← Chapters

ကြောက်မက်ဖွယ် ဝမ်းလျှောမှု

Vol. 2 Ch. 16

ကြောက်မက်ဖွယ် ဝမ်းလျှောမှု

Vol. 2 Ch. 16

"သောက်ရမ်းကွာ ..." တောင်နံရံရှိ လက်သီးရာကို မြင်လိုက်သည်နှင့် အန်လင်းမှာ အံ့အားတကြီး ဖြစ်မိသည်။

ဒီအင်မော်တယ် မန္တန်ရဲ့ ခွန်အားမှာ မန္တန် အသုံးပြုသူ အန်လင်း ကိုယ်တိုင်ပင် ပြန်လည်ထိတ်လန့် နေရသည်။

အံ့ဩပြီးသည့် နောက်တွင် အန်လင်း မျက်နှာ၌ အားရကျေနပ်မှုနှင့် စိတ်လှုပ်ရှားသည့် အမူအရာများ ပေါ်ထွက်လာသည်။

စနစ်ရဲ့ ပထမဆုံး အင်မော်တယ်မန္တန် တောင်ခွင်းလက်သီးက ဒီလောက်တောင် စွမ်းအားကြီးနေမယ် ဆိုရင် မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်းနည်းစနစ် ဆိုရင် ဘယ်လိုများ ဖြစ်မလဲ။

သူက ချက်ချင်းဆိုသလို မိုးကြိုးပစ်ခံလို့ရမည့် နေရာကို ရှာဖွေရန် ပြင်းပြသည့်ဆန္ဒ ဖြစ်ပေါ်လာသည်။

ထိုကျင့်ကြံခြင်း နည်းစနစ်၏ ရိုးရှင်းသည့် အမည်ကပင် အတော်လေး အထင်ကြီးစရာ ကောင်းသည်။ တောင်ခွင်းလက်သီး၏ သက်ရောက်မှုများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သဖြင့် အန်လင်းက ထိုအရာကို ပိုပိုပြီး တွေးမိလေလေ ပြုလုပ်ဖို့ရာ တရွရွ ဖြစ်လာလေ ဖြစ်သည်။

အန်လင်းက ကျေနပ် အားရသည့် မျက်နှာဖြင့် သူ့အင်မော်တယ် မန္တန်ထဲ နစ်မြုပ်နေသည်ကို မြင်ရသည့်အခါ စုရှောင်လန်သည် မရည်ရွယ်ဘဲ ဟွန့်ခနဲ အသံပြုမိသည်။

အန်လင်းက ထိုအင်မော်တယ် မန္တန်အား မည်သည်နေရာမှ သင်ယူခဲ့သလဲ ဆိုသည်ကို သူမ မသိသော်လည်း ထိုအခိုက်အတန့်တွင် တစ်ခုခု ပြုလုပ်ရန် လိုအပ်သည်ကိုတော့ သူမ သိသည်။

"နင့်ရဲ့ အင်မော်တယ် မန္တန်က အဲလောက်လည်း စွမ်းအား မကြီးသေးပါဘူး ... ဒါကို ကြည့်လိုက်စမ်း ..."

ထိုသို့ ပြောပြီးသည်နှင့် စုရှောင်လန်က သူမရှေ့ရှိ တောင်နံရံကို တစ်ချက် ထိုးသွင်းလိုက်ပြီး ခုနစ်မီတာ နီးပါးရှိသည့် ကြီးမားသည့် မီးလျှံလက်ဖဝါး တစ်ခုသည် နံဘေးမှ ဝှီခနဲ ဖြတ်သွားသည်။

စု‌ရှောင်လန်နှင့် အတန်ငယ်ဝေးသည့် နေရာတွင် ရပ်နေသေည်လည်း ထိုမီးလျှံ လက်ဖဝါးမှ ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် အပူကို အန်လင်းက ခံစားနေရသည်။

မကြာမီမှာပင် ထိုလက်ဖဝါးသည် တောင်နံရံကို ရိုက်မိပြီး ပြင်းထန်စွာ တုန်ခါစေသည်။

ဘုန်း ...

