ပြိုင်ဘက်ကင်းဖြစ်တည်မှု
Vol. 158 Ch. 2241
နတ်အလင်းက ရီဖူရှင်း၏ မျက်လုံးများမှ ထွက်ပေါ်လာသည်။ ရီဖူရှင်းသည် နောက်ထပ် အသွင်ပြောင်းတိုးတက်ခြင်း ဖြစ်စဥ်ကို ကြုံတွေ့နေရပုံပေါ်ပေသည်။
သူက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ရရှိခဲ့သည်လားဟု ကျင့်ကြံသူများက သိချင်နေကြသည်။ ရီဖူရှင်း၏ အရှိန်အဝါ အပြောင်းအလဲကို တွေ့ရှိပြီးနောက် သူက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်စွမ်းအားကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည့် ဖြစ်နိုင်ချေ မြင့်မားကြောင့် တွေးလိုက်ကြသည်။
မြေပြင်မှ စီဝေ့အင်ပါယာနန်းတော်သခင်က လေထဲသို့ တက်လာကာ ရီဖူရှင်းထံ လျှောက်သွားခဲ့သည်။ ထိုနေရာတစ်ဝိုက်မှ ကျင့်ကြံသူများသည် သူ့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် ခံစားချက်ကို ရှင်းလင်းစွာ ခံစားမိကြပေသည်။
သေချာပေါက်ပင် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က မဟာအင်ပါယာအမွေအနှစ်က သူ့အပိုင်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။
သူက ယခု ကြယ်ကမ္ဘာ၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်သည်။ သူသည် ယခင်က စီဝေ့မဟာအင်ပါယာ၏ ဆန္ဒကို လိုက်နာခဲ့သော်လည်း ယခုအချိန်၌ စီဝေ့မဟာအင်ပါယာအပေါ် သူ၏ သစ္စာရှိမှုက လျော့ကျသွားပြီ ဖြစ်၏။
ယခု ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ရရှိသွားသည့်အတွက် သူက ကိုယ်ပိုင်ယုံကြည်ချက်ကို ဖျက်ဆီးပြီး ရီဖူရှင်းကို သတ်ဖြတ်ကာ အမွေအနှစ်အား လုယူချင်နေသည်။
"နန်းတော်သခင်။" စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံများအရ သူတို့သည် နန်းတော်သခင်ကို ထိုသို့ မလုပ်စေလိုကြပေ။ နန်းတော်သခင်က အမှန်တကယ် ထိုသို့ ဆက်လုပ်နေမည်ဆိုလျှင် သူတို့၏ ယုံကြည်မှုများက ပျက်စီးသွားရပေလိမ့်မည်။ သူတို့ ယုံကြည်ထားခဲ့သမျှ စီဝေ့အင်ပါယာနန်းတော်အတွင်းမှ အရာအားလုံးက အချည်းနှီးဖြစ်သွားရလိမ့်မည် ဖြစ်သည်။
စီဝေ့ကြယ်ကမ္ဘာအတွင်းမှ ကျင့်ကြံသူတိုင်းက စီဝေ့မဟာအင်ပါယာကို ယုံကြည် လေးစားကြသည်။
သို့သော် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်က ထိုအခိုက်အတန့်တွင် သူတို့နှလုံးသားထဲမှ တောင်းပန်သံများကို မည်သို့ ကြားနိုင်ပါမည်နည်း။ သူ၏ ခံစားချက်က အပြည့်အဝ ပြောင်းလဲသွားနေပြီဖြစ်ကာ နန်းတော်သခင်က စိတ်ပိုင်းဖြတ်ပြီးပြီ ဖြစ်၏။
