← Chapters

ဒီကောင်က လူကောင်းမဟုတ်မှန်း သိသာတယ်

Vol. 8 Ch. 111

ဒီကောင်က လူကောင်းမဟုတ်မှန်း သိသာတယ်

Vol. 8 Ch. 111

စာကြည့်တိုက်၌။

ချင်းယန် ထမင်းဗူးကို ထိ​ကြည့်လိုက်ရာ လက်ကျန်အပူရှိန်က ပူနွေးနေဆဲ။ ထို့နောက် သူသည် လီကျစ်ရွှမ်း ထွက်သွားသော အသွင်ကို ကြည့်ပြီး သူ့နှလုံးသား တစ်ခုလုံး တုန်လှုပ်သွားသည်..။

"ငါ အစားအသောက် ပို့ပေးဖို့ သူမကို မတောင်းဆိုခဲ့ပါဘူး"

ဒီငတုံးတပည့်လေးက ဘာတွေ လုပ်နေပြန်တာလဲ။

ချင်းယန် ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း သူ့အပေါ် အာရုံစိုက်နေသော မျက်လုံးများစွာကို သတိပြုမိသည်။ မတတ်နိုင်တာမို့ ခေါင်းကိုပဲ အသာအယာ ခါလိုက်သည်။

ဒီလူက တခြားသူတွေရှေ့မှာ ပေါ်လွင်နေတယ်လို့ ပြောရင်တောင် ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိလေပါ။

"ထားတော့ ပို့ပေးပြီးသွားပြီပဲ နောက်မှ အခွင့်အရေးရှာပြီး သူမကို သေချာပြောရမယ်.... ဘာတွေရှိလဲ အရင်ကြည့်ရအောင်"

ချင်းယန် ထမင်းဘူး၏ အစွန်းကို ချိန်ညှိကာ သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ နောက်အခိုက်အတန့်၌ လတ်ဆတ်သော ရနံ့တစ်ခုက သူ့နှာခေါင်းကို လွှမ်းသွားသည်။

ထမင်းဗူးအတွင်းတွင် မှိုဖြူ၊ ငှက်သိုက်၊ ပင်လယ်သခွား၊ ဝါးမှို၊ မြည်းအသိုက်မှို၊ ကုန်းကြောင်းနှင့် ပင်လယ်မှ အရသာရှိသော ဟင်းလျာများသည် အနုပညာလက်ရာတစ်ခုကဲ့သို့ စေ့စေ့စပ်စပ် စီစဉ်ပေးထားတာ တွေ့လိုက်ရလေ၏။

အထဲမှ မနက်စာကို ကြည့်လိုက်တော့ ချင်ယန်က စကားမပြောနိုင် ဖြစ်သွားသည်။ သူ့နေရာမှာဆို ဒီမနက်စာ တစ်ခုတည်းစားရင် အနည်းဆုံး လစာတစ်ဝက်လောက် ကုန်သွားလိမ့်မည်။

ဒါ့အပြင် သက်သတ်လွတ်နဲ့ အသား တစ်ဝက်ပဲ စားရလိမ့်မည်။

မင်းက ဒါနဲ့ဝုန်းဒိုင်းကြဲချနေတာလား? ဒါမှမဟုတ် မင်းငါ့ကို အစာနင်ပြီး သေအောင် ကြိုးစား​နေတာလား။

"ဟေး ချင်းအိုကြီး ငါလက်လျှော့လိုက်ပြီ..."

ရှဟဲ အတွင်းမှ အစားအစာများကို မြင်သောအခါ မိမိ ထမင်းဗူးကို ​ပြန်ငုံ့ကြည့်လိုက်သည်။ ရိုးရိုးရှင်းရှင်း၊ အံမဝင်သော အသားမုန့်က လီကျစ်ရွှမ်းရဲ့ မနက်စာနဲ့ လုံးဝ မယှဥ်နိုင်ပါ။

ပေါင်းထားသော မုန့်များသည် ချက်ချင်းပင် ၎င်းတို့၏ အမွှေးအကြိုင်များကို ဆုံးရှုံးသွားရလေ၏။

"တောင်းပန်ပါတယ် ညီအစ်ကို မင်းရဲ့အခွင့်အရေးကို ငါပျက်ဆီးမိသွားပြီ... မနက်အစောကြီး ဘာလို့ မနက်စာ မစားတာလဲလို့ သိချင်နေတာ..."

ရှဟဲ သူ့ထမင်းထုပ်ကို တိတ်တဆိတ် ဖယ်လိုက်ပြီး ခဏရပ်လိုက်သည်။ ထို့နောက် ချင်းယန်ကို သက်ပြင်းချ​ပြကာ။

"...လတ်စသတ်တော့ မင်းက ငါးစာဟပ်ဖို့ စောင့်နေတာပေါ့လေ..."

