တပည့်ရဲ့ ဆရာ့ကို ကျေးဇူးဆပ်နည်းက ဒီလိုပါပဲ
Vol. 61 Ch. 914
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး
“လေးစားရပါသော ဆရာမ။ ဒါက တပည့်ရဲ့ ဆရာ့ကို ကျေးဇူးဆပ်နည်းပါ။”
“ဆရာမရဲ့ စွမ်းအားက အချိန်တိုအတွင်း ပြန်ကောင်းလာမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ မိန်းမဖြစ်လာမှပဲ အမြန်ဆုံး ပြန်ကောင်းလာနိုင်မှာ။ ဒီလိုလုပ်ပေးတာက ဆရာမကို ကျေးဇူးဆပ်နေတာ မဟုတ်ဘူးလား။”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ကျေးဇူးဆပ်တယ် ဟုတ်လား။ ရယ်စရာပဲ။ မင်းက ငါ့ခန္ဓာကိုယ်ကို လိုချင်နေတာပဲ။”
လုချန်းက
“ဆရာမက အဲ့ဒီလိုပဲ တွေးမယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။”
“ဒါပေမဲ့ ဆရာမ ပြောတာလည်း မှန်တယ်။ ဆရာမကို ကျွန်တော်သဘောကျတယ်။ ဆရာမကို ကျွန်တော့်ရဲ့ မိန်းမဖြစ်စေချင်တယ်။”
ယွမ်ရှန်ရှန်၏ ခရမ်းရောင် မျက်လုံးများက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ သူမ၏ မျက်နှာတွင် ခံစားချက်ကင်းမဲ့နေကာ
“သစ္စာဖောက်။ အချိန်မဖြုန်းနဲ့။ လုပ်စရာရှိတာ မြန်မြန်လုပ်။”
ထိုအခိုက်အတန့်တွင် သူမ၏ အပျိုစင်ဘဝကို ထိန်းသိမ်းရန် ယွမ်ရှန်ရှန်ထံ၌ အတွေးမရှိတော့ချေ။ သူမသည် လုချန်း၏ အလုံးစုံ ဖိနှိပ်မှုကို ခံထားရ၏။ ထို့ပြင် ဤသစ္စာဖောက်သည် ကာမစိတ် လွန်ကဲသူဖြစ်၏။ သူမအတွက် လွတ်လမ်းမရှိပေ။
ယွမ်ရှန်ရှန်၏ စိတ်ထဲ၌ တွေးလိုက်သည်။ ခွေးကိုက်ခံရသလိုပဲ သူမ သဘောထားလိုက်မည်။ ဤကိစ္စအားလုံး ပြီးသွားလျှင် သူမသည် ရန်ခရိုင်မှ လုံးဝ ထွက်သွားမည်ဖြစ်သည်။ နောင်တွင် ဤသစ္စာဖောက် သူမကို ဘယ်တော့မှ ထပ်ထိနိုင်တော့မည် မဟုတ်ပေ။
ယွမ်ရှန်ရှန်၏ တိုက်တွန်းသံကို ကြားသောအခါ လုချန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
“ဆရာမက ဘာလို့ ကျွန်တော့်ထက်တောင် ပိုပြီး စိတ်စောနေရတာလဲ။”
အေးစက်ပြီး တဏှာစိတ် ကင်းစင်သော နတ်သမီးကို လုချန်း အပိုင်သိမ်းလိုသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခုလို အခိုက်အတန့်များ ရောက်လာလေလေ သူ ပို၍ မလောနိုင်လေ ဖြစ်၏။
သူ့ အနေနှင့် ဖြည်းဖြည်းချင်း ချဉ်းကပ်ရန် လိုအပ်သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးကို ဖြိုခွင်းပြီး သူတို့၏ ကိစ္စပြီးဆုံးသွားမှသာလျှင် ထိုနတ်သမီး ထွက်သွားလိုစိတ် ပျောက်သွားပေလိမ့်မည်။
ထို့နောက် ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“သစ္စာဖောက်။ မင်းငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။ ငါ မင်းလက်အောက်မှာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး။”
လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး ဘာမှမပြောပဲ ထပ်မံ ကိုင်းညွှတ်ကာ ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများကို တစ်ဖန် ပိတ်လိုက်ပြန်သည်။
