← Chapters

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II (3)

Vol. 24 Ch. 236

မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် II (3)

Vol. 24 Ch. 236

အဘိုးအိုမှာ ဝူဖန်ပြောလာသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားဟန်ပေါ်သည်။ သူက ချက်ချင်းပင် ဟန်ကို ထိန်းလိုက်နိုင်ပြီး မပြောသင့်သည့် စကားများကို နှုတ်မှ မထွက်မိစေရန် ထိန်းထားခဲ့သည်။

သို့သော် ခေါင်းမာမှုကိုတော့ မဖျောက်နိုင်ပေ။ သူက စိတ်ပျက်သောဟန်ဖြင့် နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပြောလာပြန်သည်။

“သူတို့က တီဗီအစီအစဉ်ကဆိုတော့ရော ဘာဖြစ်လဲ? မိန်းမတွေပဲ မဟုတ်လို့လား? အချိန်တန်ရင် ယောကျ်ားယူပြီး ယောကျ်ား စကားကို နားထောင်ရမှာပဲ!

ဒီနေ့ မိန်းမလေးတွေက မကောင်းတဲ့ အကျင့်တွေ တော်တော်လေး အတုခိုးကြတာပဲ၊ တစ်ယောက်ထက်တစ်ယောက် ပို,ပိုဆိုးလာကြတယ်၊ ငွေကလည်း မက်လိုက်ကြတာ

အသက်လေး နည်းနည်းရတာနဲ့ တောင်ပေါ်မှာ ဆင်းရဲတာတွေ ဘာတွေ ပြောလာကြပြီး ၊ မွေးလာတဲ့နေရာကိုလည်း ဂရုမစိုက်ကြတော့ဘူး၊ မြို့ကြီးပြကြီးတွေသွားပြီး ပိုက်ဆံရှိတဲ့ ယောင်္ကျားကို ယူကြတာပဲ….”

ထိုစကားများကို ကြားရပြီးနောက် ဝူဖန်တစ်ယောက် သွေးပင် နားထင်သို့ဆောင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့၏စိတ်ထဲတွင်တော့ ထိုလူအိုကြီး၏ ပါးစပ်ကို သွားပိတ်ရန်သာ တွေးမိလိုက်သည်။

သို့သော် ကံမကောင်းစွာပင် ပြောချင်ရာပြောနေသည့် အဘိုးအိုက ပို၍ လျင်မြန်ကာ သူ နှောင့်ယှက်ချိန်မရသေးခင်မှာပင် ဆက်ပြောနေခဲ့သည်။

“ငါ့ အလိုရတော့ ဒီမိန်းမလေးတွေကို သေချာသင်ပြပေးသင့်တယ်၊ ငါတို့ ယောကျ်ားတွေကပဲ လုပ်ပြီး သူတို့ကို အိမ်မှာပဲ နေခိုင်းရမှာ…”

အဘိုးအိုစကားမဆုံးခင်မှာပင် ဝူဖန်၏ အချက်ပေးမှုကြောင့် ရွာသားနှစ်ဦးရောက်လာပြီး သူ့အား ဆွဲခေါ်သွားခဲ့သည်။

“ဦးလေး.. ရူးနေပြီလား? ခင်များ ဘာတွေပြောနေတာတုန်း!”

လူအိုကြီးကို ဆွဲထုတ်သွားပြီးနောက် ဝူဖန်‌ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။

“အထင်မလွဲကြပါနဲ့.. ကျုပ်တို့ ရှောင်ယန်ရွာသားတွေက အဲဒီလို တွေးတာမဟုတ်ပါဘူး၊ ဒီဦးလေးကြီးက ရွာထဲမှာ တစ်ခုလပ်လေ၊ သူက အသက် ၅၀လောက်ရှိပြီး မိန်းမကလည်း ထွက်ပြေးသွားတာ၊

ဒီတော့ နည်းနည်း စိတ်မကြည်နေတာပါ. အခြားရွာသားတွေက ဖော်ရွေကြပါတယ်..”

