← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II (2)

Vol. 24 Ch. 235

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II (2)

Vol. 24 Ch. 235

ဝူဖန် ကုကျစ်စုန့်တို့အား ပြန်ကြည့်လိုက်သည်။

“ဧည့်သည်တွေရှေ့ မျက်နှာပျက်ရပြီ၊ ရွာထဲက ကလေးတွေက ရို််းစိုင်းပြီး ဆူညံလွန်းတယ်”

နှုတ်ဆက်စကားပြောပြီးနောက် ကုကျစ်စုန့်က သာမန်ကဲ့သို့ သိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

“ရွာသူကြီးဝူ၊ ရှောင်ရှီရွာက ရွာသူကြီးချန်ပြောတာကတော့ ဒီနှစ်ရွာကြားမှာ လမ်းမရှိဘူးဆို? ကျွန်မတို့ အခုလျှောက်သွားနေရင်းနဲ့တင် မသိလိုက်ခင်မှာ ဒီကိုရောက်လာတာ”

ဝူဖန်: “ဒါ.. ဒါက အရင်တုန်းကတည်းက စွန့်ပစ်ထားတဲ့ လမ်းဟောင်းလေ၊ အပြင်က လမ်းကြီးက ဖြောင့်ဖြူးနေမှတော့ ဒီလမ်းကြားကနေ ဘယ်သူက လမ်းလျှောက်လာတော့မှာလဲ?”

ပရိုဂရမ်အဖွဲ့သားများရော၊ ပြိုင်ပွဲဝင်များပါ ရွာလူကြီး၏ စကားသည် အလိမ်အညာများဖြစ်ကြောင်း သိကြသည်။ သို့သော် ကုကျစ်စုန့်မျက်နှာကတော့ အမှန်တကယ်ယုံကြည်သွားဟန်ပေါ်ကာ နောက်ထပ် ထပ်မမေးတော့ပေ။

သူမက တစ်ဖက်ကို လှည့်လိုက်ပြီးနောက် သိပ်မဝေးသည့် နေရာမှ သစ်ပင်အောက်တွင် ကျောက်ချထိုင်နေပြီး ကလေးငယ်များ ထုရိုက်ခြင်းကို ခံထားရသော အရူးမကြီးကို ကြည့်လိုက်သည်။

“ဟိုအစ်မကြီးကရော ဘာဖြစ်နေတာလဲ၊ သူမရဲ့မိသားစုဝင်တွေကရော? သူတို့က သူမကို ဒီတိုင်း ရိုက်နေတာကို ခွင့်ပြုထားကြတာလား? ဒီအစ်မကြီးကို ဂရုမစိုက်ကြဘူးလား?”

ဝူဖန် ထိုစကားကိုကြားရပြီးနောက် ညစ်ပတ်ပေရေနေပြီးတစ်ယောက်တည်း စကားပြောနေသော အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ရွံရှာသည့်အမူအယာကလည်း မျက်နှာပေါ်တွင် အတိုင်းသားပင်။

“အဲဒီတစ်ယောက် ရွာထဲက ရူးနေတဲ့တစ်ယောက်လေ၊ သူမကို တစ်ခုခု ကူညီပေးဖို့လုပ်တာနဲ့ အရူးဖောက်ပြီး လိုက်ကိုက်တော့တာပဲ၊

သူမရဲ့ယောကျ်ားရော၊ ယောက္ခမရော၊ ကလေးတွေကိုပါ ရန်လုပ်တာ၊ ဒါနဲ့ပဲ မိသားစုထဲကနေ နှင်ထုတ်ခံလိုက်ရတာပေါ့၊ အဲ့လိုအရူးအနှမ်းမျိုးကို ဘယ်သူက ဂရုစိုက်နေမှာတုန်း?”

“ရွာထဲကလူတွေက သူမကို သနားစရာကောင်းလို့ဆိုပြီး နှင်မထုတ်ကြတာလေ၊ စားစရာတွေလည်း ပေးထားတာ၊ ဘယ်လောက် လုပ်ပေးပါစေ၊ သူမကို ထိန်းလို့ကို မရဘူး ၊ ဂရုစိုက်တဲ့လူတွေကတော့ သနားဖို့ကောင်းတာပဲ”

ဝူဖန် လက်ကို ဆန့်လိုက်ပြီးနောက် ဆက်ပြောသည်။

“အားလုံးပဲ ရွာထဲမှာ သွားပြီး အနားယူကြမလား?”