နားကွဲလုမတတ် ဆူညံသံနောက်တွင် အန်လင်း၏ လက်သီးရာထက် အဆပေါင်းများစွာ ကြီးမားသည့် လက်ဖဝါးရာသည် တောင်နံရံတွင် ပေါ်လာတော့သည်။

ထို့အပြင် ထိုလက်ဖဝါးရာ၏ နံဘေးပတ်လည်ရှိ ကျောက်သားများသည်လည်း လောင်ကျွမ်းကာ အနက်ရောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ပြီး စုရှောင်လန်အား လှည့်ကြည့်လိုက်သည်။

ထို့နောက် သူမမျက်နှာတွင် အပူအပင် ကင်းမဲ့သည့် အမူအရာကို မြင်လိုက်ရသည်။

ထိုသည်က သူမသည် ထိုလက်ဖဝါးချက်ကို အားစိုက်ထုတ်မှု မရှိဘဲ ပစ်လွှတ်ခဲ့သည် ဆိုခြင်းပင်။

အန်လင်းမှာ နောက်တစ်ဖန် စိတ်အားငယ်ခြင်းကို ခံစားရပြန်သည်။

ဒီ ... သာမန်လက်ဖဝါး တစ်ချက်ရဲ့ စွမ်းအားတောင် ငါ့ရဲ့ တောင်ခွင်းလက်သီးထက် အများကြီးပို ပြင်းထန်လွန်းနေတယ် ... အဲတော့ ငါ့အင်မော်တယ် မန္တန်က သာမန်မန္တန် တစ်ခုပဲ ဖြစ်မသွားဘူးလား ... ဟူး

ထိုသို့ သက်ရောက်အားမျိုး ရရှိရန်အတွက် အန်လင်း မသိလိုက်သည်မှာ စုရှောင်လန်သည် တာအိုခန္ဓာ အဆင့် ၁၀ ဖြစ်သည့်အပြင် သူမ၏ ကောင်းကင် ဇာမဏီသွေးဆက်ကိုပါ ထပ်ပေါင်းထည့်ရန် လိုအပ်သေးသည်။

ထို့ကြောင့် အင်မော်တယ် မန္တန်တွေထဲမှာ ဆိုလျှင် အန်လင်း၏ ထိုးချက်အားသည် အတော်လေး စွမ်းအားပြင်းနေပြီဟု စဉ်းစားရမည်ပင်။

စုရှောင်လန် ထိုသို့ ပြုလုပ်ရခြင်းမှာ သူက အင်မော်တယ် မန္တန်တစ်ခု သင်ယူပြီး ကျေနပ်အားရ နေမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

ထို့နောက် သူမက အန်လင်းအား တစ်ချက် ခိုးကြည့်လိုက်သည်။ သူ့အမူအရာကို မြင်လိုက်သည့် အခါတွင်တော့ သူမဘာသာ ခေါင်းညိတ်လိုက်ကာ တိတ်တဆိတ် ပျော်ရွှင်နေတော့သည်။

ဒါက အတော်လေး သက်ရောက်မှု ရှိသွားပုံပဲ ...

အနည်းဆုံးတာ့ ထိုအင်မော်တယ် မန္တန်ကို လက်ကိုင်ထားပြီး ကမ္ဘာကြီး တစ်ခုလုံးက ငါ့လက်ထဲမှာကွ ဆိုသည့် အမူအရာကို နောက်ထပ် ပြုရဲတော့မည် မဟုတ်။

***

တောင်စိတ်အဆီအနှစ်ကို မျိုရမည်ဟူသည့် လိုအပ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သဖြင့် အန်လင်းက အိမ်သို့ ပြန်လာခဲ့သည်။

သူ့အခန်းသို့ ပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို စတင်ကျင့်ကြံကာ ခန္ဓာကိုယ် အတွင်းသို့ အရေးပါသည့် စွမ်းအင်များ စုပ်ယူလိုက်သည်။

ငါက ဒီထက်ပိုပြီး ကြိုးစားရဦးမယ့်ပုံမှာ ရှိတယ် ... ထုံအတဲ့ကောင်က ပိုကြိုးစားရမှာပေါ့လေ ...

