ကျေနပ်ပြီလား
Vol. 61 Ch. 915
ကျန်းဟုန်ရယ်စိတ်ထဲ ဟန်ယွမ်ခိုင်အပေါ် အလွန်မကျေမနပ်ဖြစ်နေသော်လည်း ယနေ့ အာကာသ အက်ကွဲကြောင်း၏ တည်နေရာကို မပြောပါက မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့အကြား တိုက်ပွဲတစ်ခုက မလွှဲမရှောင်သာ ဖြစ်လာမည်ကို သူနားလည်၏။
လင်ဟူဂိုဏ်းသည် အင်အားကြီးမားသော်လည်း မြူခိုးဒေသမှ အကြီးမားဆုံး အင်အားစုဖြစ်သော မြူခိုးမှော်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးသည်။ လင်ဟူဂိုဏ်းတွင် ယင်ယန်နယ်ပယ် ရောက်သူ တစ်ဦးသာ ရှိပြီး မြူခိုးမှော်ဂိုဏ်းတွင်မူ နှစ်ဦးရှိသည်။
အရေးကြီးဆုံးအချက်မှာ မြူခိုးမှော်ဂိုဏ်းတွင် မူလအစကမ္ဘာ နယ်ပယ်မှ ကျင့်စဉ်ကျင့်သူများစွာ ရှိနေခြင်းဖြစ်သည်။ အကယ်၍ တိုက်ပွဲအမှန်တကယ် ဖြစ်ပွားပါက လင်ဟူဂိုဏ်း အနေနှင့် အနိုင်ရနိုင်ဖို့ မသေချာပေ။
လင်ဟူဂိုဏ်းသည် မြူခိုးမှော်ဂိုဏ်းကို အကြီးအကျယ် ပျက်စီးစေနိုင်သော်လည်း လင်ဟူဂိုဏ်းကိုယ်တိုင်လည်း ပျောက်ကွယ်သွားနိုင်သည်။ အကျိုးမရှိသော တိုက်ပွဲတစ်ခုသာ ဖြစ်လိမ့်မည်။
လင်ဟူဂိုဏ်း ထျန်းချန်တိုက်ကြီးသို့ ဝင်ရောက်ရန် အလွန်စိတ်အားထက်သန်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ထျန်းချန်တိုက်၏ ကောင်းကင်ဘုံ ကံကြမ္မာကို ရယူရန်ဖြစ်သည်။
ထျန်းချန်တိုက်၏ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် ဝင်ရောက်သွားသော လင်ဟူဂိုဏ်းသားများ၏ အင်အားလည်း ပိုမိုလျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။ ထို့အချိန်ရောက်လျှင် လင်ဟူဂိုဏ်းသည် မြူခိုးဒေသ၏ အခြားအင်အားစုများကို ကြောက်ရွံ့နေစရာ မလိုတော့ချေ။
မမျှော်လင့်ပဲ ဤသတင်းကို ဟန်ယွမ်ခိုင်က လျင်မြန်စွာ သိရှိသွားခဲ့သည်။
ဤသို့ အကျပ်အတည်းဖြစ်နေစဉ်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ဂိုဏ်းချုပ်ကျန်း။ ဂိုဏ်းချုပ်ဟန် ပြောတာမှန်တယ်။ ကျုပ်တို့အားလုံးက မြူခိုးဒေသက အင်အားစုတွေပဲ။ ဘာလို့ ခင်ဗျားတို့ လင်ဟူဂိုဏ်းတစ်ခုတည်းကပဲ ထျန်းချန်တိုက်ကြီးကို လက်ဝါးကြီးအုပ်ခွင့် ရှိရမှာလဲ။”
ထိုအသံကို ကြားသောအခါ လူတိုင်း၏ အကြည့်များ အသံလာရာသို့ ရောက်သွား၏။ မြူခိုးများဖုံးလွှမ်းနေသော နေရာမှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူအချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ရောက်ရှိလာသူများကို မြင်သောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ် နှစ်ဦးစလုံး မျက်မှောင်ကြုတ်မိလိုက်ကြ၏။ ရောက်လာသူများကို ဦးဆောင်သူမှာ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ကျိဟုန်ဝမ် ဖြစ်သည်။
စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ဟန်ယွမ်ခိုင်က ကျန်းဟုန်ရယ်ကို ပြုံးပြကာ
“ဂိုဏ်းချုပ်ကျန်း။ အခု ဂိုဏ်းချုပ်ကျိတောင် ခင်ဗျားတို့လင်ဟူဂိုဏ်း အာကာသ အက်ကွဲကြောင်း တည်နေရာကို သိနေတယ်ဆိုတာ သိသွားပြီ။ ဒီတော့ အခု ထုတ်ပြောဖို့ကလွဲပြီး ခင်ဗျားမှာ ရွေးချယ်စရာမရှိတော့ဘူးထင်တယ်နော်။”
အကယ်၍ လင်ဟူဂိုဏ်းသည် မြူခိုးမှော်ဂိုဏ်းတစ်ခုတည်းကို ရင်ဆိုင်ရပါက တစ်နည်းနည်းဖြင့် တွန်းလှန်နိုင်ကောင်း တွန်းလှန်နိုင်မည်ဖြစ်သော်လည်း မြူခိုးမှော်ဂိုဏ်းနှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်း နှစ်ခုလုံးကို တစ်ချိန်တည်း ရင်ဆိုင်ရပါက အပြတ်အသတ် ရှုံးနိမ့်မည်မှာ သေချာသည်။ အကယ်၍ ဤဂိုဏ်းနှစ်ခု ပူးပေါင်းလိုက်ပါက မြူခိုးဒေသတစ်ခုလုံးတွင် မည်သည့်အင်အားစုမှ သူတို့ကို တွန်းလှန်နိုင် တော့မည် မဟုတ်ပေ။
အာကာသ အက်ကွဲကြောင်း၏ တည်နေရာကို လျှို့ဝှက်ထား၍မရတော့မှန်း သိလိုက်ရသောအခါ ကျန်းဟုန်ရယ်က
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ပါ့မယ်။ ခင်ဗျားတို့ အက်ကွဲကြောင်းရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် တကယ်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့တပည့်တွေ ထျန်းချန်တိုက်ကြီးထဲကို ဝင်သွားရင် လင်ဟူဂိုဏ်းရဲ့တပည့်တွေကို မထိခိုက်စေရဘူးလို့ ကတိပေးရမယ်။”
လက်ရှိတွင် အက်ကွဲကြောင်းမှာ ထျန်းချန်တိုက်ကြီးသို့ ဝင်ရောက်ရန်သာ ခွင့်ပြုပြီး ပြန်လည်ထွက်ခွာရန် မဖြစ်နိုင်သေးကြောင်း ကျန်းဟုန်ရယ် စိတ်ထဲတွင် တွေးလိုက်မိ၏။
တန်ခိုးရှင် တစ်သောင်းဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းမှ တပည့်များသည် အတွင်းသို့ ရောက်ပြီး လင်ဟူဂိုဏ်းမှ တပည့်များကို မထိခိုက်စေရန် ညွှန်ကြားထားသရွေ့ လင်ဟူဂိုဏ်းမှ တပည့်များက အဆိုပါ ဂိုဏ်းကြီးနှစ်ခု၏ တပည့်များကို အဆက်မပြတ် ပစ်မှတ်ထားတိုက်ခိုက်နေလျှင်ပင် ထိုသတင်း ဤနေရာကို ပျံ့နှံ့လာနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ထိုဂိုဏ်းကြီးနှစ်ခုမှ တပည့်များ၏ လှုပ်ရှားမှုများ ကန့်သတ်ခံထားရမည်ဖြစ်ပြီး လင်ဟူဂိုဏ်းမှ တပည့်များက သူတို့ကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လင်ဟူဂိုဏ်းမှ တပည့်များသာ ပိုမို ကျယ်ပြန့်သော နယ်မြေကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။
