← Chapters

မင်းဆရာမကို ဘာလုပ်လိုက်တာလဲ

Vol. 61 Ch. 912

မင်းဆရာမကို ဘာလုပ်လိုက်တာလဲ

Vol. 61 Ch. 912

လုချန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာသည်ကို ယွမ်ရှန်ရှန် ခံစားလိုက်ရပြီး သူမ၏ အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားလည်ပတ်မှုများ ပို၍ပင် ရှုပ်ထွေးလာသည်။

သူမသည် ခန္ဓာကိုယ်ထဲရှိ မငြိမ်မသက်ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားများကို တည်ငြိမ်အောင် ကြိုးစားရင်း သူမ၏ စွမ်းအားကို အလျင်အမြန် လှည့်ပတ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် လုချန်းဘက်သို့ လှည့်ကာ စပြောလိုက်သည်။

“ကောင်းပြီ။စလိုက်ကြရအောင်။”

ယွမ်ရှန်ရှန်၏ စကားဆုံးသွားသော်လည်း လုချန်းကတော့ မလှုပ်မယှက် မတ်တပ်ရပ်နေဆဲ ဖြစ်သည်။

လုချန်း မလှုပ်ရှားသေးသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်သည် အနည်းငယ် အံ့အားသင့်သွားပြီး

“ဘာလဲ။ မင်း ဆရာမကို အင်အားပြန်ရအောင် မကူညီချင်တော့ဘူးလား။”

ဤကောင်လေးသည် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းသွားပြီး မြေအဆင့် စိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားသောကြောင့် သူမနှင့် ယှဉ်နိုင်ပြီဟု ခံစားရကာ မကြောက်ရွံ့တော့ခြင်း ဖြစ်မည်ဟု ယွမ်ရှန်ရှန် တွေးလိုက်သည်။ အသုံးချခံတစ်ယောက်အဖြစ် ဆက်မနေရန် ဆုံးဖြတ်လိုက်ပုံရသည်။

ယွမ်ရှန်ရှန် ထိုသို့တွေးနေစဉ် လုချန်းက ရယ်မောကာ

“ဆရာမကို ကျွန်တော် မကူညီချင်တာ မဟုတ်ပါဘူး။ ကျွန်တော် ဆရာမကို အရမ်း ကူညီချင်ပါတယ်။”

“မြူခိုးဒေသရဲ့ အတားအဆီးတွေက ပျောက်ကွယ်တော့မှာပါ။ မြူခိုးဒေသရဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားရင် ဆရာမက အဲဒီမှာ သွားပြီးကျင့်ကြံဖို့ စီစဉ်ထားတယ်လို့ ကျွန်တော် ကြားတယ်။”

“မြူခိုးဒေသက အန္တရာယ်များပြီး ကောင်းကင်လူသားအဆင့်အထက်က လူတွေ အများကြီး ရှိတယ်။ ဆရာမရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အန္တရာယ်တွေ အများကြီး ရင်ဆိုင်ရမှာ သေချာတယ်။ ဆရာမရဲ့ ဘေးကင်းရေးအတွက် ကျွန်တော် အရမ်း စိုးရိမ်မိတယ်။”

လုချန်း၏ စကားကို ကြားသောအခါ လုချန်း ဘာပြောချင်သည်ကို ယွမ်ရှန်ရှန် နားမလည်နိုင် ဖြစ်သွားသည်။ သူမက တိုက်ရိုက်ပင်

“မင်းပြောချင်တာကို တည့်တည့်ပြော။ကွေ့ဝိုက် ပြောမနေနဲ့။”

လုချန်းက တိုက်ရိုက် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဆိုလိုရင်းက ဆရာမသာ မြူခိုးဒေသကို တကယ်သွားဖို့ စီစဉ်ထားတယ်ဆိုရင် မသွားခင်မှာ ဆရာ့ရဲ့ အင်အားကို အပြည့်အဝ ပြန်ရအောင် လုပ်သွားတာ ပိုကောင်းလိမ့်မယ်။ ဒါဆိုရင် အန္တရာယ်တွေနဲ့ ကြုံတွေ့ရရင်တောင် ဘေးကင်းဖို့ အခွင့်အရေး ပိုများတာပေါ့။”

ယွမ်ရှန်ရှန် လုချန်း၏ ရည်ရွယ်ချက်ကို နားမလည်သေးသော်လည်း သူမ ဂရုမစိုက်ပေ။ သူမက ခပ်ပေါ့ပေါ့ပင်

“ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ဒီကိစ္စတွေကို မင်း ဆွေးနွေးစရာ မလိုဘူး။”

လုချန်းက

“ဘယ်လိုလုပ် ကျွန်တော်နဲ့ မဆိုင်ပဲ ရှိမှာလဲ။ ဆရာမက ကျွန်တော် အလေးစားဆုံး ဆရာပဲ။ ဆရာမ တစ်ခုခုဖြစ်သွားရင် ကျွန်‌တော် ရင်ကွဲနာကျမှာ သေချာတယ်။”

လုချန်းက သူ၏ တကယ့်ရည်ရွယ်ချက်ကို ထုတ်မပြောသေးသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

“မင်း အတိအကျ ဘာကို ပြောချင်နေတာလဲ။”

ယွမ်ရှန်ရှန်၏ မျက်လုံးများထဲသို့ ကြည့်ကာ လုချန်းက ပြုံးပြီး ပြောလိုက်သည်။

“ဆရာမကို စွမ်းအားအမြန်ဆုံး ပြန်ရအောင် ကူညီပေးချင်တယ်။ ဒါမှ ဆရာ မြူခိုးဒေသကို သွားရင်တောင် ကျွန်တော် စိတ်အေးရမှာ။”

နားမလည်နိုင်ဖြစ်သွားကာ ယွမ်ရှန်ရှန်က “မင်းက မင်းဆရာမကို အင်အားပြန်ရအောင် ကူညီချင်တယ်လို့ ပြောနေမှတော့ ဘာလို့ အခုထိ ရပ်နေသေးတာလဲ။”

လုချန်းက ပြုံးကာ

“အရင်က ကျွန်တော်တို့ သုံးခဲ့တဲ့ နည်းလမ်းက တိုးတက်မှု အရမ်းနှေးတယ်လို့ ခံစားရတယ်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးပြုတဲ့ နည်းလမ်းအမှန်ကို ဆရာမ သိမှာ သေချာပါတယ်။ ဆရာမရဲ့စွမ်းအားပြန်ရအောင် ကူညီဖို့ ပြီးပြည့်စုံတဲ့ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျွန်တော် အသုံးပြုချင်တယ်။”

လုချန်းက ဒီလောက် ပြောလာမှ‌တော့ သူ၏ အတွေးများကို ယွမ်ရှန်ရှန် မည်သို့ နားမလည်ပဲ နေမည်နည်း။ သူမ၏ အေးစက်ပြီး နှင်းခဲလို ဖြူဖွေးနေသော မျက်နှာပေါ်တွင် သွေးရောင် သန်းလာပြီး ဒေါသတကြီး ဆူပူလိုက်သည်။

“ပုန်ကန်တဲ့ကောင်။ မင်း ဘာတွေပြောနေလဲဆိုတာ မင်းသိရဲ့လား။”

မတုန်မလှုပ်ပဲ လုချန်းက

“ကျွန်တော် ဘာပြောနေလဲဆိုတာ ကျွန်တော်အပြည့်အဝ သိပါတယ်။”

ယွမ်ရှန်ရှန်က ဆက်လက်၍

“မင်းက ဆရာမကို သစ္စာဖောက်ပြီး အစဉ်အလာကို ဖျက်ဆီးရဲတယ်ပေါ့။”

လုချန်းက ပြုံးကာ ပြောလိုက်သည်။

“ဆရာမက အလွန်အကျွံတွေ ပြောနေပြီ။ ကျွန်တော်က ဆရာမရဲ့ စွမ်းအားအမြန်ဆုံး ပြန်ရအောင် ကူညီချင်တာလေးပါ။ ဒါက ဘယ်လိုလုပ် ဆရာကို သစ္စာဖောက်ပြီး အစဉ်အလာ ဖျက်ဆီးတာ ဖြစ်သွားရတာလဲ။”

သူမ၏ ခရမ်းဖျော့ရောင် မျက်လုံးများဖြင့် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ယွမ်ရှန်ရှန်က အေးစက်စွာ ပြောလိုက်သည်။

“ငါ မင်းကို ပြောထားမယ်။ စိတ်ကူးတောင် မယဉ်နဲ့။ မင်းနဲ့ ဒီလို မလျော်ကန်တဲ့ အပြုအမူမျိုး လုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”