ထိုနေ့က အဖြစ်အပျက်များက အန်လင်းအား အတော်လေး တုန်လှုပ် စေခဲ့သည်။

ကနဦး သူထင်နေခဲ့သည်မှာ စစ်နတ်ဘုရားစနစ်ကို အမှီပြု၍ ဒီကမ္ဘာကြီးရှိ ပါရမီရှင်များကို အလွယ်တကူ အမီလိုက်နိုင်မည် ဟု။ ရက်စက်သည့် အမှန်တရားမှာတော့ သူ့အတွေးအခေါ်သည် မည်မျှလောက် နုံအရိုးစင်း နေသည်ကို ဖော်ထုတ်လျက်ရှိသည်။

ငါ့လို သွေးဆက်လည်း မရှိ၊ ပါရမီလည်း မပါ၊ ဂိုဏ်းအထောက်အပံ့လည်း မရတဲ့သူအတွက် ဒီစနစ်ကို မှီခိုနေရင်းနဲ့ ပါရမီရှင်တွေကို အမီလိုက်ဖို့ဆိုတာ အမှန်တကယ်ကော ဖြစ်နိုင်ပါ့မလား။

ဒီစနစ်အပေါ် အရမ်းကို ယုံကြည်ကိုးစားနေပြီးတော့ ကိုယ့်ဘာသာ အားထုတ်မှု မရှိဘူးဆိုရင် ငါတို့တွေကြားက ကွာဟချက်က ပိုပိုပြီး ကြီးထွားလာနိုင်တယ်။

အန်လင်းက ကျရှုံးခြင်းကို ကြောက်ရွံ့သူတစ်ယောက် မဟုတ်ပေ။ ရှေ့ဆက်ရမည့် လမ်းက ပိုခက်ခဲကြမ်းတမ်း လာသည်နှင့်အမျှ သူကလည်း ပိုလို့ ကြံ့ခိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

ထို့ကြောင့်ပင် မိနစ်တိုင်း စက္ကန့်တိုင်းလိုလို ကျင့်ကြံခြင်းကို အလေးအနက်ထား ပြုလုပ်နေခြင်းသာ။

သူ့မှာ လုံလောက်သည့် ပင်ကိုစွမ်းရည် မရှိပါက အချိန်များစွာပေးပြီး ဖြည့်ကျင့်မည်သာ။

သို့ပေမဲ့လည်း သူက ကြံ့ခိုင်လိုစိတ် အပြည့်ဖြင့် ကျင့်ကြံနေစဉ် သူ့ဝမ်းဗိုက် အောက်ပိုင်းသည် နာကျင်ကိုက်ခဲ လာသည်ကို ခံစားရသည်။

ဟမ် ... ဘာဖြစ်တာလဲ ဟ ...

နာကျင်မှုက ပိုဆိုးဝါးလာသည်ကြောင့် အန်လင်းမှာ သူ့ဝမ်းဗိုက်ကိုသာ ပွတ်နေမိသည်။

ဝမ်းဗိုက်မှ နာကျင်မှုကို ကျော်လွှား ပြီးနောက်တွင်တော့ အလွန်တရာ ထိတ်လန့် တုန်လှုပ်လာသည်။

ဝမ်းဗိုက် ပတ်ပတ်လည်တွင် တလိပ်လိပ် ထနေသကဲ့သို့ ခံစားမိလာသည်။ ဖြစ်နိုင်တာကတော့ အစာအဆိပ်သင့်တာ များလား။

ကျောင်းကန်တင်းမှ အစားအစာအားလုံးသည် ကျန်းမာရေးနှင့် ညီညွတ်မျှတသည် ချည်းသာ။ ပြောရမည်ဆိုလျှင် တာအိုခန္ဓာ အဆင့် ၇ ရှိ လူတစ်ယောက်သည် အစာအဆိပ်သင့်ခြင်းမှ အပ ဝမ်းဗိုက် နာကျင်ခြင်းကို ခံစားဖို့ရန်မှာ အလွန်ရှားပါး လွန်းသည်။

အား ... မထိန်းနိုင်တော့ဘူးဟေ့ ... ဝမ်းသွားဖို့ လိုနေပြီ ...

