မိုင်ထောင်ချီအဝေးသို့ ခရီးနှင်၍ ဆွေမျိုးများကိုရှာဖွေရာတွင် III (2)
Vol. 24 Ch. 239
သူမ၏ တွေဝေမှုကြောင့် ကုကျစ်စုန့်၏ မျက်ဝန်းများသည် ပို,ပို၍ အေးစက်လာခဲ့ပြီး ထိုမျက်ဝန်းများထဲမှ အနည်းငယ် စိတ်ပျက်မှုကိုလည်း မမြင်နိုင်ခဲ့ပေ။
“ရှင် သေချာစဉ်းစားပြီးပြီလား? ဒီလူတွေက မာနထောင်လွှားတယ်၊ အတ္တကြီးတယ်၊ ရက်စက်တယ်၊ မကောင်းမှုမှန်သမျှ အကုန်လုပ်ပြီး အပြစ်မရှိတဲ့လူတွေကိုပါ ဒုက္ခပေးတာလေ ဒါတောင်မှ ရှင်က ထွက်မသွားချင်ဘူးလား?”
ထိုမေးခွန်းအား မေးလိုက်သည်နှင့် မူလက ကြည်လင်ပြတ်သားနေသော ကုကျစ်စုန့်၏ အသိစိတ်သည် အနည်းငယ် ရှုပ်ထွေးလာခဲ့သည်။
အရိပ်အတွင်းမှ အသံတစ်ခုသည် သူမစိတ်ထဲတွင် ပေါ်လာခဲ့ပြီး မေးခွန်းထုတ်နေခဲ့သည်။
‘ဒါက တန်ရဲ့လား? မင်းက ကောင်းကင်ဘုံရဲ့ဂုဏ်ယူရတဲ့ ကလေး၊ သဘာဝလွန်ပညာရဲ့ ဉာဏ်ကြီးရှင်၊ ပြီးတော့ မင်းက နောင်အနာဂတ်မှာ တောက်ထွက်ရပ်ပေါက်ပြီး မသေမျိုးဖြစ်လာမယ့်သူလေ၊ ဘာလို့ ဒီပုရွက်ဆိတ်လောက်ရှိတဲ့ သက်ရှိတွေရဲ့ သေခြင်း၊ရှင်ခြင်းကို ဂရုစိုက်နေတာလဲ?’
‘ဒီလူတွေကို ကြည့်ပါဦး၊ ကြောက်တတ်ပြီး အသုံးမကျ၊ နည်းနည်းမှ သတ္တိမရှိဘူး၊ မင်း ဒီနေရာမီာ ကောင်းကင်ကို ဖျက်ဆီးပြီး လူတွေ အများကြီးကို ကယ်လိုက်တယ်ဆိုရင်တောင်မှ ဒီလူတွေက အမှိုက်သရိုက်တွေ ဖြစ်နေပြီးပြီ
တစ်ရွာလုံးကလည်း အသားတောင် ကျနေကြပြီ၊ ဒီလူတွေက သူများမိသားစုတွေကို ဖျက်ဆီးရုံတင်မကဘူး၊ ကိုယ့်မိသားစုကိုယ်တောင် ထိခိုက်အောင် လုပ်ကြတဲ့သူတွေနော်၊ ဒီလူတွေက မင်းကို ကျေးဇူးတင်မယ်များ ထင်နေတာလား?
သူတို့က မင်းကို သူတို့စီးပွားရေးကို နှောင့်ယှက်တယ်ဆိုပြီးတော့တောင် မုန်းနေကြဦးမှာ’
‘မင်း သူတို့ရဲ့ ဝဋ်ကြွေးကို ဝင်နှောင့်ယှက်မိရင် နောင်တရလိမ့်မယ်!’
