← Chapters

တကယ့် တပည့်ကောင်းပဲ

Vol. 61 Ch. 911

တကယ့် တပည့်ကောင်းပဲ

Vol. 61 Ch. 911

လုချန်းနှင့် ချန်ဝမ်ရွန်တို့သည် ဘေးအခန်းရှိ ယွမ်ရှန်ရှန် ဘာတွေတွေးနေမည်ကို ဂရုမစိုက်ကြပေ။ သူတို့နှစ်ဦး မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်ပြီး ချန်ဝမ်ရွန် ရင်ထဲ၌ လုချန်းအပေါ် လွမ်းဆွတ်တမ်းတမှုများ အကြီးအကျယ် စုပုံနေခဲ့သည်။ သူမ၏ ခံစားချက်များကို လုချန်းက တုံ့ပြန်ပေးရန် လိုအပ်နေသည်။

တစ်ကြိမ်ပြီးတစ်ကြိမ် ကျင့်ကြံပြီးနောက်တွင် ချန်ဝမ်ရွန်သည် လုချန်း၏ ရင်ခွင်ထဲတွင် ချိနဲ့စွာ လဲလျောင်းနေပြီး သူမ၏ ဦးခေါင်းကို သူ၏ရင်ဘတ်ပေါ်တွင် မှီထားလိုက်၏။

ဤမျှ မောပန်းနွမ်းနယ်နေသော အခြေအနေ ရောက်နေသော ချန်ဝမ်ရွန်ကို မြင်သောအခါ လုချန်ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် သူ၏လက်ကို မြှောက်ကာ သူမ၏ဆံပင်ကို သပ်ပေးလိုက်သည်။

ထိုအခိုက်တွင် ချန်ဝမ်ရွန်က စကားစလိုက်သည်။

“မင်းကြီး...”

သူမ စကားမဆုံးမီမှာပင် လုချန်းက ဖြတ်ပြောလိုက်သည်။

“ရွန်ရွန်။ ဒီလောက် အနေမစိမ်းပါနဲ့။”

လုချန်း၏ စကားကို ကြားသောအခါ ချန်ဝမ်ရွန် အံ့အားသင့်ကာ ခဏရပ်တန့်သွားပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်... အစ်ကိုကြီး”

ထိုစကားကြောင့် လုချန်း ရယ်မောလိုက်ပြီးနောက် ချန်ဝမ်ရွန်၏ ကျောပြင်ကို ပွတ်သပ်ကာ ပြောလိုက်သည်။

“ကိုယ်က မင်းကို တကယ်ပဲ ညှို့ငင်နိုင်ခဲ့ပုံရတယ်။ အခု ‘အစ်ကိုကြီး’ လို့တောင် ခေါ်နေပြီလား။”

သူမ ဘာပြောလိုက်မိသည်ကို ရုတ်တရက် သတိပြုမိသွားသောအခါ ချန်ဝမ်ရွန်၏ နီမြန်းနေသော မျက်နှာသည် ပို၍ပင် နီရဲလာပြီး သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်တိုင်သည်လည်း နီရဲမှုများဖြင့် ဖုံးလွှမ်းသွားသည်။

ထို့နောက် ချန်ဝမ်ရွန်က သူမ၏ ဦးခေါင်းကို လုချန်း၏ ရင်ဘတ်ထဲသို့ ဖွက်ထားလိုက်ပြီး “ချစ်သူ...ချစ်သူ...”