တွေဝေနေသည့် အခြေအနေတွင် သူမ၏ အဝတ်အစားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ယွမ်ရှန်ရှန် ခံစားလိုက်ရသော်လည်း ထိုကဲ့သို့သော အရာများကို ဂရုစိုက်ရန် စွမ်းအင် လုံးဝ မရှိတော့ချေ။
ယွမ်ရှန်ရှန်သည် ယခုအခါ လုံးဝ မငြိမ်မသက်ဖြစ်နေပြီး ဤသစ္စာဖောက်၏ မိန်းမဖြစ်ရန် တောင့်တနေသော်လည်း သူက ဆက်မလုပ်ပဲ မရေမရာ လုပ်နေသည်။
ယွမ်ရှန်ရှန်၏ အမြင်တွင် လုချန်းက သူမကို အရှက်ခွဲလို၍ ဤနည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။ တစ်ချိန်က အထက်တန်းကျပြီး အေးစက်သော နတ်သမီး ယွန်ရှန်ရှန် ဘဝမှ ဤသို့ ကာမစိတ် ပြင်းပြသော အခြေအနေသို့ ရောက်ရှိသွားခြင်းက သူမကို အလွန် ခံရခက်လှစေ၏။
ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤစက်ဆုပ်ဖွယ် သစ္စာဖောက်သည် သူမကို ဤသို့ အရှက်ခွဲရက်သည်။
ထို့နောက် လုချန်းက ထပ်မံ မော့ကြည့်ကာ ယွမ်ရှန်ရှန်၏ နီမြန်းနေသော မျက်နှာကို စိုက်ကြည့်ရင်းဆက်လက် စနောက်လိုက်သည်။
“ဆရာမရဲ့ စွမ်းအားတွေ ပြန်ရချင်လား။ ကျွန်တော် ကူညီပေးနိုင်တယ်။”
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ယွမ်ရှန်ရှန်က
“သစ္စာဖောက်... မင်း ကောင်းကောင်းသေရမှာ မဟုတ်ဘူး။”
လုချန်းက ရယ်မောကာ
“ကြည့်ရတာ ဆရာမက သူ့ရဲ့ စွမ်းအားကို ပြန်မရချင်သေးဘူးထင်တယ်။”
လုချန်းသူ၏ ခေါင်းကို ထပ်မံငုံ့ကာ ယွမ်ရှန်ရှန်၏ ပါးစပ်ကို ပိတ်ဆို့ပြီး ဆက်လက် နမ်းရှိုက်လိုက်သည်။ ဤတစ်ကြိမ်တွင် လုချန်း၏ လက်သည် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားသဖြင့် သူမအား ပို၍ပင် နေရခက်စေသည်။
အချိန်မည်မျှကြာသွားသည်မသိ လုချန်း ယွမ်ရှန်ရှန်ကို ထပ်မံ မော့ကြည့်လိုက်သည်။ ယွမ်ရှန်ရှန်က သူမ၏ဦးခေါင်းကို တခြားဘက်သို့ လှည့်ကာ စကားဆက်မပြောတော့ပေ။
သူမ ဘာများ ဆက်ပြောနိုင်ဦးမည်နည်း။ သူမသည် ဤသစ္စာဖောက်၏ လက်ထဲသို့ ကျရောက်ခဲ့ပြီး သူပြုသမျှ ခံရတော့မည် ဖြစ်သည်။
အေးစက်သော နတ်သမီး၏ ဤအခြေအနေကို မြင်သောအခါ လုချန်းလည်း ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ လျင်မြန်စွာ ထပ်မံကိုင်းညွှတ်ကာ ယွမ်ရှန်ရှန်၏ နီရဲသော နှုတ်ခမ်းများကို နောက်တစ်ကြိမ် ပိတ်လိုက်ပြန်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ လှုပ်ရှားမှုတစ်ခုနှင့်အတူ ယွမ်ရှန်ရှန်ထံမှ ညည်းညူသံတချက်ထွက်ပေါ်လာသည်။
ယွမ်ရှန်ရှန် စိတ်ထဲမှ လုချန်းကို ထပ်မံ ကျိန်ဆဲလိုက်သည်။ မိန်းမများကြားတွင် သေရမည့် ဤသစ္စာဖောက်သည် သူမကို အဓမ္မ ရယူခဲ့လေပြီ။
သူမသည် စိတ်ထဲမှ လုချန်းကို ကျိန်ဆဲနေသော်လည်း ယွမ်ရှန်ရှန် ထိုကိစ္စကို လျင်မြန်စွာ မေ့လျော့သွားသည်။
…….
အချိန်မည်မျှကြာသွားသည်မသိ။
ဘေးတစ်ဖက်ရှိ အခန်းထဲတွင်ဖြစ်သည်။
ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
ချန်ဝမ်ရွန် လျှို့ဝှက်ဆန်းကြယ်မိန်းမပျို ကျင့်စဉ်ကို ဆက်လက် လေ့လာနေချိန်တွင် လင်ဝမ်ရွန်သည်လည်း လေ့ကျင့်ရေး လုပ်နေသည်။
ထိုအခိုက်အတန့်တွင် ဘေးခန်းမှ ခပ်သဲ့သဲ့ အသံအချို့ ထွက်ပေါ်လာသည်။
“သစ္စာဖောက်တပည့်။ မင်းဆရာမအပေါ် မှားသွားပြီ...”