‘မင်းက သာမန်ထက် ပိုပြီးမြင့်မြတ်တဲ့ လူသားနော်၊ ဘုရားတောင်မှ သူ့ရဲ့ မျက်လွှာကို ချပြီး ကမ္ဘာကြီးက သူတွေ ဘာဖြစ်နေ၊ဖြစ်နေ စိတ်ဝင်စားတာမဟုတ်ဘူး၊ ဒီကမ္ဘာရဲ့ ပြဿနာတွေကြောင့် ကိုယ့်ကိုကိုယ် အညစ်ညမ်းမခံနဲ့’
‘ဒီ သနားစရာကောင်းတဲ့ ကလေးတွေကို ကြည့်ပါဦး၊ မင်းတကယ် ကယ်တင်ရမှာ သူတို့တွေလေ၊ သူတို့က ဒီကိစ္စတွေမှာ မပါဘူး၊ ဒါပေမယ့် ပါနေတဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေဖြစ်နေတာ၊
မင်း ဒီရွာကို ဖျက်ဆီးပြီးတော့ သူတို့ကို ထောင်ချလိုက်ရင် အဲ့ဒါဆိုရင် ဒီမျိုးဆက်သစ်လေးတွေက ဒုစရိုက်သမား၊ အပြစ်သားတွေရဲ့ ကလေးတွေဆိုပြီး နာမည်တပ်ခံရတော့မှာ၊
သူတို့တွေ နောင်အနာဂတ်ကျရင်လည်း အလုပ်အကိုင်ကောင်းကောင်း ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ နဂိုတုန်းကလို မိသားစုဘဝလည်း ရနိုင်မှာ မဟုတ်တော့ဘူး’
‘မင်း ဒီလောက် လူတွေအများကြီးရဲ့ ဘဝကို နှောင့်ယှက်ချင်လို့လား?’
“……”
ကုကျစ်စုန့် မျက်လုံးများ ဝေ့ဝိုက်ကြည့်လိုက်ရင်း ချက်ချင်း မူလအသိစိတ်ကို ပြန်ထိန်းလိုက်နိုင်ခဲ့သည်။
သူမ လက်ဖဝါးမှ မည်းနက်နေသော ဒဏ်ရာကို ကြည့်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ရင်း အနက်ရောင်မြူခိုးစွမ်းအင်များကို တစ်ခုမကျန် ဆွဲထုတ်လိုက်သည်။
“ကြွက်စုတ်လိုအကောင်၊ ပုန်းအောင်းတဲ့နေရာမှာတော့ တော်သားပဲ!”
‘အနက်ရောင်မြူခိုး’သည်က သူမ၏ ဒဏ်ရာတွင် ကပ်တွယ်နေခဲ့ပြီး ဝိဉာဉ်ဆိုင်ရာ အသိစိတ်ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား စောင့်ဆိုင်းနေခဲ့ခြင်းပင်။
ထိုသံသယစကားများဖြင့် သူမ ဆုံးဖြတ်ချက်တွေဝေစေရန် နှောင့်ယှက်နေခဲ့ခြင်းပင်။
သူမ၏ ဆုံးဖြတ်ချက်အား အနည်းငယ်မျှပင် သံသယရှိခဲ့ပါက ထိုပြင်းထန်လွန်းသည့် စွမ်းအင်သည် အခွင့်အရေးအား အမိအရ ဆုတ်ကိုင်၍ သူမ ခန္ဓာကိုယ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်လာမည်ဖြစ်သည်။
သို့သော် ကုကျစ်စုန့်၏ ဖြောင့်မတ်တည်ငြိမ်သည့် စိတ်စွမ်းအားကိုတော့ သက်ရောက်နိုင်စွမ်းမရှိခဲ့ပေ။
ကုကျစ်စုန့်သည် ကမ္ဘာကြီးအား ကယ်တင်မည်ဟု မည်သည့်အချိန်တုန်းကမှ မတွေးခဲ့ဖူးပေ။
