← Chapters

သစ္စာဖောက် နှစ်ယောက်

Vol. 61 Ch. 910

သစ္စာဖောက် နှစ်ယောက်

Vol. 61 Ch. 910

ယွမ်ရှန်ရှန်၏ တောင်းဆိုချက်ကို လိုက်လျောရန် လုချန်း အမြဲဆန္ဒရှိ၏။ လုချန်းက ပြုံးလျက်

“ကောင်းပါပြီ။ ကျွန်တော် ဆက်ဆက်လာခဲ့ပါ့မယ်။”

လုချန်း၏ အဖြေကို ကြားပြီးနောက် ယွမ်ရှန်ရှန်က သူမ၏ လှပသော မျက်လုံးများကို မှိတ်လိုက်ပြီး

“ကောင်းပြီ။ မင်းကိစ္စတွေ သွားလုပ်တော့။”

လုချန်းက

“ဒါဆို သွားခွင့်ပြုပါဦး”

သူ၏ အသံဆုံးသည်နှင့် လုချန်း၏ အကြည့်က ချန်ဝမ်ရွန်ထံသို့ ကျရောက်သွား၏။ သူမသည် ခရမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်လှပလျက်ရှိသည်။

“ရွန်ရွန် ကိုယ်နဲ့လိုက်ခဲ့။ မင်းကို မေးစရာလေးရှိလို့။”

လုချန်း စကားမဆုံးမီမှာပင် ယွမ်ရှန်ရှန် မျက်မှောင်ကြုတ်လိုက်၏။ လုချန်း ဘာလုပ်ရန် ကြံစည်နေသည်ကို သူမ ကောင်းကောင်း သိသည်။

နေ့ခင်းကြောင်တောင် အချိန်ပဲ ရှိသေးသည်။ ထို့ပြင် ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်မှ ယခုလေးတင် ရောက်လာခဲ့တာဖြစ်၏။

ဤကျေးဇူးမသိတတ်သော တပည့်ကတော့ ဒါတွေကိုဂရုမစိုက်ပဲ ကာမဂုဏ်ခံစားရန် တွေးတောနေလေပြီ။

ထူးဆန်းသော စိတ်အနှောင့်အယှက်ဖြစ်မှုတစ်ခုကို ယွမ်ရှန်ရှန် ခံစားလိုက်ရသော်လည်း ဘာမှမပြောပဲ နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ ချန်ဝမ်ရွန်သည် ယခု လုချန်းနှင့် လက်ထပ်ထားပြီး သူ၏ ဇနီးဖြစ်နေပြီ ဖြစ်သည်။ သူမသည် သူတို့၏ ဆရာဖြစ်သော်လည်း ထိုသို့သော ကိစ္စများတွင် ဝင်မစွက်ဖက်နိုင်ချေ။

ချန်ဝမ်ရွန်က ချက်ချင်း မတ်တပ်မထရပ်ခဲ့ပေ။ သူမသည် ဘေးတွင် တရားထိုင်နေသော ယွမ်ရှန်ရှန်ကို လှမ်းကြည့်လိုက်ရာ ယွမ်ရှန်ရှန်က ခံစားချက်ကင်းမဲ့သော အသံဖြင့်

“သွား”

ထိုအခါမှ ချန်ဝမ်ရွန် မတ်တပ်ထရပ်ပြီး လုချန်းထံသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူမ လုချန်းထံသို့ ချဉ်းကပ်သွားသည်နှင့် သူက သူမအား စိတ်အားထက်သန်စွာဖြင့် သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး အလင်းအရိပ်ဖြင့် အခန်းထဲမှ ထွက်ခွာကာ ဘေးတစ်ဖက်ရှိ အခန်းထဲသို့ ဝင်ရောက်သွားလိုက်သည်။

ထို့နောက် အေးစက်သော နတ်သမီး ချန်ဝမ်ရွန်အား ကုတင်ပေါ်သို့ တင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို စိတ်အားထက်သန်စွာဖြင့် နမ်းရှိုက်လိုက်၏။

“အွန်း...”

