← Chapters

ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 158 Ch. 2242

ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 158 Ch. 2242

စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် သေဆုံးပြီးနောက် ကြယ်ကောင်းကင်တွင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ မည်သူမှ စကားမပြောခဲ့ကြပေ။ သူတို့သည် ကောင်းကင်မှ ပုံရိပ်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်ပေသည်။

ကမ္ဘာ့ထိပ်တန်းအဆင့် ကျင့်ကြံသူများလည်း ကြယ်ကောင်းကင်၌ ရှိနေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် အဆင့်ခြောက်သာ ရှိသေးသော ဆံပင်အဖြူရောင်နှင့် လူငယ်လေးက အစစ်မှန်ဆုံး အဓိကဇာတ်ဆောင်ပင် ဖြစ်​လေသည်။ သူက ကြယ်ကောင်းကင်အောက်မှ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်ကြသည်။ ဤသည်က ရီဖူရှင်းအတွက် နောက်ထပ် ကြီးမားသော အခွင့်အရေး ဖြစ်ကြပေသည်။ ၎င်းက ထူးခြားပြောင်မြောက်သော အဓိပ္ပါယ် ရှိပေသည်။ ဤကဲ့သို့သော ပရမ်းပတာလောက၌ ရီဖူရှင်းက စီဝေ့ကြယ်ကမ္ဘာကို ထိန်းချုပ်နိုင်လျှင် သူက ကြီးမားသော စွမ်းအားနှင့် အရင်းအမြစ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

စီဝေ့အင်ပါယာနန်းတော်သခင်၏ စွမ်းအားက မူလဘုံမှ အင်အားစုများအားလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်စွမ်းရှိသည်။ ကောင်းကင်ဒေသ၌ဆိုလျှင်ပင် စီဝေ့အင်ပါယာနန်းတော်ထက် ပို၍ အားကောင်းသော အင်အားစု များများစားစား ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် တစ်ခုတည်းသော နောင်တရစရာ ကိစ္စမှာ စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်ပင် ဖြစ်သည်။ သူ့ကဲ့သို့သော ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက မဟာအင်ပါယာ၏ ဆန္ဒကို လိုက်နာ၍ ရီဖူရှင်းအား ထောက်ပံ့ပေးခဲ့လျှင် အရာအားလုံးက ကွဲပြားခြားနားသွားပေလိမ့်မည်။ အထွတ်အထိပ်၌ ရပ်တည်နေသော ကျင့်ကြံသူတစ်ယောက်က သာမန်ကျင့်ကြံသူများအားလုံးကိုပင် ယှဥ်နိုင်သော တစ်စုံတစ်ယောက် ဖြစ်သည်။ သူက စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများ အားလုံးကို တစ်ယောက်တည်းနှင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ သူက လူတိုင်းနှင့် အရည်အသွေး၌ ကွာခြားပေသည်။

ကိစ္စများက ထိုသို့ ဖြစ်သွားခဲ့ရသည့်အခါ သူတို့က သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ၎င်းက နှမြောဖွယ်အတိပင် ဖြစ်၏။

ထို့နောက် ရီဖူရှင်းက ခေါင်းကို ငုံ့ကာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ စုဝေးနေသည့် ကောင်းကင်အောက်ဘက် တစ်နေရာသို့ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "မင်းတို့ ကျုပ်ဆန္ဒကို လိုက်နာပြီး သူ့ကို ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြလား။"

အသံက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ ရီဖူရှင်း၏ ပါးစပ်မှ ထိုအသံထွက်လာသည့်အခါ အသံက ကောင်းကင်ထက်ရှိ ကြယ်များကိုပါ ရိုက်ခတ်လာသည်။ အမှန်တကယ် ထိုစကားကို ပြောလိုက်သူမှာ ရီဖူရှင်း မဟုတ်ဘဲ မဟာအင်ပါယာ၏ အသံ ဖြစ်​လေသည်။

စီဝေ့မဟာအင်ပါယာသည် စီဝေ့အင်ပါယာနန်းတော်လက်အောက်မှ ကျင့်ကြံသူများကို ရီဖူရှင်းအား ထောက်ပံ့ပေးစေလိုသည်။

ထိုအသံက ခမ်းနားထည်ဝါပြီး တည်ကြည်ပေသည်။ နတ်ဘုရား၏ စွမ်းအားက အောက်ဘက်သို့ ပြန့်နှံ့လာသည်။