ဟု ညင်သာသော အသံဖြင့် ဆက်ခေါ်လိုက်သည်။

ရေခဲနတ်သမီး၏ ရှက်သွေးဖြာနေသော အမူအရာကို မြင်သောအခါ လုချန်းထံ၌ ရုတ်တရက် စိတ်ဆန္ဒများ ထပ်မံဖြစ်ပေါ်လာသော်လည်း ထိန်းချုပ်လိုက်ပြီး ချန်ဝမ်ရွန်ကို ဆက်လက် စနောက်ခြင်း မပြုတော့ပေ။

ထိုအခိုက်တွင် ချန်ဝမ်ရွန်က ဆက်လက်၍

“ဆရာမက မြူခိုးဒေသက တားမြစ်ချက်တွေ ပျောက်သွားတာနဲ့ အဲဒီကို တန်းသွားဖို့ စီစဉ်နေတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း အံ့အားမသင့်သွားပေ။ မြူခိုးဒေသတွင် စိတ်ဝိညာဉ် စွမ်းအင် ပေါများလှပြီး သူတို့ရှိနေသော ကမ္ဘာ လောကသို့ မြူခိုးဒေသ၏ စိတ်ဝိညာဉ် စွမ်းအင်များ စီးဆင်းလာလျှင်ပင် မြူခိုးဒေသရှိ စိတ်ဝိညာဉ် စွမ်းအင်၏ သိပ်သည်းမှုနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ကျင့်စဉ်ကျင့်ကြံရန်အတွက် မြူခိုးဒေသသို့ သွားခြင်းက အမှန်တကယ်ပင် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်။

ထို့နောက် ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“သူသာ မြူခိုးဒေသမှာ သွားကျင့်ကြံမယ်ဆိုရင် ရှင်သူ့ကို ဘယ်တော့မှ ပြန်တွေ့နိုင်မှာ မဟုတ်တော့ဘူး။”

ဤစကားကို ကြားသောအခါ ယွမ်ရှန်ရှန်အကြောင်း ချန်ဝမ်ရွန်က အဘယ်ကြောင့် ထုတ်ပြောသည်ကို လုချန်း နားလည်သွားပြီးအံ့အားလည်း သင့်သွားသည်။

ထို့နောက် လုချန်းက ပြုံးကာ မေးလိုက်သည်။

“ရွန်ရွန်က ကိုယ်နောက်ပိုင်း ဆရာမနဲ့တွေ့ဆုံဖို့ အခွင့်အရေး မရှိတော့မှာကို စိုးရိမ်နေတာလား။”

ချန်ဝမ်ရွန်က ဟုတ်မှန်ကြောင်း ပြသသည့်သဘောဖြင့် အဖြေမပေးပဲ တိတ်ဆိတ်နေလိုက်သည်။

လုချန်းက ဆက်လက်၍

“မင်းက တကယ်ပဲ ဆရာမရဲ့ တပည့်ကောင်းတစ်ယောက်ပဲ။”

“ဆရာမသာ မင်း ဒီလိုတွေးနေတာကို သိရင် သူ့ရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲဆိုတာ ကိုယ်သိချင်မိတယ်။”

ချန်ဝမ်ရွန်က

“ဆရာမက ရှင့်အပေါ်မှာ ခံစားချက်တွေ ရှိနေတာ ကြာပါပြီ။”

လုချန်း၏ အမျိုးသမီးတစ်ယောက်အနေနှင့်ယွမ်ရှန်ရှန်က လုချန်းအပေါ် မည်သို့ခံစားရသည်ကို သူမ ဘယ်လိုလုပ် မသိပဲ ရှိမည်နည်း။ သူမ၏ အင်အားပြန်လည်ရရှိရန် လုချန်းကို လိုအပ်သည်ဟု ပြောခြင်းသည် အမှန်တကယ်တော့ သူမထံ၌ လုချန်းအပေါ် ခံစားချက်များ ရှိနေခြင်းသာ ဖြစ်သည်။