ချန်ဝမ်ရွန် ခုခံခြင်းမပြုခဲ့ပေ။ လုချန်း ထိုသို့လုပ်မည်ကို သူမ ကြိုတင်မျှော်လင့်ထားခဲ့ပြီး ယခု သူ့အား ဆန့်ကျင်ရန် အင်အားမရှိတော့ဟု ခံစားနေရသည်။ လုချန်း ဘာလုပ်ချင်သည်ဖြစ်စေ သူမအတွက် အဆင်ပြေ၏။

ခဏခန့် နမ်းရှိုက်ပြီးနောက် သူတို့၏ နှုတ်ခမ်းများသည် ဖြည်းညင်းစွာ ခွာလိုက်ကြရာ ချန်ဝမ်ရွန်၏ လှပသော မျက်နှာမှာ နီမြန်းနေပြီး သူမ၏ မျက်လုံးများမှာ ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်လျှံနေပြီး သူမ၏ အသိစိတ်များ အနည်းငယ် ဝေဝါးနေခဲ့သည်။

ထို့နောက် လုချန်းက ပြုံးလျက်

“ရွန်ရွန်။ ကိုယ့်ဆီမှာ မင်းအတွက် အထူးသင့်တော်တဲ့ ကျင့်စဉ်တစ်ခုရှိတယ်။ စမ်းကြည့်ချင်လား။”

လုချန်း၏ စကားကြောင့် ချန်ဝမ်ရွန် အံ့အားသင့်သွားသည်။ လုချန်းသည် သူမအား ပျော်ရွှင်ဖွယ်ရာ လှုပ်ရှားမှုအချို့အတွက် ဤအခန်းသို့ ခေါ်ဆောင်လာသည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သူက သူမအား ကျင့်စဉ်တစ်ခု လွှဲပြောင်းပေးလိုရုံသာ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမ အများကြီး တွေးနေမိသည်ကို သဘောပေါက်သွားသောအခါ ချန်ဝမ်ရွန်၏ မျက်နှာ ပို၍ပင် နီမြန်းလာခဲ့သည်။ သူမသည် လုချန်း၏ မိန်းမ ဖြစ်လာသည့်အချိန်မှစ၍ သူနှင့် တွေ့ဆုံတိုင်းတွင် ရင်းနှီးသော ကိစ္စများအကြောင်းကို တွေးမိတတ်သည့် အကျင့်တစ်ခုရနေခဲ့သည်။

လုချန်းကြောင့် လမ်းမှားသို့ ဆွဲဆောင်ခံနေရသည်ဟုလည်း သူမ ခံစားမိ၏။

သတိပြန်ဝင်လာသောအခါ ချန်ဝမ်ရွန်က

“ဘာကျင့်စဉ်လဲ”

လုချန်းက ပြုံးလျက်

“ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်လို့ခေါ်တဲ့ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုပဲ။”

လုချန်း၏ အဖြေကို ကြားသောအခါ ချန်ဝမ်ရွန်ညခဏခန့် မှင်တက်သွား၏။

ကောင်းကင်အဆင့် ကျင့်စဉ်တဲ့လား...

လုချန်းက ဆက်၍

“ကိုယ်မင်းကို အရင် လွှဲပြောင်းပေးလိုက်မယ်။ ကျင့်စဉ်ရဲ့ အကြောင်းအရာတွေကို မြင်ပြီးတဲ့အခါ မင်း ကျင့်မကျင့် ဆုံးဖြတ်လို့ရတယ်။”