လုချန်းက သူမ၏ ခန္ဓာကိုယ်ကို တပ်မက်နေသည်ကို ယွမ်ရှန်ရှန် အစကတည်းက သိထားသော်လည်း လုချန်းကို သူမ ကောင်းစွာ ဖိနှိပ်နိုင်သည်ဟု ထင်ကာ သိပ်အလေးအနက် မထားခဲ့ပေ။ သို့သော် သူ ဤမျှ လျင်မြန်စွာ ကောင်းကင်လူသားအဆင့်သို့ တက်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လုချန်း ပိုမို အစွမ်းထက်လာနှင့်အမျှ သူ၏သစ္စာဖောက်ရန် အတွေးများ ထက်သန်လာသည်မှာ သဘာဝကျသည်။ သို့သော် ယွမ်ရှန်ရှန် ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ။ လုချန်းနှင့် ကံကြမ္မာအရ ပတ်သက်နေမှုကို သူမ မလိုလားပေ။

လုချန်း၏ ဇာစ်မြစ်က မရိုးရှင်းဟု သူမ အမြဲခံစားရသည်။ အကယ်၍ သူမ သူနှင့် ပတ်သက်မိပါက ဤကံကြမ္မာမှ သူမ လွတ်မြောက်နိုင်တော့မည် မဟုတ်သည့်အပြင် ဤကံကြမ္မာနှင့် ထာဝရဆက်နွယ်သွားစရာရှိသည်။

ယွမ်ရှန်ရှန်၏ ငြင်းဆိုမှုကို လုချန်းက ဂရုမစိုက်ပေ။ သူမထံမှ ဤသို့သော တုံ့ပြန်မှုကို သူ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ယနေ့တွင်တော့ သူ ယခင်ကကဲ့သို့ ယွမ်ရှန်ရှန်ကို အလိုလိုက်ပေးတော့မည် မဟုတ်ပေ။

ယနေ့ညတွင် ယွမ်ရှန်ရှန် သူ၏အမျိုးသမီး ဖြစ်လာစေရမည်။ အချို့ကိစ္စများကို နှောင့်နှေးစေ၍ မဖြစ်ပေ။ အကယ်၍ သူ ယနေ့ မအောင်မြင်ပါက ယွမ်ရှန်ရှန် သူ၏ တကယ့်ရည်ရွယ်ချက်များကို သိရှိသွားနိုင်ပြီး ထွက်ပြေးပုန်းရှောင်သွားနိုင်သည်။ နောက်ပိုင်းတွင် သူမကို ရှာဖွေရန် ပိုမိုခက်ခဲသွားနိုင်မည်။

လုချန်းက ယွမ်ရှန်ရှန်၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ ခံစားချက်အပြည့်ဖြင့်

“ဆရာမကို ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ မြတ်နိုးပါတယ်။ ပြီးတော့ ဆရာ့မရဲ့ စွမ်းအားကို အမြန်ဆုံး ပြန်ရအောင် ကူညီပေးချင်ပါတယ်။ ကျွန်တော့်ကို အဲ့ဒီအခွင့်အရေးတစ်ခု ပေးပါလို့ တောင်းပန်ပါတယ်။”

လုချန်းက ဇွဲမလျှော့သည်ကို မြင်သောအခါ ယနေ့တွင် သူ့ကို မောင်းထုတ်ရင်ထုတ် မထုတ်လျှင် ဤပုန်ကန်သော တပည့်၏ အနိုင်ကျင့်ခြင်းကို ခံရမည်ဖြစ်ကြောင်း ယွမ်ရှန်ရှန် သိလိုက်သည်။

ယွမ်ရှန်ရှန်က တိုက်ရိုက်ပင်

“ထွက်သွား။ ငါ့ရဲ့ စွမ်းအားပြန်ရဖို့ မင်းအကူအညီ မလိုအပ်တော့ဘူး။”

လုချန်းကတော့ ယွမ်ရှန်ရှန်၏ စကားကို မကြားလိုက်သကဲ့သို့ပင် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ လုချန်း ထွက်မသွားသေးသောကြောင့် ယွမ်ရှန်ရှန်၏ အေးစက်သော မျက်နှာပေါ်ရှိ နီမြန်းမှုက ပိုမိုနက်ရှိုင်းလာသည်။ ထိုစက်ဆုပ်ဖွယ်ကောင်းသော ပုန်ကန်သူက ယနေ့ညတွင် သူမကို အခွင့်အရေးယူရန် ဆုံးဖြတ်ထားကြောင်း အချက်ပြနေသည်။

