အိပ်တာကလည်း စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုပုံစံတစ်ခုပဲ
Vol. 8 Ch. 112
"ညီမချင်းဟဲ နင် နားလည်မှုလွဲနေပြီလို့ ငါထင်တယ် အစ်ကိုချင်းက လူဆိုးမဟုတ်ဘူး"
လီကျစ်ရွှမ်းသည် လီချင်းဟဲ ပြောသည်ကို ကြားပြီးနောက် ဒေါသပုန်များ ပြန်လည်ထလာသည်။ မျက်မှောင်ကြုတ်ရင်း သူမက ပြန်ပြောလေ၏။
"ဒီလို အမြဲတမ်း လုပ်မနေပါနဲ့... တခြားသူတွေကို မလိုမုန်းထားနဲ့ အကဲမဖြတ်ပါနဲ့"
"ငါ...မလိုမုန်းထား?"
ဒါကိုကြားတော့ လီချင်းဟဲ ခဏလောက် အေးခဲသွားသည်။ သူမမှာ အနည်းငယ် ဒေါသထွက်နေသော လီကျစ်ရွှမ်းကိုလည်း အံ့သြကာ အနည်းငယ် မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။
ညီအစ်မနှစ်ယောက်သည် အတူကစားရင်း ကြီးပြင်းလာခဲ့ကြကာ ငယ်စဉ်ကတည်းက ချစ်ခင်ကြသူများဖြစ်ကြပြီး လီကျစ်ရွှမ်းရဲ့ ပင်ကိုယ်စရိုက်ကို သူမ အလွန်ရင်းနှီးသည်။
သူမသည် အပြင်ဘက်တွင် အေးစက်နေသော်လည်း အတွင်းပိုင်းက နူးညံ့သည်။ ခြွင်းချက်မရှိ အမြဲဂရုတစိုက် နားထောင်ပြီး ဘယ်သောအခါမှ ဆန့်ကျင်ရန် သတ္တိမရှိခဲ့ပေ။
ဒါပေမယ့် အခု...
သူမ တကယ်ပဲ ငါ့ကို ဆန့်ကျင်နေတာလား?
တခြားမိသားစုက တစ်ယောက်ယောက်အတွက်လား ?
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ငါ့ညီမရော ဟုတ်ရဲ့လား။
ဤအတွေးဖြင့် လီချင်းဟဲ၏ အံ့အားသင့်သွားသော အမူအရာမှာ တဖြည်းဖြည်း အေးစက်သွားသည်။
"ကောင်းပြီ ညီမကျစ်ရွှမ်း သူက လူဆိုးမဟုတ်ဘူးလို့ နင် ပြောနေသေးတာလား"
သူမ ဒေါသတကြီး ရယ်မောရင်း ရင်ဘတ်ကို တင်းတင်းဆုပ်ကာ :"မင်း အခု ဘာဖြစ်သွားတာလဲ ပြန်ကြည့်လိုက်စမ်း"
"ငါ...ဘာမှ မမှားဘူး..."
တစ်ဖက်လူရဲ့ ဒေါသကို မြင်လိုက်ရသည်နှင့် လီကျစ်ရွှမ်းသည် သူမရင်ဘတ်ကို ကြည့်ရန် ခေါင်းငုံ့ကာ လီချင်းဟဲ၏ အကြည့်ကို မတွေ့ဝံ့တော့ပေ။
"နင် အထင်လွဲနေလောက်ပြီ...အစ်ကိုချင်းက အဲဒီလိုလူမဟုတ်ဘူး..."
နောက်ဆုံးတော့ ချင်းယန်က ယခုအခါ သူမ၏ အကြီးတန်း ဆရာတူအစ်ကို ဖြစ်နေပါပြီ။ ဆရာအရှင့်ဆီက တပည့်အဖြစ် လက်ခံခြင်းခံရလျှင် သူ့စရိုက်နှင့် အရည်အချင်းသည် သဘာဝအားဖြင့် ကဲ့ရဲ့စရာ မလိုပေ။ သူမအနေဖြင့် ဆရာ့စီရင်ချက်ကို ယုံကြည်သည်။
သူမသာ သူ့ကိုမကူညီရင် ဘယ်သူက ကူညီပေးမှာလဲ။
နောက်ပြီး ချင်းယန်သည် သူ့နေ့ရက်များကို ပျင်းရိစွာ ဖြတ်သန်းနေကာ တခြားလူတွေနဲ့ ရန်ဖြစ်ခဲလှသည်။ ဒီလိုအေးချမ်းတဲ့လူက လီချင်းဟဲကို ဘယ်လိုလုပ် နှိုးဆော်နိုင်မှာလဲ ။
"အစ်မချင်းဟဲ... ကော်ဖီဆိုင်က စကားဝိုင်းမှာ နင်ငါ့ကို တစ်ခုခု ဝှက်ထားသေးလား"
လီကျစ်ရွှမ်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
"အစ်ကိုချင်းကို နင် အရင်စပြီး နောက်ပြောင်ခဲ့တာလား အဲ့ဒါကြောင့် နင့်ရဲ့ အစီအရင် ပုံစံကို သူ ချိုးဖျက်ခဲ့တာလား"
လီချင်းဟဲ : "......"