အခြားသူများ၏ ဘဝအား နှောင့်ယှက် စွက်ဖက်ရန်လည်း စိတ်ကူးမရှိသကဲ့သို့ အကျိုး၊အကြောင်း စွမ်းအင်သည် သူမအပေါ်သို့ သက်ရောက်လာမည်ကိုလည်း မလိုလား။
သူမ စိတ်ထဲတွင် လူများသည် ကုန်ပစ္စည်းများကဲ့သို့ ရောင်းချရန်မဟုတ်၊ အနိုင်ကျင့် နှိပ်စက်ခံရရန် မဟုတ်သလို မိသားစုများ ဖျက်စီးခံရသည်မှာလည်း မဖြစ်သင့်သည့် အရာတစ်ခုဟုသာ တွေးနေခဲ့ခြင်းပင်။
သူမ ယခုပြုလုပ်နေသော အရာအားလုံးသည် သူမ၏ ‘တောက်’လမ်းကြောင်းမှ မသွေဖီသကဲ့သို့ သူမ၏ စိတ်ရင်းအစစ်အမှန်လည်း ဖြစ်သည်။
သူမသည် ဤအရှုပ်အထွေးများထဲမှ တရားမျှတမှုကိုသာ ထုတ်ဖော်လိုခြင်းသာဖြစ်သည်။
တချို့အရာများသည် အန္တရာယ်များပြီး ကောင်းကျိုးနှင့် ဆိုးကျိုးအား ယှဉ်ကြည့်လိုက်ပါက မလုပ်သင့်သည့် အရာများလည်း ရှိကြောင်း လူတိုင်းသိသည်။
သို့သော် ဤပြဿနာကို တစ်ယောက်ယောက်ကတော့ ဖြေရှင်းရမည်ဖြစ်သည်။
အမျိုးသားဖြစ်သူကတော့ ဤအရာသည် သူတို့မိသားစုအရေးဖြစ်ကြောင်း ခြံဝင်းအတွင်း အော်ဟစ်နေဆဲဖြစ်သည်။ သို့သော် ဟဲမီတူ သူ့အား တဖန် ကန်ထုတ်လိုက်ပြန်သည်။
ထိုအချိန်တွင် ဆူညံသံကြားရသည့် အိမ်နီးနားချင်းများ၏ သတင်းပေးမှုကြောင့် ဝူဖန်သည် ရန်လိုနေသော ရွာသားတစ်အုပ်ဖြင့် ရောက်လာခဲ့ကြသည်။
မျက်စိရှေ့မှ မြင်ကွင်းအား ကြည့်လိုက်ပြီးနောက် ဝူဖန် မျက်နှာရှုံ့မဲ့သွားပြီး ဒေါသသံဖြင့် အော်ဟစ်လာသည်။
“ဒါက ဘာသဘောလဲ? ကျုပ်တို့ ‘ရှောင်ယန်’ကျေးရွာက ခင်များတို့က ဧည့်သည်တွေလို သဘောထားပြီး ဆက်ဆံခဲ့ပေမယ့် ခင်များတို့က ကျုပ်ရွာသားတွေရဲ့ မိသားစုပြဿနာကို ဝင်ရှုပ်ချင်ကြတယ်
ကျုပ်တို့ရွာသားတွေရဲ့ အနာဂတ်၊ဘဝတွေကိုတောင် ဖျက်ဆီးချင်နေကြတာလား!”
“ဒါဆိုလည်း ကျုပ်တို့ အဆိုးမဆိုကြနဲ့!”
ရွာသားများ ရန်မူရန် ပြင်ဆင်လိုက်ကြသည့် အချိန်မှာပင် ရွာ့အပြင်မှ ဆူညံသံတစ်ခုသည်က တစ်ရွာလုံးတွင် ပဲ့တင်သံထပ်သွားခဲ့သည်။
ပထမက ရန်လိုဒေါသထွက်နေသည့် ရွာသားများ ရပ်တန့်သွားကြသည်။
“ရဲတွေလား? သူတို့က ရဲတွေ ခေါ်လာတာဟေ့!!”
“တောင်ပိုင်းပြည်နယ် ရဲဌာနချုပ်ကနေ ဒီကိစ္စကို စုံစမ်းနေပါတယ်၊ လက်ထဲက လက်နက်တွေကို ချပြီး သက်သေစုဆောင်းရန်အတွက် အသာတကြည် ပူးပေါင်းပေးပါ!”
