← Chapters

ဒီည မြေခွေးအသားကြော် စားချင်တယ်

Vol. 8 Ch. 109

ဒီည မြေခွေးအသားကြော် စားချင်တယ်

Vol. 8 Ch. 109

"အစ်ကို နောက်ကျနေပြီ... ကျွန်မ မနှောင့်ယှက်တော့ပါဘူး"

"ကောင်းပြီ။"

လမ်းကြားထဲတွင် ချင်းယန်နဲ့ လီကျစ်ရွှမ်း လမ်းခွဲခြင်းမပြုမီ ရိုးရှင်းသော ပျော်ရွှင်ဖွယ် ကောင်းမှုများအား အပြန်အလှန် ဖလှယ်ခဲ့ကြပြီး ၎င်းတို့၏ မူလဘဝသို့ ပြန်လာခဲ့ကြသည်။

ထို့နောက် ချင်းယန် စျေးသို့သွားခဲ့သည်။ နေဝင်ရီတရော အချိန်က နီးကပ်လာပါ​ပြီ။

ဈေးသည် လှုပ်ရှားမှုများဖြင့် စည်ကားနေဆဲ၊ ဈေးသည်များ၏ အော်ဟစ်သံများ၊ ခုတ်ထစ်ထားသော အရိုးသံများ နှင့် ငါးများ၏ အငွေ့အသက်များ လေထဲတွင် လွင့်ပျံနေသေးသည်။

သူသည် စျေးထဲက ပါဝင်ပစ္စည်းတချို့ ဝယ်ပြီးနောက် ရှောင်ပိုင်နှင့်အတူ အိမ်သို့ အမြန်သွားကာ လီကျစ်ရွှမ်းဆီက ဖြစ်ပျက်ခဲ့သမျှကို တွေးတောနေခဲ့သည်။

ပထမဦးဆုံး ဒီနေရာမှာ လွဲမှား​နေတာတွေ အများကြီးရှိနေ၏။

ပြီးတော့ အရေးကြီးဆုံးမေးခွန်းက ဒီငတုံးတပည့်က သူ့ဆီ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?

"တစ်ခုခုတော့ လွဲနေပြီ"

ချင်းယန် မျက်ခုံးကို တွန့်ချိုးလျက် ဟင်းရွက်အိတ်ကို အပေါ်ထပ်သို့ သယ်သွားခဲ့သည်။ ထို့နောက် သော့ကိုထုတ်ကာ သူ၏ ယခင်အတွေ့အကြုံကို တွေးတောလိုက်​ပြန်သည်။ လီကျစ်ရွှမ်းဟာ အစမှအဆုံးအထိ သူ့အကြည့်ထဲတွင် ရှိနေခဲ့သည်။ ထိတွေ့မှုတိုင်းကို ဂရုတစိုက် ထိန်းချုပ်ထားပြီး ဖော်ထုတ်မိဖို့ လုံးဝ မဖြစ်နိုင်ပါ။

"ဒီမိုက်မဲတဲ့မိန်းကလေးက တလီတောင်ကပြန်လာပြီး ထူးဆန်းတဲ့ အပြုအမူတွေကို စလုပ်လာတာပဲ... အဲဒီအချိန်​မှာ ငါသူမနဲ့ မရှိတဲ့အချိန်​က တစ်​ခုပဲရှိ​သေးတယ်​..."

သူ့အတွေးတွေက အဲဒီမှာပဲ ပြီးသွား၏။

ချင်းယန် တံခါးခုံကို ကျော်တက်ကာ လုံခြုံရေးတံခါးကို ပိတ်လိုက်ပြီး ရှောင်ပိုင်ဆီ လှည့်ကြည့်လိုက်သည်။

သူအိမ်ပြန်ရောက်တာနဲ့ ရှောင်ပိုင်ဟာ ဆံပင်ဖြူဖြူလေးနဲ့ လူသားအသွင် ပြောင်းသွားပြီ။ တီရှပ်အကျီကို ဝတ်ဆင်ထားသည့် ချင်းယန်ကသာ ခြေဗလာဖြင့် ကျန်နေခဲ့သည်၊ သူမ၏ နူးညံ့သိမ်မွေ့သော နွားသငယ်ပုံက ပေါ်လွင်နေပြီး အသီးအရွက်များကို ဆေးကြောခြင်းနှင့် အသားလှီးခြင်းတို့ဖြင့် အလုပ်များနေပါသည်။

သူမ မျက်နှာသည် ခါတိုင်းလိုပဲ ငြိမ်သက်နေ၏။

"ဟန်ဆောင်တယ်...."