အန်လင်းက ဒီထက်ပို တောင့်မခံထား နိုင်တော့သည်ကြောင့် အိမ်သာသို့ အပြေးသွားရသည်။

ထို့နောက်တွင် ဆင်အကောင်တစ်ရာ မြေပြင်ကို နင်းသကဲ့သို့ အသံကြီးသည် အိမ်သာအတွင်းမှ ထွက်ပေါ်လာသည်ကို ကြားရသည်။ အထဲတွင်တော့ ဝမ်းများက အရှိန်ဖြင့် ထွက်ကျတော့သည်။

ဒုတိယနေ့တွင်တော့ စုရှောင်လန်က အန်လင်းအား စာသင်ခန်းထဲတွင် မတွေ့မိသောကြောင့် အတော်လေး စဉ်းစားမရ ဖြစ်နေသည်။

ထိုနေ့တွင် အန်လင်းက အိမ်သာအတွင်း ဆောင့်ကြောင့် ထိုင်နေရသည်။

သူ့ဝမ်းဗိုက်ထဲတွင် စွန့်ထုတ်ရန် မည်သည့်အရာမှ ကျန်မနေတော့သော်လည်း မနေနိုင်လောက်အောင် ဝမ်းသွားချင်စိတ်က တားမရပေ။

တတိယမြောက်နေ့ ... စုရှောင်လန်က အန်လင်းအား စာသင်ခန်းထဲတွင် သုံးရက်တိုင်တိုင် မတွေ့မိသဖြင့် ဘယ်လိုမှ စဉ်းစားမရနိုင်ဘဲ ရှိနေသည်။ နောက်ထပ် ရန်ဖြစ်လို့ ထိန်းသိမ်းခံထားရပြန်တာများလား။

အန်လင်းက ရုတ်တရက်ဆိုသလို အတော်လေး စွမ်းအားပြင်းသည့် အင်မော်တယ် မန္တန်တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားပြီး ထိုအကြောင်းနှင့် ဆက်စပ်နေမလား ဆိုသည့်အချက်က သူမစိတ်ထဲ ပေါ်လာသည်။

ထိုသည်ကို တွေးမိသည်နှင့် သူမက သက်ပြင်းတစ်ခုကို ချလိုက်ကာ ထိန်းသိမ်းရေး အဆောင်သို့ သွားပြီး အန်လင်းအား တွေ့သင့်သလားဟု စဉ်းစားနေမိသည်။

ထိုနေ့တွင်လည်း အန်လင်းမှာ အိမ်သာထဲ ဆောင့်ကြောင့် ထိုင်နေရသည်။

သူ့ဝမ်းဗိုက်ထဲတွင် စွန့်ထုတ်ရန် မည်သည့်အရာမှ ကျန်မနေတော့သော်လည်း မနေနိုင်လောက်အောင် ဝမ်းသွားချင်စိတ်က တားမရပေ။ ထိုသည်က သူ့အား အိမ်သာထဲမှ ထွက်မရဖြစ်စေသည်။

စတုတ္ထမြောက်နေ့ ... ထိုနေ့တွင်လည်း အန်လင်းကို စာသင်ခန်းထဲတွင် မတွေ့ရပါ။ ထို့ကြောင့် စုရှောင်လန်က စိတ်ဆုံးဖြတ်လိုက်ကာ ထိန်းသိမ်းရေး အဆောင်သို့ သွားလိုက်သည်။

ကျောင်းဆင်းသည်နှင့် သူမက ကျောင်းတော်ထိန်းသိမ်းရေး အဆောင်သို့ ရောက်ရှိပြီး ရှာဖွေခဲ့ပေမဲ့ အန်လင်း ရှိမနေပေ။

အံ့ဩစရာကြီး ... ထိန်းသိမ်းရေးအဆောင်မှာလည်း ရှိမနေဘူးဆိုတော့ ဘယ်တွေသွားနေတာတုန်း ...

သူမစိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ရောက်မလာခင် စုရှောင်လန်က မျက်မှောင်ကြုတ်လိုက်သည်။ အဲ ... အဲဒါက တောင်စိတ်အဆီအနှစ်ကြောင့်တော့ မဟုတ်ပါဘူးနော် ... ဟုတ်များ ဟုတ်နေတာလား။

တောင်စိတ်အဆီအနှစ် ဆိုသည်မှာ တောင်စောင့်နတ်ဘုရား စုပ်ယူထားသည့် စိတ်စွမ်းအင်များကို အသွင်ပြောင်းထားခြင်း ဖြစ်သည်။

တောင်စိတ်အဆီအနှစ်က သူ့အလိုလို ဆိုလျှင် အန္တရာယ် မရှိသော်လည်း ကျင့်ကြံသူများ အနေဖြင့် ၎င်းအား တိုက်ရိုက် မျိုချမိပါက ဘေးထွက်ဆိုးကျိုး အချို့ ဖြစ်စေနိုင်သည်။ အတိအကျဆိုရသော် သုံးရက်ခန့် အပြင်းအထန် ဝမ်းလျှောခြင်း ...