•
အမျိုးသမီးအား ကြိုးဖြည်ပေးပြီးနောက် ရဲသားများ၏ အကူအညီဖြင့် မတ်တပ်ရပ်နိုင်ချိန်တွင် သူမ ကုကျစ်စုန့်အား ရှာချင်ခဲ့သည်။
ကုကျစ်စုန့်အား ကျေးဇူးတင်စကားပြောချင်သေးသော်ငြား သူမသည် အိမ်ထဲမှ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကုကျစ်စုန့် ခြံဝင်းထဲတွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။
နေဝင်ဆည်းဆာသည် မီးတောက်များကဲ့သို့ တောက်ပနေခဲ့ပြီး ထိုအလင်းရောင်သည် သူမ၏ ပါးပြင်ဖြူဥဥတွင် ရောင်ပြန်ဟပ်နေခဲ့သည်။
ဆူညံသံများ ပျောက်ကွယ်သွားချိန်တွင် ကုကျစ်စုန့်လည်း ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
နောင်တွင်တော့ သူမသည် တောင်ပိုင်းပြည်နယ်ရဲစခန်းသို့သွားကာ သူမ ရှာတွေ့ခဲ့သည့် သဲလွန်စများ၊ စိတ်မနှံ့သည့် အမျိုးသမီးထံမှ သူမ မြင်တွေ့ခဲ့ရသည့် အရာများ၊ ယခု ရွာတွင်းမှ ဒုစရိုက်သမားများကို အလုပ်လုပ်ဆောင်ရလွယ်ကူစေရန် ကူညီပေးနေသည့် နောက်ကွယ်မှ သဘာဝလွန်ပညာရှင်များအကြောင်း ပြောပြပေးမည်ဖြစ်သည်။
တောင်ပိုင်းပြည်နယ်အား နှစ်ပေါင်းများစွာ ကြီးစိုးထားခဲ့သည့် ဒုစရိုက်အဖွဲ့အား အခြေအမြစ်ထိ ပေါ်ပေါက်အောင် ရှာဖွေရန် ကူညီပေးမည်ဖြစ်သည်။
သူမ ရဲကားထဲသို့ ဝင်လာချိန်ထိ ကျန်းရှောင်နာကတော့ နားမလည်နိုင်ဖြစ်နေသေးသည်။ အဖြစ်အပျက်များသည် မြန်ဆန်လွန်းသောကြောင့် ဤအခြေအနေထိ အဘယ်ကြောင့် ရောက်သွားရသည်ကို မသိလိုက်ပေ။
ရွာနှစ်ရွာမှ လူအများအပြားက အဘယ်ကြောင့် ဖမ်းဆီးခံလိုက်ရပါသနည်း?
တောင်ပိုင်းပြည်နယ်ရဲစခန်းသည် အဘယ်ကြောင့် ဤနေရာအား ပိတ်ဆို့ထားရပါသနည်း?
ကားထဲသို့ ရောက်သည်နှင့် သူမ ပြိုင်ပွဲဝင်များအား ဆက်တိုက် မေးခွန်းထုတ်နေခဲ့သည်။
ရှီဟိုင်ဟန် အသာ ချောင်းဟန့်လိုက်သည်။
“ရဲစခန်းကို ရောက်ရင် အားလုံးသိရမှာပါ၊ စကားလုံးနည်းနည်းလေးနဲ့ ရှင်းပြလို့ မရဘူးဖြစ်နေတယ်၊ အတိုပြောရရင်… ကျွန်မ ရှင့်ကို ဘယ်လိုပြောရမှန်းတောင် မသိဘူး”
ကျန်းရှောင်နာ: ???”
“ဘာဖြစ်လို့လဲဟင်? အဲဒါက ကျွန်မနဲ့များ တစ်ခုခု သက်ဆိုင်နေလို့လား?”
တရားထိုင်နေသည့် ကုကျစ်စုန့်၏ မျက်လုံးများက ညင်သာစွာ ပွင့်လာခဲ့သည်။
“မစ်စ်ကျန်း၊ ကျွန်မ ရှင့်ကို သတင်းတချို့ပေးချင်တယ်၊ ဒါပေမယ့် အဲ့တာက ကောင်းလည်းမကောင်းဘူး၊ ဆိုးလည်း မဆိုးဘူးလို့ ပြောရမယ်”
ထိုစကားကို ကြားရပြီးနောက် ကျန်းရှောင်နာ၏ ရင်ထဲတွင် ရှင်းမပြနိုင်သည့် မကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။
ကုကျစ်စုန့်: “ရှင့်ရဲ့ ညီမ ကျန်းရှောင်ယန်ကို ရှာတွေ့ပြီ၊ ဒါပေမဲ့….”
“သူမ အခု ရူးနေတယ်”
ကျန်းရှောင်နာတစ်ယောက် ငယ်ထိပ်တည့်တည့်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ပင် တုန်လှုပ်သွားခဲ့ရသည်။
“ဘာ… ဘာပြောလိုက်တယ်?”