လင်ဟူဂိုဏ်းအတွက် ထျန်းချန်တိုက်ကြီး၏ ကံကြမ္မာကို သိမ်းပိုက်ရန် မျှော်လင့်ချက်များ ရှိနေသေးသည်။
ကျန်းဟုန်ရယ်၏ စကားကိုကြားသောအခါ ဟန်ယွမ်ခိုင်က ရယ်မောကာ
“ကောင်းပြီလေ။ ဂိုဏ်းချုပ်ကျန်းသာ အာကာသ အက်ကွဲကြောင်းရဲ့ တည်နေရာကို ထုတ်ဖော်ပြောပြမယ်ဆိုရင် ထျန်းချန်တိုက်ကြီးထဲ ဝင်ရောက်သွားတဲ့ မြူခိုးမှော်ဂိုဏ်းရဲ့တပည့်တွေက လင်ဟူဂိုဏ်းတပည့်တွေကို စတင်ပြီး ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတိပေးပါတယ်။”
မြေခွေးအိုကြီး ဟန်ယွမ်ခိုင်က ကျန်းဟုန်ရယ်၏ ရည်ရွယ်ချက်များကို ကောင်းစွာမြင်သည်။ ထို့ကြောင့် သူက”စတင်ပြီး” ဟူသော စကားလုံးကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်၏။
ဆိုလိုသည်မှာ အကယ်၍ လင်ဟူဂိုဏ်း၏ တပည့်များက မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို ထိခိုက်အောင်လုပ်ပါက မြူခိုးမှော်ဂိုဏ်း၏ တပည့်များက ပြန်လည်တုံ့ပြန်တိုက်ခိုက်လျှင် အပြစ်တင်စရာအကြောင်း မရှိသင့်ဟု ဆိုလိုခြင်းဖြစ်သည်။
ထိုအချိန်တွင် ဟန်ယွမ်ခိုင်က ကျိဟုန်ဝမ်ဘက်သို့ လှည့်ကြည့်ကာ
“ဂိုဏ်းချုပ်ကျိ။ အခု ခင်ဗျားအလှည့်ပဲ။ ခင်ဗျားဘက်ကပါ စကားမပြောဘူးဆိုရင် ဂိုဏ်းချုပ်ကျန်းက အက်ကွဲကြောင်းရဲ့ တည်နေရာကို ကျွန်တော်တို့ကို ပြောပြဖို့ စိတ်မလုံခြုံ ဖြစ်နေနိုင်တယ်။”
ထို့နောက်တွင် ကျိဟုန်ဝမ်က
“ဂိုဏ်းချုပ်ကျန်းက အက်ကွဲကြောင်းရဲ့ တည်နေရာကို တန်ခိုးရှင် တစ်သောင်းဂိုဏ်းကို ပြောပြမယ်ဆိုရင် ထျန်းချန်တိုက်ကြီးထဲ ဝင်ရောက်တဲ့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းရဲ့ တပည့်တွေကလည်း လင်ဟူဂိုဏ်းရဲ့တပည့်တွေကို စတင်ပြီး တိုက်ခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်လည်း ကတိပေးပါတယ်။”
နှစ်ဦးစလုံးက ရှေ့မှောက်တွင် ကတိပေးသည်ကို မြင်သောအခါ ကျန်းဟုန်ရယ်လည်း အချိန်မဆွဲတော့ပဲ စာလိပ်တစ်လိပ်ကို တိုက်ရိုက်ထုတ်ကာ သူတို့ထံသို့ ပစ်ပေးလိုက်သည်။
ကျိဟုန်ဝမ်နှင့် ဟန်ယွမ်ခိုင်တို့လည်း စာလိပ်ကို ဖမ်းယူပြီး အက်ကွဲကြောင်း၏ တည်နေရာကို အတည်ပြုရန် တစ်ချက်ကြည့်ပြီးနောက် သူတို့ဂိုဏ်း၏ တပည့်များနှင့်အတူ ချက်ချင်းလှည့်ထွက်သွားကြသည်။
ထွက်ခွာသွားသော သူတို့၏ ပုံရိပ်များကို ကြည့်ရင်း လင်ဟူဂိုဏ်းမှ လူများ နှမြောတသဖြစ်နေကြ၏။ သူတို့၏ များစွာသော ကြိုးပမ်းအားထုတ်မှုများအပြီးတွင် အက်ကွဲကြောင်းကို ရှာဖွေနိုင်ခဲ့ပြီး ၎င်းကိုဖွင့်ရန် စွမ်းအင်များစွာကိုပင် သုံးစွဲခဲ့ရသည်။
