သည်။
ထိုအခိုက်တွင် ယွမ်ရှန်ရှန်က လုချန်းကို တစ်ချက် ကြည့်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမ၏ အမြင်တွင် သူသည် တဖြည်းဖြည်း ပိုမိုခန့်ညားလာပြီး ဤလောကနှင့်မဆိုင်သောပုံ ပေါက်လာသည်။ သူမအတွက် အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့သော ပုံစံမျိုးဖြင့် စိတ်ဝင်စားမိခြင်း ဖြစ်သည်။
ယွမ်ရှန်ရှန်လည်း သူမ၏ အတွေးများကို အလျင်အမြန် ထိန်းချုပ်လိုက်ပြီးနောက် ရေခဲတမျှ အေးစက်သော အသံဖြင့်
“ဒီည ငါ့အခန်းကို လာခဲ့။ ငါ့ဒဏ်ရာတွေကို ကုသဖို့ လိုတယ်။”
……………….