ဟိုက မနက်စာတောင် ယူလာပေးနေပြီလေ
Vol. 8 Ch. 110
နောက်တစ်နေ့ နံနက်စောစော။
ကောင်းကင်ကြီး လင်းထိန်သွားသည်နှင့် လမ်းမများပေါ်၌ အသွားအလာများဖြင့် စည်ကားနေပြီး သစ်ကိုင်းများပေါ်က ငှက်များ၏ တေးဆိုသံများကလည်း ဆူညံနေသည်။
ချင်းယန် စာကြည့်တိုက်ကို စောစောရောက်လာသည်။ ရှောင်ပိုင်ကိုတော့ သူအလုပ်ရပ်တွေကို ပြန်စဉ်းစားဖို့ အိမ်မှာပဲ ထားခဲ့လိုက်သည်။
ယနေ့ခေတ် စာကြည့်တိုက်မှာတော့ လုံခြုံရေး တင်းကျပ်ထားပြီး ဝန်ထမ်းများ မဝင်ရောက်မီ ပြင်းထန်သော စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ သူရောက်ချိန်မှာတော့ အပြင်မှာ လူတွေ တန်းစီနေရတာ ကြာပြီ။
"အလုပ်စောစောထွက်ရတော့ အချိန်က အတူတူပဲ..."
ချင်းယန် သက်ပြင်းချလိုက်သည်။ အချိန်စာရင်းသွင်းဖို့ တန်းစီစောင့်ဆိုင်းပြီးနောက် အချိန်ကိုစစ်ဆေးရန် ဖုန်းကိုထုတ်လိုက်သည်။ အလုပ်မစခင် အချိန်အတော်ကြာ ကျန်နေသေးသည်။
"မနက်စာစားဖို့ ကျန်နေတဲ့အချိန်ကို ငါသုံးလိုက်မယ်"
စာကြည့်တိုက်နားက လမ်းပေါ်မှာ အစားအသောက် ကားကြီးတွေ စုနေပြီး ထိုင်ခုံလေးတွေလည်း ဖြန့်ခင်းထားသည်။ စားပွဲတွေပေါ်မှာ မနက်စာ မျိုးစုံ ခင်းထားတာကြောင့် ဝန်ထမ်းတွေက မနက်စာ လက်ဖက်ရည်၊ ငါးခေါက်ဆွဲ၊ ကော်ပြန့်ကြော်နှင့် တခြားသရေစာများကို မှာယူရင်း လေထုက ရွှင်မြူးနေ၏။
ချင်းယန် လမ်းဘေးမှာ ရပ်နေကာ သူရွေးချယ်နေတဲ့ သူ့အကြည့်တွေက လမ်းကို ဖြတ်သွားသည်။
တီး!
ချင်းယန် အသံ၏ ဦးတည်ရာဆီသို့ အလိုလို လှည့်ကြည့်လိုက်သည်။ ရှဟဲ ရဲဆိုင်ကယ်ကို လမ်းဘေးတွင် ထိုးရပ်နေကာ လက်ထဲတွင် မနက်စာ နှစ်ဘူးကိုင်ထားတာ တွေ့လိုက်ရသည်။ ထိုလူက သူ့ဘက်သို့ လျင်မြန်စွာ လျှောက်လာနေကာ မျက်လုံးအောက်မှာလည်း အမဲစက်များနှင့်။
"မင်္ဂလာနံနက်ခင်းပါ လောင်ချင်းရေ..."
ရှဟဲ ပင်ပန်းနွမ်းနယ်သော ခြေလှမ်းများဖြင့် လမ်းဘေးကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ ဒါကိုမြင်တော့ ချင်းယန် သူ့ကို နှုတ်ဆက်ဖို့ အစပြုလိုက်သည်။
"မင်းဘာလို့ မနက်အစောကြီး ရောက်နေတာလဲ... မင်း ကြည့်ရတာ ဆိုးလိုက်တာ"
"မပြောပါနဲ့ကွာ.... မင်းတို့ စာကြည့်တိုက် လုံခြုံရေးနဲ့ ပတ်သက်နေတာ.. ငါ မနေ့ညက ဒီမှာ ညတာဝန်ကျတယ်...လာ ငါနဲ့ မနက်စာ သွားစားရအောင်"
ခဏအကြာ၌ နှစ်ယောက်သား အပြင်ဘက်မှာ ထိုင်ခုံတစ်ခုတွေ့ပြီး ထိုင်လိုက်ကြသည်။ အေးမြသော နံနက်ခင်း လေနုအေးက တိုးဝင်လာနေ၏။ ရှဟဲ သူ့အပေါ် အဝတ်အစားတွေနဲ့ ထုပ်ပြီး ထမင်းဘူးကို စားပွဲပေါ်တင်ကာ ချက်ချင်း ဆွဲဖွင့်လိုက်သည်။
"ကြည့်စမ်း... လတ်လတ်ဆတ်ဆတ် ပေါက်စီတွေ!"