ယခုမူ သူတို့၏ ရှာဖွေတွေ့ရှိမှုအား ဤဂိုဏ်းနှစ်ခုကို အလွယ်တကူ ပေးအပ်လိုက်ရသည်။
ထိုအခိုက်တွင် ကျန်းဟုန်ရယ်၏ အရှေ့မှ အကြီးအကဲတစ်ဦးက
“ဂိုဏ်းချုပ်။ ခင်ဗျား သူတို့ကို အက်ကွဲကြောင်းရဲ့ တည်နေရာကို တကယ်ပြောလိုက်တာလား။”
ကျန်းဟုန်ရယ်က
“ဒါကလွဲပြီး ကျုပ်ဘာလုပ်နိုင်ဦးမှာလဲ။ လင်ဟူဂိုဏ်းက ဒီဂိုဏ်းကြီးနှစ်ဂိုဏ်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်လို့ ခင်ဗျားထင်လို့လား။”
ဒါက...
ထိုစကားများကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြ၏။
လင်ဟူဂိုဏ်းသည် အင်အားကြီးသော်လည်း ဂိုဏ်းကြီးနှစ်ဂိုဏ်းလုံးကို တစ်ချိန်တည်းတွင် ရင်ဆိုင်နိုင်မည်တော့ မဟုတ်ပေ။
ထိုအခိုက်တွင် ကျန်းဟုန်ရယ်လည်း သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း အတွေးနက်နေဟန်တူ၏။ ခဏအကြာတွင် သူက သူ၏နောက်မှ အကြီးအကဲများကို
“ထျန်းချန်တိုက်ကြီးထဲကို နောက်တစ်သုတ်ဝင်မယ့် တပည့်တွေကို ပြောလိုက်ပါ။ သူတို့ဟိုဘက်ရောက်တာနဲ့ ဟိုဂိုဏ်းနှစ်ဂိုဏ်းက အဖွဲ့ဝင်တွေကို ရှင်းလင်းဖို့ နည်းလမ်းရှာရမယ်လို့။”
အကြီးအကဲများလည်း ကျန်းဟုန်ရယ်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။”
……….
သုံးရက်ကြာပြီးနောက်။
ရှနိုင်ငံတော်။
ရန်ခရိုင်။
ဝမ်ရွန်ဆောင်အတွင်းတွင် အစေခံအားလုံး မျက်နှာများ နီမြန်းနေကြ၏။ ယွမ်ရှန်ရှန်ရှိရာ အခန်းဘက်သို့ ကြည့်လိုက်တိုင်း သူတို့၏ မျက်နှာများတွင် ရှက်သွေးဖြန်းသည့် အရိပ်အယောင်များ အလိုအလျောက် ပေါ်လာကြသည်။
ဤအစေခံများအားလုံးသည် အပျိုစင်များဖြစ်ကြပြီး အလွန်ငယ်ရွယ်စဉ်ကတည်းက နန်းတော်ထဲသို့ အမှုထမ်းရန် ဝင်ရောက်ခဲ့ကြသောကြောင့် ယောက်ျားနှင့်မိန်းမတို့ကြား အရေးကိစ္စများကို မကြုံဖူးကြသေးချေ။
သုံးရက်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဧကရာဇ်သည် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်သမီးလေးနှင့်အတူ အခန်းထဲတွင် ထိုကိစ္စများကို ပြုလုပ်နေဆဲဖြစ်ရာ ဤအစေခံများကို အလွန်ရှက်ရွံ့စေသည်။
ထိုအခိုက်တွင် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် အဆောင်ထဲတွင် ထိုင်၍ လက်ဖက်ရည်သောက်နေကြ၏။ သူတို့သည် ယခု ယွမ်ရှန်ရှန်ရှိရာ အခန်းနှင့် အလှမ်းဝေးသော်လည်း တခါတရံတွင် တိုးညှင်းသော အသံအချို့ကို ကြားနေရသေးသည်။
ထိုအခိုက်တွင် လင်ဝမ်ရွန်က ရယ်မောကာ “မင်းကြီးက သခင်မကြီးကို တကယ်ပဲ ချစ်ခင်စုံမက်နေပုံပဲ။”
ချန်ဝမ်ရွန်ကမူ စိုးရိမ်သောကအချို့ဖြင့် “ဆရာမက လုချန်းကို ထားသွားမလား မသိဘူး။”
…….
