ဆရာတူအစ်ကိုကို ဂါဝရပြုပါတယ်
Vol. 8 Ch. 108
"ရှင်က ကျွန်မရဲ့ ဆရာတူအစ်ကို!"
လီကျစ်ရွှမ်း မသိစိတ်ကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ချင်းယန်ကို အပေါ်အောက် ငုံ့ကြည့်ရင်း အံ့သြစွာ ထပ်မေးလိုက်သည်။
"ရှင်လည်း ဆရာ့ရဲ့ တပည့်လား"
"တကယ်... ငါ့ဆရာက ကျန်းဟိုင်ဓားနတ်ဘုရား... ငါက အကြီးမလို့ မင်းကို ငါ့ဆရာတူညီမလို့ သတ်မှတ်သင့်တယ်"
"ဆရာတူညီမ?"
လီကျစ်ရွှမ်း၏ မျက်ခုံးများ ပြေလျော့သွားပြီး "ချင်း" စာလုံးပါသော ကျောက်တုံးကြီးကို သွားသတိရမိသည်။ ရုတ်တရက်ဆိုသလို အသိဥာဏ်တစ်ခုလည်း ပေါ်လာ၏။
ဒါဆို ဆရာက ငါ့ကို ဆရာတူအစ်ကိုကို ရှာခိုင်းတာလား။
ချင်းယန် သူ့ဓားသွားကို အခုပဲ လွယ်လွယ်နဲ့ နှောင့်ယှက်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။
သူတို့နှစ်ဦးစလုံးသည် ဆရာ့၏ တပည့်များဖြစ်သောကြောင့် ချင်းယန် ဤကဲ့သို့ စွမ်းပကားကို ပိုင်ဆိုင်ထားနိုင်တာ အံ့သြစရာမဟုတ်ပေ။
"ဆရာတူအကိုကြီး..."
လီကျစ်ရွှမ်း မျက်လုံးများကို မော့ကာ ချင်းယန်ကို စိုက်ကြည့်နေသည်။ သူ့မျက်နှာပေါ်ရှိ ငြိမ်သက်မှုကို သတိပြုမိတဲ့အခါ သူမအတွင်းက သံသယအရိပ်အမြွက်ဟာ တုံ့ဆိုင်းသွားပြန်သည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဒီစကားတစ်ခွန်းလောက်က ချင်းယန်ရဲ့ အထောက်အထားကို သက်သေပြဖို့ မလုံလောက်ဘူးဆိုတာ ရှင်းပါ၏။
ကျန်းဟိုင်မြို့မှာ ဓားနတ်ဘုရားရဲ့ တပည့်တွေပါလို့ ပြောတဲ့လူတွေမှ အများကြီးမဟုတ်ပါလား။ မည်သူမဆို ဓားဘုရား၏ တပည့်ဖြစ်နိုင်သည်။ ဆရာတူအစ်ကို တစ်ယောက်ရဲ့ အသိအမှတ်ပြုမှုက အရမ်းအရေးကြီးပါသည်။
တစ်ဖက်ဖက်က ဘေးကင်းကြောင်း သက်သေပြဖို့ လိုသေးသည်။ စိတ်ထဲက အတွေးနဲ့အတူ လီကျစ်ရွှမ်း ချင်းယန်ကို စိုက်ကြည့်ရင်း သတိကြီးကြီးနဲ့ ထပ်ပြောလိုက်သည်။
"စကားတွေက မလုံလောက်ပါဘူး... ဆရာက ကျွန်မရဲ့ ဆရာအစ်ကို နာမည်ကို မပြောဖူးဘူး... ရှင်ကကျွမ်မရဲ့ ဆရာတူအစ်ကို ဆိုရင် အနည်းဆုံး မင်းကို ဆရာသင်ပေးခဲ့တာကို ပြပြီး သက်သေပြသင့်တယ်"
"သက်သေ?"