သူပြောနေစဉ်မှာပင် လုချန်းက လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်ကို ချန်ဝမ်ရွန်ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။ အပြာရောင်အလင်းတန်းတစ်ခု သူမ၏ နဖူးထဲသို့ ဝင်ရောက်သွားပြီး ကျင့်စဉ်၏ အကြောင်းအရာများကို သူမ လက်ခံရရှိလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်၏ အကြောင်းအရာများကို မြင်သောအခါ ချန်ဝမ်ရွန်၏ ပါးပြင်များသည် ပို၍ပင် နီမြန်းလာခဲ့သည်။ လုချန်းက သူမအား အဘယ်ကြောင့် ဤကျင့်စဉ်ကို ကျင့်စေလိုသည်ကို သူမ နားလည်သွားပုံရ၏။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်သည် ရင်းနှီးသော လှုပ်ရှားမှုများနှင့် သက်ဆိုင်ပုံရသည်။ သူမ အလွန်အကျွံ စိတ်ကူးယဉ်နေခြင်း မဟုတ်ခဲ့ပေ။ ဤလူဆိုးသည် သူမနှင့်အတူ ပျော်ပါးရန် ဆန္ဒရှိနေသေး၏။

ထို့နောက် လုချန်းက ချန်ဝမ်ရွန်၏ နားနားကပ်၍

“ရွန်ရွန်။ ဒီကျင့်စဉ်ကို ကျင့်ချင်လား။”

ချန်ဝမ်ရွန် လုချန်း၏ ရည်ရွယ်ချက်ကို မည်သို့ နားမလည်ပဲ ရှိမည်နည်း။ သူမက “အင်း။ ကျင့်မယ်”

ဟု တိုးတိုးလေး ပြန်ပြောလိုက်သည်။

သူမ၏ သဘောတူညီချက်ကို ကြားသောအခါ လုချန်းက မဆိုင်းမတွပင် ချန်ဝမ်ရွန်၏ နှုတ်ခမ်းကို နောက်တစ်ကြိမ် နမ်းရှိုက်လိုက်သည်။

မကြာမီမှာပင် ချန်ဝမ်ရွန်ထံမှ အသံများကို ဘေးအခန်းတွင် တရားထိုင် ကျင့်ကြံနေသော ယွမ်ရှန်ရှန် ကြားလာရသည်။

ယွမ်ရှန်ရှန် မျက်မှောင်ကြုတ်လိုက်၏။ လုချန်းအား အမှန်တကယ်ပင် ကယ်တင်၍မရနိုင်တော့ချေ။ စုံတွဲကျင့်စဉ်သည် အင်အားကို တိုးတက်စေနိုင်သော်လည်း လုချန်းသည် သူ၏ စွမ်းအင်အားလုံးကို ထိုအပေါ်၌သာ မြှုပ်နှံထားပုံရသည်။ လုချန်း တစ်ယောက်တည်း ကျင့်စဉ်တစ်ခု ကျင့်ကြံနေသည်ကို သူမ တစ်ခါမှမမြင်ဖူးပေ။

လုချန်းသည် ကျင့်ကြံခြင်းကို အကြောင်းပြကာ အပျော်ရှာနေခြင်းသာဖြစ်၏။ သူ ကျင့်စဉ်တစ်ခုကို အလေးအနက်ထား၍ ကျင့်ကြံခဲ့သည်ကို ယွမ်ရှန်ရှန် မည်သည့်အခါကမှ မမြင်ဖူး‌ပေ။

သို့သော်လည်း ဤကောင်လေးသည် စုံတွဲကျင့်စဉ်ဖြစ်သော နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသဖြင့် သူ့ အနေနှင့် ပင်ပင်ပန်းပန်း ကျင့်ကြံရန် အမှန်တကယ် မလိုအပ်ပေ။

သူမ ပင်ပန်းစွာ ကျင့်ကြံနေခဲ့မှုများမှာ ဟာသတစ်ခုဟု အကြောင်းတစ်ခုခုကြောင့် ယွမ်ရှန်ရှန် ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် သူမ၏ စိတ်ခံစားချက်များကို လျင်မြန်စွာ ညှိယူလိုက်ပြီး တရားထိုင်ကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

သို့သော် ဘေးအခန်းမှ အသံများ ပို၍ ကျယ်လောင်လာသည်နှင့်အမျှ ယွမ်ရှန်ရှန်၏ ကျင့်ကြံလိုစိတ်များ လုံးဝ ပျောက်ဆုံးသွား၏။