“သစ္စာဖောက်တပည့်။ မင်းဆရာမကို သက်ညှာပေး...”
“မင်း... လူယုတ်မာ...”
ယွမ်ရှန်ရှန်၏ အသံထွက်ပေါ်လာပြီးနောက် လုချန်း၏ အသံ ထွက်ပေါ်လာသည်။
“ခုထိ သစ္စာဖောက်တပည့်လို့ ခေါ်နေတုန်းပဲလား။ အခုတော့ ချစ်သူလို့ ခေါ်သင့်ပြီ။”
“မင်း... အိပ်မက်သာ မက်နေလိုက်။”
ထိုနှစ်ယောက်၏ စကားပြောသံကို ကြားသောအခါ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ နှစ်ဦးစလုံး မျက်လုံးများ ဖွင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိတ်သက်သာရာရသွားသော အပြုံးများ ပေါ်လာသည်။
နောက်ဆုံးတွင် ယွမ်ရှန်ရှန်သည် လုချန်းနှင့် အတူရှိသွားလေပြီ။ ယခုဆိုလျှင် သူမ သူတို့ကို ထားခဲ့တော့မည် မဟုတ်ပေ။
…
ထိုအချိန်။
မြူခိုးဒေသ။
မြူခိုးမှော်ဂိုဏ်းသည် သူတို့၏ တပည့်များကို လင်ဟူဂိုဏ်း၏ တည်နေရာသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။
လင်ဟူဂိုဏ်း၏ တည်နေရာသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် ရှင်းလင်းစွာ မမြင်နိုင်ပေ။ လင်ဟူဂိုဏ်း၏ တံခါးဝတွင် ရပ်နေသော လူများသည် တံခါးအထက်မှ ဆိုင်းဘုတ်ကိုပင် မမြင်နိုင်ချေ။
ထိုအခိုက်အတန့်တွင် ဟန်ယွမ်ခိုင်က သူ၏ လက်ကို မြှောက်လိုက်ရာ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားတစ်ရပ် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မြူခိုးများပျောက်ကွယ်လွင့်စင်သွားပြီး လင်ဟူဂိုဏ်း၏ ပင်မတံခါး မြူခိုးမှော်ဂိုဏ်းမှ တပည့်များ၏ ရှေ့တွင် ပေါ်လာသည်။
တံခါးဝမှ အခြေအနေကို အာရုံခံမိသောအခါ လင်ဟူဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများလည်း ဝင်ပေါက်သို့ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။
မြူခိုးမှော်ဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာသည်ကို မြင်လိုက်ရသည့်အခါ ကောင်းသောလာခြင်း မဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
ခဏအကြာတွင် ဂိုဏ်းချုပ် ကျန်းဟုန်ရယ် တံခါးဝသို့ ရောက်ရှိလာပြီး အေးစက်စွာဖြင့်
“ဂိုဏ်းချုပ်ဟန်။ ဒါက ဘာသဘောလဲ။”
“လင်ဟူဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းဟာ အမြဲတမ်း ကိုယ့်လမ်းကိုယ်သွားပြီး တစ်ယောက်ကိစ္စတစ်ယောက် ဝင်မစွက်ဖက်ခဲ့ကြဘူး။ လင်ဟူဂိုဏ်းက မြူခိုးမှော်ဂိုဏ်းကို ဘယ်တုန်းက စော်ကားမိလို့ ဒီလို ရန်လိုတဲ့ လာရောက်လည်ပတ်မှုကို ဖြစ်စေရတာလဲ။”
ကျန်းဟုန်ရယ်၏ စကားကို ကြားသောအခါ ဟန်ယွမ်ခိုင်က ပြုံးလိုက်ကာ
“ဂိုဏ်းချုပ်ကျန်း။ ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျွန်တော် ဒီနေ့ လင်ဟူဂိုဏ်းကို ရိုးရိုးတန်းတန်း လာလည်တာပါ။ ပြဿနာရှာဖို့ မဟုတ်ပါဘူး။”
ကျန်းဟုန်ရယ်က အေးစက်စွာ နှာခေါင်းရှုံ့ကာ
“ဒါဆို ခင်ဗျား ဘာအတွက် လာတာလဲ။ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူ့တပည့်တွေကို အကြောင်းမဲ့ သက်သက် လမ်းသလားဖို့ ခေါ်လာတယ်ဆိုတာကိုတော့ ကျွန်တော် မယုံနိုင်ဘူး။”