ကျင့်ကြံသူများသည် လတ်တလောတွင်မှ သူတို့၏ နန်းတော်သခင် သေဆုံးခြင်းကို မျက်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အမှန်တွင် သူတို့၏ နှလုံးသားများက မတည်ငြိမ်နိုင်ကြသေးပေ။ သူတို့၏ စိတ်ထဲ၌ သံသယက စတင် ဖြစ်တည်လာသည်။ မည်သို့ပင်ဖြစ်စေ မဟာအင်ပါယာသည် သူတို့ စတင်ကျင့်ကြံကတည်းက ယုံကြည်ကိုးစားလာသော နတ်ဘုရားဖြစ်သည်။ ၎င်းက သူတို့၏ ကိုးကွယ်ယုံကြည်ရာ ဖြစ်သည်။

ထို့အပြင် ဤသို့သော အခြေအနေအောက်တွင် မည်သူက မဟာအင်ပါယာ၏ ဆန္ဒအား မနာခံဘဲ နေရဲပါမည်နည်း။

ထို့နောက် လူတစ်ယောက်က အရိုအသေပြုကာ ပြောလိုက်သည်။ "ကျုပ်က မဟာအင်ပါယာရဲ့ ဆန္ဒကို လိုက်နာပြီး သူ့ကို ထောက်ခံပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။"

"ကျုပ်တို့ မဟာအင်ပါယာရဲ့ ဆန္ဒကို နာခံပါ့မယ်။" စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ခေါင်းကို ငုံ့လိုက်ကြသည်။ သူတို့က စိတ်ထဲ၌ သံသယအချို့ရှိနေလျှင်ပင် မဟာအင်ပါယာ၏ ဆန္ဒကို လိုက်နာရန် ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ အဆုံးမှာတော့ မဟာအင်ပါယာက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ သူတို့က အခြား မည်သည်ကို လုပ်နိုင်ပါမည်နည်း။

ထိုသူက စီဝေ့ကြယ်ကမ္ဘာ၏ နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူက နှစ်ပေါင်းများစွာအကြာက သေဆုံးသွားခဲ့လျှင်ပင် သူက သူတို့၏ နတ်ဘုရားတစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာမှ လူများ၏ အမြင်တွင် မဟာအင်ပါယာက ထာဝရတည်ရှိနေသော နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

ထို့အပြင် ယခု သူက သူတို့ရှေ့၌ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

"ရီဖူရှင်းကို ထောက်ပံ့ပေးပြီး သူ့ကို ထိပ်ဆုံးရောက်အောင် ကူညီပါ။ သူက စီဝေ့အင်ပါယာနန်းတော်ကို ဦးဆောင်ပြီး စီဝေ့ကြယ်ကမ္ဘာကို အုပ်စိုးလိမ့်မယ်။ သူက တစ်နေ့မှာ အင်ပါယာပလ္လင်ကို ဆက်ခံပြီးခဲ့ရင် မင်းတို့အားလုံးလည်း အခွင့်အရေးကို ခံစားရလိမ့်မယ်။" အသံက တစ်ဖန် ထွက်ပေါ်လာပြီး အဆုံးမဲ့ ကြယ်ကောင်းကင်တွင် ပဲ့တင်ထပ်လာပြန်သည်။ ပဲ့တင်သံက ဆက်လက် ထွက်ပေါ်နေပြီး အချိန်အတော်ကြာအထိ ရပ်တန့်မသွားခဲ့ပေ။

၎င်းကို ကြားသောအခါ လူအများ၏ နှလုံးသားက တုန်ယင်သွားခဲ့ပေသည်။ ရီဖူရှင်းက အင်ပါယာပလ္လင်ကို ဆက်ခံမည်လား။

စီဝေ့မဟာအင်ပါယာသည် ရီဖူရှင်းက တစ်နေ့တွင် အထွတ်အထိပ်သို့ ရောက်ရှိပြီး မဟာအင်ပါယာအဆင့်သို့ ရောက်ရှိမည်ဟု ယုံကြည်နေသည်လား။

၎င်းက စီဝေ့မဟာအင်ပါယာ မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ရွေးချယ်ခဲ့သနည်းဟူသည့် အကြောင်းရင်းပေလား။