ဒီသစ္စာဖောက် နှစ်ယောက်။

သူတို့ တမင်တကာ လုပ်နေတာ။

အထူးသဖြင့် ချန်ဝမ်ရွန်သည် ပုံမှန်အားဖြင့် နတ်သမီးတစ်ပါးကဲ့သို့ သန့်စင်ပြီး ကျက်သရေရှိပုံပေါ်သော်လည်း ထိုသစ္စာဖောက် လုချန်းနှင့် အတူရှိနေချိန်တွင် အော်ဟစ်နေသော တစ္ဆေမတစ်ယောက် ဖြစ်သွားတော့သည်။

ထိုအခိုက်တွင် ယွမ်ရှန်ရှန် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ အအေးဓာတ်တစ်ခု ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံးကို ချက်ချင်း အေးခဲသွားစေသည်။ လင်ဝမ်ရွန်ပင်လျှင် ခဏတာ လန့်သွားခဲ့သည်။

သို့သော် ယွမ်ရှန်ရှန် အဘယ်ကြောင့် ဒေါသထွက်နေသည်ကို လင်ဝမ်ရွန် နားလည်၏။ လုချန်းနှင့် ချန်ဝမ်ရွန်တို့ ဘေးအခန်းတွင် ဤမျှ ထိန်းကွပ်မှုမရှိ ဆူညံနေလျှင် ယွမ်ရှန်ရှန် ဒေါသမထွက်ပဲ ကျင့်ကြံမှုအပေါ် မည်သို့ အာရုံစိုက်နိုင်မည်နည်း။

ဘေးအခန်းမှ အသံများကို ကြားရသောအခါ လင်ဝမ်ရွန်၏ ပါးပြင်များလည်း ခပ်ဖျော့ဖျော့ နီမြန်းလာခဲ့သည်။ ထိုစဉ် ယွမ်ရှန်ရှန်၏ အကြည့်က ရုတ်တရက် လင်ဝမ်ရွန်အပေါ်သို့ ကျရောက်သွားပြီး သူမ၏ ရှက်ရွံ့နေသော အမူအရာကို မြင်လျှင် နှာခေါင်းရှုံ့လိုက်ပြီး

“ဘာလဲ။ နင်ကလည်း ဟိုဘက်အခန်းကို သွားချင်နေတာလား။”

လင်ဝမ်ရွန်က အလျင်အမြန်ပင်

“ဆရာမ။ ကျွန်မမှာ အဲ့ဒီလို အတွေးတွေ မရှိပါဘူး။”

ယွမ်ရှန်ရှန်က

“ကြည့်ရတာ မင်း သွားချင်နေပုံပဲ။တကယ် သွားချင်တယ်ဆိုရင် အခု သွားလို့ရတယ်။”

ဤအချိန်တွင် ယွမ်ရှန်ရှန်၏ စိတ်နေသဘောထားကို မသေချာသဖြင့် လင်ဝမ်ရွန် မလှုပ်မယှက် နေလိုက်သည်။

ဘေးအခန်းမှ ဆူညံသံများက ရပ်တန့်သွားခြင်းမရှိပဲ နောက်ခဏကြာသည်အထိ ဆက်လက်ထွက်နေ၏။ ဤသစ္စာဖောက်သည် သူမအား ဒေါသထွက်အောင် တမင်တကာ ဤနည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်နိုင်သလားဟု ယွမ်ရှန်ရှန် တွေးမိလိုက်သည်။

ထိုအတွေးဝင်လာသည်နှင့် ယွမ်ရှန်ရှန် လှောင်ပြုံးတစ်ခု ပြုံးလိုက်၏။ ဤသစ္စာဖောက်သည် ထိုသို့သော နည်းလမ်းဖြင့် သူမကိုဆွဲဆောင်နိုင်မည်ဟု အမှန်တကယ် ထင်နေသလားဟု တွေးလိုက်မိသည်။

