← Chapters

မျက်နှာဖြတ်ရိုက်ခံရ

Vol. 38 Ch. 519

မျက်နှာဖြတ်ရိုက်ခံရ

Vol. 38 Ch. 519

ယဲ့ကျွင်းလင် ပြုံးလိုက်သည်။

စစ်တုရင်သူတော်စင်ဖြစ်နေတော့ရော ဘာဖြစ်လဲ?

ငါက သူ့ကို အလွယ်တကူ ထိန်းချုပ်နိုင်ဦးမှာပဲ!

စစ်တုရင်သူတော်စင်သည် စစ်တုရင်ပညာ၏ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသော်လည်း စစ်တုရင်သူတော်စင်များကြားတွင်ပင် မတူညီသော အဆင့်ခွဲများ ထပ်ရှိနေသေးသည်။

ကျင့်ကြံဆင့်တူ ကျင့်ကြံသူများကြားတွင်ပင် စွမ်းရည် ကျင့်စဥ် အရည်အသွေးပိုင်းဆိုင်ရာ ကွာခြားချက်များ ရှိသေးသကဲ့သို့ စစ်တုရင်ပညာတွင်လည်း အဆင့်တူတိုင်း လက်ရည်တူခြင်းမဟုတ်။

“အင်အားကြီးသူနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာခြင်း” စွမ်းရည်သည် စစ်တုရင်ပညာတွင်ပါ သက်ရောက်သွားခြင်းကြောင့် ယဲ့ကျွင်းလင်သည် ကစားရာတွင် အနာဂတ်ကို ကြိုသိနေသကဲ့သို့ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို အမြဲတစေ ကြိုတင်ခန့်မှန်းနိုင်သည်။ ထို့ကြောင့် အသာစီးရဖို့ အမြဲတမ်းသေချာနေခဲ့ခြင်းပင်။

ယဲ့ကျွင်းလင်က ပွဲပြီးသွားပြီဟု ယူဆပြီး ထရပ်ကာ ထွက်ခွာတော့မည်အပြု ရင်းမြစ်နေရာ မခန့်မှန်းနိုင်သော ထိုရှေးဟောင်းအသံက အာကာသလမ်းကြောင်းတစ်လျှောက် ပဲ့တင်ထပ်လာသည်။

“ပထမအချီ ပြီးဆုံးပါပြီ၊ စစ်တုရင်ပွဲ၏ ဒုတိယအချီ စတင်ပါပြီ!”

ထို့နောက် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အဘိုးအို၏ အရိပ်သည် အနည်းငယ် ပို၍ ခိုင်မြဲထင်ရှားလာကာ သစ်သားရုပ်သေးကဲ့သို့ တောင့်တင်းနေသောမျက်နှာသေတွင်လည်း မျက်နှာအမူအရာများ မသိမသာ စတင်ဖြစ်ပေါ်လာသည်။

“ဟမ်?”

ယဲ့ကျွင်းလင် အနည်းငယ် အံ့အားသင့်သွားသည်။ “ဒါကဘာလဲ? သုံးပွဲဆက်အမှတ်ပေါင်း ပွဲစဥ်လား၊ ဒါမှမဟုတ် နောက်ဆုံးအချီထိ ဆက်တိုက်နိုင်မှ နိုင်တာမျိုးလား?"

“ဟေး၊ စုစုပေါင်း ဘယ်နှချီရှိတာလဲ! အစကတည်းက ရှင်းရှင်းပြောလေ!”

သူ စကားဆုံးသည်နှင့်တစ်ပြိုင်နက်။

ထိုရှေးဟောင်းအသံက အာကာသလွင်ပြင်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်၊

“စစ်တုရင်ပွဲမှာ စုစုပေါင်း သုံးချီရှိပါတယ်။ ပြိုင်ပွဲဝင်ဟာ နောက်ဆုံးအောင်ပွဲကိုရဖို့အတွက် နောက်ဆုံးပွဲကို အနိုင်ရရမှာဖြစ်ပါတယ်!”