ထိုစကားကြောင့် သူမရင်ထဲ တိုးလာသော ဒေါသသည် ရုတ်တရက် ငြိမ်းကာ တိတ်ဆိတ်သွားသည်။
"အဲဒီနေ့က အဖြစ်အပျက်ကို ထပ်ပြောပါဦး"
လီကျစ်ရွှမ်း မျက်တောင်ခတ်လိုက်ပြီး သူမပါးပြင်ပေါ်တွင် လက်နှစ်ဖက်ကို အုပ်ထားသည်။ သူမက ရှက်ရွံ့စွာပြုံးပြီး :"အစ်မချင်းဟဲရဲ့ ဇာတ်လမ်းကို ထပ်ပြီးကြားချင်သေးတယ် ဒီတစ်ခါတော့ စကားလုံးတိုင်းကို ကြားချင်တယ်"
"လျှောက်..လျှောက်မပြောနဲ့... ငါ... ငါနင့်ကို ဘယ်လိုလုပ် လိမ်ရမှာလဲ"
ဒါကိုတွေးပြီး လီချင်းဟဲရဲ့မျက်နှာက တင်းတင်းမာမာနဲ့ တုန်လှုပ်သွားလေသည်။
"မဟုတ်ဘူး... ငါ အဲ့ပြဿနာကို ထပ်ကြားချင်တယ်"
လီကျစ်ရွှမ်း ပြဿနာ ဆိုတဲ့နေရာကို ဖိလိုက်ပြီး သူမ၏ မက်မွန်ပွင့် မျက်လုံးများ ကွေးကောက်သွားသည်။
"အစ်မ နင်ငါ့ကို ထပ်ပြောနိုင်မလား..."
"မလုပ်ချင်ပါဘူး... ချင်းမျိုးရိုးက နင့်ကို ဘာတွေပြောထားတာလဲ နင်က အစ်မကိုတောင် မယုံဘူးလား"
သူမ စကားပြောရင်း ဒေါသပိုကြီးလာသည်။ သူမသည် ရိုးရိုးရှင်းရှင်း စားပွဲကို ရိုက်ချလိုက်ပြီး လွယ်အိတ်ကို ဆွဲထုတ်ကာ ထွက်လာခဲ့သည်။ စကားဝိုင်းက ချိုမြိန်စွာ ပြီးဆုံးသွားသည်။
ခဏအကြာ သန့်စင်ခန်းတံခါးမှာ။
လီချင်းဟဲသည် သူ၏ နာမည်ပြောင် "လီချင်း" သို့ ပြန်ပြောင်းပြီး ဧရိယာနှစ်တွင် အလုပ်ပြန်လုပ်နေခဲ့သည်။ သူ့မျက်နှာတွင် နာကြည်းမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေပြီး ထိုစကားဝိုင်းကို တွေးတောနေမိသည်။
ချင်းယန်က လိမ္မာပါးနပ်လွန်းသည်။ အကယ်၍ ကျစ်ရွှမ်း သူ့ထောင်ချောက်ထဲသို့ ကျသွားခဲ့ပါက သူမကို လုံးဝအခွင့်ကောင်း ယူသွားလိမ့်မည်။
သူမ ဘယ်တော့မှ ပြန်ကောင်းလာနိုင်မှာ မဟုတ်ချေ။ သူမ တတ်နိုင်သမျှ အစီအရင်တစ်သောင်းပုံကြမ်းကို လေ့လာပြီး ချင်းမျိုးရိုးကို ညီမကျစ်ရွှမ်းနဲ့ ဝေးရာကို သွားဖို့ သတိပေးရမည်။
…………….
