← Chapters

လီချင်းဟဲရဲ့ ကာကွယ်ရေးကို ဖြတ်ကျော်လို့ စနစ်က ဆုကြီးကို ထုတ်ပေးလာပြီ

Vol. 8 Ch. 116

လီချင်းဟဲရဲ့ ကာကွယ်ရေးကို ဖြတ်ကျော်လို့ စနစ်က ဆုကြီးကို ထုတ်ပေးလာပြီ

Vol. 8 Ch. 116

ညနေခင်းလေနုအေးက အေးစိမ့်စိမ့် ခံစားရအောင် တိုက်ခတ်နေသည်။

ချင်းယန် လာနေသော အောက်လမ်းအတိုင်း ငုံ့ကြည့်ရင်း လီချင်းဟဲ နှလုံးသားက နစ်မြုပ်သွားသည်။ သူမ၏ လောကအမြင်ကလည်း ဇောက်ထိုးပြောင်းသွားသလို ခံစားလိုက်ရ၏။

ချင်းယန် အစီအရင်ထဲသို့ ၀င်လာသည်ကို သူမ မြင်လိုက်သည်နှင့် အချိန်ကို စတင်တွက်ချက်​နေခဲ့သည်။ ချိုးဖျက်နိုင်ရင်တောင် မိနစ်လေးဆယ်လောက် ကြာမယ် မဟုတ်လား။

ဒါပေမယ့် ရလဒ်က...

ဤတစ်ကြိမ်တွင် ချင်းယန်၏ အစီအရင်ကို ချိုးဖျက်နိုင်စွမ်းသည် ယခင်အကြိမ်ထက် ပို၍ ဒေါသထွက်စရာကောင်းလောက်အောင် ကြောက်စရာ ကောင်းနေ၏။

စက္ကန့်​သုံးဆယ်​​အောက်​မှာ အစီအရင်ကို ချိုးဖျက်သွားတာကို သူမကတော့ တစ်နာရီကြာအောင် ကြိုးကြိုးစားစားနဲ့ ဖွဲ့လိုက်ရသည်။

စက္ကန့်သုံးဆယ်နဲ့ ကွဲသွားရလား။

ကျေးဇူးပြုပြီး မျက်နှာပေးလို့ မရဘူးလား

သူမသည် ဤတစ်ကြိမ်တွင် အနိုင်ရပြီး ကျန်းဟိုင်မြို့မှ ထိုလူယုတ်မာကို မောင်းထုတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ လီချင်းဟဲမှာ အလွန်နာကြည်းသွားသလို ခံစားလိုက်ရကာ ခေါင်းပါ တဆတ်ဆတ် တုန်လာ၏။ ညလေညင်းထဲတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းရန် ရုန်းကန်ပြီးနောက် မဏ္ဍပ်တံစက်မြိတ်မှ မြေပြင်ပေါ်သို့ လဲကျသွားသည်။

စိတ်မရှည်ခြင်းနှင့်အတူ စိတ်ပင်ပန်းနွမ်းနယ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများက သူမအား အလွန်ဆိုးရွားသော အခြေအနေအထိ တွန်းပို့ပစ်ခဲ့သည်။ အစီအရင် ဖွဲ့စည်းမှုများသည် ပညာရှင်တိုင်း၏ စေ့စေ့စပ်စပ် ကြိုးပမ်းမှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူမ ၎င်းတို့ကို စူးစူးစိုက်စိုက် တီထွင်ခဲ့သည်။

ဒါက ရလဒ်လား ?!

အစီအရင်တစ်သောင်း ပုံကြမ်းက စိတ်ကူးယဉ် အစီအရင်ပုံစံက ချင်းယန် မျက်လုံးထဲတွင် ၎င်းတို့က အသေးအဖွဲ့မျှသာ ဖြစ်သည်။ ဒါကိုတွေးရင်း လီချင်းဟဲ မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး အစီအရင်တစ်သောင်း ဖွဲ့စည်းပုံစာအုပ်ကို ဆုပ်ကိုင်ထားလိုက်၏။ သူမ မျက်နှာပျက်သွားပြီ။

မျက်နှာပျက်သွား​ပြီ။

………

“အင်း အခု မင်းအစီအရင်က ပျက်စီးနေပြီ...”