ရယ်စရာကောင်းလှသည်။

ထို့နောက် ယွမ်ရှန်ရှန် သူမ၏ မျက်လုံးများကို နောက်တစ်ကြိမ် မှိတ်လိုက်ပြီး သူမ၏ နားများကို စိတ်ဝိညာဉ် စွမ်းအားဖြင့် လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။ အသံများအားလုံး ပျောက်ကွယ်သွားပြီး ယွမ်ရှန်ရှန် ငြိမ်းချမ်းစွာ ဆက်လက် ကျင့်ကြံနေခဲ့သည်။

သို့သော် သူမ၏ သစ္စာဖောက် တပည့်နှစ်ယောက် ဘေးအခန်းတွင် ထိုသို့သော ရှက်ဖွယ်ကောင်းသည့် အပြုအမူများကို ပြုလုပ်နေသည်ဟူသော အတွင်းများဆက်တိုက်ဝင်လာပြီး ယွမ်ရှန်ရှန် လုံးဝ ကျင့်ကြံ၍ မရနိုင်တော့ချေ။ အကြောင်းရင်းကို သူမ မသိသော်လည်း မကြာသေးမီက သူမ၏ စိတ်များမငြိမ်မသက်ဖြစ်နေခဲ့ပြီး ထိုသစ္စာဖောက်တပည့်အကြောင်းကို တစ်ချက်တစ်ချက် တွေးမိနေတတ်သည်။

ဤအရာက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်ဟု ယွမ်ရှန်ရှန် သံသယဝင်မိသည်။ သူမသည် ယခင်တစ်ခေါက် လုချန်းနှင့် ကျင့်ကြံခဲ့စဉ်က အနည်းငယ် ထိန်းချုပ်မရ ဖြစ်ခဲ့ရပြီး အကြိမ်တိုင်းတွင် မိမိကိုယ်ကို ထိန်းချုပ်ရန် ပို၍ ခက်ခဲလာခဲ့သည်။

ဤအရာသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ အကျိုးသက်ရောက်မှု ဖြစ်နိုင်ခြေအများဆုံး ဖြစ်၏။ စုံတွဲတစ်တွဲသည် စုံတွဲကျင့်စဉ်ကို အတူတကွ ကျင့်ကြံပါက သူတို့၏ ခံစားချက်များ ပိုမိုခိုင်မာလာပြီး တစ်ဦးနှင့်တစ်ဦး ပို၍ ခွဲခွာ၍မရ ဖြစ်လာတတ်သည်ဟု သူမ ကြားဖူးသည်။

ထိုသို့ စဉ်းစားမိရင်း ယွမ်ရှန်ရှန်၏ မျက်ခုံးများ တွန့်သွား၏။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ လွှမ်းမိုးမှုခံရပြီးနောက် သူမ ထိုသစ္စာဖောက်အပေါ်တွင် သဘောကျစိတ်များ ဖြစ်ပေါ်လာခဲ့ပြီလား။

ထိုအတွေးဝင်လာသောအခါ ယွမ်ရှန်ရှန် လုံးဝ စိတ်အနှောင့်အယှက် ဖြစ်သွား၏။

ဤမျှ ကာမဂုဏ်လွန်ကဲသော တပည့်တစ်ဦးအပေါ် သူမ မည်သို့ သဘောကျစိတ် ဖြစ်ပေါ်နိုင်မည်နည်း။

ဤအရာသည် လက်မခံနိုင်စရာ ကိစ္ဓတစ်ခုသာ ဖြစ်၏။ သူမကိုယ်သူမ တည်ငြိမ်အောင် ထားရှိပြီး လုချန်း၏ လွှမ်းမိုးမှုမှ လွတ်မြောက်အောင် ကြိုးစားရပေမည်။

အကယ်၍ သူမ ဤအတိုင်း ဆက်သွားနေပါက သူမ၏ စိတ်များဖောက်ပြန်လာနိုင်ခြေ အလွန်များသည်။

ယခု လုချန်းသည် ယွမ်ရှန်ရှန်အတွက် စိတ်အစွဲအလမ်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ သူမ ဤစိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို ကျော်လွှားရပေမည်။

…………….

All Chapters