သို့သော် ယွမ်ရှန်ရှန်သည် သက်တမ်းအလွန်ရှည်ကြာစွာ နေထိုင်ခဲ့ပြီးသူ တစ်ဦးဖြစ်သဖြင့် သူမ၏ ဆန္ဒအချို့ကို နှိမ်နင်းထားနိုင်သည်။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေစဉ်က လုချန်းကို “အဲ့ဒီ ပုန်ကန်တဲ့ကောင်” ဟု ယွမ်ရှန်ရှန် အမြဲတစေ ပြောဆိုလေ့ရှိသော်လည်း သူမ၏ နှလုံးသားသည် သူ့ကို အဆက်မပြတ် တမ်းတနေခဲ့သည်။ ဤသည်က အချစ်စိတ် မဟုတ်လျှင် အဘယ်အရာ ဖြစ်မည်နည်း။

ချန်ဝမ်ရွန်လည်း ယွမ်ရှန်ရှန် လုချန်းနှင့် အမှန်တကယ် ခွဲခွာသွားမည်ကို မလိုလားပေ။ ကျင့်စဉ်လောကသည် ကျယ်ပြောလှပြီး မရေမတွက်နိုင်သော ကမ္ဘာများတွင် တည်ရှိကြောင်း ယွမ်ရှန်ရှန် ပြောသည်ကို သူမ ကြားဖူးသည်။ ကျင့်ကြံဖော်တစ်စုံ ကွဲကွာသွားသည်နှင့် ဤဘဝတွင် ဘယ်တော့မှ ပြန်တွေ့နိုင်မည် မဟုတ်တော့ပေ။

ချန်ဝမ်ရွန် တွေးလိုက်မိသည်။ အကယ်၍ ယွမ်ရှန်ရှန် မြူခိုးဒေသသို့ သွားပြီး တစ်နေ့တွင် အာကာသ ကွဲကြောင်းတစ်ခုမှတစ်ဆင့် အခြားကမ္ဘာတစ်ခုသို့ ရုတ်တရက် ရောက်သွားပါက ယွမ်ရှန်ရှန်နှင့် လုချန်းတို့ ပြန်လည်‌တွေ့ဆုံရန် ဖြစ်နိုင်ခြေ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် လုချန်းကို တစ်ခုခု အစပျိုးလုပ်ဆောင်ဖို့ တွန်းအားတစ်ခုပေးရန် ချန်ဝမ်ရွန် စဉ်စားနေခဲ့သည်။

အကယ်၍ လုချန်းဘက်က အစမပျိုးပါက ယွမ်ရှန်ရှန်၏ စရိုက်အရ သူမကလည်း အစပျိုးမည် မဟုတ်ပေ။ ထိုအခါ သူတို့နှစ်ဦးသည် ဘယ်တော့မှ ပေါင်းဖက်နိုင်တော့မည် မဟုတ်ပေ။

ချန်ဝမ်ရွန်၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလျက်

“သူ ကိုယ့်အပေါ် ခံစားချက်တွေရှိတာကို ကိုယ်လည်း သိပါတယ်။ ဒါပေမဲ့ သူက သူ့ရဲ့အတွေးတွေကို အမြဲတမ်း ချုပ်တည်းထားတယ်။ နောက်ပြီး သူ့ရဲ့အင်အားက ကိုယ့်ထက်သာပြီး ကိုယ့်ကို အမြဲတမ်း ဖိနှိပ်ထားတယ်။ အရင်တုန်းက သူ့ရှေ့မှာ ကိုယ် ဘယ်တုန်းကမှ ခြေလှမ်းစလို့ရတာ မရှိခဲ့ဘူး။”

ချန်ဝမ်ရွန်က

“ရှင်က အခု ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီ။ ရှင့်ရဲ့အင်အားက သူနဲ့ ယှဉ်နိုင်နေပြီ။ သူ ရှင့်ကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး။”

လုချန်းက ပြုံးလိုက်ပြီးနောက်

“ကိုယ့်ရဲ့ချစ်ရတဲ့ ရွန်ရွန်က ဒီလိုပြောမှတော့ ဒီည ကိုယ် ကြိုးစားကြည့်လိုက်မယ်။”