ဟန်ယွမ်ခိုင်က
“လင်ဟူဂိုဏ်းက ထျန်းချန်တိုက်ကို စောစောစီးစီး ဝင်ရောက်နိုင်မယ့် နေရာတစ်ခုကို တွေ့ထားနိုင်တယ်လို့ ကြားမိလို့ အဲ့ဒီနေရာရဲ့ တည်နေရာကို ဂိုဏ်းချုပ်ကျန်းကို လာမေးချင်တာပါ။”
ကျန်းဟုန်ရယ်၏ မျက်နှာ ပျက်သွားသည်။ ဤသတင်းကို ဖုံးကွယ်ထား၍ မရနိုင်မှန်း သူသိသော်လည်း မြူခိုးမှော်ဂိုဏ်းက ဤမျှမြန်မြန် သိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထျန်းချန်တိုက်သို့ စေလွှတ်လိုက်သော လင်ဟူဂိုဏ်း၏ တပည့်များက သူတို့၏ ခြေကုပ်ကို ရယူနိုင်ခဲ့ခြင်း ရှိမရှိ သူ မသေချာပေ။ အကယ်၍ မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ယခု ဝင်ရောက်လာပါက အခြေအနေများ ရှုပ်ထွေးသွားမည်မှာ သေချာသည်။
သို့သော် ပြောရမည်ဆိုလျှင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ဝင်ရောက်လာလျှင်ပင် သူတို့သည် ညီညွှတ်ခြင်းနယ်ပယ်အဆင့်ရှိသူများကိုသာ စေလွှတ်နိုင်ပြီး ထိုသူတို့သည် တူညီသောအဆင့်ရှိသည့် လင်ဟူဂိုဏ်း၏ တပည့်များကို ယှဉ်နိုင်မည်ဟု သေချာပေါက် ဆို၍တော့ မရပေ။
ထို့နောက် ကျန်းဟုန်ရယ်က ပြုံးလျက်
“ဂိုဏ်းချုပ်ဟန်။ ကျွန်တော်တို့ လင်ဟူဂိုဏ်းက ဒီအာကာသ လမ်းကြောင်းကို မနည်းဖွင့်ထားရတာပါ။ မြူခိုးမှော်ဂိုဏ်းက ဒါကို လာတောင်းတာက နည်းနည်း အနိုင်ကျင့်လွန်းတယ်လို့ မထင်ဘူးလား။”
သူ စကားပြောနေစဉ်တွင် ကျန်းဟုန်ရယ်က သူ၏ ယင်ယန်နယ်ပယ်၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်ရာ ဖိအားပေးတစ်ခု နေရာတစ်ခုလုံးသို့ ချက်ချင်း ကျဆင်းလာသည်။
ဟန်ယွမ်ခိုင်က တည်ငြိမ်စွာဖြင့်
“ဂိုဏ်းချုပ်ကျန်း။ ကျုပ်တို့အားလုံး ဒီမြူခိုးဒေသမှာ ဒုက္ခခံပြီး အတူတကွ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ခင်ဗျားရဲ့ စကားတွေက တော်တော် စိတ်ပျက်စရာကောင်းတယ်။ နောက်ဆုံးတော့ ဒီကမ္ဘာကနေ ထွက်ခွာဖို့ အခွင့်အရေးတစ်ခု ရလာခဲ့ပြီ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းကတော့ ဒါကို ဖုံးကွယ်ထားပြီး လင်ဟူဂိုဏ်း တစ်ဂိုဏ်းတည်း သီးသန့် ခံစားချင်နေပုံပဲ။ ကျုပ်တို့ အင်အားစုနှစ်ခုကြားက နှစ်ပေါင်းများစွာကြာတဲ့ မိတ်ဆွေစိတ်ဓာတ်တွေက ဟာသတစ်ခုသက်သက်ပဲလို့ ပြောနေတာလား။”
ဟန်ယွမ်ခိုင်၏ စကားကို ကြားသောအခါ ကျန်းဟုန်ရယ် စိတ်ထဲမှ ရယ်လိုက်သည်။
မိတ်ဆွေစိတ်ဓာတ် ဟုတ်လား။
အရမ်းကောင်းတဲ့ ပြက်လုံးပါလား။
သူတို့ အင်အားစုနှစ်ခုကြားတွင် ဘာမိတ်ဆွေစိတ်ဓာတ်များ ရှိနိုင်မည်နည်း။ မြူခိုးမှော်ဂိုဏ်းသည် အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျတတ်ပြီး အခြားအင်အားစုများ၏ ခံစားချက်ကို ဘယ်သောအခါကမှ ထည့်မတွက်ခဲ့ပေ။ မြူခိုးဒေသရှိ အင်အားစုများထဲတွင် မြူခိုးမှော် ဂိုဏ်းကို ကြိုက်နှစ်သက်သော အင်အားစုက မရှိသလောက် ရှားပါးသည်။
……………..