သူ ပရိုဂရမ်အဖွဲ့ထံသို့ ခြေလှမ်းလိုက်ချိန်တွင် သစ်ပင်အောက်မှ အရူးမကလည်း ပရိုဂရမ်အဖွဲ့အား သတိထားမိသွားသည်။

အရူးမာ ခေါင်းမော့လာပြီးနောက်တွင် သူမ၏ ရှုပ်ထွေးငြိတွယ်နေသည့် ဆံပင်များအောက်မှ ဒုက္ခဆင်းရဲ ခံစားထားရသည့် မျက်နှာပေါ်လာခဲ့သည်။

သူမ၏ မျက်လုံးများသည်က မြူခိုးများကဲ့သို့ ဖြစ်နေသော်ငြား အသံကြောင့် လှမ်းကြည့်လာခြင်းဖြစ်သည်။

သို့သော် တောက်ကျန့်ဝတ်စုံ ဝတ်ဆင်ထားသည့် ရှင်းယိချင်း၊ နိုင်ငံခြားသားများ ဝတ်ဆင်တတ်သော အင်္ကျီရှည် ဝတ်ဆင်ထားသည့် ဟဲမီတူတို့အား မြင်တွေ့ပြီးနောက် သူမ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးနှင့် အမုန်းတီးဆုံး မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့ပြီးနောက် ဝါကျန့်ကျန့်ဖြစ်နေသည့် သူမ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။

သူတို့၏နောက်မှ ရွာသားများ၏ အာမေဋိတ်သံများကို ကြားလိုက်ရသောကြောင့် ပြန်လှည့်ကြည့်လိုက်ချိန်တွင် အရူးမကြီးမှာ မည်သည့်အချိန်ကတည်းကမှန်းမသိ၊ မတ်တပ်ရပ်နေခဲ့သည်။

သူမ၏ အရေးအကြောင်းများ ပြည့်နေသော မျက်နှာသည်ကညး အမုန်းတရားများ ပြည့်နှက်နေသကဲ့သို့ဖြစ်နေပြီး အမူအယာမှာလည်း ဒေါသတကြီးဖြစ်နေသည်။

သူမက အသံနက်နက်ဖြင့် အော်ဟစ်လိုက်သံကြောင့် ရွာသားများမှာ ထိတ်လန့်သွားခဲ့ရလေသည်။

ချက်ချင်းပင် သူမာ အရူးကဲ့သို့ ပြေးလာခဲ့ပြီးနောက် ရွာသားများကို ဆွဲရမ်းခြင်းကာ ပါးစပ်ဖြင့်လည်း ကိုက်ဆွဲနေခဲ့သည်။

“ဘုရားရေ! ဖန်တာ့ကော၊ ဒီအရူးမ ထ,ဖောက်ပြန်ပြီ!”

ဝူဖန် မျက်နှာပျက်သွားခဲ့ပြီးနောက် ရှုံ့မဲ့နေသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။

“မြန်မြန်၊ ချုပ်ထားကြလေ!”

သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းရွာသားသုံးဦးခန့် သူမကို မြေကြီးပေါ်တွင် ဖိထားသော်ငြား အတင်းရုန်းကန်နေသည့် အမျိုးသမီးကို မထိန်းထားနိုင်ခဲ့ပေ။

*

“ဒီအရူးမက သန်လိုက်တာ.. သေစမ်း! ငါ့လက်ကိုတောင် ကိုက်မိသွားသေးတယ်၊ သူ့မှာ ကူးစက်တတ်တဲ့ ရောဂါမျိုးတော့ မရှိပါဘူးနော်? မရှိဘူးမလား!?”

ရွာသားတစ်ယောက် အံကြိတ်ကာ ဒေါသထွက်နေခဲ့သည်။

စိတ်မမှန်သည့် အမျိုးသမီးကတော့ ရုန်းကန်အော်ဟစ်နေဆဲပင်။

သူမ၏ မော့ကြည့်လာသော မျက်နှာတွင်လည်း အမုန်းတရားများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံကို အတိုင်းသား မြင်တွေ့နေရသည်။

သူမ အကြည့်များ၏ ဦးတည်ရာမှာတော့ ရှင်းယိချင်းနှင့် ဟဲမီတူတို့ ရပ်နေသည့် နေရာပင်!

ရှင်းယိချင်း: “???”

ဟဲမီတူ: “???”