ကောင်းကင်ဒေသနှင့် ပြင်ပဘုံများမှ ကျင့်ကြံသူများ၏ နှလုံးသားက တုန်ယင်လာခဲ့သည်။

မဟာအင်ပါယာ။ ၎င်းက ဤလောက၏ အထွတ်အထိပ်၌ ရပ်တည်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်လမ်းစဥ်အောက်၌ မဟာအင်ပါယာ မည်မျှများများ ရှိခဲ့ပါသနည်း။

အင်ပါယာပလ္လင်ကို ဆက်ခံခြင်းဟူသည်မှာ အလုပ်ထက် အ​ပြောက ပိုလွယ်ပေသည်။

အခြားကျင့်ကြံသူများကဲ့သို့ပင် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း မလွယ်ကူသလို ခံစားလိုက်ရပေသည်။ စီဝေ့မဟာအင်ပါယာက အမှန်တကယ် ထိုသို့ တွေးခဲ့လျှင် သူတို့က အနည်းငယ် ပို၍ နားလည်နိုင်လာပေသည်။ မဟာအင်ပါယာက သူ၏ အင်ပါယာပလ္လင်ကို ဆက်ခံနိုင်မည့် တစ်စုံတစ်ယောက်အား လိုချင်ခဲ့ခြင်း ဖြစ်ရပေမည်။

စီဝေ့ကြယ်ကမ္ဘာမှ လူများအားလုံးအတွက် မဟာအင်ပါယာ၏ ပေါ်ပေါက်လာခြင်းက ထူးခြားသော အဓိပ္ပါယ်ကို ဆောင်သည်။

သူတို့က ၎င်းကို တွေးမိလိုက်သည့်အခါ သူတို့၏ နှလုံးသားများက အနည်းငယ် တည်ငြိမ်လာပုံရ​လေသည်။ သူတို့က ယခု ရီဖူရှင်း၏ တည်ရှိမှုကို လက်ခံလာနိုင်ပြီ ဖြစ်သည်။

"ကောင်းပါပြီ မဟာအင်ပါယာ။" ကျင့်ကြံသူများက အရိုအသေပြုရင်း ပြောလိုက်သည်။ ထိုသည်ကို ကြည့်ရင်း ပြင်ပဘုံများမှ ကျင့်ကြံသူတို့သည် ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်၏ အုပ်ချုပ်သူ ဖြစ်လာနိုင်ချေမြင့်မားသည်ကို နားလည်လိုက်ကြသည်။

စီဝေ့မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံပြီးနောက် သူသည် လောကတွင် အားအကောင်းဆုံး ကျင့်ကြံခြင်းအင်အားစုတစ်ခုကို အုပ်စိုးနိုင်သွားပေလိမ့်မည်။

စီဝေ့အင်ပါယာနန်းတော်သည် စီဝေ့ကြယ်ကမ္ဘာတစ်ခွင်လုံးမှ ကျင့်ကြံသူများ စုစည်းနေသော နေရာဖြစ်သည်။

ယခု အရာအားလုံးက ပြီးဆုံးသွားပြီဟု ကျင့်ကြံသူများက တွေးလိုက်ကြသည်။ အမွေအနှစ်ကို ရီဖူရှင်းက ပိုင်ဆိုင်သွားပြီ ဖြစ်၏။ သူက အကြီးမားဆုံး အနိုင်ရသူ ဖြစ်​​လေသည်။

အခြားကျင့်ကြံသူခုနစ်ယောက်ကလည်း မဟာအင်ပါယာများ၏ စွမ်းအားကို ဆက်ခံရရှိခဲ့ကြပေသည်။ သို့သော် ထိုခုနစ်ယောက်ထဲမှ နှစ်ယောက်က ရီဖူရှင်း၏ အဖွဲ့သားများ ဖြစ်ကာ နောက်တစ်ယောက်ကလည်း ရီဖူရှင်း ကူညီပေးမှုကို ခံထားရသည့် လော့ဆု ဖြစ်သည်။