“ဒီလိုကိုး”

ယဲ့ကျွင်းလင် ခေါင်းညိတ်သည်။

သူ့အတွက်တော့ အခက်အခဲမရှိ၊ အချိန်နည်းနည်းပိုကုန်ရုံမျှသာ။

မည်သို့ပင်ဆိုစေ သူသည် အင်အားကြီးသူနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာမည့် စွမ်းရည်ပိုင်ရှင်သာဖြစ်၏။ ရလဒ်က အောင်ပွဲမှအပ တစ်ခြားမရှိ။

အပြင်ဘက်တွင်။

ကျင့်ကြံသူများက သတင်းကောင်းကို စောင့်မျှော်နေကြသည်။

လော့ရိတောင်တန်းမှ မိုင်ငါးရာအကွာ တိတ်ဆိတ်သောနေရာတစ်ခုတွင် မက်မွန်ပင်များက တောင်တန်းလွင်ပြင် နိမ့်တုံမြင့်တုံ အသွယ်သွယ်ကို ဖုံးအုပ်ထားသည်။ သူတို့၏ရနံ့သည် ပတ်ဝန်းကျင်တကြောလုံးကို လွှမ်းခြုံနေပြီး လူကို လန်းဆန်းကြည်လင်စေ၏။

ကျောက်စားပွဲတစ်ခုပေါ်တွင် လက်ဖက်ရည်ခွက်နှစ်ခွက်ကို တင်ထားသည်။

လက်ဖက်ရည်ခွက်များထဲတွင် မက်မွန်ပွင့်ဖတ်များသည် တိတ်ဆိတ်စွာ ပေါ်လောပေါ်လျက်ရှိ၏။

“တာအိုရောင်းရင်း စစ်ထူ၊ ကျေးဇူးပြုပြီး တစ်ခွက်လက်ခံပါ”

“ကျေးဇူးတင်ပါတယ်”

စစ်ထူယန်သည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တည်ငြိမ်စွာ တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်က သင်းပျံ့ဖျော့တော့သော မက်မွန်ရနံ့ကို သယ်ဆောင်ထားကာ အဆုံးမရှိသော ချိုမြိန်မှုကို စွဲကျန်ရစ်စေရင်း သူ့၏အရသာခံအာရုံများအား ဖြည့်ဆည်းထုံမွှမ်းပေး၏။

မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်မှာ ဆံဖြူအဘိုးအိုတစ်ဦးဖြစ်သည်။

အဘိုးအိုသည် အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ဆံပင်ကို သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထားသည်။ မျက်နှာသွင်ပြင်က နုညက်ချောမွေ့ကာ မသေမျိုးကဲ့သို့ သန့်စင်မြင့်မြတ်သော အမူအရာနှင့် ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်သည်။

စစ်တုရင်ပွဲတွင် ပါဝင်ခဲ့သော ကျင့်ကြံသူများသာ ရှိနေခဲ့လျှင် ဤအပြာရင့်ရောင်ဝတ် အဘိုးအိုသည် မိမိတို့ ရင်ဆိုင်ယှဥ်ပြိုင်ခဲ့သော စစ်တုရင်ကစားသူနှင့် အလွန်ဆင်တူကြောင်းကို တအံ့တသြ တွေ့ရှိရပေမည်။

လုံးဝဥဿုံ တူညီသည်ဟုပင် ပြောနိုင်သည်။

စစ်ထူယန်သည် လက်ဖက်ရည်ခွက်ကိုချကာ မျက်နှာချင်းဆိုင်ရှိ အဘိုးအိုကို စူးစိုက်ကြည့်သည်။

ဤသည်မှာ သူရှာဖွေတွေ့ရှိခဲ့သော ဒုတိယမြောက် ပြန်လည်နိုးထလာသူဖြစ်၏။ ဤတစ်ကြိမ်တွင်မူ လူသားမျိုးနွယ်တစ်ဦးဖြစ်ပြီး တာအိုအမည်မှာ သူတော်စင်ကွမ်ချီ ဟုဆိုသည်။