သူတို့နှစ်ဦးလုံးလည်း အမျိုးသမီး၏ ရန်လိုသည့်အကြည့်ကို ခံစားလိုက်ရဿည်။ သူတို့က တစ်ယောက်၏ မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း အရှေ့သို့ တိုးလာခဲ့ကြသည်။

စိတ်မမှန်သည့် အမျိုးသမီး၏ စူးရှမုန်းတီးသည့် အကြည့်များကတော့ သူတို့နှစ်ဦးထံမှ မခွာဘဲ ဒေါသတကြီးဖြင့် အော်ဟစ်နေခဲ့လေသည်။

တခြားပြိုင်ပွဲဝင်များနှင့် ဝန်ထမ်းများ၏အမြင်တွင်လည်း သူမတွင် ပြဿနာတစ်ခုခုရှိနေကြောင်း သတိထားမိလိုက်ကြသည်။

ရှင်းယိချင်း မျက်မှောင်ကြုတ်လိုက်ပြီးနောက် စကားစသည်။

“ငါ ဒီအမျိုးသမီးကို မသိပါဘူး၊ ဒီနေ့မှ သူ့ကို ပထမဆုံးမြင်ဖူးတာပဲ၊ သူ့ကို ဒေါသထွက်အောင် ဘာမှ မလုပ်ခဲ့မိတာ သေချာပါတယ်”

ဟဲမီတူလည်း နားမလည်နိုင်စွာ ပုခုံးတွန့်လိုက်သည်။

“ကျွန်တော်ရောပဲ”

ဒေစီကတော့ အော်ဟစ်နေသည့် အရူးမကြီးကို ကြည့်ကာ စိတ်မကောင်းဖြစ်နေဟန်ပေါ်သည်။

“ရွာသူကြီးဝူ… ရှင်တို့တွေ သူ့ကို အဲဒီလိုဖိထားရင် သူ ထိခိုက်သွားပါဦးမယ်”

အရူးမကြီးအား ဖိထားသည့် ရွာသားသုံးဦးထဲမှ တစ်ဦးက ထိုအရူးမကြီးကို ထိုးကြိတ်ကန်ကျောက်နေခဲ့သည်။

ဝူဖန်: “မင်းတို့သုံးယောက်၊ သူ့ကို ရွာရဲ့ ကော်မတီရုံးမှာ ထည့်ထားလိုက်၊ ဒါမှ ဧည့်သည်တွေကို ရန်မလုပ်နိုင်မှာ၊ ကျူပ်ကပဲ အားလုံးကို တောင်းပန်ပါတယ်၊ ဒီနေ့ ဒီမိန်းမ ပိုပြီး စိတ်ဖောက်နေတယ်”

ရွာသားသုံးဦးက အော်ဟစ်နေဆဲဖြစ်သော စိတ်မမှန်သည့် အမျိုးသမီးကို ဆွဲ၍ ထွက်ခွာသွားတော့မည်ကို မြင်လိုက်ရပြီးနောက် တစ်ချိန်လုံး အသံတိတ်နေခဲ့သည့် ကုကျစ်စုန့် ရုတ်တရက် ထပြောလိုက်သည်။

“ရွာသူကြီးဝူ၊ သူမကို ရွာထဲမှာ ထားလို့ သိပ်အဆင်မပြေလောက်ဘူးနော်. ကျွန်မ မြင်သလောက်ကတော့ ရွာထဲမှာ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေပါ ရှိနေတာမလား၊ သူတို့ကို ထိခိုက်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ?”

ကုကျစ်စုန့် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ကျွန်မတို့ အဖွဲ့ထဲက တောက်ကျန့်ပိုင်စစ်က လူနာတွေကို ကုတဲ့နေရာမှာ အရမ်းကို တော်တာ၊ ကြည့်ရှု့သူတွေကဆိုရင် သူ့ကို ‘ပြန့်ချူး’ လို့တောင် ခေါ်ကြတာနော်၊ ဒီသနားဖို့ကောင်းတဲ့ အစ်မကိုလည်း သူကူညီနိုင်မှာပါ

ကျွန်မတို့ သူ့ကို ရွာကော်မတီရုံးကို ခေါ်သွားပြီးမှ ပိုင်စစ်က သူ့ကို စစ်ဆေးကုသပေးပါ့မယ်”

*ပြန့်ချူး- တရုတ်နိုင်ငံတွင် စစ်မက်ခေတ်ချိန်က ဆေးပညာကျွမ်းကျင်မှုကြောင့် ကျော်ကြားသည့် ဆေးဆရာတစ်ဦး

“မဟုတ်တာ.. မင်းတို့ကို အနှောင့်အယှက်မပေးချင်ပါဘူး”