ကုကျစ်စုန့်ကတော့ ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်ဘေ၏။

“ရပါတယ် ရွာလူကြီးဝူ၊ ကျွန်မတို့ နားလည်ပါတယ်”

အဘိုးအိုထံမှ နှောင့်ယှက်ခြင်းခံရပြီးနောက် ဝူဖန် အချိန်မဆွဲရဲတော့ချေ။ သူတို့ သွားသည့်လမ်းတွင် ရွာထဲမှ မစဉ်းစားမဆင်ခြင်၊ ပါးစပ်သရမ်းတတ်သည့် လူမိုက်ကောင်များနှင့် တွေ့ကာ ထိုသူများကြောင့် အချက်အလက်များ ပေါက်ကြားသွားမည်ကို တွေးပူနေရသည်။

ထို့ကြောင့် သူက မည်သည့်နေရာကိုမျှ မဝင်တော့ဘဲ ကျေးရွာကော်မတီရုံးခန်းသို့ ခပ်သော့သော့ ခေါ်သွားခဲ့သည်။

ရုံးခန်းသို့ ရောက်ရှိချိန်တွင် ကုကျစ်စုန့်ကတော့ မူမပျက် ပြောလာလေ၏။

“ရွာလူကြီးဝူက အလုပ်ရှုပ်နေတာမဟုတ်လား? ကျွန်မတို့ကို စိတ်မပူပါနဲ့၊ ကျွန်မတို့အဖွဲ့ထဲက ဝိဉာဉ်ဆိုင်ရာဆေးပညာရှင်က အစွမ်းကုန်ကြိုးစားပြီး ဒီကျဲကျဲကို ကူညီပေးမှာပါ”

သူမထံမှ ထိုစကားကြားရပြီးနောက် ဝူဖန်လည်း အမြန်ဆုံး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သူက ရွာသားများကို မျက်နှာရိပ်မျက်နှာကဲပြလိုက်ပြီးနောက် :

“ဒါဆိုရင် ကျုပ်သွားလိုက်ပါဦးမယ်နော် တောက်ကျန့်တို့၊ ဒီအမျိုးသမီး ထသောင်းကျန်းပြီး မင်းတို့ကို ထိခိုက်အောင် လုပ်မှာစိုးလို့ ရွာသားနှစ်ယောက်တော့ ထားခဲ့လိုက်ပါမယ်”

ကုကျစ်စုန့်က ဝူဖန်ကို အာရုံလည်း မထားတော့သကဲ့သို့ မကြားချင်ယောင်ဆောင်နေသည်။

“သူ့ကို လွှတ်လိုက်ပါ”

စိတ်မနှံ့သည့် အမျိုးသမီးကို ခုံပေါ်တွင် ချုပ်ထားသည့် ရွာသားနှစ်ဦး တွေဝေသွားသည်။

“ကျုပ်တို့လွှတ်လိုက်တာနဲ့ သူက ခွေးရူးလိုမျိုး လိုက်ကိုက်မှာနော်!”

“သူ့ကို လွှတ်လိုက်ပါ”

ကုကျစ်စုန့်အသံသည်က မကျယ်လောင်သော်ငြား မာန်အပြည့်ပါသောကြောင့် ရွာသားနှစ်ဦး အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သူတို့အချင်းချင်း တီးတိုးပြောနေပြီးနောက် ပြောလာခဲ့သည်။

“မင်းလွှတ်ဆိုလို့ လွှတ်လိုက်တာနော်၊ တစ်ခုခုဖြစ်ရင် ငါတို့နဲ့ မဆိုင်ဘူး!”

သူတို့နှစ်ဦး လက်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်မနှံ့သည့် အမျိုးသမီးက ချက်ချင်း ခုန်ထကာ ရှင်းယိချင်းနှင့် ဟဲမီတူတို့ဘက်သို့ ပြေးထွက်သွားသည်။

ကုကျစ်စုန့် အရူးမကြီး၏ ပုခုံးပေါ်တွင် လက်တင်လိုက်ပြီးနောက် ဖိချလိုက်သည်။ သူမ ခုံပေါ်မှ ထလျှင်ထချင်းပင် ခုံပေါ်သို့ ပြန်ဖိချခံလိုက်ရလေသည်။

သူမ မည်မျှပင် ရုန်းကန်ပါစေ၊ ခုံတန်းက လှုပ်ယမ်းနေခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံးလည်း နီရဲလာသော်ငြား နည်းနည်းမျှပင် မလှုပ်နိုင်ပေ။