ထိုအချိန်တွင်ပင် ချင်းယန်သည် စာကြည့်တိုက်ထဲတွင် ပေါ့ပေါ့ပါးပါး အနားယူရင်း မျက်လုံးများကို မှိတ်ထားသည်။ သူသည် ညီအစ်မနှစ်ယောက်၏ စကားဝိုင်းကို ကြားလိုက်ရုံဖြင့်ပင် ဝမ်းသာအားရ ဖြစ်နေသည်။
"မဆိုးပါဘူး မဆိုးဘူး"
သူ့ရဲ့ မနက်ခင်း ခရီးစဉ်က အချည်းနှီး မဖြစ်ခဲ့ဘူးပဲ။ အရသာရှိတဲ့ အစားအသောက်တွေကို စားရရုံတင်မကဘဲ ညီအစ်မတွေရဲ့ ဒရာမာကိုလည်း ကြည့်ရှုခွင့်ရခဲ့ပါသည်။ အားလုံးကို ခြုံပြောရရင်တော့ ဘဝက တကယ်ကို သာယာပျော်ရွှင်စရာပင်။
"ကျစ်! ငါစာထားတဲ့ ဖရဲသီးက လုံလောက်နေပြီ... ငါ့ဆင်ခြင်မှုကိုလည်း ဆက်လုပ်ဖို့ အချိန်တန်ပြီ"
ဒါကို စဉ်းစားရင်း ချင်းယန်သည် သူ့အသိစိတ်ကို အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်း နယ်ပယ်ထဲကို နစ်မြုပ်ဖို့ ပြင်ဆင်နေချိန် ရုတ်တရက် မွှေးကြိုင်သော ရနံ့တစ်ခုက သူ့နှာခေါင်းထဲ တိုးဝင်လာသည်။
ခြေသံများနောက်တွင် ခြင်တစ်ကောင်လို ပျော့ပျောင်းသော မိန်းကလေးအသံက သူ့နားရွက်နားမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"ဆရာတူအကိုကြီး..."
လီကျစ်ရွှမ်းက သူ့နံဘေးတွင် ထိုင်နေပြီး သူမ၏ ပန်းပွင့်စကတ်သည် ဒူးအောက်မှာ လှုပ်နေသည်။ ရာသီဥတု ပူပြင်းမှုကြောင့် မျက်နှာက အနည်းငယ် နီမြန်းနေ၏။ ချင်းယန်ကို ငုံ့ကြည့်နေသည့် အကြည့်များကပင် နူးညံ့ညင်သာပြီး ကြင်နာမှုရှိကာ ယခင်က သူမပိုင်ဆိုင်ခဲ့သော အအေးဓာတ်နှင့် ဝေးသည်။
"ဆရာတူညီမ.. ဘာဖြစ်လို့လဲ"
ချင်းယန် သူ့နဖူးကို ကာထားဖို့ သူ့လက်ကို မြှောက်ထားလိုက်ရသည်။ မျက်လုံးတွေကို ဖွင့်မကြည့်ဘဲ သက်ပြင်းတစ်ချက်သာ ချကာ။
“ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့..."
လီကျစ်ရွှမ်း ချဉ်းကပ်လာသောအခါတွင် ခန်းမအတွင်းရှိ လူအချို့သည် မနာလိုသော အကြည့်များကလည်း လိုက်လာကြသည်။ အနည်းငယ်မျှပင်ဖြစ်သော်လည်း ၎င်းတို့သည် သိသာထင်ရှားနေသေးသည်။
"အလုပ်လား?"
လီကျစ်ရွှမ်း ခေါင်းငုံ့ကာ ချင်းယန်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"အကိုကြီး အိပ်နေတာက အလုပ်လား"
ချင်းယန် ယခုအခါ ခုံတန်းလျားတစ်ခုပေါ်တွင် လှဲလျောင်းနေပြီး ပျင်းရိကာ အေးအေးဆေးဆေး အနားယူနေသကဲ့သို့ ဖြစ်နေသည်။ ပြတင်းပေါက်အပြင်ဘက် ကောင်းကင်က တဖြည်းဖြည်း တောက်ပလာသဖြင့် ခန်းမထဲမှာ ဧည့်သည်တွေလည်း တိုးလာနေသည်။
"မင်း နားမလည်ပါဘူး ဒါကလည်း ကျင့်ကြံတာပဲ...ရှေးတုန်းက ကျင့်ကြံသူတွေဆို ရိုးရှင်းတဲ့ အစားအစာနဲ့ ရေပေါ်မှာ နေထိုင်ကြတယ်... တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားတယ် သာမန်ဘဝမှာတော့ တာအိုကို လိုက်နိုင်ကြတယ်... ဆရာတူအစ်ကိုက အခု တာအိုကို သဘောပေါက်သွားပြီ"
"ဟမ်?"