ပြီးခဲ့သည့် အကြိမ်ကဲ့သို့ပင် သူသည် ပူးပေါင်းရန် မဟာမိတ်ကို ရှာဖွေတွေ့ရှိချိန်၌ တစ်ဖက်လူက အစပိုင်းတွင် ဆန္ဒမရှိခဲ့ပေ။ သူ့ဘက်မှ ရက်ရောသော ကမ်းလှမ်းမှုများကို ပေးအပ်ဆွဲဆောင်ကာ အနာဂတ်အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြမှာသာ တစ်ဖက်လူ၏ သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခု ခွင်းလွင်ကမ္ဘာသည် ပြိုလဲလုနီးပါးဖြစ်နေသည်ပင်။ ဤကာလအတွင်း နောက်ခံတောင့်တင်းသော အင်အားစုတစ်ခုပေါ်တွင် မှီခိုနိုင်ခြင်းသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိလိမ့်မည်။

ရှေးခေတ်မှ လက်ရှိခေတ်အထိ ပုန်းခိုအိပ်စက်ရန် ရွေးချယ်ခဲ့သော ထိုစွမ်းအားရှင်များသည် အခြေခံအားဖြင့် ကောင်းကင်ဘုံက သတ်မှတ်ရွေးချယ်ပေးထားသော ကံကြမ္မာလမ်းအား ဆန့်ကျင်ပြောင်းလဲရန် စိတ်ကူးရှိထားသူများပင်။ သို့မဟုတ်ပါက သူတို့သည် မသေမျိုးနယ်မြေသို့ ရောက်နှင့်ပြီးသား ဖြစ်ပေလိမ့်မည်။ ခွင်းလွင်ကမ္ဘာတွင် ဆက်လက်ရှင်သန်တည်ရှိနေခြင်း၏ အကြောင်းရင်းက ထိုတစ်ခုတည်းသာဖြစ်၏။

ထို့ကြောင့် စစ်ထူယန်ဘက်မှ အဆိုပြုလာသော ကမ်းလှမ်းချက်များနှင့် ရင်ဆိုင်ရသောအခါ သူတော်စင်ကွမ်ချီသည်လည်း ထိုသွေးဆောင်မှုအား ခုခံတွန်းလှန်ဖို့ မဖြစ်နိုင်ခဲ့ပါ။

မိမိ၏ ဘဝသက်တမ်းကို အထိအခိုက်မရှိထိန်းသိမ်းပြီး ပိုမြင့်မားဝေးလံသည့်နေရာသို့ တက်လှမ်းဖို့က ဒီတစ်လမ်းသာကျန်သည်။

နိဗ္ဗာန်ကမ္ဘာ၏ အလင်းမျိုးနွယ်စုမှာ သန်မာအားကောင်းရာတွင် နာမည်ကျော်သည်။ အကယ်၍ သူတို့သည်သာ အနာဂတ်တွင် ခွင်းလွင်ကမ္ဘာကို သိမ်းပိုက်နိုင်ခဲ့လျှင် မိမိကတော့ အကာအကွယ်အောက် လုံခြုံဘေးကင်းစွာ နေထိုင်ရပေမည်။

ထို့အပြင် သူတော်စင်ကွမ်ချီသည် လက်ရှိ စကြဝဠာ၏ အဆင့်အတန်းသတ်မှတ်မှုအရ ခွင်းလွင်ကမ္ဘာ မည်မျှ အားနည်းနေသည်ကိုလည်း သိနားလည်သည်။ ကြယ်တာရာ ဂြိုဟ်သိမ်ဂြိုဟ်မွှား မြောက်များစွာမှ မျိုးနွယ်စုတိုင်းက ခွင်းလွင်ကို မရမနေ လိုချင်တပ်မက်နေကြသည်။ မသေမျိုးဘုံသည်ပင် သူတို့ပိုင်နက်သူတို့ အနိုင်နိုင်ကာကွယ်ရမည့် အဖြစ်ပါပေ။