အမှန်အတိုင်းပြောရလျှင် လုချန်းလည်း ဤအေးစက်ပြီး တဏှာစိတ်ကင်းစင်သော နတ်သမီး ယွမ်ရှန်ရှန်ကို အောင်နိုင်လိုသည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး တစ်ခါမှ မရခဲ့ပေ။

အမှန်အတိုင်းပြောရလျှင် လုချန်းလည်း ချန်ဝမ်ရွန် ပြောခဲ့သည်ကို အနည်းငယ် စိုးရိမ်မိသည်။ အကယ်၍ ယွမ်ရှန်ရှန်သာ မြူခိုးဒေသသို့ အမှန်တကယ် ထွက်ပြေးသွားပါက သူနှင့် ယွမ်ရှန်ရှန်တို့ အနာဂတ်တွင် ဆုံနိုင်ဖို့ အခွင့်အရေး လုံးဝရတော့မည် မဟုတ်ပေ။

သူတို့၏ ကြာရှည်သော ဆက်ဆံရေးတစ်လျှောက်တွင် ယွမ်ရှန်ရှန်သည် သူ၏ အခြားမိဖုရားများနှင့် ကွဲပြားသည်ဟု လုချန်း ခံစားခဲ့ရသည်။ ယွမ်ရှန်ရှန်၏ သူ့အပေါ် နှစ်သက်မှုသည် ရာနှုန်းပြည့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ၏ တာအိုစိတ်နှလုံးသည် အလွန်တည်ငြိမ်သည်။ သူမ သူ့ကို ကြိုက်နှစ်သက်လျှင်ပင် သူမ၏ ရင်ခုန်နေသော ခံစားချက်များကို စွန့်လွှတ်ရဲသည်အထိ စိတ်မာမာထားနိုင်သေးသည်။

ထို့ကြောင့် သူမ မြူခိုးဒေသသို့ မထွက်ခွာမီ ဆက်ဆံရေးတစ်ခု ထူထောင်ပြီး သူမ၏ ယောက်ျား လုံးဝဖြစ်လာရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ယွမ်ရှန်ရှန်ကို ထိန်းသိမ်းထားရန် အခွင့်အရေး ရှိနိုင်ပေမည်။

ဟုတ်ပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်ပင် ယွမ်ရှန်ရှန်နောက်ဆုံး သူ့ကို စွန့်ခွာသွားနိုင်သော်လည်း ထိုအချက်က အရေးမကြီးပေ။ အရေးကြီးသည်မှာ ယွမ်ရှန်ရှန် သူ၏အမျိုးသမီး ဖြစ်လာမှာလားဆိုသည့် အချက်သာဖြစ်သည်။

သူမ သူ၏အမျိုးသမီး ဖြစ်ပြီးပါက အနာဂတ်တွင် စနစ်မှတစ်ဆင့် သူမကို ရှာဖွေနိုင်ပေမည်။ အကယ်၍ သူသာ ယွမ်ရှန်ရှန်နှင့် ဆက်ဆံရေး မထူထောင်ခဲ့ပဲ သူမ အခြားကမ္ဘာတစ်ခုသို့ အမှန်တကယ် ထွက်ပြေးသွားပါက သူတို့ ဤဘဝတွင် တကယ်ပြန်တွေ့နိုင်တော့မည် မဟုတ်ပေ။

လုချန်း၏ စကားကို ကြားလိုက်တော့မှ ချန်ဝမ်ရွန် နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ လုချန်းက တုံ့ဆိုင်းနေပြီး အစမပျိုးပဲ သူတို့၏ ဆရာမက ပထမဆုံး ခြေလှမ်းလှမ်းရန် မျှော်လင့်နေတာများလားဟု သူမ စိုးရိမ်နေခဲ့သည်။

လုချန်း သဘောတူခဲ့ပြီဖြစ်သောကြောင့် ယနေ့ည ကြိုးပမ်းမှု အောင်မြင်နိုင်ဖွယ်ရှိပြီး မနက်ဖြန် မနက်တွင် သူတို့၏ ဆရာမ လုချန်း၏ အမျိုးသမီး ဖြစ်လာလိမ့်မည်။