ဝူဖန် ကြက်သေ,သေသွားသည်။ ကုကျစ်စုန့်မှ ထိုကဲ့သို့ အကြံပေးလာလိမ့်မည်ဟု သူတွေးမထားခဲ့မိပေ။

သူက ချက်ချင်း ငြင်းဆိုလိုက်ပြီးနောက် ပြန်၍ ရှင်းပြသည်။

“ဘာလို့လဲဆိုတော့ အရင်က ကျုပ်တို့လည်း ဆရာဝန် ပင့်ပြီး သူ့ကို စစ်ပေးဖူးတယ်၊ ဆေးရုံကြီးကိုလည်း ခေါ်သွားဖူးတယ်လေ၊ ဒါပေမယ့် သူတို့ပြောတာတော့ သူမက ကုလို့ မရတော့ဘူးတဲ့၊ ဒီတော့ အလကားသပ်သပ် အချိန်ကုန်မခံပါနဲ့”

“ရပါတယ်၊ ရပါတယ်၊ လူကိုမှ ကုသပေးဖို့ ငြင်းဆန်တယ်ဆိုရင် တကယ့် ဆရာဝန်ကောင်းတစ်ယောက် ဘယ်ဟုတ်တော့မလဲ? မဟုတ်ဘူးလား ပိုင်တောက်ကျန့်?”

ကုကျစ်စုန့် ပိုင်စစ်ကိုကြည့်လိုက်သည်။

စင်ပေါ်သို့ အတင်ခံလိုက်ရသည့် ပိုင်ခီတစ်ယောက်ကတော့ အသံများပင် ထစ်နေခဲ့သည်။

“ဟင်? ဟုတ်တယ်.. ဟုတ်တာပေါ့၊ ကျွန်တော် သူ့ကို စစ်ဆေးဖို့… ကြည့်ပေးလို့ရပါတယ်”

ကျန်ရှိနေသည့် ပြိုင်ပွဲဝင်များလည်း နားလည်ရခက်နေခဲ့ကြသည်။ သူတို့အနေဖြင့် ကုကျစ်စုန့်သည်ကား သရဲဖမ်းခြင်းတွင်သာ စိတ်အားတက်ကြွမှုရှိတတ်ပြီး ကျန်ကိစ္စများကို စိတ်မဝင်စား၊ အလုပ်ကို အမြန်ဆုံးသာ ဆင်းချင်သူဟု ထင်ခဲ့ကြသည်။

သို့သော်လည်း သူမ မည်သည့်အချိန်တည်းက ဤကဲ့သို့ ကူညီချင်စိတ် ပြင်းပျသွားရပါသနည်း?

အကြည့်အားလုံး ဝူဖန်၏ အဖြေကို စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် လုံးဝလက်မခံချင်သော်ငြား အံကိုကြိတ်၍ ခေါင်းငြိမ့်လိုက်ရသည်။

“ဒါဆိုရင် တောက်ကျန့်တို့ကို အကူအညီတောင်းပါတယ်!”

လူအုပ်ကြီးက ကျေးရွာကော်မတီ၏ ရုံးခန်းသို့ လျှောက်လာကြသည်။

အရှေ့မှ ရွာသားသုံးဦးက ရုန်းကန်ကာ ရန်လုပ်နေဆဲဖြစ်သည့် စိတ်မနှံ့သော အမျိုးသမီးကို ဆွဲခေါ်လာကြသည်။ ကုကျစ်စုန့်ကတော့ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ကျေးရွာရှုခင်းကို ကြည့်ရင်း အေးဆေးလိုက်လာခဲ့သည်။

နောက်ဆုံးမှ ဝူဖန်ကတော့ စိတ်ထဲတွင် မယုံကြည်နိုင်သလို စိတ်မသက်မသာလည်း ဖြစ်နေခဲ့သည်။

ဤလူများသည်က အဘယ်ကြောင့် အရူးမတစ်ယောက်ကို ကူညီပေးချင်နေပါသနည်း?