ကြောက်မက်ဖွယ် ကြယ်ရောင်နတ်အလင်းတန်းတစ်ခုက ကောင်းကင်အတွင်း ပျံသန်းထွက်လာသည်။ ၎င်းက ကြွေကျလာသော ကြယ်တစ်ပွင့်ကဲ့သို့ ခမ်းနားထည်ဝါကာ ညှို့ယူဖမ်းစားနိုင်ပြီး အောက်ဘက်မှ ထိုးတက်သွားခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ရီဖူရှင်း ရှိသည့်နေရာသို့ တည့်မတ်စွာ ပြေးဝင်သွား၏။
ရီဖူရှင်းက သူ့အကြည့်များကို ထိုတောက်ပသည့် နတ်အလင်းဆီသို့ ရွှေ့လိုက်သည်။ ထို့နောက် ထိတ်လန့်အံ့သြဖွယ် ကောင်းသည့် နတ်ဘုရား စွမ်းအားများ ပါဝင်နေသော အစွမ်းထက်ကာ ထည်ဝါသည့် အသံတစ်ခုက ရီဖူရှင်း၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ "ရဲတင်းလိုက်တာ။"
ထိုအသံက ကြယ်ကောင်းကင်တွင် ပဲ့တင်ထပ်လာပြီး ကောင်းကင်တစ်ခွင်လုံးကို ပျံ့နှံ့သွားသည်။ ၎င်းသည် ကျင့်ကြံသူများအားလုံးကို တုန်ယင်သွားစေခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်ပင် သူတို့၏ နှလုံးသားများ ပြင်းထန်စွာ ခုန်လှုပ်လာသည်ကို ခံစားမိလိုက်ကြသည်။ သူတို့က ရီဖူရှင်းကို စိုက်ကြည့်လိုက်ကြ၏။
ဤသည်က ရီဖူရှင်း၏ အသံပေလား။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများသည် ကြုံတွေ့ခဲ့ဖူးသော ခံစားချက်ကို ခံစားလိုက်ကြရသည်။ အသံက မဟာအင်ပါယာ၏ အသံကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် မဟာအင်ပါယာထံမှ ဆူပူခြင်းကို ခံလိုက်ရသလိုပင် ဖြစ်၏။
လှပသော နတ်အလင်းက ရွေ့လျားနေခြင်းမှ ရပ်တန့်သွားသည်။ စီဝေ့အင်ပါယာနန်းတော်သခင်က အံ့သြမှင်တက်သွား၏။ သူက ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ့ မျက်နှာထက်မှ အမူအရာက ဆက်လက်ပြောင်းလဲနေသည်။ ကြည့်ရသည်မှာ သူက အနည်းငယ် ထင်ယောင်ထင်မှား ဖြစ်နေသလို ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။ "မဟာအင်ပါယာ။"
သူသည် မဟာအင်ပါယာ၏ စွမ်းအားတည်ရှိမှုကို ခံစားမိပေသည်။
ရီဖူရှင်းက ခေါင်းကို ငုံ့ကာ စီဝေ့အင်ပါယာနန်းတော်သခင်အား ကြည့်၍ ပြောလိုက်သည်။ "ကျုပ်က မဟာအင်ပါယာရဲ့ စွမ်းအားကို ဆက်ခံခဲ့တာ။ ဒီနေ့ကစပြီး စီဝေ့မဟာအင်ပါယာကို ကိုယ်စားပြုပြီး စီဝေ့ကြယ်ကမ္ဘာကို ဦးဆောင်မယ်။ ခင်ဗျားတို့ အားလုံးက ကျုပ်ရဲ့ အမိန့်ကို လိုက်နာကြရမယ်။"
ထိုအသံက ခမ်းနားထည်ဝါပြီး သြဇာပြည့်ဝလှသည်။ ၎င်းသည် ရီဖူရှင်း၏ အသံသာမက မဟာအင်ပါယာကဲ့သို့လည်း ထင်မှတ်ရပေသည်။ လူအများသည် ၎င်းက အစစ်အမှန်လား ပုံရိပ်ယောင်သက်သက်လားဆိုသည်ကို မပြောနိုင်ကြပေ။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ကျင့်ကြံသူများ၏ နှလုံးသားကို တုန်ယင်နေစေဆဲပင် ဖြစ်သည်။ ရီဖူရှင်းသည် သူက စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံခဲ့ပြီး ယနေ့မှစကာ သူက စီဝေ့မဟာအင်ပါယာကို ကိုယ်စားပြုပြီး ကြယ်ကမ္ဘာကို အုပ်ချုပ်မည်ဟု ဆိုခဲ့သည်။