ကနဦးတွင် စုရှောင်လန်မှာ အန်လင်းအား စနောက်ချင်သည်ကြောင့် ထိုအချက်အား မပြောခဲ့ခြင်းပေ။ သူမက စေတနာထားသည့်ပုံ ပြကာ သူ့ဝမ်းဗိုက်မှ စတင် နာလာသည်နှင့် ချက်ချင်းဆိုသလို ကုသပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အန်လင်းအနေဖြင့် သူမအပေါ် ကျူးလွန်ထားသည့် အမှားကို လက်စားချေရာလည်း ရောက်မည် ဖြစ်သည်။

မမျှော်လင့်ထားသည်မှာ တောင်စိတ်အဆီအနှစ်ကို မျိုချပြီးသော်လည်း အန်လင်းက မည်သည့်လက္ခဏာမှ မပြခဲ့သည့်အပြင် အရမ်းကို တက်ကြွ ဖျတ်လတ်နေပုံ ပေါ်နေသေးသည်။ ထို့ကြောင့် စုရှောင်လန်က အန်လင်းသည် ဘေးထွက်ဆိုးကျိုးများကို မခံစားရဟု တွေးထင်လိုက်ခြင်း ဖြစ်သည်။

စုရှောင်လန်က သူမမေးစေ့ကို လက်ဖြင့်ဆိတ်ပြီး တတွတ်တွတ် ရေရွတ်နေသည်။ "ထင်မြင်ချက် တစ်ခုက ဖြစ်မလာသေးဘူးဆိုရင် အဲဒါက အချိန်မတန်သေးလို့ပဲ ..."

"ဒီနေ့က သုံးရက်မြောက်ပဲ ... တကယ်လို့ အဲဒါက တောင်စိတ်အဆီအနှစ်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ရင် မနက်ဖြန်တော့ သူ့ကို တွေ့ရမှာပါလေ ..."

ထိုနေ့တွင်လည်း အန်လင်းမှာ အိမ်သာထဲ ဆောင့်ကြောင့် ထိုင်နေရသည်။

သူ့ဝမ်းဗိုက်ထဲတွင် စွန့်ထုတ်ရန် မည်သည့်အရာမှ ကျန်မနေတော့သော်လည်း မနေနိုင်လောက်အောင် ဝမ်းသွားချင်စိတ်က တားမရပေ။ ထိုသည်က သူ့အား အိမ်သာထဲမှ ထွက်မရ ဖြစ်စေသည်။

သူ့အူများပင် ထွက်ကျတော့မည်ဟု အန်လင်း ခံစားနေရသည်။

ပဉ္စမမြောက်နေ့ ... စုရှောင်လန်က  အန်လင်းအား စာသင်ခန်းအတွင်း မတွေ့ရှိပါ။ ချက်ချင်းဆိုသလို သူမ၏ ယခင် ခန့်မှန်းချက်ကို ပယ်ဖျက်လိုက်သည်။

ဝမ်းလျှောတာကြောင့်တော့ မဟုတ်နိုင်တော့ဘူးမလား ...

ဘယ်လိုတွေ စိတ်ပူစရာကောင်းလိုက်တဲ့ လူလဲနော် ... ကိစ္စတော့ မရှိပါဘူး ... ကျောင်းဆင်းရင် သူ့အိမ်ကို သွားလိုက်မယ် ...

ထို့နေ့တွင်လည်း အန်လင်းမှာ အိမ်သာထဲတွင်သာ ဆောင့်ကြောင့် ထိုင်နေခဲ့သည်။ တစ်ချိန်လုံး ဝမ်းသွားချင်နေသည့် ခံစားချက်သည်လည်း သူ့စိတ်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

ဒါဆိုရင်လည်း ဘာလို့များ အိမ်သာထဲ ဆောင့်ကြောင့် ထိုင်နေသေးတာလဲလို့ မေးချင်နေတာလား။

ဘာကြောင့်လဲဆိုလျှင် သူက မတ်တတ် မရပ်နိုင်လို့ပါ။

အမှန်ပါပဲ။ ဆောင့်ကြောင့် ထိုင်နေခဲ့ရတာကြောင့် သူ့ခြေထောက်များ ချိ သွားသောကြောင့်ပင်။

***

All Chapters