သူတို့သည်က အမှန်တကယ် ကြင်နာတတ်၍ပေလော။ သို့မဟုတ်ပါက တစ်ခုခုကို ရှာတွေ့သွားခြင်းပေလော။

သို့လော၊သို့လော အတွေးများနှင့် သူ သုန်မှုန်နေခဲ့သည်။

သို့သော် ဤအမျိုးသမီး ရူးနေသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။

အတိတ်က ဖြစ်ရပ်များသည်လည်း မေ့ပျောက်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။ ရွာထဲမှ လူများပင် သူမအကြောင်းနှင့် ထိုအဖြစ်အပျက်များအကြောင်းကို မပြောကြတော့ပေ။

သူမသည်လည်း ယခင်ကနှင့် လုံးဝမတူညီဘဲ ပြောင်းလဲနေပြီဖြစ်သည်။

အပြင်လူများအနေဖြင့် မည်သည့်နည်းနှင့်မျှ ထိုအရူးမမှာ မည်သူဖြစ်ကြောင်း၊ သူနှင့် မည်သို့ပတ်သတ်ကြောင်း သိနိုင်စရာ အကြောင်းမရှိတော့ပေ။

ရွာထဲသို့ လမ်းလျှောက်လာချိန်တွင် အိမ်ရှေ့အရိပ်တွင် အနားယူနေကြသည့် ရွာသားများ၊ သစ်ပင်အောက်တွင် ကတ်ကစားနေသည့် ရွာသားများကလည်း ဤထူးဆန်းသည့် လူအုပ်ကို ကြည့်ရင်း စပ်စုနေခဲ့ကြသည်။

ဝူဖန် အသံမာမာဖြင့် ဆူငေါက်လိုက်သည်:

“ဘာတွေကြည့်နေကြတာလဲ? အိမ်မှာ စားစရာ၊သောက်စရာတွေက အဆင်သင့်ဖြစ်နေပြီလား? အလုပ်တွေက ပြီးနေကြပြီလား?”

သူသည်က ဤရွာတွင် ဩဇာအာဏာ အင်မတန်ညောင်းဟန်ပေါ်သည်။ ဝူဖန်၏ အော်သံကို ကြားရပြီးနောက် စပ်စုနေကြသည့် ရွာသားများ ခေါင်းငုံ့ကာ မျက်နှာလွှဲသွားကြသည်။

ညစ်ပေနေသည့် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ကာ ဆေးလိပ်ဖွာနေသည့် အဘိုးအိုတစ်ယောက်ကတော့ သူတို့၏အနားသို့ လျှောက်လာခဲ့သည်။ အဘိုးအိုသည်ကား အသားမည်းမည်း၊ ပိန်လှီ၍ ပုညှက်ညှက်ဖြစ်သည်။

အနားသို့ရောက်လာသည်နှင့် အမျိုးသမီးပြိုင်ပွဲဝင်သုံးဦးအား မျက်လုံးများ မှေးစင်း၍ သေသေချာချာစိုက်ကြည့်နေသည်မှာ အလွန်ပင် ရွံရှာဖွယ် ကောင်းသည်။

ကုကျစ်စုန့်၏ မျက်လုံးများ မှေးစင်းသွားပြီး ရှီဟိုင်ဟုန်နှင့် ဒေစီတို့လည်း ထိုလူအိုကြီး၏ အကြည့်များ အဓိပ္ပာယ်ကို သဘောပေါက်မိသောကြောင့် မျက်မှောင်ကို ကြုတ်၍ ပြန်စိုက်ကြည့်လိုက်ကြသည်။

အဘိုးအို သွားဖြဲ၍ ပြုံးလိုက်စဉ်တွင် ရွံရှာဖွယ်ကောင်းသည့် ဝါကျင်ကျင်နှင်း မည်းညစ်နေသော သွားများ ပေါ်လာပြန်သည်။

သူက ဝူဖန်ကို မျက်လုံးမှိတ်ပြလိုက်ရင်း စကားစသည်။

“ဝူဖန်၊ အလှလေးတွေချည်းပါလား? မင်း ဘယ်ကနေများရှာလာတာလဲ?”

ထိုညစ်ပေနေသည့် နှာပူးအဘိုးအိုအား မြင်လိုက်သည်နှင့် ဝူဖန် နှာခေါင်းရှုံ့သည်။

ထို့နောက် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

“လေးယောက်မြောက်ဦးလေး၊ မဟုတ်တာတွေ ပြောမယ်ဆိုရင် ပါးစပ်ကို မဟနဲ့၊ ကျုပ်တို့ရွာရဲ့ နာမည်ကို မဖျက်နဲ့! ဒီလူတွေက တီဗီအစီအစဉ်က သတင်းလွှင့်တဲ့ သူတွေ!”

သူက အဘိုးအိုအား မပြောသင့်သည့်စကားများ မပြောမိစေရန် သတိပေးသည့်သဘောဖြင့် အသံကို ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်းပင်။

*

All Chapters