လက်ခုပ်တီးကာ တောင်းပန်ရင်း ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

"ညီအစ်ကို ငါအပြစ်ရှိလို့ မင်းကိုမနှောင့်ယှက်တော့ဘူး ငါ အခုထွက်သွား​တော့မယ်"

"ဟေ့ ခဏစောင့်ဦး..."

သူထွက်သွားတော့မှာကို မြင်တော့ ချင်းယန် သူ့လက်ကို အမြန်ဆွဲလိုက်သည်။ အရသာရှိလှတဲ့ အစားအသောက်ကို လက်ညှိုးထိုးပြပြီး။

"ငါတစ်ယောက်တည်း အကုန် မစားနိုင်ပါဘူး... ကူညီပေး... ဝန်ထုပ်ဝန်ပိုးကို မျှဝေပါဦးလား..."

"မဟုတ်ဘူး မဟုတ်ဘူး ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပြုပါ ချင်းအိုကြီး"

ချင်းယန် ငြင်းဆန်ရန် လက်ကို မြှောက်ကာ ချင်းယန်ကို မျက်စောင်းထိုးပစ်လိုက်သည်။ ပြီးနောက် သူ့ရင်ဘတ်ကို လက်ပြလျက်။

"မင်း ငါ့ကို တကယ်သေစေချင်နေတာမလား... ငါ မင်းရဲ့မနက်စာတွေကို ကိုက်လိုက်ရင် မနက်ဖြန် ငါ့ခန္ဓာကိုယ်မှာ ဓားတစ်ချောင်း စိုက်နေမှာ ကြောက်တယ်ကွ! မင်းဘာသာစား ငါအရင်သွားပြီ!"

သူပြောပြီးတာနဲ့ ထမင်းဗူးကိုဆွဲယူပြီး လှည့်ထွက်ပြေးသွားကာ ရဲဆိုင်ကယ်ဆီ ရောက်သည်နှင့် အခင်းဖြစ်ရာကနေ အမြန်ထွက်သွားပါတယ်။

ချင်းယန်သည် စိတ်ပူ​နေသော အကြည့်ဖြင့် သူ့ထမင်းဗူးထဲမှ အရသာရှိတာ​လေးများကို တစ်ချက်ကြည့်လိုက်သည်။

"ဘာမှားလို့လဲ... ငါ ရှောင်ပိုင်ကို ခေါ်ခဲ့သင့်တာ ထင်တယ်..."

ဘာတတ်နိုင်မှာလဲ? စားလိုက်ရုံပါပဲ။

တွေးရင်း ခေါင်းငုံ့ကာ အစာကို မြိန်ရေယှက်ရေ မျိုချလိုက်သည်။

သူသည် ဝါးနေသော ပင်လယ်သခွားသီးကို အပိုင်းပိုင်းခွဲကာ ရေငတ်သောအခါ လည်ချောင်းကို သက်သာစေရန် ဟင်းချိုတစ်ဇွန်းကို လှမ်းယူ​သောက်လိုက်သည်။ ဟင်းပေါင်းများစွာကို မြည်းစမ်းဖို့တောင် အချိန်မရှိရင် ဒါဟာ လုံးဝကို ဖြုန်းတီးတဲ့ နည်းလမ်းတစ်ခုပါပဲ။

ခဏအကြာ၌ နေ့လယ်စာဘူး နှစ်ခုလုံး ပြောင်သွား၏။ ချင်းယန် သူ့ဗိုက်ဝိုင်းဝိုင်းကို ပွတ်သပ်ကာ ကျေနပ်စွာ ထွက်လာခဲ့သည် အလုပ်သွားကာ အိပ်ဖို့နေရာရှာရမည်။ အစာစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ဖို့က မသင့်တော်ပါဘူး။

အိပ်ရာမထခင် အစာခြေဖျက်ဖို့ အချိန်အနည်းငယ်ကြာသည်လေ။ ချင်းယန် ခုံတန်းလျားပေါ်တွင် ခေါင်းကို လှဲထားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်နှင့် တိမ်များကို မော့ကြည့်ရင်း ခေါင်းအောက်၌ လက်နှစ်ဖက် ချထားသည်။

ဒီလိုနဲ့ပဲ အချိန်တွေက ကုန်သွားပေမယ့် ချင်းယန်ကတော့ အရမ်းအဆင်ပြေနေ၏။

…………….