ဒါကိုကြားတော့ ချင်းယန်က ပြုံးပြီး အတွင်းစိတ်က မရယ်ဘဲကို မနေနိုင်တော့ပေ။ ဒီတပည့်မိုက်က နည်းနည်းတော့ သတိထားတတ်သေးသား။
သူ့ခေါင်းသေးသေးလေးမှာ အကြံဥာဏ်လေးတွေ ရှိနေတာပဲ။
'ထားပါတော့ အတူတူ ကစားကြပေးလိုက်မယ်... ဘာပဲဖြစ်ဖြစ် လှည့်စားပြီးမှတော့ အဆုံးထိ လှည့်စားရမှာပေါ့"
"မင်းဘယ်လို သက်သေပြစေချင်တာလဲ"
လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားပြီးနောက် သူမဓားကို အသင့်ပြင်လိုက်ပြီး။
"ကျွန်မတို့က ဆရာတစ်ပါးတည်းရဲ့ လက်ထဲက ထွက်လာတာဆိုတော့ ဓားတန်ခိုးနဲ့ ပြိုင်ကြစို့... အတူတူ ရိုက်ပြီး ကောင်းကင်တံခါးကို ဖွင့်လိုက်ရအောင်"
သူမ နောက်ပြန်ဆုတ်ကာ ချင်းယန်ကို စိုက်ကြည့်နေသည်။
“ဒါ့အပြင် ရှင်က ကျွန်မရဲ့ ဆရာတူအစ်ကို ဖြစ်ရင် ကျွန်မထက်သာလွန်နေရမယ်... မဟုတ်ရင် ဆရာ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ နာမည်ကို ရှင်က ဖျက်စီးလိုက်တာပဲ!"
ဒီလိုကြားရတဲ့အခါ ချင်းယန် မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
ဓားစွမ်းအင်ချင်း ပြိုင်ချင်နေတာလား။
ဒီကောင်မလေးက ဒီလောက် အပြိုင်အဆိုင် လုပ်ချင်နေမယ်လို့ မမျှော်လင့်ထားခဲ့။
"ကောင်းပြီ... မင်းရဲ့ ဆရာတူအစ်ကိုလည်း မင်းအခု ဘယ်လောက်တိုးတက်နေလဲ ကြည့်ချင်တယ်"
ချင်းယန် အေးဆေးတည်ငြိမ်စွာ ပြောကာ ထောင့်တစ်နေရာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွား၍ ရှောင်ပိုင်ကို အောက်ချလိုက်သည်။ ထို့နောက် ထူထဲသော သစ်သားချောင်းတစ်ချောင်းကို ကောက်ကိုင်ကာ ဓားသွားအဖြစ်အသုံးပြုပြီး သွက်လက်စွာ လွှဲလိုက်သည်။
"ရှင် အဲဒါကို ဓားလို့သုံးဖို့ စီစဉ်နေတာလား"
လီကျစ်ရွှမ်း နောက်ပြန်ဆုတ်ကာ သူမလက်ထဲက ရှေးဟောင်းဓားကို ငုံ့ကြည့်ရင်း။
"ကျွန်မ အရမ်းရက်စက်ရာ မကျသွားဘူးလား?"
လက်နက်များ၏ အရည်အသွေး သိသိသာသာ ကွာခြားပါက ခွန်အား ကွာခြားချက် အချို့ကိုပင် ဖန်တီးနိုင်သည်။
အကယ်၍ အလွန်သတိမထားမိဘဲ သူ့ဓားစွမ်းအင်ကို ထုတ်လွှတ်ပြီးနောက် မတော်တဆ ဆုံးရှုံးသွားခဲ့ပါက နောင်တွင် သူနှင့် ထပ်မံတွေ့ဆုံရန် သူမအတွက် အလွန် အဆင်မပြေဖြစ်လိမ့်မည်။
"ကျွန်မတို့ဘေးက လက်နက်ဆိုင်ကို သွားကြည့်ကြရင်ရော? ကျွန်မရှင့်ကို ပိုကောင်းတဲ့ ဓားတစ်ချောင်း ဝယ်ပေးမယ်..."
"ရပါတယ် မြန်မြန်တိုက်ရအောင် ညီမလေး..."
ချင်းယန် သူ့ဓားကို ဖြည်းညှင်းစွာ ဝေ့ယမ်းကာ "ဓားကို ကိုင်ဆောင်ခြင်း" ဟန်ဖြင့် စတင်ခဲ့သည်။
"မြန်မြန်လုပ်! ငါ နောက်မှ ဈေးသွားနေရမယ်"
"... "
လီကျစ်ရွှမ်း ထိုစကားကိုကြားတော့ ငြိမ်သွားသည်။ ဒီဆရာတူအစ်ကိုက သူမထင်တာထက် ပိုသာလွန်နေတာလား။
"ဒါဆိုလည်း ဓားတွေမှာ မျက်လုံးမရှိဘူး... ဆရာတူအစ်ကိုကြီး သတိထားပါ!"
သူမ ဦးညွှတ်ကာ နောက်ပြန်ဆုတ်လိုက်သည်။ ပြီးနောက် ချင်းယန်ဆီကို ဓားဖြင့်ညွှန်ရင်း သူမ၏ တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝုန်း!
ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ကြယ်ဖိအားတစ်ခု လမ်းကြားတစ်လျှောက် ပျံ့နှံ့သွားသည်။ သစ်သားနှင့် ဓား ကိုင်ဆောင်ထားသော လူနှစ်ယောက် မျက်နှာချင်းဆိုင်လျက် ရှိ၏။
"ဆရာတူညီမလေး... မင်းရဲ့ဓားစွမ်းအင်က တကယ်ကို အထင်ကြီးစရာပဲ"
"ခွင့်လွှတ်ပါ အစ်ကိုကြီး"
စကားတွေ ဆုံးတာနဲ့ လီကျစ်ရွှမ်း ခြေချောင်းများကို နင်းပြီး ဓားကို မြှောက်လိုက်တော့သည်။ သူမလက်ချောင်းများ ဓားသွားများကို ပွတ်တိုက်လိုက်သည်နှင့် ပို၍ပင် အားကောင်းသော ဓားစွမ်းအင်များ တဟုန်ထိုး ခုန်တက်သွားပြီး ချင်းယန်၏ လှုပ်ရှားမှုကို ပိတ်ဆို့လိုက်လေသည်။
လေသည် ဟောက်၍ ဓားသည် တောက်လောင်၏။
ဗုန်း!
ဓား၏ထိုးနှက်မှုကြောင့် လမ်းကြားထဲ၌ ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး လေထုကလည်း ရုတ်တရက် ကျုံ့သွားကာ ဓားအစွန်အဖျားတွင် လုံးလုံးလျားလျား ပေါင်းစပ်သွားလေသည်။
နောက်အခိုက်တွင် လီကျစ်ရွှမ်းသည် ချင်းယန်၏ ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်ရာ ၎င်း၏ စွမ်းအားသည် တဟုန်ထိုး ခုန်တက်လာတော့သည်။
ဓားတစ်လတ်နဲ့ ကောင်းကင်တံခါးကို ဖွင့်!
"မဆိုးပါဘူး တိုးတက်မှု ရှိတယ်"
ချင်းယန် ကျေနပ်စွာ ခေါင်းညိတ်နေသည်။
လွန်ခဲ့သည့်ရက် အနည်းငယ်က ဤမိန်းကလေးက လုံ့လဝီရိယ စိုက်ခဲ့ပုံရသည်။ သူမ၏ ဓားစွမ်းအင်သည် ပုံသဏ္ဌာန်ဖြစ်နေပြီ ဖြစ်သည်။
ဒါပေမယ့် မလုံလောက်သေးပါ။
တဟုန်ထိုးထွက်နေသော ဓားစွမ်းအင်ကို ရင်ဆိုင်ရင်း ချင်းယန် သူ၏ သစ်သားလှံတံကို ညင်သာစွာ မြှောက်လိုက်သည်။ ဓားစွမ်းအင်သည် အဆတစ်ရာ ပိုမိုပြင်းထန်စွာ ပေါက်ကွဲထွက်ကာ နားမလည်နိုင်သော သမုဒ္ဒရာတစ်ခုကဲ့သို့ လီကျစ်ရွှမ်း၏ ခေါင်းအထက်ကို ဖြိုခွင်းပစ်လိုက်သည်။
ဓားစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ပြီး လမ်းကြားတစ်လျှောက် လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားတော့၏။
ချင်းယန်သည် လမ်းကြား၏ ဓားစွမ်းအင်ကို လမ်းညွှန်ရန် သူ၏သစ်သားလှံတံကို အသုံးပြုထားသည်။ လေထဲက ဓားစွမ်းအင် လှုပ်ရှားမှုကို တိုက်ရိုက်ဟန့်တားကာ လှံထိပ်ဖျားတွင် လုံးလုံး ပြန်စုဆောင်းကာ လီကျစ်ရွှမ်းထံသို့ ပြန်ပို့လွှတ်လိုက်သည်။
ခဏအတွင်း။
ထောင်နှင့်ချီသော ဓားစွမ်းအင်များသည် လီကျစ်ရွှမ်းဆီသို့ ပြေးဝင်သွားပြီး သူမ၏နားများကြားမှ ဖြတ်သွားကာ သူမအနောက်ရှိ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
"?!"