ရီဖူရှင်းသည် စီဝေ့ကြယ်ကမ္ဘာကို တာဝန်ယူ အုပ်ချုပ်တော့မည် ဖြစ်သည်။
ဤသည်မှာ သူက စီဝေ့အင်ပါယာနန်းတော်သခင် နေရာကို တိုက်ရိုက်အစားထိုးလိုက်တော့မည်ဟု ဆိုလိုသည်လား။
သူက စီဝေ့ကြယ်ကမ္ဘာကို ဦးဆောင်လျှင် မည်သို့ ဖြစ်လိမ့်မည်နည်။
ရီဖူရှင်းက လောက၌ အလွှမ်းမိုးနိုင်ဆုံးသော အင်အားစုများထဲမှ တစ်ခုကို အုပ်ချုပ်နိုင်သွားမည်ဟု ဆိုလိုပေသည်။ ၎င်းက ပြိုင်ဘက်ကင်း လွှမ်းမိုးမှုကို ပိုင်ဆိုင်ထား၏။
သို့သော် စီဝေ့အင်ပါယာနန်းတော်သခင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ရီဖူရှင်း၏ ကြေညာချက်ကို ကြားပြီးနောက် ပို၍ အရုပ်ဆိုးလာပေသည်။ အစပိုင်းတွင် သူက မဟာအင်ပါယာ၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အတွက် မည်သို့ လုပ်ရမည်ကို မသိတော့ဘဲ ထိတ်လန့်သွားခဲ့သည်။ သို့သော် ရီဖူရှင်း၏ ကြေညာချက်ကို ကြားပြီးနောက် သူ့နှလုံးသားထဲမှ ဒေါသက တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။
သူက စီဝေ့မဟာအင်ပါယာ၏ အမည်ကို သုံးကာ စီဝေ့ကြယ်ကမ္ဘာကို အုပ်ချုပ်ချင်နေသည်လား။
သို့ဆိုလျှင် သူက မည်သို့ ဖြစ်သွားရမည်နည်း။
သူက စီဝေ့မဟာအင်ပါယာ၏ အမည်အောက်တွင် စီဝေ့ကြယ်ကမ္ဘာကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ပေးခဲ့ပြီး ဤအဆင့်အတန်းကို အသားကျလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူက စီဝေ့ကြယ်ကမ္ဘာ၏ အရှင်သခင် ဖြစ်ခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် ကြေညာချက်တစ်ခုတည်းနှင့် စီဝေ့မဟာအင်ပါယာက စီဝေ့ကြယ်ကမ္ဘာအား ဤဆက်ခံသူထံ လွှဲပြောင်းပေးလိုက်သည်လား။
ဤနှစ်များအတွင်း သူ လုပ်ဆောင်ပေးခဲ့သမျှက မည်သို့ ဖြစ်သွားရသနည်း။
စီဝေ့အင်ပါယာနန်းတော်သခင်က ထိုသို့တွေးလိုက်မိသည့်အခါ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာသည်။ အဆုံးမဲ့ ကျယ်ပြောသည့် ကြယ်ကောင်းကင်တွင် ကြယ်နတ်အလင်းများက လင်းလက်နေ၏။ ၎င်းကို ကြည့်ရသည်မှာ မရေတွက်နိုင်သော ကြယ်နတ်ဓားများ ပေါ်ပေါက်လာသလိုပင် ဖြစ်သည်။ ထို့နောက် ၎င်းတို့က ရီဖူရှင်းထံ ညွှန်ပြလာသည်။
မဟာအင်ပါယာ၏ စွမ်းအားကို ရီဖူရှင်း ဆက်ခံထားလျှင်ပင် နန်းတော်သခင်က ရီဖူရှင်းအား သတ်ဖြတ်နိုင်နေဆဲ ဖြစ်သည်။
ယနေ့တွင် နန်းတော်သခင်က သူ၏ နှစ်ပေါင်းများစွာ ယုံကြည်လေးစားခဲ့မှုကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ဘုန်း...
ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်နေသည့် သူ့ခန္ဓာကိုယ်က ကောင်းကင်သို့ ထိုးတက်သွားပြီး ရီဖူရှင်းရှိရာကို တိုးဝင်သွားပေသည်။ စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ဆွံ့အသွားကြလေသည်။ အဆုံးမှာတော့ သူတို့က ဤအခြေအနေသို့ ရောက်ရှိလာနေဆဲ ဖြစ်သည်။
အရာအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။
နောက်ဆုံးရလဒ်တွင် သူတို့၏ နန်းတော်သခင်က သေဆုံးခြင်း သို့မဟုတ် ရီဖူရှင်း အသတ်ခံရပြီး သူ ဆက်ခံထားသည့် မဟာအင်ပါယာ၏ စွမ်းအားက ဖျက်ဆီးခံရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို မည်သည့်အခါမှ ခန့်မှန်းထားခဲ့ခြင်း မရှိပေ။ ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းပြီးသွားသောအခါ၌ပင် သူတို့က ထိုမျှ ရက်စက်သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ သူတို့ ယခင်က သိခဲ့လျှင် ကြယ်ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းကာ မဟာအင်ပါယာ၏ အမွေအနှစ်ကို ဖော်ထုတ်ရန် မည်သည့်အခါမှ ကြိုးစားခဲ့ကြလိမ့်မည် မဟုတ်ပေ။
သို့သော် ယခု အလွန် နောက်ကျသွားပြီ ဖြစ်သည်။ သူတို့သည် သူတို့ရှေ့မှ နန်းတော်သခင်က ရီဖူရှင်းကို သတ်ဖြတ်ရန် တိုးဝင်သွားသည့် မြင်ကွင်းကိုသာ ကြည့်နေနိုင်သည်။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသာမက ကြယ်ကောင်းကင်အတွင်းမှ အခြားကျင့်ကြံသူများသည်လည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေကြပေသည်။ ရီဖူရှင်းနှင့် ရန်ငြိုးတချို့ ရှိနေသော အင်အားစုများက တိတ်ဆိတ်စွာ ထွက်ခွာသွားကြပြီ ဖြစ်၏။ အစောပိုင်းက ရီဖူရှင်း၏ ကြေညာချက်သည် သူတို့ကို အကြောက်တရားအား ခံစားမိစေခဲ့သည်။ ရီဖူရှင်းသည် စကားပြောရန်အတွက် စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို ငှားယမ်းခဲ့သည်။ သို့ဖြစ်လျှင် ရီဖူရှင်းက မဟာအင်ပါယာ၏ ခွန်အားကို အသုံးပြုကာ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး သူက အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်ပေသည်။
ကြောက်မက်ဖွယ် စွမ်းအားက ရီဖူရှင်း၏ ခန္ဓာကိုယ်ထံ ရောက်ရှိလာပုံရသည်။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ရှိ ကြယ်တိုင်းက လှုပ်ရှားနေပုံရသည်။ ထို့နောက် ကျယ်ပြောသည့် အဆုံးမဲ့ ကောင်းကင်အတွင်း မရေတွက်နိုင်သော ကြယ်များမှ စတင်ကာ ကြောက်မက်ဖွယ် နတ်အလင်းတို့ကို တပြိုင်တည်း ထုတ်လွှတ်လာသည်။ နောက်တခဏတွင် ထိုနတ်အလင်းများက ပေါင်းစပ်ကာ ကောင်းကင်ခွင်းနတ်ဓားအဖြစ် ပြောင်းလဲသွားပေသည်။
ကောင်းကင်ခွင်းနတ်ဓားက အထက်မှ တိုက်ရိုက်ကျဆင်းလာကာ ချက်ချင်းပင် ရီဖူရှင်းထံ တိုးဝင်လာသည့် ကြယ်နတ်ဓားတိုင်းက ဖျက်ဆီးခံလိုက်ရပေသည်။
ကောင်းကင်ခွင်းနတ်ဓားက စီဝေ့အင်ပါယာနန်းတော်သခင် အနီးသို့ တိုးဝင်သွားသည့်အခါ နန်းတော်သခင်က အားအင်ပြည့်ဝနေသော အော်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဖျက်ဆီး၍ မရနိုင်သော ဒိုင်းကာတစ်ခုနှင့် တူသည့် ကြီးမားသော ကြယ်တစ်လုံးဖြင့် ဝန်းရံခံထားရပေသည်။ ၎င်းသည် အကြွင်းမဲ့ ကြယ်နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းက ဖျက်ဆီး၍ မရနိုင်အောင်ပင် ဖြစ်သည်။
ဘုန်း...
ထိတ်လန့်တုန်လှုပ်ဖွယ် အသံက လေထဲတွင် ပဲ့တင်ထပ်လာသည်။ ကောင်းကင်က တုန်ခါသွားသလို ကျင့်ကြံသူများ၏ နှလုံးသားကလည်း လျင်မြန်စွာခုန်လှုပ်နေခဲ့သည်။ သူတို့သည် ကြယ်ကောင်းကင်တစ်ခွင်လုံး ပြင်းထန်စွာ တုန်ယင်လာသည်ကို ခံစားမိနိုင်ပေသည်။ ကြယ်များက လှုပ်ရှားနေပုံရသည်။ ကောင်းကင်အတွင်းရှိ အစစ်အမှန် ကြယ်များက အမှန်တကယ် လှုပ်ရှားလာခဲ့သည်။ ၎င်းတို့သည် ကြယ်ကောင်းကင်အတွင်း စီဝေ့အင်ပါယာနန်းတော်သခင်ထံသို့ ပျံသန်းသွားပေသည်။
"ဒါက..."