စာကြည့်တိုက်၊ နယ်မြေ ၂

လီချင်းဟဲသည် စာအုပ်စင်နောက်တွင် ပုန်းနေပြီး စာအုပ်များကြားမှ ကြည့်နေလေသည်။ ချင်းယန်၏ ဝမ်းသာပီတိအမူအရာကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသကြောင့် သွားကြိတ်ပစ်လိုက်သည်။

"စိတ်ဆိုးလိုက်တာ! ချင်းယန်က သက်တောင့်သက်သာရှိပေမယ့် ငါက အဆင်မပြေဘူး ဗိုက်ပြည့်သွားတဲ့အထိစား! ပြီးရင်အိပ်... ခဏနေလည်း အိပ်ဦးမှာ! ဒီကောင်က ဝက်နှစ်ဖွားလား"

မထီမဲ့မြင်ပြုသော အကြည့်ဖြင့် စာအုပ်ကို စင်ပေါ်သို့ ပြန်တင်လိုက်ပြီး ထမင်းဗူးအကြောင်း တွေးလိုက်သည်။

ညီမကျစ်ရွှမ်းက ဘာလို့ နေ့လည်စာဘူး ယူလာတာလဲ။

မဖြစ်နိုင်ဘူး!

ငါးမျှားချင်နေတဲ့ဟာ တစ်ခုခု​တော့ ရှိရမည်။

ဒါကိုတွေးရင်း လီချင်းဟဲ သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မည်သူမျှ ဖြတ်သန်းသွားခြင်းမရှိကြောင်း အတည်ပြုပြီးနောက် အမျိုးသမီးသန့်စင်ခန်းထဲသို့ တိတ်တဆိတ် ကွေ့ဝင်လိုက်သည်။

မှန်ရှေ့မှာရပ်ပြီး သူမပါးကို လက်နဲ့ ညင်ညင်သာသာ သုတ်လိုက်ကာ ဖုံးကွယ်ထားတဲ့ အသွင်အပြင်ကို ဖယ်ရှားလိုက်သည်။ ထိုစဥ် သူမရဲ့ အသွင်အပြင်တွေ မှုန်ဝါးလာပါ၏။ သူမသည် သူမ၏ သူရဲကောင်းဆန်ပြီး ခံ့ညားသော ရုပ်ရည်ကို ဖျက်လိုက်၏။

ထို့နောက် သူမသည် အမျိုးသမီးသန့်စင်ခန်းမှ ထွက်သွားကာ လီကျစ်ရွှမ်း ထိုင်ခုံဆီသို့ ဦးတည်သွားခဲ့သည်။

စာကြည့်တိုက်ဧရိယာတစ်၊ အနားယူရန်နေရာက လီကျစ်ရွှမ်းသည် ဓားပညာ၏ မရှိမဖြစ် လိုအပ်ချက်များကို လေ့လာရန် ခေါင်းငုံ့နေပြီး သူမမျက်ခုံးက တစ်ခါတရံ တွန့်ချိုးသွားသည်။ သူမသည် စာဖတ်ခြင်းထဲတွင် နစ်မြုပ်နေပြီး လက်ချောင်းများဖြင့် ဓားလှုပ်ရှားမှုကို ညင်သာစွာ သရုပ်ပြ​နေခဲ့သည်။

ရုတ်​တရက်​ သူမ​နောက်​မှ ရင်းနှီး​သော အသံတစ်​ခု ပဲ့တင်​ထပ်​လာသည်​။

"ကျစ်ရွှမ်း... တိုက်ဆိုင်လိုက်တာ..."

လီကျစ်ရွှမ်းလည်း ချာကနဲ လှည့်ကြည့်လိုက်သည်။

"အစ်မချင်းဟဲ? နင်ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး... ဒီမနက် ရာသီဥတုက သာယာတယ်လေ.. အဲဒါကြောင့် လမ်းလျှောက်ထွက်ရင်း စာကြည့်တိုက်ထဲ ရောက်လာတာ..."

လီချင်းဟဲ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပြီး ထိုင်ချလိုက်သည်။ စားပွဲပေါ်က မှတ်စုတွေကို သူ့မျက်လုံးတွေက လှမ်းစိုက်ကြည့်ရင်း သက်ပြင်းတစ်ချက် တိတ်တိတ်လေး ချလိုက်၏။

ကောင်းပါတယ်၊ အဲဒါကောင်းပါတယ်။

ညီမကျစ်ရွှမ်းဟာ ယခင်အတိုင်း အလုပ်ကြိုးစားဆဲ ဖြစ်သည်။ ထိုလူဆိုး ချင်းယန်သည် သူမအား လမ်းလွဲစေတာမျိုး မပြုခဲ့ပေ။

"အချိန်မီနေသေးလို့ တော်သေးတာပေါ့"

လီချင်းဟဲ သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်ကို ပွတ်သပ်ရင်း သက်သာရာရသွားသည်။

"ဘာကို အချိန်မီတာလဲ အစ်မ ဘာတွေပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး ငါ့မှာ နင့်အတွက် မေးခွန်းလေးတွေရှိသေးတယ်"

"အင်း..."