ထို့အပြင် ရီဖူရှင်းက မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံလိုက်ပြီးနောက် ဤကြယ်ကောင်းကင်တစ်ခုလုံးက သူနှင့် သက်ဆိုင်သွားပြီ ဖြစ်သည်။ ကြယ်တစ်ပွင့်ကို လင်းလာအောင် လုပ်ခြင်းက သူ့အတွက် လွယ်ကူသော ကိစ္စ ဖြစ်သည်။  သူက အခြားလူများ ကျင့်ကြံနိုင်ရန် ကူညီပေးနိုင်သည်။ သူတို့အတွက် ထိုအရာအားလုံးက အလွန် အဓိပ္ပာယ် ရှိပေသည်။

၎င်းသည် မည်သူမှ ကြိုတင်မတွေးမိခဲ့သော အဆုံးသတ်ပင် ဖြစ်သည်။ မူလဘုံတွင် မငြိမ်မသက်ဖြစ်နေသော အခြေအနေများ စီဝေ့ကြယ်ကမ္ဘာ၏ ချိပ်စည်းပွင့်လာခြင်းတို့က နောက်ဆုံးတွင် ရီဖူရှင်း၏ ထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့ပေသည်။

ယနေ့ပြီးသည့်နောက် ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများက ရီဖူရှင်း အမည်ကို သိသွားကြပေလိမ့်မည်။

…

ကြယ်အလင်းရောင်များက လှည့်ပတ်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့က စတင်၍ ပြောင်းလဲလာသည်။ ထူးခြားနေဆဲ ဖြစ်သော်လည်း သူ့မျက်လုံးများတွင် အစောပိုင်းကကဲ့သို့ အင်ပါယာစွမ်းအင်များ ရှိမနေတော့ပေ။ ချက်ချင်းပင် လူတိုင်းက နားလည်သွားကြသည်။ မဟာအင်ပါယာ၏ စွမ်းအားက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားခြင်း ဖြစ်​ပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က အောက်ဘက်သို့ မျောလွင့်လာသည်။ ချက်ချင်းပင် အင်ပါယာနန်၊ အဘိုးမာနှင့် သူတို့အဖွဲ့ထဲမှ အခြားကျင့်ကြံသူများက သူ့ဆီသို့ လျှောက်လာခဲ့ကြပေသည်။ အဖြစ်အပျက်များက အကုန် ဖြစ်ပျက်ပြီးသား ဖြစ်နေလျှင်ပင် သူတို့က သတိထားမှုကို မလျှော့ချလိုက်ရဲကြပေ။ ရီဖူရှင်းထံမှ အမွေအနှစ်စွမ်းအားအတွက် တိုက်ခိုက်လိုသည့်  တစ်စုံတစ်ယောက် ရှိနေဆဲဖြစ်လျှင် မည်သို့ ဖြစ်လာမည်နည်း။

မြေပြင်သို့ ရောက်လာသည့်အခါ ရီဖူရှင်းက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများထံ လျှောက်သွားရင်း ပြောလိုက်သည်။ "ဒီဂျူနီယာ ရီဖူရှင်းက အကြီးအကဲတွေနဲ့ စီနီယာတွေကို လေးစားစွာ တွေ့ဆုံပါတယ်။"

သူက ပြောပြီးသည်နှင့် ကျင့်ကြံသူများကို အမှန်တကယ် အရိုအသေပေးလိုက်သည်။ သူက အလွန် ယဥ်ကျေးလှသည်။ ထိုမြင်ကွင်းသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများထံမှ ကောင်းမွန်သည့်အမြင် အန​ည်းငယ် ရနိုင်ခဲ့သည်။ မဟာအင်ပါယာက သူတို့ကို ရီဖူရှင်းအား ထောက်ပံ့ပေးစေချင်ကြသည်။ ပုံမှန်အားဖြင့် သူတို့က ၎င်းနှင့် ပတ်သတ်၍ စိတ်မသက်မသာ ခံစားနေကြရပေသည်။ အဆုံးမှာတော့ ရီဖူရှင်းက သူတို့အားလုံးထက် ငယ်ရွယ်နေခဲ့သည်။ သို့သော် သူတို့က မဟာအင်ပါယာ၏ အမိန့်ကို နာခံရုံအပြင် မည်သို့မှ မတတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ရီဖူရှင်းက သူတို့ကို ယဥ်ကျေးစွာ ဆက်ဆံလာသည့်အခါ သူတို့က ပို၍ ခံစားရကောင်းလာပေသည်။