သူက ပြုံးပြီး တစ်ခါသုံး တူတစ်စုံကို ထုတ်လိုက်သည်။ ပေါက်စီဘေးက မုန့်သည် ကိုက်မိလိုက်သည်နှင့် အဆီအနှစ်က မုန့်စိမ်းမှ စိမ့်ထွက်ကာ ပါးစပ်ထဲ ပျော်ဝင်သွားသည်။
"အခု ငါ ချမ်းသာနေပြီ နည်းနည်းတော့ ပင်ပန်းနေပေမယ့် မင်းကို မမေ့ပါဘူး"
ရှဟဲ သူ့ထမင်းဗူးကို ချင်းယန်ဆီသို့ တွန်းလိုက်ပြီး
"မင်း ဖြည့်စွက်စာ စားဥိီး ချင်းအိုကြီး!"
"မင်းအလုပ်က စာကြည့်တိုက်မှာ လုပ်တဲ့အလုပ်ထက် တကယ်ကို ခက်တာပဲ"
ချင်းယန် ဝင်ငြီးပြပေမယ့် မတွန့်ဆုတ်ပါ။ သူက မုန့်ထုပ်ကို ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲ တန်းထည့်ကာ ညည်းတွားရင်း တိုးတိုးလေး ပြောလိုက်တယ်။
"မလွယ်ဘူး... စာကြည့်တိုက်ထဲမှာ ပိုအဆင်ပြေနေသေးတယ်"
"ကျစ်! မှန်ချက်ပဲ..."
ဒါကိုကြားတော့ ရှဟဲ လေးလေးနက်နက်သဘောတူပြီး သူ့ကိုယ်သူ ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။
"ဘာမှလုပ်လို့မရဘူး... ငါက သိပ်အရည်အချင်း သိပ်မရှိဘူးလေ.. ဒါကြောင့် အောက်ခြေကနေစပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရတာ.. နောက်မှ ရာထူးတိုးဖို့ လျှောက်ထားရတော့မှာ လောင်ချင်းရာ ငါ ပြောရင်တောင် မင်း နားမလည်သေးပါဘူး... လှည့်ကွက်တွေ အများကြီးရှိတယ်...ရဲထိန်းတွေက အရမ်းရှုပ်ထွေးတဲ့ အစုအဝေးတွေလိုပဲ..."
"ဟမ်..."
ချင်းယန်သည် အသားများကို ထုတ်ဖော်ရန်သာ အာရုံစိုက်ထားခဲ့ကာ အရသာရှိသော အစားအစာကို မြည်းစမ်းကြည့်နေသည်။ ရှဟဲ ပြောသည့်စကား အားလုံးသည် လေတိုက်သလိုမျိုး နားတစ်ဖက်က ဝင်ကာ ကျန်တစ်ဖက်က အပြင်သို့ ထွက်သွားသည်..။
"အခိုက်အတန့်လေးရတုန်း ကောင်းကောင်း အသက်ရှင်ပြလိုက်စမ်းပါ!"