'ဒါက အစ်ကိုကြီးဆီ ဆရာပေးခဲ့တဲ့ ကျင့်ကြံမှု အတွေ့အကြုံလား"
ဒါကိုတွေးပြီး လီကျစ်ရွှမ်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမရဲ့ မှတ်စုစာအုပ်ငယ်လေးထဲမှာ မြန်မြန်ဆန်ဆန် မှတ်ထားလိုက်သည်။ အဲဒါကို အရေးကြီးတဲ့ ဗဟုသုတအဖြစ်ပါ မှတ်ယူလိုက်ပါ၏။
စံနမူနာပြဖြင့် သွန်သင်ခြင်း!
ဆရာတူအစ်ကိုက ယခု အသိပညာကို သွယ်ဝိုက်စွာ ဖြန့်ဝေနေခြင်းပင်။
ဆရာကြီးက သူ့ကို စိတ်ပူစရာမလိုဘဲ စာကြည့်တိုက်မှာ ကျင့်ကြံခွင့်ပေးတဲ့အတွက်ကြောင့် အကြောင်းပြချက်တော့ ရှိရမယ်။
လီကျစ်ရွှမ်းသည် ချင်းယန်ဘက်လှည့်ကာ တစ်စုံတစ်ခုကို တွေးတောနေစဥ် ချင်းယန်က သူ့ဘေးမှာ ဆက်အိပ်နေလိုက်သည်။ ရုတ်တရက် သူမ ဉာဏ်အလင်းတစ်ခု ပေါ်ထွက်လာသည်။
ချင်းယန်ကို ပိုကြည့်လေ၊ သူ့ကို ပိုသဘောကျလေလေပါပဲ။
လှုပ်ရှားမှုတိုင်းသည် ကောင်းကင်လမ်းနှင့် လိုက်လျောညီထွေရှိသော လွတ်လပ်ပြီး အထိန်းအကွပ်မဲ့ ကြိုးကြာတစ်ကောင်လိုပင်။
'ဟုတ်သား.. ငါ့ရဲ့တည်ရှိမှုက ဆရာတူအစ်ကိုရဲ့ဉာဏ်အလင်းကို အနှောင့်အယှက် ပေးမိနေပြီ ထင်တယ်'
လီကျစ်ရွှမ်း အနီးနားရှိ ဧည့်သည်များ၏ အကြည့်များကို သတိပြုပါသည်။ ဒါကိုတွေးပြီး သူမ အမြန်ထရပ်လိုက်ကာ စာအုပ်တွေကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"ဆရာတူအကိုကြီးက အလုပ်အရမ်း ကြိုးစားတာပဲ... ကောင်းကောင်းလေ့ကျင့်ပါ ဒီမှာ မနှောင့်ယှက်တော့ပါဘူး"
"မနက်ဖြန်တွေ့မယ်"
ထို့နောက် ဓားအိတ်ကို ပုခုံးပေါ်တင်ပြီး စာကြည့်တိုက်ထဲက ထွက်ခွာသွားခဲ့သည်။
….
ဧရိယာနှစ်ရှိ စင်များနောက်မှ ခပ်လှမ်းလှမ်းတွင်မူ လီချင်းဟဲသည် စာအုပ်များကြားမှ သူတို့ကို လှမ်းအကဲခတ်နေခဲ့သည်။
"ဆရာတူအစ်ကို?? ဘယ်လိုလုပ် တပည့်တွေပါ ဖြစ်လာတာလဲ ဒီချင်းမျိုးရိုးရဲ့ မူလဇစ်မြစ်က ဘာများလဲ"
ချင်းယန် ပြောခဲ့သည့်စကားကို သတိရကာ သူမ မျက်မှောင်ကြုတ်လိုက်သည်။ "အိပ်တာက လေ့ကျင့်တာနဲ့တူတယ်" ဆိုတာ ဘာကိုဆိုလိုတာလဲ။
"ငါ မယုံဘူး!"
ဒါကိုတွေးရင်း လီချင်းဟဲမှာ လီကျစ်ရွှမ်းရဲ့အမူအရာကို အခုပဲ ပြန်သတိရသွား၏။ သူမသည် နူးညံ့သိမ်မွေ့ပြီး သီလရှိသောသူဖြစ်ပြီး သူမ၏ပုံမှန် အတ္တဆန်သည့် အနေအထားနှင့် လုံးဝ ကွဲပြားသွားခဲ့သည်။
ညီမကျစ်ရွှမ်းက နုံအလွန်းတယ်...
သူမ ဒီလူရဲ့စကား အဓိပ္ပာယ်ကို အမှန်တကယ် ယုံသွားခဲ့သည်။
သူမ ချင်းယန်ဆီက လှည့်စားခံနေရပြီ။