"မဟာအင်ပါယာရဲ့ အမည်နာမအောက်မှာ ကျုပ်တို့က အင်ပါယာရီက ထောက်ပံ့ပေးပါ့မယ်။ ဒီနေ့ကစပြီး အင်ပါယာရီက စီဝေ့အင်ပါယာနန်းတော်ရဲ့ နန်းတော်သခင်ရာထူးကို ယူသင်အတယ်။ ဘယ်လိုထင်လဲ။" အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ သူက စီဝေ့အင်ပါယာနန်းတော်၌ ဒုတိယအာဏာရှိသူ ဖြစ်ပြီး နန်းတော်၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူသည်လည်း နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ မိသားစုအတွင်း သူ၏ စီနီယာကျမှုက အလွန် မြင့်မားပေသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "မဟာအင်ပါယာကလည်း ကျုပ်ဆီကနေ အဲဒါကို တောင်းဆိုချင်ခဲ့တာပဲ။ ကျုပ်ရဲ့ ကျင့်ကြံဆင့်နဲ့ ဒီရာထူးကို ယူဖို့ အရည်အချင်းမမီသေးပေမယ့် ဒါက မဟာအင်ပါယာရဲ့ဆန္ဒဖြစ်နေတာကြောင့် ကျုပ် ဝမ်းမြောက်စွာ လိုက်နာပါ့မယ်။ ကျုပ်က နန်းတော်သခင် ဖြစ်နေမယ့် စီဝေ့အင်ပါယာနန်းတော်အပြင် စီဝေ့ကြယ်ကမ္ဘာနဲ့ ပတ်သတ်တဲ့ အရေးကိစ္စတွေကို စီနီယာတို့ပဲ ဂရုစိုက်ပေးရဦးမယ်။ ကျုပ် ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး ခင်ဗျားတို့ရဲ့ အဆင့်ကို ​မြန်မြန် ရောက်အောင် တတ်နိုင်သမျှ ကြိုးစားမှာပါ။ ကျုပ် မဟာအင်ပါယာကို စိတ်မပျက်စေရဘူး။"

ရှင်းလင်းစွာပင် ရီဖူရှင်းသ​ည် အင်ပါယာနန်းတော်ကို အုပ်ချုပ်ရန် မည်သည့် ရည်ရွယ်ချက်မှ မရှိပေ။ သူက အချိန်လိုအပ်နေပြီး တစ်ဆင့်ချင်း လှုပ်ရှားရပေလိမ့်မည်။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ရီဖူရှင်း၏ အပြုအမူများကို လေးစားသွားကြပေသည်။ သူတို့သည်လည်း ခံစားချက်များက အများကြီး ပိုကောင်းလာခဲ့ပေသည်။

ရီဖူရှင်းက ခေါင်းကို မော့ပြီး ကြယ်ကောင်းကင်အား ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "အနာဂတ်မှာ စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေ ဒီနေရာကို ကျင့်ကြံဖို့ လာလို့ရတယ်။ ကျုပ်တို့ကို ကူညီပေးနိုင်တယ်။"

လူတိုင်းက ရီဖူရှင်း၏ ဆိုလိုရင်းကို နားလည်ကြပေသည်။ ထိုစီစဥ်မှုက စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအတွက် အလွန် အထောက်အကူ ဖြစ်ခဲ့သည်။

ရီဖူရှင်းက ကျင့်ကြံသူများ တည်ငြိမ်သွားသည်ကို မြင်ပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။ နောက်ဆုံး၌ သူက စီဝေ့အင်ပါယာနန်းတော်ကို ကောင်းကောင်းစီမံနိုင်ခဲ့ပြီ ဖြစ်သည်။

အမှန်တွင် ၎င်းက မဟာအင်ပါယာ ညွှန်ကြားခဲ့သည့် အမိန့် မဟုတ်ပေ။ ထိုအရာအားလုံးက သူ့အစီအစဥ်သာ ဖြစ်သည်။ သူသည် ထိုအမိန့်များအားလုံးကို မဟာအင်ပါယာအဖြစ် သူ့ကိုယ်သူ အယောင်ဆောင်ရင်း ပြောခဲ့ခြင်း ဖြစ်သည်။ စီဝေ့မဟာအင်ပါယာ၏ စိတ်ဆန္ဒက တည်ရှိနေဆဲ ဖြစ်သော်လည်း ၎င်းက ကြယ်ကောင်းကင်နှင့် ပေါင်းစည်းနေခဲ့ပြီ ဖြစ်သည်။ သူက ၎င်း၏ စွမ်းအားကို ငှားယမ်းအသုံးပြုနိုင်ခဲ့သော်လည်း စီဝေ့မဟာအင်ပါယာအား စကားပြောအောင် လုပ်ဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။