သူမ၏ တိမ်ထူနေသော မျက်လုံးများဖြင့် ကုကျစ်စုန့်ကို ဒေါသထွက်စွာ ကြည့်နေရုံကလွဲ၍ ဘာမှ မလုပ်နိုင်ပေ။

ကုကျစ်စုန့် စိတ်မနှံ့သည့် အမျိုးသမီး၏ ပုခုံးပေါ်သို့ လက်တင်ပြီးသည်နှင့် သူမ၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

သူမ၏ လက်ဖဝါးနှင့် ထိုအမျိုးသမီးပုခုံးတို့ ထိလိုက်သည့် တဒင်္ဂတွင် အားပြင်းလွန်းသည့် မကောင်းဆိုးဝါးစွမ်းအင်တစ်ခုက သူမလက်ဖဝါးထံသို့ တိုးဝင်လာခဲ့လေသည်။

ထိုခံစားချက်မှာ သူမ ယခင်အချိန် အကြိမ်ပေါင်းများစွာမှ ခံစားချက်ခံဖူးသည့် အတိုင်းပင် ဖြစ်ပေ၏။

ကုကျစ်စုန့် သေချာသိနေသည့်အရာတစ်ခုမှာ ဤအမျိုးသမီးကိုယ်ပေါ်မှ ‘အနက်ရောင်မြူခိုး’သည်က အားပြင်းလွန်းသောကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် ကိုယ်ရှိန်ကိုယ်ဝါတို့ကိုပါ ဖုံးလွှမ်းနေခဲ့သည်။

ကုကျစ်စုန့်၏ စွမ်းအင် ထိုအမျိုးသမီးကိုယ်တွင်းသို့ ဝင်ရောက်သွားသည်နှင့် ပင်လယ်ပြင်၌ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးကဲ့သို့ပင် ခံစားလိုက်ရသည်။

ရေပွက် ထရုံ စွမ်းအင်မျိုးမဟုတ်ဘဲ ပြင်းထန်းလွန်းလှသည့် စွမ်းအင်ဖြစ်သည်။

ဤစေးကပ်နေသည့် မကောင်းမှုစွမ်းအင်သည်က အင်မတန်စွမ်းအားကြီးလွန်းလှသည်။ သူမ၏ ကျင့်ကြံမှုအဆင့်မှာ ‘ကမ္ဘာမြေ’အဆင့်ရောက်နေပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အင်အားကြီးသော ဝိဉာဉ်၏ ကာကွယ်ခြင်းခံထားရသော်ငြား ထိုစွမ်းအင်က သူမအား တိုက်ခိုက်နေခဲ့သည်။

ကျန်ရှိနေသည့်လူများ မမြင်နိုင်သော်လည်း စိတ်မနှံ့သည့် အမျိုးသမီး၏ ပုခုံးပေါ်သို့ တင်ထားသည့် သူမ၏ လက်ဖဝါးမှ အရေပြားလွှာမှာ ထိုယုတ်ညံ့သော စွမ်းအင်၏ လှိုက်စားခြင်းကို ခံနေရသည်!

လက်ဖဝါးမှ စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် ကုကျစ်စု့န်တစ်ယောက် သူမ၏ လက်ဖဝါးတွင် အပူလောင်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူမ၏ မျက်နှာတွင် နာကျင်သည့် အမူအယာတစ်ချက်မှမရှိ။ နှုတ်ခမ်းထောင့်လေးများပင် ကော့တက်လာအောင် ပြုံးနေခဲ့သော်ငြား မျက်လုံးများကတော့ အေးစက်နေသည်။

ဤ ‘အနက်ရောင်မြူခိုး’သည်က သူမကို ဦးတည်တိုက်ခိုက်နေခြင်းပင်!