ချင်းယန်သည် ရှောင်ပိုင်၏ ခံစားချက်ကို တိုင်းတာရန် ကြိုးစားရင်း မျက်လုံးများကို မှိတ်ထားသည်။ သူမ စိတ်အတွင်း၌ စိုးရိမ်သောက လှိုင်းလုံးများ တိုးလာနေ၏။

သားရဲကျွန်များနှင့် သခင်များသည် ဝိညာဥ်စွမ်းအင် ဆက်သွယ်မှု ရှိသည်။ လိုအပ်ပါက ချင်းယန်သည် ရှောင်ပိုင်၏ စိတ်ခံစားမှုများ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် တည်နေရာတို့ကို တက်ကြွစွာ ခံစားသိရှိနိုင်မည် ဖြစ်သည်။

ယခုလည်း ရိုးရိုးသညာလို ပြုမူနေပေမယ့် ချင်းယန် သတိပြုမိသည်မှာ ရှောင်ပိုင်ဟာ ခွေးအိုတစ်ကောင်လို တည်ငြိမ်နေသော်ငြား အတွင်းထဲမှာတော့ သူမ ကြောက်နေ၏။

ချင်းယန်၏ အကြည့်ကို ခံစားရင်း သူမ ချွေးများ ထွက်ကျ​လာကာ သူမ၏ အမွေးအမြီးသုံးချောင်းလည်း ကျဆင်းသွားသည်။ အသီးအရွက်များကို ဆေးကြောရင်း လက်အရှိန်ကိုပင် မသိစိတ်က နှေးကွေးသွားစေခဲ့သည်။

ဒါကိုမြင်တော့ ချင်းယန် အေးဆေးတည်ငြိမ်စွာပဲ ရေခဲသေတ္တာဆီကို သွားကာ Coke ပုလင်းကိုထုတ်ကာ ဖွင့်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ရှောင်ပိုင်ဆီသို့ လျှောက်သွားကာ ဗီရိုကို မှီကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ရှောင်ပိုင် အခု မင်း ဝန်ခံချင်လား ဒါမှမဟုတ် ငါလုပ်ရမလား..."

တည်ငြိမ်သော စကားများ ကျဆင်းလာသည်နှင့်အမျှ ရေသံ ရပ်တန့်သွားပြီး အခန်းတွင်း လုံးဝ တိတ်ဆိတ်သွား၏။ ဖိအားတွေက ရှောင်ပိုင်ဘက်သို့ ချက်ချင်း ရောက်သွားသည်။

"ဘာ​တွေ​ပြော​နေတာလဲ သခင်...."

ရှောင်ပိုင် နေရာတွင်ပင် အေးခဲသွားပြီး သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ပွတ်သပ်ကာ ခေါင်းယမ်းပြ၏။ စိတ်ရှုပ်ဟန်ဆောင်ကာ ပြန်မေးသည်။

"ရှောင်ပိုင် သခင်ဘာတွေ ပြောနေတာလဲ မသိဘူးရယ်..."

သူမ မျက်လုံးများကို မှိတ်ထားကာ ချင်းယန်၏ တုံ့ပြန်မှုကို လျှို့ဝှက်စွာ စောင့်ကြည့်နေ၏။ ဒါ့အပြင် သူမ၏ နောက်ခြေလှမ်းများကို စိတ်ပိုင်းဖြတ်ကာ ကြိုတင် ပြင်ဆင်ထားခဲ့သည်။

သခင်က တစ်ခုခုကို ရှာတွေ့သွားလို့ ဒီနတ်သမီးကို အရင်ပြောစေချင်တာလား။

မဖြစ်နိုင်ဘူး!

သက်သေ အထောက်အထား မရှိဘူး။ လီကျစ်ရွှမ်းရဲ့ရှာဖွေမှုက ငါနဲ့မဆိုင်ပါဘူး။

"ဟားဟား မင်းအဲ့အကြောင်း မပြောချင်ဘူးလား"

ချင်းယန် သူ့Coke ကို သောက်လိုက်ပြီး သံသယများကို အေးအေးဆေးဆေး ထုတ်ဖော်ခဲ့သည် -

"တလီတောင်တန်းတွေကနေ ပြန်လာကတည်းက လီကျစ်ရွှမ်းက ပုံမှန်မဟုတ်တော့ဘူး... မင်းက သူမနဲ့ အဆက်အသွယ်ရတဲ့ တစ်ဦးတည်းသောသူပဲ..."