ရီဖူရှင်းက အရာအားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်ကို ထိန်းချုပ်ပြီး ကျင့်ကြံရေး ကြယ်ကောင်းကင်အား အပြည့်အဝ အုပ်စိုးနိုင်ဖို့ရာ သူက ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည်။

မဟုတ်လျှင် သူက အန္တရာယ်တောထဲ ကျရောက်သွားရပေလိမ့်မည်။ စီဝေ့အင်ပါယာနန်းတော်က သူ့ကို ပစ်မှတ်ထားကာ အခြားပြင်ပအင်အားစုများကလည်း ပစ်မှတ်ထားကြပေလိမ့်မည်။

ကောင်းသည့်အရာမှာ ယခု အရာအားလုံး ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်၏။ သူသည်လည်း စီဝေ့အင်ပါယာနန်းတော်၏ အသိအမှတ်ပြုခံရကာ နန်းတော်သခင်အသစ် ဖြစ်လာပေလိမ့်မည်။

ထိုသို့စီစဥ်ပြီးသွားသည်နှင့် ရီဖူရှင်းသည် တစ်ဖန် အဝေးတွင် ရှိနေသည့် ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ။ ကိစ္စတွေကို ဒီမှာ ရပ်လိုက်ကြရအောင် ကျေးဇူးပြုပြီး။"

ရှင်းလင်းစွာပင် သူက ဧည့်သည်များအား ထွက်သွားရန် တောင်းဆိုနေခြင်း ဖြစ်၏။

အရာအားလုံးက ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများအား ထိုနေရာ၌ ဆက်နေခိုင်းရန်မှာ အဆင်မပြေပေ။

ကျင့်ကြံသူများက ရီဖူရှင်းကို ကြည့်ကာ အချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ပြောလိုက်၏။ "အင်ပါယာရီ ခင်ဗျားက မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့တယ်။ ဒါပေမယ့် ဒီကြယ်ကောင်းကင်ထဲမှာ ထူးခြားဆန်းကြယ်တဲ့ နေရာတွေ အများကြီး ရှိနေတုန်းပဲ။ အင်ပါယာကြယ်တွေလည်း ရှိသေးတယ်။ အင်ပါယာရီ ဘာလို့ သဘောထားကြီးကြီးနဲ့ ကြယ်ကောင်းကင် ကျင့်ကြံခြင်းနယ်မြေကို မဖွင့်ပေးထားရမှာလဲ။ ဟုတ်တယ်မလား။"

ရီဖူရှင်းက စကားပြောလာသူကို ကြည့်လိုက်သည်။ သို့ဆိုလျှင် သူတို့က ဤနေရာ၌ ဆက်နေကာ ကျင့်ကြံချင်နေကြသ​ည်လား။

ဤလောက၌ အလွယ်တကူ ရနိုင်သည့်အရာဟူ၍ မရှိပေ။

သူက ပြုံးကာ ပြောလိုက်၏။ "စီနီယာ ခင်ဗျား ကျုပ်ကို အထင်လွဲနေပါပြီ။ အဲဒါက ကျုပ်က ခင်ဗျားတို့ကို ဒီမှာ ဆက်မနေစေချင်တာ မဟုတ်ရပါဘူး။ ဒါပေမယ့် မဟာအင်ပါယာရဲ့ စိတ်စွမ်းအားက နိုးထလာပြီ။ သူက ဒီကြယ်ကောင်းကင်မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို စောင့်ကြည့်နေတာကြောင့် စီနီယာတို့ ဘာပဲ လုပ်လုပ် မဟာအင်ပါယာက သိနေလိမ့်မယ်။ တကယ်လို့ စီနီယာက စီဝေ့အင်ပါယာနန်းတော်ကို ဝင်ချင်တယ်ဆိုရင် မဟာအင်ပါယာက ကန့်ကွက်ချက်မရှိလောက်ဘူး။ ဒါပေမယ့် ဒီမှာနေပြီး ကျင့်ကြံချင်ရုံပဲဆိုရင်တော့ ကံမကောင်းရင်..."