လက်ရှိ ထိုနေရာ၌ ရှိနေသော ကျင့်ကြံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို အံသြမှင်တက်စွာ ကြည့်လိုက်ကြသည်။ ကောင်းကင်အတွင်းရှိ ကြယ်များက ကြွေကျလာကာ ရီဖူရှင်းကို ဝန်းရံထားသည်။ ၎င်းတို့က အစစ်အမှန်ကြယ်များ ဖြစ်သည်။ ယင်းတို့က ကြီးမားလှပြီး ကြွေကျလာသည်နှင့် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ ထိုကြွေကျလာသော ကြယ်များက စီဝေ့အင်ပါယာနန်းတော်သခင်ထံ ထိုးဆင်းသွားပေသည်။
ဘန်း...
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး စီဝေ့အင်ပါယာနန်းတော်သခင်၏ ကြယ်အကာအကွယ်က ဖျက်ဆီးခံလိုက်ရသည်။ ကြောက်မက်ဖွယ် နတ်အလင်းတို့က သူ့ထံသို့ ဆက်လက်ပျံသန်းလာနေသည်။ စီဝေ့အင်ပါယာနန်းတော်သခင်သည် ထိုအခိုက်အတန့်၌ အလွန် သိမ်နုပ်နေသလို ထင်မှတ်ရသည်။ ကြယ်များနှင့် နတ်ဓားတို့ကြားတွင် သူက ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်း မရှိပေ။
"ဘန်း... ဘန်း.. ဘန်း.."
လေထဲတွင် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမြင်ကွင်းက ကောင်းကင်၌ ကျန်ရစ်ခဲ့သည်။ ကြည့်ရသည်မှာ ကောင်းကင်နှင့် မြေကြီးက အက်ကွဲသွားသလိုပင် ဖြစ်၏။ များပြားလှသော ကြယ်များက အပိုင်းအစများအဖြစ် အက်ကွဲသွားခဲ့သည်။ ထို ကြီးမားလှသော ကျောက်တုံးများကဲ့သို့ ကြယ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ ထိုကြယ်ကျောက်တုံးများက ကောင်းကင်မှ ကျဆင်းလာပြီး ကြယ်ကြွေလာသကဲ့သို့ ထင်မှတ်ရပေသည်။
ကောင်းကင်အနိမ့်ပိုင်းမှ ကျင့်ကြံသူများက ရပ်နေဆဲ ဖြစ်သည်။ ကြီးမားသော ကျောက်တုံးများက သူတို့ထံ ကျဆင်းလာသော်လည်း သူတို့၏ မဟာလမ်းစဥ် စွမ်းအားများက ထိုကျောက်တုံးများကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ ကြည့်ရသည်မှာ သူတို့က ပျက်စီးနေသော လောကအလယ်၌ ရပ်နေသလို ထင်မှတ်ရသည်။ သို့သော် မည်သူကမှ ၎င်းကို အာရုံစိုက်မနေပေ။ သူတို့၏ အကြည့်များက ကောင်းကင်၌ စူးစိုက်နေခဲ့သည်။ စီဝေ့အင်ပါယာနန်းတော်သခင်က ထိုနေရာ၌ ရပ်နေဆဲ ဖြစ်သည်။ အလွန် လှပသော နတ်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာသည်။ သို့သော် သူက ချက်ချင်း ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။
သူက လက်ထဲမှ တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သွေးလွှမ်းသော မျက်လုံးနီနီများနှင့် ရီဖူရှင်း ပုံရိပ်ကို စိုက်ကြည့်နေကြသည်။ သူသည် ၎င်းကို ရီဖူရှင်း လုပ်ဆောင်ခြင်းမဟုတ်ဘဲ မဟာအင်ပါယာ၏ စွမ်းအားက ထိုနေရာ၌ ရှိနေခြင်းဖြစ်ကြောင်း သိရှိပေသည်။