စိတ်မနှံ့သည့် အမျိုးသမီး၏ ကိုယ်တွင်း၌ ပုန်းအောင်းနေသော မကောင်းဆိုးဝါးစွမ်းအင်သည် သူမ၏ ကျင့်ကြံမှုအား နှောင့်ယှက်နေသည့် စွမ်းအင်နှင့် အတူတူပင်ဖြစ်၏။

လက်ဖဝါးမှ အပူလောင်သည့် ခံစားချက်မှာ ပျောက်ကွယ်မသွားသကဲ့သို့ ထိုမကောင်းမှုစွမ်းအင်သည်က သူမ၏ သွေးကြောများနှင့် ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေသည်ကိုလည်း ကုကျစ်စုန့် ခံစားမိနေသည်။

သို့သော် သူမ၏ ဝိဉာဉ်မှာ စွမ်းအားကြီးလွန်းသည်။ ထိုစွမ်းအားဖြင့်ပင် သူမ၏ ခန္ဓာကိုယ်အား ကာကွယ်ထားခဲ့သောကြောင့် ခန္ဓာပြင်ပမှ အနက်ရောင်စွမ်းအင်အား တားဆီးထားနိုင်သည်။

သူမတွင် အရေပြားဒဏ်ရာ အနည်းငယ်မျှသာ ရှိလာခဲ့သည်။

ပို၍ အံ့ဩဖွယ်ကောင်းလှသည်မှာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကိုပင် ဖုံးကွယ်ထားနိုင်သည့် အနက်ရောင်စွမ်းအင်သာမက ဤအရူးမကြီး၏ ကိုယ်ထဲတွင် လျှစ်လျှူရှု့၍ မရနိုင်သော အကျိုးအကြောင်း စွမ်းအင်တစ်ခုလည်း ရှိနေခဲ့သည်။

(အကျိုးအကြောင်း- လုပ်ရပ်ရှိသောကြောင့် ရလဒ်ရှိသည်။ အကြောင်းရှိလျှင် အကျိုးရှိသည်)

ထိုအရာကြောင့်ပင် ကုကျစ်စုန့် တွေဝေနေခဲ့ရခြင်းပင်။

အကျိုးနှင့်အကြောင်းတို့၏ စွမ်းအင် ရှိနေရခြင်းမှာ သူမ၏ ယူဆမှုမှန်ကန်ကြောင်း သက်သေပင်ဖြစ်သည်။

ဤအရူးမသည်က ရွာနှစ်ရွာကြားမှ ဆက်သွယ်မှုများအပြင် တောင်ပိုင်းပြည်နယ်၊ တောင်ပေါ်ဒေသတစ်ခုလုံး၏ လျှို့ဝှက်ချက်များကို ရှာတွေ့နိုင်မည့် သော့ချက်တစ်ခုပင် ဖြစ်နေခဲ့သည်!

အနက်ရောင်မြူခိုးက တောင်ပိုင်းပြည်နယ်တစ်ခုလုံး၏ လျှို့ဝှက်များအား ဖုံးကွယ်ထားခဲ့ပြီး ကုကျစ်စုန့်အား မျက်ကန်းတစ်ယောက်ကဲ့သို့ပင် စမ်းတဝါးဝါးလျှောက်စေခဲ့သော်ငြား နောက်ဆုံးတွင် သူမသည် သဲလွန်စရှာတွေ့စမြဲပင်။

ဤ ‘သဲလွန်စ’အား အဖြေရှာနိုင်သည်နှင့် တောင်ပိုင်းနယ်မြေ၏ ပဟေဠိများအားလုံး အဖြေပေါ်လာမည်ဖြစ်သည်။

သို့သော် ဤအရူးမကြီး၏ ဖြစ်စဉ်နောက်တွင် တောင်ပိုင်းပြည်နယ်တစ်ခုလုံးအပြင် ကမ္ဘာမှ လူပေါင်းများစွာ၏ ကံကြမ္မာများ ရှိနေခဲ့ပြီး အဖြစ်မှန်အား ဖော်ထုတ်ခြင်းသည် ဘဝပေါင်းများစွာကို ပြောင်းလဲသွားစေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ထို့ကြောင့်ပင် သူမ၌ စွမ်းအားကောင်းလွန်းသော အကျိုး၊အကြောင်းစွမ်းအင်တစ်ခုရှိနေခဲ့ခြင်းဖြစ်သည်။

ထိုအချက်အလက်အား သိထားသောကြောင့် ကုကျစ်စုန့်တွေဝေနေခဲ့ခြင်း ဖြစ်ပေ၏။

သူမ၏ ယခင်ဘဝတွင် ကုကျစ်စုန့်သည်က ကမ္ဘာလောကရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသကဲ့သို့ ဂရုလည်း မစိုက်ပေ။