……………
လမ်းတစ်ဖက်မှာ လီချင်းဟဲသည် လူကူး မြင်းကျားလမ်းကို ဖြတ်နေစဥ် ချင်းယန်နဲ့ ရှဟဲကို အဝေးကတောင် သတိထားမိသည်။
"ဒီနှစ်ယောက် ပြန်ရောက်နေပြန်ပြီ"
သူမသည် သွားနေစဉ် ရှဟဲကို တစ်ချက်ကြည့်ကာ စာကြည့်တိုက်ဆီသို့သာ လျှောက်သွားလိုက်သည်။ စားသောက်ရင်း ပျော်ရွှင်နေသော ချင်းယန်ကို ကြည့်ကာ အထင်အမြင်သေးသည့် အကြည့်ဖြင့် လှည့်ထွက်သွားသည်။
နှစ်ရက်ကြာ စုံစမ်းပြီးနောက် လီချင်းဟဲသည် အခြားသော စာကြည့်တိုက် ဝန်ထမ်းများကို မေးခွန်းထုတ်ခဲ့ပြီး ၎င်းတို့၏ နောက်ခံအကြောင်း အကြမ်းဖျင်း သိခဲ့သည်။
သူတို့အားလုံးက တကယ့်ကို အလုပ်မှာ ပေါ့လျော့သူတွေပဲ။
"စရိုက်တူတွေ စုဝေးနေကြတော့ ဒီလိုဖြစ်နေတာ အံ့သြစရာတော့ မရှိပါဘူး"
ဒါကိုတွေးကြည့်နေတုန်း လီချင်းဟဲ နှုတ်ခမ်းတွေကို ကောက်ကွေးပစ်လိုက်ပြီး နှစ်ယောက်သားကို အထင်အမြင်သေးစွာ အကြည့်လွှဲပစ်လိုက်သည်။
တစ်နေ့တာလုံး ပေါ့ပေါ့ပါးပါး အနားယူနေမှတော့ သူတို့မှာ ဘယ်လိုလုပ် အနာဂတ် ရှိနိုင်မှာလဲ။
ငါ့လို အလုပ်ကြိုးစားတဲ့သူက သူတို့နဲ့ တွဲနေမှာမဟုတ်ဘူး။
လီချင်းဟဲ ခေါင်းငုံ့ပြီး အမြန် လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏ ဝန်ထမ်းကတ်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်ကာ ပွတ်ဆွဲဖို့ ပြင်ဆင်လိုက်သည်။
နာရီလိုင်းသည် လုံခြုံရေးဂိတ်ပေါက်ဆီသို့ တိုးလာကာ သူမရှိရာသို့ ရောက်လုနီးနီးပင်။ ရုတ်တရက် အကျွမ်းတဝင်ရှိသော ပုံတစ်ပုံက သူမမြင်ကွင်းထဲ ပေါ်လာသည်။
"ဟင်?"
လီချင်းဟဲ အံ့အားသင့်သွားပြီး နှစ်ခါ ပြန်ကြည့်လိုက်သည်။
"ညီမကျစ်ရွှမ်းက ဘာလို့ ဒီကို ရောက်နေတာလဲ"
လီကျစ်ရွှမ်းဟာ ပန်းပွင့်ဝတ်စုံကို ၀တ်ထားပြီး မနက်စာ နှစ်ဘူး ဆောင်ထားကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ပတ်ပတ်လည်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
နောက်အခိုက် သူမ၏ ပန်းတိုင်ကို ရှာတွေ့လိုက်သလိုပင် မျက်လုံးများ တောက်ပလာသည်။ ပြန့်ကျဲနေသော စားပွဲများနှင့် ကုလားထိုင်များမှတဆင့် သူမ ထိုလူဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
ပြီးတော့ အဲဒီလူကလွဲလို့ တခြားသူမဟုတ် လေဝင်လေထွက်ကောင်းသော ခုံတန်းလျားပေါ်တွင် ထိုင်နေသော ချင်းယန်ပင်။
"???"
လီချင်းဟဲ အေးခဲနေပြီး မလှုပ်မယှက် ဖြစ်သွားသည်။
ဘာတွေဖြစ်နေတာလဲ!?
ငါ မနေ့က နင့်ကို ပြောဖူးတဲ့ ဒီချင်းမျိုးရိုးက လုံးဝ သာမန်မဟုတ်ဘူးလေ။
ဒီနေ့ကျ နင်က မနက်စာ လာပို့နေတာလား။
"မဟုတ်သေးဘူး ငါ..."