လီကျစ်ရွှမ်း၏ ဆံပင်များ လွင့်ပျံသွားကာ သူမ၏ဓားလှုပ်ရှားမှုကို ထိန်းထားရင်း ထိုနေရာတွင်ပင် အေးခဲသွား၏။
ဒါက ဆရာတူအစ်ကိုကြီးရဲ့ စွမ်းအားလား။
ဒီဓားစွမ်းအင်က သူမကို တိုက်ရိုက်ပင် နှိပ်စက်နိုင်သည်။
လီကျစ်ရွှမ်း တအံ့တသြဖြင့် ပြန်လှည့်လာပြီး အရှိန်ပြင်းသော ဓားစွမ်းအင်၏ ဦးတည်ရာကို စိုက်ကြည့်လိုက်ရာ အပေါ်က တိမ်ပင်လယ်ကြီး ပြိုကျနေတာကို မြင်လိုက်ရလေ၏။ ဓားဖြင့်ထိုးခြင်းသည် အမှန်တကယ် နေဝင်ချိန်၏ အလင်းရောင်ကို ပိုင်းခြားစေခဲ့သည်။
ဒီလို ဓားစွမ်းအင်ကို ပိုင်ဆိုင်ဖို့ဆို ဆရာ့လက်အောက်က သူမရဲ့ ဆရာတူအစ်ကိုကလွဲလို့ ဘယ်သူက ဒီလိုအောင်မြင်နိုင်ဦးမလဲ။
ဒါကိုတွေးပြီး လီကျစ်ရွှမ်း ဓားကိုချပြီး ချင်းယန်ရှေ့မှာပဲ သူမရဲ့ လက်သီးတွေကို ဆုပ်ကိုင်လိုက်ပါ၏။
"မင်္ဂလာပါ ဆရာတူအစ်ကိုကြီး!"
"အင်း"
ချင်းယန် အနည်းငယ် ခေါင်းညိတ်ကာ ချီးမွမ်းလိုက်ပြီး :"ညီမလေး... ကောင်းကင်တံခါးကို ဖွင့်ပေးတဲ့ မင်းရဲ့ဓားကလည်း တော်တော်ကို အထင်ကြီးစရာ ကောင်းပါတယ်"
"အစ်ကိုကြီး ချီးကျူးလွန်းနေပါပြီ"
ဒါကိုကြားတော့ လီကျစ်ရွှမ်း ရှက်ရွံ့သွားကာ။
"ဆရာတူအစ်ကိုနဲ့ ယှဉ်ရင် ကျွန်မက နောက်ကျနေပါသေးတယ်"
ချင်းယန်သည် သူမထက် အသက်ပိုကြီးသလို သူ့အောင်မြင်မှုသည်လည်း သူမထက် သာလွန်သည်။ ဒါကိုတွေးပြီးနောက် သူမရဲ့မာနကလည်း နည်းနည်းလျော့သွား၏။
"အစ်ကို ဘာလို့ စာကြည့်တိုက်မှာ စီမံခန့်ခွဲသူတစ်ယောက် လုပ်နေတာလဲ"
လီကျစ်ရွှမ်းရဲ့ ဆရာတူအစ်ကို အဖြစ် အသိအမှတ်ပြုခြင်းက သိသိသာသာ တောက်ပလာသည်။ သူမ စိတ်လှုပ်ရှားစွာနဲ့ ချင်းယန်ထံ ချဉ်းကပ်လာပြီး။
"အစ်ကို့ရဲ့ အစွမ်းအစနဲ့ စာကြည့်တိုက် စီမံခန့်ခွဲသူ တစ်ယောက်ဖြစ်ရတာ အရည်အချင်းတွေကို တကယ် ဖြုန်းတီးတာပဲ ညီမ ဆရာကြီးလီနဲ့ မိတ်ဆက်ပေးရမလား..."
"မလိုပါဘူး"
ချင်းယန် ခေါင်းခါယမ်းကာ လမ်းအဆုံးရှိ နေရောင်ကို ငေးကြည့်ရင်း ရပ်တန့်လိုက်သည်။
"ဘဝရဲ့ရည်ရွယ်ချက်က စိတ်ငြိမ်သက်မှုပဲ... ကမ္ဘာကြီးက ကျယ်ပြောပြီး အချိန်မရွေး ထွက်သွားနိုင်တယ်... စာကြည့်တိုက်က သေးငယ်ပေမယ့် နေရတာ သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုပဲ... အဲဒီနေရာက ငါ့အိမ်လို့ပဲ.."
နေရောင်သည် အဝေးမှ လမ်းသွားလမ်းလာများအပေါ်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေ၏။
ဒါကိုကြားတော့ ချင်းယန်ရဲ့ ဂရုမစိုက်တဲ့ သဘောထားကို ခံစားလိုက်ရပြီး လီကျစ်ရွှမ်း ရုတ်တရက် သိလိုက်ရတာက။
"ဆရာက အဲဒါကြောင့်မို့ ငါ့အစ်ကိုကို ရှာခိုင်းတာလား.. ငါ သူ့ဆီကနေ ဒီစိတ်နေစိတ်ထားကို သင်ယူနိုင်ပါ့မလား"