ထို့နောက် စီဝေ့နန်းတော်သခင်၏ ခန္ဓာကိုယ်က စတင်ဝေဝါးလာသည်။ သူက ရုတ်တရက် ပြုံးလိုက်၏။ ၎င်းက ချောက်ချားဖွယ်ရာ အပြုံးမျိုး ဖြစ်ပြီး ဝမ်းနည်းမှုတစ်စွန်းတစ်စ စွန်းထင်းနေခဲ့သည်။
"မဟာအင်ပါယာ.. ကျုပ်က ဘာများလဲ။" ကြည့်ရသည်မှာ သူက အဖြေမလိုသည့် မေးခွန်းကို မေးနေသလို ထင်မှတ်ရပြီး စီဝေ့မဟာအင်ပါယာကို တိုက်ရိုက်မေးနေပုံရသည်။ သူက ဘာများလဲ။
သူက နားမလည်နိုင်ပေ။ သူသည် သူ့ဘဝက ဝမ်းနည်းဖွယ်ကောင်းသည်ကိုသာ ခံစားမိပေသည်။
မည်သူကမှ မတုန့်ပြန်ခဲ့ပေ။ ယင်းက တုံ့ပြန်ရန် မဖြစ်နိုင်သည့် အကြောင်းအရာ ဖြစ်သည်။ ထိုဝမ်းနည်းနေသည့် အပြုံးများကြားတွင် စီဝေ့အင်ပါယာ နန်းတော်သခင်၏ စိတ်ဝိညာဥ်က အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။
"ကျုပ် မုန်းတယ်။"
အသံတစ်ခုက ကောင်းကင်တွင် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။ ၎င်းက စီဝေ့အင်ပါယာနန်းတော်သခင်၏ အသံပင် ဖြစ်သည်။ သူက သေဆုံးသွားခဲ့သော်လည်း သူက ဆန္ဒ မရှိခဲ့ဘဲ အမုန်းတရားကို ချန်ရစ်ခဲ့သည်။ ကြယ်ကောင်းကင်အောက်တွင် ရှိနေသော ကျင့်ကြံသူများက လေထုထဲတွင် ပြန့်ကျဲနေသော သူချန်ရစ်ခဲ့သည့် ကြွင်းကျန်နေသော အမုန်းတရားများကို ခံစားမိကြပေသည်။
သူက မုန်းတီးခဲ့သည်။ သူက အမှန်တကယ် မုန်းတီးခဲ့လေသည်။
ကောင်းကင်ရှိ ကျင့်ကြံသူများက ဆွံ့အသွားခဲ့သည်။ နန်းတော်သခင်က နတ်ဘုရားကပ်ဘေးကို နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်နိုင်ခဲ့သော အလွန် အစွမ်းထက်သည့် နတ်ဘုရားကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်သည်။ သို့သော် ယခု သူက ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် သူက အဆုံးမဲ့သော အမုန်းတရားများနှင့် သေဆုံးသွားခဲ့သည်။ ထိုသည်မှာ သေချာပေါက် ဆုံးရှုံးမှုပင် ဖြစ်သည်။
မည်မျှ ကံဆိုးလိုက်သနည်းဟု သူတို့က တွေးလိုက်ကြသည်။ သို့သော် နန်းတော်သခင်က ရီဖူရှင်းအား ဆန့်ကျင်လိုက်သည်နှင့် အဆုံးသတ်က ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။ ၎င်းက ပြောင်းလဲ၍ မရနိုင်သော အမှန်တရား ဖြစ်သည်။ မဟာအင်ပါယာ၏ စွမ်းအားက တစ်စွန်းတစ်စလေး ကျန်ရှိနေလျှင်ပင် ထိုစွမ်းအားက ယှဥ်ပြိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။
လူအများသည် ဝမ်းနည်းမှုမှ ကြွင်းကျန်ရစ်သော ခံစားချက်ကို ခံစားမိကြပေသည်။ စီဝေ့အင်ပါယာနန်းတော်မှ နန်းတော်သခင်၏ နောက်ဆုံးမေးခွန်းက သူတို့ စိတ်ထဲ၌ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။
မဟာအင်ပါယာ.. ကျုပ်က ဘာများလဲ။
ဟုတ်ပါ၏။ သူက မည်သည့် အဆင့်မျိုး၌ ရှိနေခဲ့ပါသနည်း။