တစ်ချိန်တည်းတွင်။
အခန်းအတွင်း၌။
လုချန်းသည် ယွမ်ရှန်ရှန်ကို ငုံ့ကြည့်ရင်း သူမ၏ လှပပြီး အေးစက်သော မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။
ယွမ်ရှန်ရှန်သည် အမှန်တကယ်ပင် နတ်သမီးတစ်ပါးဖြစ်ပြီး သူမ၏ နူးညံ့သော ဆွဲဆောင်မှုထဲသို့ လုံးဝကျရောက်သွားပြီဟု လုချန်းခံစားနေရ၏။ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များကိုပင် နောက်ဘယ်တော့မှ မကိုင်တွယ်တော့ပဲ သူ၏ဘဝတစ်လျှောက်လုံးကို ယွမ်ရှန်ရှန်နှင့်အတူ အိပ်ရာထဲတွင်သာ ကုန်ဆုံးရန်ပင် စဉ်းစားမိသည်။
ယင်းက ကမ္ဘာပေါ်တွင် သူကြည့်ခဲ့ဖူးသော တီဗီဇာတ်လမ်းတွဲများထဲမှ “အလှတရားသည် ဘေးအန္တရာယ်ဖြစ်သည်” ဟုသော အဓိပ္ပာယ်ကို လုချန်းအား နားလည်စေခဲ့သည်။
ဟုတ်ပါသည်။ “အလှတရားသည် ဘေးအန္တရာယ်ဖြစ်သည်” ဟူသည်မှာ အမျိုးသမီးများအပေါ် ရှုတ်ချသည့်သဘော သက်ရောက်သော်လည်း လုချန်းကတော့ သူ၏ကိုယ်ပိုင်ပြဿနာများကြောင့် သူ၏အမျိုးသမီးကို ရှုတ်ချမည် မဟုတ်ပေ။
ယွမ်ရှန်ရှန်က သူ့အား အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်စေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ထိုအခိုက်တွင် ယွမ်ရှန်ရှန်၏ ခရမ်းရောင်မျက်လုံးများက လုချန်းအား စိုက်ကြည့်နေပြီး လုံးဝတည်ငြိမ်နေ၏။
ဤသုံးရက်အတွင်း အစပိုင်းတွင် ကျိန်ဆဲခြင်းမှ အသနားခံခြင်းအထိ ဖြစ်ခဲ့ပြီး ယခုအခါတော့ ယွမ်ရှန်ရှန် တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။
ထို့နောက် ယွမ်ရှန်ရှန်က အေးစက်စွာဖြင့် “သစ္စာဖောက်တပည့်။ အခုမင်းကျေနပ်ပြီလား။”
လုချန်းက ပြုံးကာ
“ဒါက ကျွန်တော်ရဲ့ လေးစားရတဲ့ ဆရာမကို မေးရမယ့်မေးခွန်းပါ။ ကျွန်တော်ထင်တာမမှားဘူးဆိုရင် ဆရာမရဲ့စွမ်းအားက အခုဆို အပြည့်အဝနီးပါး ပြန်ရနေလောက်ပြီ။”