လီချင်းဟဲ တုံ့ဆိုင်းနေပြီး လီကျစ်ရွှမ်း၏ လှုပ်ရှားမှုများကို စေ့စေ့ကြည့်ရှုနေ၏။
တစ်ဖက်မှာတော့ လီကျစ်ရွှမ်းသည် ထမင်းစား စားပွဲများဆီ ဖြည်းညှင်းစွာ လျှောက်သွားကာ အနီးနားရှိ လူပေါင်းများစွာကို ဆွဲဆောင်သွားခဲ့သည်။
တစ်ယောက်တည်းနဲ့ နှစ်နပ်စာ။
လီကျစ်ရွှမ်း၏ ထူးခြားသော အသွင်အပြင်နှင့် မှိန်ဖျော့သော နံနက်ခင်း အလင်းရောင်တွင် ကောင်းကင်တမန်နှင့်ပင် တူနေပြီး သူမသည် လူအများ၏အာရုံကို သဘာဝအတိုင်း စုစည်းပစ်ခဲ့သည်။
သို့သော် လီကျစ်ရွှမ်းဟာ တစ်လျှောက်လုံး တင်းမာနေခဲ့ပြီး လျစ်လျူရှုသော အရိပ်အယောင်များကို ထုတ်လွှတ်ထား၏။ သူမသည် အပြင်ဘက် ထမင်းစားထိုင်ခုံများဆီ တိတ်တဆိတ် လျှောက်သွားကာ နောက်ဆုံးတွင် တည်ငြိမ်သော အကြည့်ဖြင့် ချင်းယန်ရှေ့မှာ ရပ်လိုက်သည်။
ထိုအခိုက် စားပွဲက ရှဟဲကိုတွေ့တော့ အံ့အားသင့်သွားပြီး အနည်းငယ် အံ့သြသွားသည်။
ငါ့အစ်ကိုကြီးအတွက် မနက်စာယူလာဖို့ ငါရောက်နေပြီ။ သူ့သူငယ်ချင်းက ဘာလို့ဒီမှာ ရှိနေတာလဲ။
လီကျစ်ရွှမ်း မျက်ခုံးများ အနည်းငယ် ဖြေလျှော့လိုက်သည်။ ထမင်းဗူးကို စားပွဲပေါ်တင်လိုက်ကာ ချင်းယန်ကိုကြည့်ရင်း တစ်ချိန်က သူမ၏ တင်းမာသော မျက်နှာထားက ပျော့ပြောင်းသွားသည်။
"အစ်ကိုချင်း အစ်ကို့အတွက် မနက်စာပါ"
သူမ ထမင်းသေတ္တာကို သေသေချာချာချကာ လှည့်ထွက်သွားခဲ့သည်။ အနောက်မှာတော့ ချောမောလှပသော ရုပ်သွင်တစ်ခုသာ ကျန်တော့၏။
တန်းစီဖို့ စောင့်ဆိုင်းနေသော လီချင်းဟဲ ထိတ်လန့်သွားသည်။ သူမက လက်သီးတွေကို ဆုပ်ထားပြီး ချင်းယန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတော့သည်။
တကယ်ကြီး သူ့ကို ထမင်းလာကျွေးတယ်ပေါ့?
"ဘာဖြစ်နေတာလဲ?!"
"ဘယ်လိုမှ မဖြစ်နိုင်ဘူး!"
ညီမကျစ်ရွှမ်းက ဒီလူမိုက်ကို တကယ် စွဲလန်းနေတာလား။
ချင်းယန် အနားမှ ရှဟဲလည်း ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားမိ၏။ စားပွဲအလယ်ရှိ နေ့လည်စာပုံးကို ငုံ့ကြည့်ရင်း သူ့ဦးနှောက်က လွန်ကဲစွာ ခုန်တက်သွားသည်။ သူ လုံးဝ အံ့အားသင့်သွားပြီ။
"ဟား၊ ဟား၊ ဟား..."
ရှဟဲ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ ချင်ယန်ကို မယုံနိုင်လောက်အောင် ကြည့်လိုက်သည်။
"ငါ့ကို အမှန်အတိုင်းပြောစမ်း.. မင်း အခု ဘယ်အဆင့် ရောက်နေတာလဲ"
"..."
ချင်းယန် စကားများများမပြောဘဲ သူ့လက်တွေကို အားကိုးတကြီး ဝှေ့ယမ်းနေသည်။
"တကယ်ကို အရေးမကြီးပါဘူး... အဲဒါကို သိပ်မစဉ်းစားစမ်းနဲ့"
"မဟုတ်ဘူး သူငယ်ချင်း... မင်းကငါ့ကို ငတုံး လူမိုက်လို့ ထင်နေတာလား"
ဒါကိုကြားတော့ ရှဟဲသည် စားပွဲပေါ်က ထမင်းဘူးကို လက်ညှိုးထိုးပြပြီး။
"ဟိုက မနက်စာတောင် လာယူလာပေးနေပြီ မင်းက ဘာမှ မပတ်သက်ပါဘူးလို့ ပြောချင်နေတုန်းပဲလား? ဒါဆို မင်း... မင်းက လမ်းကို အမြန်ရောက်ဖို့ ကြိုးစားနေတာလား"