မဟာအင်ပါယာတစ်ပါး၏ မျက်လုံးထဲ၌ သာမန်လူများက ပုရွက်ဆိတ်ကဲ့သို့ပင် ဖြစ်နိုင်သည်။ သူ့ဆက်ခံသူ၏ အရှေ့တွင် စီဝေ့အင်ပါယာနန်းတော်သခင်ကလည်း ပုရွက်ဆိတ်သာသာ အဆင့်၌ ရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူက ချက်ချင်းပင် တစ်ချက်တည်းနှင့် အသတ်ဖြတ်ခံခဲ့ရလေသည်။
သူတို့က စီဝေ့မဟာအင်ပါယာ၏ ဆက်ခံသူဖြစ်သော ရီဖူရှင်းကို ကြည့်လိုက်ကြသည်။
ကြည့်ရသည်မှာ မဟာအင်ပါယာ၏ စွမ်းအားအကြွင်းအကျန်က ရီဖူရှင်းနှင့်အတူ ရှိနေပုံရသည်။ သို့သော် ၎င်းက မည်မျှ အစွမ်းထက်ကြောင်း မည်သူကမှ မသိကြပေ။ ရီဖူရှင်းကိုယ်တိုင်သာ သိရှိပေလိမ့်မည်။
အမှန်တွင် ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်သခင်၏ သေဆုံးခြင်းကို မြင်သည့်အခါ သူသည်လည်း အနည်းငယ် မတည်ငြိမ်သော စိတ်ခံစားချက်ကို ခံစားမိခဲ့သည်။ သူက အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက ရီဖူရှင်းကို ထောက်ခံအားပေးကာ ကူညီပေးခဲ့လျှင် မည်သည့်အခြေအနေမျိုး ဖြစ်လာခဲ့မည်နည်း။
ကံမကောင်းစွာနှင့် သူ့အပေါ်ထားရှိသော နန်းတော်သခင်၏ အမုန်းတရားက အလွန် အားကောင်းနေခဲ့သည်။ နန်းတော်သခင်၏ သစ္စာတရားက ပြိုပျက်သွားသည်နှင့် နန်းတော်သခင်က စီဝေ့မဟာအင်ပါယာ၏ ရန်သူဖြစ်လာရလျှင်ပင် ရီဖူရှင်းအား သတ်ဖြတ်ချင်ခဲ့ပေသည်။ ထိုသို့ ဖြစ်ပျက်ခဲ့သောအခါ နောက်ပြန်မဆုတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ရီဖူရှင်း၏ တစ်ခုတည်းသော ရွေးချယ်မှုက သူ့ကို သတ်ဖြတ်ရန်သာ ဖြစ်သည်။ ထိုကဲ့သို့သော ရန်သူတစ်ယောက်က အလွန် အန္တရာယ် များပေသည်။
အရာအားလုံးက နောက်ဆုံး၌ ပြီးဆုံးသွားပြီဖြစ်သည်။ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာထံမှ ဆက်ခံခဲ့သော စွမ်းအားကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေသည်။ ထို့အပြင် သူ ထင်ထားသလိုပင် စီဝေ့မဟာအင်ပါယာက သူ၏ အနာဂတ်ပြဿနာများကို ဖြေရှင်းရန် အစီအစဉ်များ ချမှတ်ထားခဲ့သည်။ ကြယ်ကောင်းကင်အောက်တွင် မည်သူမှ သူ့ကို ထိနိုင်လိမ့်မည် မဟုတ်ပေ။
စီဝေ့မဟာအင်ပါယာ၏ စွမ်းအားက ရီဖူရှင်း ခန္ဓာကိုယ်အတွင်း မရှိတော့ပါချေ။ ထို့အစား ကောင်းကင်ရှိ ကြယ်များဆီသို့ ပြန်ရောက်သွားသည်။ ကြယ်များ၏ စွမ်းအားများ ပြောင်းလဲခြင်းက မဟာအင်ပါယာ၏ စွမ်းအား တည်ရှိနေသည်ဟု ဆိုလိုပေသည်။
ရီဖူရှင်းအတွက် သူ၏ စိတ်ဝိညာဉ်က ကောင်းကင်ရှိ ကြယ်များနှင့် ပေါင်းစပ်နေခဲ့ပြီး ဖြစ်သည်။ သူက မဟာအင်ပါယာ၏ စွမ်းအားနှင့် တသားတည်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူက ကြယ်ကောင်းကင်တွင် ရှိနေသရွေ့ ပြိုင်ဘက်ကင်း ဖြစ်နေပေလိမ့်မည်။
***