ပထမအချက်မှာ သူမသည် လောကီရေးရာများကို စိတ်မဝင်စား၊ ဒုတိယအချက်- သက်ရှိကမ္ဘာ၏ အကျိုးနှင့် အကြောင်းတို့ကြောင့် သူမ၏ ဝိဉာဉ်လေ့ကျင့်မှုကို အနှောင့်အယှက်မဖြစ်စေချင်၍ပင်။

ဂိုဏ်းထဲတွင်လည်း ကုကျစ်စုန့်က သီးသန့်နေထိုင်တတ်ပြီး လောကီအညစ်အကြေးကင်းစင်သည့် ဂိုဏ်းချုပ်ဖြစ်ပြီး လူသားမသေမျိုး ကျွင်းဟုန်၏ ပထမဆုံးတပည့်ကျော်လည်း ဖြစ်သည်။

ယခုအချိန်တွင်ရော သူမသည် လူသားများ၏ ကံကြမ္မာများကို ပြောင်းလဲသင့်ပါသလား?

နှစ်စက္ကန့်၊သုံးစက္ကန့်လောက် အသက်အောင့်ထားသည့် အချိန်တခဏလေးအတွင်းမှာပင် ကုကျစ်စုန့်၏ အတွေးနယ်ပယ်မှာ ကျယ်ပြန့်လွန်းလှသည်။

ဝန်ထမ်းများနှင့် ရွာသားနှစ်ဦးကတော့ ဖော့ဖယောင်းကဲ့သို့ ဖြူဖျော့လွယ်လျနေသည့် လက်မောင်းဖြင့် အရူးမကြီးကို ဖိနှိပ်ထားနိုင်သော စွမ်းအားကြောင့် အံ့အားသင့်နေကြရသည်။

သို့သော် ဝိဉာဉ်အာရုံခံနိုင်စွမ်းရှိသည့် ပြိုင်ပွဲဝင်များကတော့ သူမအနီးမှ မှော်ဆန်သည့် အရှိန်အဝါတစ်ခုအား ခံစားလိုက်ရလေသည်။

ခဏခန့်ကြာပြီးနောက် ကုကျစ်စုန့် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ သူမ၏ မျက်ဝန်းများသည်က မည်းနက်နေခဲ့ပြီး မျက်နှာအမူအယာမှာလည်း ဝေခွဲရခက်နေဟန်ပေါ်သည်။

သူမက တစ်ခုခု ပြောင်းလဲသွားဟန်ပေါ်သော်ငြား တစ်ချိန်တည်းမှာပင် မည်သည့်အရာမှ ပြောင်းလဲမသွားခဲ့ပေ။

လက်ဖျောက်တစ်ချက်တီးလိုက်ပြီးနောက် သူမ၏ ခြေဖဝါးအောက်တွင် ဖွဲ့စည်းပုံငယ်တစ်ခု ပေါ်လာခဲ့ပြီးနောက် နောက်မှလူများကို ကြည့်လိုက်သည်။

“အားလုံးပဲ ကျွန်မကို တစ်ခုလောက် ကူညီပေးကြပါ”

လူတိုင်း၏ အမူအယာများ တည်တံ့သွားကြပြီးနောက် သူမကို ကြည့်လာကြသည်။

ရှင်းယိချင်းကတော့ အခိုင်အမာ ဆုံးဖြတ်ချက်ထားသည့် လေသံဖြင့် ပြောလာလေ၏။

“မင်း ဘာရှာတွေ့သေးလဲ?”

ကုကျစ်စုန့်၏မျက်နှာက အမူအယာတစ်ချက်ပြောင်းမသွားခဲ့ပေ။

“ကျွန်မပြောခဲ့တယ်၊ ဒီကမ္ဘာကြီးမှာ အကြောင်းရှိလို့ အကျိုးရှိရတာလေ၊ အကြောင်းအရင်းမရှိဘဲ ချစ်ခြင်း၊ မုန်းခြင်းဆိုတာ မရှိဘူး၊ မုန်းတီးမှု၊ မနာလိုဝန်တိုမှု၊ ဒါမှမဟုတ် အခြားအကြောင်းအရင်းတွေ ရှိကို ရှိရမှာပဲ၊ ပြီးတော့ ဒီအမျိုးသမီးရဲ့ အမုန်းတရားက ချက်ချင်းကြီးပေါ်လာတာ မူမမှန်ဘူး”

*

All Chapters