တစ်စုံတစ်ခုကို စဉ်းစားရင်း ချင်ယန်: “ဒီနေ့ အမှန်အတိုင်း မပြောရင် မင်းရဲ့ မြေခွေးမွေးတွေ ဆုံးရှုံးသွားမယ်.. အနာဂတ်မှာ စိတ်ဝိညာဥ်ကို အာရုံစူးစိုက်နိုင်တဲ့ ဆေးလုံးတွေ ရဖို့လည်း မစဥ်းစားနဲ့”

သူပြောပြီးတာနဲ့ ခြိမ်းခြောက်မှုမှာ ပုံဖျက်ထားခြင်းမရှိဘဲ အဖြစ်အပျက်၏ အဓိကအချက်များကို ရှင်းလင်းစွာ ဖော်ပြလိုက်သည်။ ဒါကိုကြားတော့ ရှောင်ပိုင်မျက်နှာလေးမှာ ချက်ချင်း ညှိုးနွမ်းသွားပြီး ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ရပါပြီ။

"တောင်းပန်ပါတယ် သခင် ကျွန်မ မှားသွားပါတယ်"

သူမ ခွေးခြေမှ ခုန်ဆင်းကာ ချင်းယန် နောက်သို့ လိုက်လာပြီး။

"ကျွန်မက နောက်နေရုံပါ"

ချော့မော့သော အမူအရာဖြင့် သူမ အပြေးလိုက်လာကာ။

"သခင် ပင်ပန်းနေပြီလား... ပုခုံးကို နှိပ်ပေးမယ်... ခြေဖဝါးကိုလည်း ပွတ်ပေးမယ်လေ"

"ဖယ်စမ်း!"

ချင်းယန် မျက်မှောင်ကြုတ်သွားသည် ။

"အဲဒီနေ့က မင်းသူ့အတွက် ဘာထားခဲ့တာလဲ ငါ့ကို အမှန်အတိုင်းပြော"

အတိတ်က နောက်ပြန်လှည့်လို့ မရတော့ပါ။ ဒါပေမယ့် အခု အရေးကြီးဆုံး မေးခွန်းက ရှောင်ပိုင် ဘယ်လောက် ထုတ်ဖော်ပြောမလဲ ဆိုတာပါပဲ။ ဇာတ်လမ်းတစ်ခုလုံးကို သူ နားလည်ရမည်။

"သခင်... ကျွန်မ ချင်း ဆိုတဲ့ စာလုံး ရေးထားတဲ့ ကျောက်တုံးတစ်တုံးကိုပဲ ပေးလိုက်တာပါ.. အဲဒါအပြင် တခြားဘာမှ မပြောပါဘူး သူမကို ရိုးရိုးရှင်းရှင်းပဲ တွေးထားခဲ့တာ သခင်နဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေကို လုံးဝ ထုတ်ဖော်မပြခဲ့ပါဘူး"

ချင်းယန် ရှောင်ပိုင်၏ နှလုံးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး သူမ မလိမ်လည်ကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင် သူ စိတ်သက်သာရာရကာ သူမကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

"ဒီတစ်ခေါက်ပဲ... မင်းထပ်လုပ်ရဲရင် မင်းရဲ့ မြေခွေးအသားကို ငါမွှေကြော်ပစ်မယ်!"

"ဟင်!"

ဒါကိုကြားတော့ ရှောင်ပိုင် နောက်ပြန်လှည့်ပြီး အမြီးကို ကြည့်လိုက်ကာ။

"သခင် မြေခွေးအသားက အရသာမရှိပါဘူး သခင့်အတွက် ဝက်နံရိုး စွပ်ပြုတ် လုပ်​ပေးမယ်"

"ရှောင်ပိုင် ငါနောက်နေတာ မဟုတ်ဘူး ဒါကလေးနက်တဲ့ကိစ္စ! အခုတော့ ချောချောမောမော ကြီးကြီးကျယ်ကျယ် လုပ်ပြီးသွားပြီ။ ဒါပေမယ့် ထပ်လုပ်ရင် ဒီလောက် လွယ်မှာ မဟုတ်ဘူး"

ချင်းယန် သေချာစိုက်ကြည့်ကာ သူ၏ ခြိမ်းခြောက်မှုကို ထင်ရှားစေလိုက်သည်။ သူ့အေးစက်မှုက သူမကို လွှမ်းခြုံသွားပြီး ချက်ချင်းပင် တုန်လှုပ်သွားစေသဖြင့် ခေါင်းကို အမြန်ငုံ့ပြီး မျက်လုံးကို မကြည့်ဝံ့တော့ပေ။

"ဟုတ်​ကဲ့ပါ သခင်... ကျွန်​​မ ထပ်​မလုပ်​​တော့ပါဘူး"

ရှောင်ပိုင်ကို သတိပေးပြီးနောက် ချင်းယန် လသာဆောင်သို့ရောက်လာပြီး မိုးကြိုးနိယာမကို နားလည်ကာ အလင်းဥာဏ်အာကာသထဲသို့ နစ်မြုပ်သွားတော့သည်။ မိုးကြိုးနိယာမ အပိုင်းအစသည် ဉာဏ်အလင်းထဲသို့ လျင်မြန်စွာ ခုန်ဆင်းကာ ငွေရောင်အလင်းတန်းများ အဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ချင်းယန် ထိုနိယာမကို သေသေချာချာ နားလည်လာတဲ့အခါ သူ့အသိစိတ်သည် မိုးကြိုးနိယာမ အပိုင်းအစအပေါ် ပိုအာရုံစိုက်လာနိုင်ကာ နောက်ကွယ်မှ လျှပ်စီးကြောင်းလမ်းကြောင်းကို ခြေရာခံ၍ အနှစ်သာရကို စုပ်ယူလိုက်သည်။

ဗုန်း!