ရီဖူရှင်းက ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ကျုပ်ကို မယုံရင်တော့ စီနီယာတို့ စမ်းကြည့်နိုင်ပါတယ်။ ကျုပ် ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"

ရီဖူရှင်း၏ စကားလုံးများကို ကြားပြီးနောက် ကျင့်ကြံသူများက သံသယဖြစ်သွားခဲ့သည်။ မဟာအင်ပါယာ၏ စွမ်းအားက ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ကာ သူက ထိုအရာကို ခွင့်ပြုပါလိမ့်မည်လား။

"ကျုပ် ကြိုးစားကြည့်မယ်။" တစ်ယောက်က ပြောလိုက်သည်။ ထိုပုံရိပ်က ချက်ချင်း လေထဲသို့ ခုန်တက်သွားသည်။ သူက မြင့်မားသည့် ကောင်းကင်သို့ ဦးတည်ကာ ကြယ်များကို ကြည့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သည့် ကြယ်များက ရုတ်တရက် တောက်ပလာသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းကင်အာဏာစက်က အထက်ကောင်းကင်မှ ဖြန့်ကျက်လာပြီး ကျင့်ကြံသူများ၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။

ကောင်းကင်၏ စွမ်းအားက အောက်သို့ ဆက်လက်ကျဆင်းလာနေပြီ ကြယ်နတ်အလင်းတို့က အောက်ဘက်သို့ ဖြန့်ကျက်လာခြင်းက ထိုအစွမ်းထက်ကျင့်ကြံသူအား ကောင်းကင်သို့ အရိုအသေပေးရင်း တောင်းပန်လာစေသည်။ "အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ် မဟာအင်ပါယာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

သူက ပြောပြီးသည်နှင့် အောက်သို့ ပြန်ဆင်းကာ စတင်ဆုတ်ခွာလိုက်သည်။ ချက်ချင်းပင် မဟာအင်ပါယာ၏ စွမ်းအားက ပျောက်ကွယ်သွားလေသည်။

ထိုမြင်ကွင်းသည် လူတိုင်း၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။ သူတို့က ကောင်းကင်သို့ ဆက်လက်စိုက်ကြည့်နေခဲ့၏။

မဟာအင်ပါယာ၏ စွမ်းအားက နိုးထလာပြီ ဖြစ်သည်။ ၎င်းက အမြဲ ထာဝရတည်ရှိနေမည်လား။

ထိုသို့သာဆိုလျှင် သူတို့အတွက်မျှော်လင့်ချက်ရှိတော့မည် မဟုတ်ပေ။

စီဝေ့မဟာအင်ပါယာ၏ ကျင့်ကြံသူများက သူတို့ရှေ့မှ အဖြစ်အပျက်များကို ကြည့်ရင်း ခံစားချက်မျိုးစုံ ခံစားလိုက်ကြရသည်။ မဟာအင်ပါယာ၏ နိုးထလာခြင်းက သူတို့အတွက် အကျိုးကျေးဇူး ရှိစေပေလိမ့်မည်။

သို့သော် သူတို့က အရာအားလုံးကို ရီဖူရှင်း အကွက်ချထားခြင်း ဖြစ်ကြောင်း မသိခဲ့ပေ။

"ဒီလိုဆိုမှတော့ ကျုပ်တို့ နှုတ်ဆက်ခဲ့ပါတယ်။" တစ်စုံတစ်ယောက်က ကောင်းကင်ကို အရိုအသေပြုရင်း ပြေုလိုက်သည်။ မဟာအင်ပါယာက ဤနေရာ၌ ရှိနေသည်။ သူတို့က မည်သို့ လုပ်နိုင်ပါမည်နည်း။

"စီနီယာတို့ အကြီးအကဲတို့ ကျေးဇူးပြုပြီး ကြွပါ။" ရီဖူရှင်းက ပြောလိုက်သည်။ သိပ်မကြာခင်မှာပင် ကျင့်ကြံသူများက ဤနေရာမှ ထွက်ခွာရန် အသင့်ပြင်ပြီးကြပြီ ဖြစ်၏။

***

All Chapters