ညစ်ပတ်ပေရေကာ ရူးသွပ်နေသည့် အမျိုးသမီးတစ်ဦးက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သော်ငြား မယုံကြည်ရဲသလို မယုံကြည်ချင်ခဲ့ပေ။
“ရှင်.. သူနဲ့ တွေ့ဖူးပါတယ်၊ သူက တစ်ချိန်လုံး ရှောင်ယန်ရွာမှာ ရှိနေခဲ့တာ၊ အဲဒီရွာသားတွေအကုန်လုံးလည်း ဒါကို သိထားကြပြီးသားပဲ၊ သူတို့က ရှင့်ကို လိမ်နေခဲ့ကြတာ”
ကျန်းရှောင်နာ အရုပ်ကြိုးပြတ် ပုံကျသွားခဲ့ရသည်။
သူမ ဤနေရာသို့ လာခဲ့သော အကြိမ်ပေါင်းများစွာ၊ မိဘများနှင့်အတူ အနီးအနား ရွာများအား ပိုက်စိပ်တိုက် ရှာဖွေခဲ့သည့် အကြိမ်ပေါင်းများစွာ သူမမျက်လုံးထဲတွင် ပေါ်လာခဲ့သည်။
သူတို့ ရှောင်ယန်ကျေးရွာသို့ လာခဲ့သည့်အချိန်တွင် ထိုစိတ်မနှံ့သည့် အမျိုးသမီးအား အဝေးမှ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် မြင်တွေ့ဖူးခဲ့သည်။
ထိုအချိန်က သူမသည် ယခုကဲ့သို့ ဖောယောင်မနေသေးပေ။ ကျန်းရှောင်နာနှင့် မိဘနှစ်ပါးတို့က ထိုကဲ့သို့ စိတ်မမှန်သော အမျိုးသမီးတစ်ယောက်၏ အနာဂတ်သည်လည်း ကောင်းလှမည်မဟုတ်ဟုပင် တွေးကာ သူမကို မြင်တိုင်း သက်ပြင်းချမိကြသည်။
သူတို့ မထင်ထားသည့်အရာတစ်ခုမှာ ကျန်းရှောင်နာ ဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့သော ညီမငယ်၊ သူတို့ ရှာဖွေနေခဲ့သော သမီးငယ်သည် တစ်ချိန်လုံး သူတို့မျက်စိအောက်တွင် ရှိနေကြောင်းကိုပင်။
“မဟုတ်ဘူး… အဲဒီလို မဟုတ်ရဘူးလေ…. ဘာလို့! ဘာလို့ အဲဒီလူတွေက ကျွန်မတို့ မိသားစုကို ဒီလိုလုပ်ရတာလဲ!?”
ကျန်းရှောင်နာ မျက်ရည်ပေါက်ကြီးငယ်ကျ၍ ဖြေမဆည်နိုင် ဖြစ်နေခဲ့ရသည်။
ကားမောင်းနေသော ရဲအရာရှိလည်း သူမ၏ နာနာကျည်းကျည်း ငိုရှိုက်သံများကို ကြားကာ ဖြစ်ရပ်အား အကြမ်းဖျင်း ခန့်မှန်းမိကြသည်။
သူတို့သည်လည်း သက်ပြင်းချရုံမျှသာ တတ်နိုင်ကြပေသည်။
ထိုနေ့က ကျေးရွာနှစ်ခုမှ လူဒါဇင်ပေါင်းများစွာသည်က တောင်ပိုင်းပြည်နယ်ရဲစခန်းတွင် အဖမ်းဆီးခံလိုက်ရပြီး အကြောင်းရင်းသည်ကား လူကုန်ကူးမှုအကြီးစားများတွင် ပါဝင်ပတ်သတ်နေကြောင်း သံသယရှိသောကြောင့်ပင် ဖြစ်ပေသည်။
ဥဩဆွဲသံများ ဆူညံစွာဖြင့် ရဲကားပေါင်းများစွာသည် သူတို့အား ညနေခင်းနေဝင်ရီတရောအချိန်၌ ဖမ်းဆီးကာ ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။
ညနေဆည်းဆာ၏ လိမ္မော်ရောင်အလင်းတန်းများအောက်တွင် ရဲကားများ၏ ဆူညံသံသာ ပဲ့တင်ထပ်နေခဲ့သည်။
ယာယီဖမ်းဆီးထိန်းသိမ်းထားခံရပြီးနောက် ကြောက်လန့်နေသော ရွာသားတချို့ကတော့ တီးတိုးပြောဆိုနေခဲ့ကြသည်။
“ဘယ်လိုလုပ်ကြမလဲ ဖန်တာ့ကော? ဒီရဲသားတွေက အရင်တုန်းက ကျုပ်တို့ကို ဒီလောက် အကြီးအကျယ်ကြီး လာမဖမ်းဖူးပါဘူး၊ သူတို့ သက်သေများ တွေ့သွားလို့လား?”
“ကျုပ်တို့ရွာတော့ ဒုက္ခရောက်ပြီ!”
*