ညကောင်းကင်ယံ၌ မိုးခြိမ်းသံကြီး ရုတ်တရက် ကျယ်လောင်လာသည်။ လျှပ်စီးတဖျတ်ဖျတ် လက်၍ မိုးခြိမ်းသံများ တဟုန်းဟုန်း မြည်ကာ မိုးကြိုးမုန်တိုင်းများ ပြိုကျလာသည်။ ပြင်းထန်သော မိုးခြိမ်းသံသည် ညကောင်းကင်ယံကို ဖြတ်သွားကာ တိမ်တွေတောင် ကွဲသွားပုံရသည်။ ငွေရောင် နဂါးတစ်ကောင်သည် တိမ်များကိုဖြတ်၍ အမှောင်ထုထဲ၌ လှည့်ပတ်သွားနေ၏။

"!!!"

မီးဖိုချောင်ထဲမှာ စိတ်ပျက်နေတဲ့ ရှောင်ပိုင်တစ်ယောက်ဟာ အသံကြောင့် တုန်လှုပ်သွားပြီး လသာဆောင်ကို ငေးကြည့်ရင်း အမွှေးတွေ ထောင်ကုန်၏။

မိုးခြိမ်းသံများကြားတွင် ချင်းယန် လသာဆောင်သို့ မှီ၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့အမူအရာနှင့် လှုပ်ရှားမှုများသည် ကောင်းကင်နှင့် မြေကြီးကြား၌ ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို မထင်မှတ်ပဲ ဖြစ်ပေါ်စေခဲ့သည်။

ဒါကိုမြင်တော့ ရှောင်ပိုင် တုန်လှုပ်သွားပြန်သည်။ ဒီအချိန်မှာတော့ ချင်းယန် ဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာကို နောက်ဆုံး နားလည်သွားပါပြီ။

ဧကရာဇ်အမျက်ထွက်သောအခါ လူ သန်းနှင့်ချီ၍ သေဆုံးပြီး သွေးများစီးကျလာသည်။

ချင်းယန်၏ ဒေါသသည်တော့ မမျှော်လင့်ဘဲ တလိမ့်လိမ့်ဖြင့် မိုးခြိမ်းသံအဖြစ်သို့ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကို ဖန်တီးနိုင်သူ လူသားတစ်ဦး ဖြစ်လာခဲ့သည်။

"တောင်းပန်ပါတယ် သခင်...."

ရှောင်ပိုင် ဝမ်းနည်းစွာ ရေရွတ်ရင်း မိုးခြိမ်းနေတဲ့ ညကောင်းကင်ကို ကြည့်ရင်း ကြောက်လန့်လာ၏။

"သခင် ငါ့ကို ရိုက်တော့မှာများလား"

ဒီအချိန်မှာ အနီးပတ်ဝန်းကျင်တွင် မိုးကြိုးများက တိမ်များထဲ ဝေ့ဝဲကာ ကောင်းကင်ကို လှုပ်ခါသွားစေပြီး မိုးသည်းထန်စွာ ရွာသွန်းချလိုက်သည်။

တီး တီး တီး!

အဆောက်အဦများကြားတွင် ကားဟွန်းသံများ ဆူညံနေသည်။ အိမ်သူအိမ်သားတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ကြပြီး အိမ်ပိုင်ရှင်၏ အုပ်စုဖွဲ့ စကားပြောသံများကလည်း စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာခဲ့သည်။

"ဒီ​နေ့ရာသီဥတုက ဘာဖြစ်​​နေတာလဲ!?"

"ညဉ့်သန်းခေါင်​ကြီးမှာ မိုးခြိမ်း​တယ်၊ ညဘက်မှာလည်း မိုးခြိမ်းတယ်... နေ့တိုင်းကို ခြိမ်းနေတာ...."

"တာအိုမိတ်ဆွေရယ်... မင်းရဲ့အတိဒုက္ခကို ကျော်လွှားဖို့ တခြားတစ်နေရာကို သွားပါလား... ငါ့ကို အိပ်ခွင့်မပေး​တော့ဘူးလား"

All Chapters