ဤသို့ဖြင့် မိမိ၏ အသက်နှင့်နေရာကို ကာကွယ်ရန်အတွက် သူတော်စင်ကွမ်ချီသည် စစ်ထူယန်နှင့် ပူးပေါင်းရန် သဘောတူခဲ့သည်။

သူ့တွင် စိတ်ထင်ရာစိုင်းတတ်သော အကျင့်မရှိ။ ဆန့်ကျင်ဘက်အားဖြင့် သူသည် အခွင့်အရေးကို ကျွမ်းကျင်စွာ အမိဖမ်းတတ်ပြီး အားနည်းချက်များကို အသုံးချရာတွင်လည်း ကျွမ်းကျင်သည်။ မိမိ၏ကိုယ်ပိုင်ပန်းတိုင်ကို ပြည့်မြောက်အောင်မြင်ရန် သက်ရှိသတ္တဝါအပေါင်းကို စတေးရမည်ဆိုလည်း မလုပ်နိုင်စရာအကြောင်းမရှိ။

ဥပမာအားဖြင့် ဤ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲသည် အခွင့်အရေးယူလိုသော ကျင့်ကြံသူများကို သီးသန့်ပိတ်မိစေရန် သူကိုယ်တိုင် ထုတ်လွှတ်ခဲ့သော ငါးစာဖြစ်၏။

ထိုသို့သော သေသေချာချာ စီစဥ်နေရာချထားသည့် ထောင်ချောက်သည် စစ်ထူယန်ကိုပင် ချီးကျူးချင်စိတ် ဖြစ်ပေါ်စေသည်။

မိမိတို့လိုအပ်နေသည့် ပါရမီရှင်မျိုးကို ရှာတွေ့ခဲ့လေပြီ။

“တာအိုရောင်းရင်း၊ ဒီအဘိုးအို စီစဥ်ထားတဲ့ ဒီ စစ်တုရင်ပွဲ ပြီးဆုံးပြီး သူတို့ရဲ့ ကံကြမ္မာအသီးအပွင့်တွေကို ဆိတ်သုဥ်းအောင်ရိတ်သိမ်းပြီးတဲ့အချိန်ကျ နောက်အစီအစဥ်ကို ဆက်သွားကြတာပေါ့လေ"

“ကျေးဇူးပြုပြီး စိတ်ရှည်ပါဦး”

စစ်တုရင်သူတော်စင်သည် အရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်ရင်း အနည်းငယ်အလိုမကျဟန် မျက်နှာထားတွင် အပြုံးဖျော့ဖျော့ပေါ်ပေါက်လာသည်။

ဤမသေမျိုး အခွင့်အလမ်းသည် သူကိုယ်တိုင်ကြံစည်ဖွဲ့စည်းထားသော ထောင်ချောက်တစ်ခုသာဖြစ်၏။ ရှုံးနိမ့်ခဲ့လျှင်တောင် ဆုလာဘ်များ ရရှိဦးမည်ဟူသော သွေးဆောင်မှုကို အသုံးပြုလျက် ကျင့်ကြံသူအမျိုးမျိုးကို ဤနေရာသို့ စုဝေးရောက်ရှိဖို့ ဆွဲဆောင်သည်။ ရည်ရွယ်ချက်မှာ ထိုသူတို့၏ကံတရားကို ဖဲ့ယူရိတ်သိမ်းရန်သာ။

သုံးကြိမ် အခွင့်အရေးရှိသည့် အကြောင်းပြချက်မှာလည်း အကြိမ်တိုင်းတွင် ကံရာခိုင်နှုန်းတစ်ခုကို ရိတ်သိမ်းမည်ဖြစ်ပြီး သုံးကြိမ်မြောက်တွင် ကျင့်ကြံသူတို့၏ ကောင်းမွန်သန့်စင်သောကံတရားမှာ အကြွင်းအကျန်မရှိအောင် ရိတ်သိမ်းခံရဖို့သာဖြစ်၏။

All Chapters