ခဏမျှ ချစ်ခင်ကြင်နာပြီးနောက် လုချန်းသးလည်း အရေးကိစ္စများကို ဆောင်ရွက်ရန် နန်းတွင်းစာကြည့်ခန်းတန်းသို့ သွားခဲ့သည်။

ညဘက်ရောက်သောအခါ လုချန်း ဝမ်ရွန်ဆောင်သို့ ပြန်လာခဲ့သည်။ ယွမ်ရှန်ရှန်သည် သူမ၏ အခန်းထဲတွင် တရားထိုင်နေဆဲ ဖြစ်သည်။

နေ့ခင်းကကဲ့သို့ပင် သူမ၏စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။ စိတ်တည်ငြိမ်မှု ပြန်ရရန် သူမ အပြင်းအထန် ကြိုးစားနေသော်လည်း သူမ၏ စိတ်အတွေးများ လုံးဝ ရှုပ်ထွေးနေသည်။

ထိုအခိုက်တွင် လုချန်း ဝမ်ရွန်ဆောင်သို့ ရောက်လာသည်ကို သူမ အာရုံခံမိလိုက်သည်။ သူမ၏ စိတ်နှလုံးကို အတင်းအကျပ် တည်ငြိမ်အောင် မလုပ်နိုင်သောကြောင့် စုံတွဲ ကျင့်စဉ်ကို စမ်းကြည့်သင့်သည်ဟု ယွမ်ရှန်ရှန် မတွေးပဲ မနေနိုင်တော့ပေ။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အတူတကွ ကျင့်ကြံခြင်းဖြင့် သူမ၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင် လောက်‌သည်။

ဟုတ်ပါသည်။ သူမ စဉ်းစားနေသော ကျင့်ကြံခြင်းပုံစံက လုချန်း သူ၏ မိဖုရားများနှင့် ပြုလုပ်သကဲ့သို့ မဟုတ်ပဲ ယခင်ကကဲ့သို့ မျက်နှာချင်းဆိုင် တရားထိုင်ခြင်းသာ ဖြစ်ပြီး လုချန်း၏ အတွေးအချို့ကို လှုံ့ဆော်ကာ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသက်သွင်းခြင်း ဖြစ်သည်။

ထိုသို့တွေးလျက် ယွမ်ရှန်ရှန် သူမ၏ မျက်လုံးများကို ဖွင့်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ နောက်တစ်ခဏတွင် သူမ၏ အခန်းတံခါး ပွင့်သွားသည်။ ထို့နောက်တွင် အားကောင်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အား အတွင်းသို့ ဆွဲခေါ်နေသည်ကို လုချန်း ခံစားလိုက်ရသည်။

သို့သော် ယခု ကောင်းကင်လူသားတစ်ဦး ဖြစ်နေပြီဖြစ်သော လုချန်းကို ယွမ်ရှန်ရှန် ယခင်ကကဲ့သို့ လွယ်ကူစွာ ဆွဲခေါ်နိုင်ခြင်း မရှိတော့ပေ။

သူအပေါ်သို့ သက်ရောက်လာသော စွမ်းအားကို ခံစားမိသောအခါ သူ၏ နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်ပြီး ခုခံခြင်းမပြုပဲ ထိုစွမ်းအား ခေါ်ရာနောက်သို့ လိုက်သွားလိုက်သည်။

နောက်တစ်ခဏတွင် လုချန်း ယွမ်ရှန်ရှန်၏ ရှေ့မှောက်တွင် ပေါ်လာသည်။

ယွမ်ရှန်ရှန် လုချန်းကို တစ်ချက် ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိပဲ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန် ခန့်ညားနေပြီး ဤလောကာနှင့် မသက်ဆိုင်သောပုံ ပေါက်နေသည်။

………………..

All Chapters