မဟုတ်ပါ။ ဒီလို ဖြစ်လို့မရပါ။

ဒီလူဆိုးက ကောင်းကင်လူသား ဖြစ်နေပြီဖြစ်သည်။

အရေးအကြီးဆုံးက သူ့တွင် မြေအဆင့် စိတ်ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ တကယ်တမ်း တိုက်ခိုက်ကြလျှင် သူမ အသာစီးရချင်မှ ရပေမည်။

ဒီလုဆိုး မထွက်သွားပါက သူမကိုယ်တိုင် ထွက်သွားရမည်။

ထိုသို့တွေးလျက် ယွမ်ရှန်ရှန်က

“မင်း မထွက်သွားဘူးဆိုမှတော့ ငါပဲ ထွက်သွားတော့မယ်။”

သူမ စကားဆုံးသည်နှင့် ကုတင်ပေါ်မှ ထကာ ရုတ်တရက် ထွက်သွားရန် ကြံလိုက်သည်။

သို့သော် သူမ လှုပ်ရှားတော့မည်အပြုတွင် လုချန်းက ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ လုချန်းက သူမအပေါ် တိုက်ရိုက် လှုပ်ရှားရဲလိမ့်မည်ဟု ယွမ်ရှန်ရှန် မမျှော်လင့်ထားခဲ့ပေ။

ယွမ်ရှန်ရှန်က ချက်ချင်း ပြောလိုက်သည်။ “ပုန်ကန်တဲ့ တပည့်။ မင်း ဘာလုပ်မလို့လဲ။”

“ငါ့ကို လွှတ်။”

“မင်း ငါ့ကို အခုချက်ချင်း မလွှတ်ရင် ငါ မင်းကို ညှာမှာမဟုတ်ဘူး။”

လုချန်းက ပြုံးလျက်

“ဆရာမ။ ဆရာမသာ တကယ် တိုက်ခိုက်မယ်ဆိုရင် ကျွန်တော် ဘယ်လိုမှ အာဃာတထားမှာ မဟုတ်သလို နောင်တလည်းရမှာ မဟုတ်ပါဘူး။”

“မင်း။”

လုချန်းက မလွှတ်သည်ကို မြင်သောအခါ ယွမ်ရှန်ရှန်တွင် လုပ်စရာ နည်းလမ်းကုန်သွားသည်။ ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို စုစည်းကာ လုချန်း၏ လှုပ်ရှားမှုများကို ကန့်သတ်ရန်အတွက် ရေခဲစွမ်းအားကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် ယွမ်ရှန်ရှန် ပြဿနာတစ်ခုကို ရုတ်တရက် တွေ့ရှိလိုက်သည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားသည် အစကတည်းက မရှိခဲ့သကဲ့သို့ပင် ပျောက်ကွယ်သွားပြီး သူမကို သာမန်လူတစ်ယောက်လို ဖြစ်သွားစေသည်။

ဒါက…

ဘာတွေဖြစ်ကုန်တာလဲ။

ယွမ်ရှန်ရှန်၏ လှပသော မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤလောကသို့ ရောက်ရှိလာကတည်းက သူမ၏ ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ် စွမ်းအားများ လုံးဝ ချိပ်ပိတ်ခံရသည့် အခြေအနေကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ ဘာတွေဖြစ်ပျက်နေသည်ကို သူမနားမလည်နိုင်တော့ပေ။

ယွမ်ရှန်ရှန်က လုချန်းကို အနည်းငယ် ထိတ်လန့်စွာ ကြည့်ပြီး ပြောလိုက်သည်။ “မင်း… ဆရာမကို ဘာလုပ်လိုက်တာလဲ။ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ ဘာလို့ အကုန် ပျောက်သွားရတာလဲ။”

လုချန်းက

“ကျွန်တော် ဘာမှ မလုပ်ပါဘူး။”

သူစကားပြောနေစဉ် လုချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက

“ဆရာမ။ ဆရာမမှာ ချစ်စိတ်တွေ လွှမ်းမိုးသွားပြီး ကျွန်တော့်ကို ထားမသွားချင်လို့ စိတ်ဝိညာဉ် စွမ်းအားတွေ ပျောက်သွားပြီလို့ ဟန်ဆောင်ပြီး ကျွန်တော့်ကို မြှူဆွယ်နေတာများလား။”

....................

All Chapters