"ဘာမှ အလေးအနက် မရှိပါဘူး ဟိုကလူ..."

လီချင်းဟဲ အဝေးကို လှမ်းကြည့်ကာ အိပ်ပျော်နေသော ချင်းယန်ကို စိုက်ကြည့်နေသည်။ သူ့လက်ဖဝါးကို ပါးဘေးမှာတင်ပြီး တိုးတိုးလေး အတင်းတုတ်လေ၏။

"နင်သူနဲ့ မရင်းနှီးဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ချင်းယန်လား"

လီကျစ်ရွှမ်းလည်း သူမ၏ အကြည့်နောက်သို့ လိုက်သွားကာ တင်းမာသော မျက်လုံးများ ရုတ်တရက် ပျော့ပြောင်းသွားသည်။

"သူနဲ့ သိပ်မရင်းနှီးပါဘူး"

"မရင်းနှီးဘူးလား ဒါဆို မနက်စာပေးဖို့ ဘာလို့ ပြေးလာတာလဲ.... ငါ့ကို မလိမ်နဲ့"

"ဟမ်..."

ဒါကိုကြားတော့ လီကျစ်ရွှမ်း တုံ့ဆိုင်းသွားပြီး ချင်းယန်ဘက်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

"ငါမလိမ်ပါဘူး.... ငါတို့အရင်က သိပ်မရင်းနှီးခဲ့ကြပေမယ့် အခုရင်းနှီးနေပြီ"

သူမစကားပြီးသောအခါ လီချင်းဟဲ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်ကုန်သည်။

"???"

ဘာကိုဆိုလိုတာလဲ?

ဒါဆို...

ဒါမှမဟုတ် နင်တို့နှစ်ယောက် မီးတောက်မီးလျှံတွေကို တိတ်တိတ်လေး မီးညှိပေးနေတဲ့သူက ငါလား။

"အော် ငါ့ညီမမိုက်ရယ်..."

လီချင်းဟဲမှာ သူ့နဖူးကိုကိုင်ကာ လီကျစ်ရွှမ်း၏ အံ့သြသွားသည့် အမူအရာကို ကြည့်ကာ စိုးရိမ်စွာပြောခဲ့သည်။

"နင်ဘယ်တုန်းက တခြားသူဆီမှာ ရောင်းစားခံလိုက်ရတာလဲ... ပိုက်ဆံ​တောင် တွက်ပေးနေသေးတယ်"

"ဘာကြီးလဲ!"

ဒါကိုကြားတော့ လီကျစ်ရွှမ်းရဲ့မျက်နှာက ပွပွပွက်ပွက်ထလာပြီး သူမလက်နှစ်ဖက်ကို ဖြတ်လိုက်ကာ ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွားသည်။

"အစ်မချင်းဟဲ ပေါက်ကရစကားတွေ ရပ်လိုက်တော့!"

"ကောင်းပြီ ငါမပြောဘူး ငါမပြောတော့ဘူး"

လီကျစ်ရွှမ်းရဲ့ ဒေါသကို မြင်လိုက်ရတော့ လီချင်းဟဲ သူမကို အလျင်အမြန် ဖြေသိမ့်ပေးရင်း။

"ညီမလေးရယ် ငါနင့်ကို စိတ်ပူနေလို့ပါ"

"ငါ့ကိုဘာလို့စိတ်ပူနေတာလဲ"

"ငါ အကြံပေးတာကို နားထောင်! အနားလာခဲ့"

လီချင်းဟဲက စားပွဲပေါ်ကို မှီကာ သူ့လက်ကို ဆန့်တန်းကာ တိုးတိုးလေး တီးတိုးပြောသည်။

"ဒီချင်းမျိုးရိုးက တော်တော်ဆိုးတာ သူက လုံးဝ လူကောင်းမဟုတ်ဘူး!"

စကားတွေကျလာရင်ပဲ ခပ်လှမ်းလှမ်းတွင် အိပ်ချင်ယောင်ဆောင်နေသော ချင်းယန်တစ်ယောက် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွား၏။

"???"

"ငါက ဘာလို့ လူကောင်းမဟုတ်ပြန်တာလဲ"

All Chapters