ချင်းယန် ပေါင်းပင်များကြားမှ ဖြည်းညှင်းစွာ သူ့အနီးသို့ တိုးကပ်လာပြီး ငုတ်တုတ်ထိုင်ရင်း သူမ ပါးပြင်ကို ပုတ်ကာ ပြုံးလိုက်သည်။

"တပည့်ကောင်းလေး... မင်းရဲ့ကတိကို ဖြည့်ဆည်းဖို့ အချိန်တန်ပြီ မဟုတ်လား"

“ငါ…”

လီချင်းဟဲ တုံ့ဆိုင်းသွားပြီး စိတ်တည်ငြိမ်မှုပြန်ရကာ နှုတ်ထွက်ချင်သည့် အကြည့်ဖြင့် မော့ကြည့်လိုက်သည်။

"ချင်းမျိုးရိုး မင်းဘယ်လိုလုပ်လိုက်တာလဲ"

သူမသည် သူ့ကိုယ်သူ အစီအရင်မှာ ပါရမီရှင်ဟု မှတ်ယူထားခဲ့သည်။ အစီအရင် ဖွဲ့စည်းရေးတိုက်ပွဲတွင် သူမ ရှုံးနိမ့်ခဲ့သောကြောင့် အနည်းဆုံး သူမ ရှုံးနိမ့်ရခြင်း၏ အကြောင်းအရင်းကို နားလည်ချင်သည်။

သို့မှသာ သူမသည် အမှန်တရားကို အမှန်တကယ် လက်ခံနိုင်မည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ?"

ချင်းယန် ယောင်ယောင်ယောင်ချာချာဖြင့် လှည့်ပတ်ကြည့်ရင်း နဖူးကို ရိုက်လိုက်သည်။

"အိုး! မင်းရဲ့ စိတ်ကူးယဉ် အစီအရင်ကို ဆိုလိုတာလား ဒါက... လက်တွေပဲ လိုတာ မဟုတ်ဘူးလား"

"မင်း!"

လီချင်းဟဲ သူ့အံသွားတွေကို အံကြိတ်ထားသော်လည်း အတွင်းစိတ်ကနေ ရုန်းကန်နေရသည်။

"လုံးဝ မဟုတ်ဘူး!"

ဤတစ်ကြိမ် ချင်းယန်၏ အစီအရင် ဖွဲ့စည်းပုံကို ချိုးဖျက်နိုင်စွမ်းသည် ယခင်အချိန်ကထက် ပို၍ ဒေါသထွက်ချင်စရာပင်။

နောက်ဆုံးအကြိမ်တွင် သူသည် မျက်နှာပြင်ကိုဖြတ်၍ ပြန့်ကျဲနေသော ကြယ်ကျောက်တုံးများကို အသုံးပြုကာ အချက်တစ်ချက်တည်းကို အသုံးပြု၍ အစီအရင် ဗဟိုချက်ကို ရှာဖွေနိုင်ခဲ့သည်။

ဒါပေမယ့် ဒီတစ်ခါတော့ မတူပါ။

သူသည် ဟန်ဆောင်မှုကို ရိုးရှင်းစွာ စွန့်လွှတ်ပြီး ချိုးဖျက်ခဲ့သည်။ အစီအရင် ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာတောင် မလိုအပ်ခဲ့ပါ။ ပေါက်ကွဲထွက်လာသော ကြယ်များ၏ စွမ်းအားကို အားကိုးလျက်၊ သူသည် သူ၏ ထက်မြက်သော စွမ်းအားဖြင့် ဉာဏ်ပညာကို လွှမ်းခြုံကာ တတိယအဆင့် အစီအရင်ကို အတင်းအကျပ် ဇောက်ထိုးလှန်ပစ်လိုက်သည်။

"ဒီချင်းမျိုးရိုးက ဘယ်လောက်တောင် အစွမ်းထက်​နေတာလဲ"

လီချင်းဟဲမှာ သူ့ရှေ့တွင် ဂရုမစိုက်သလို ရပ်နေသူ ချင်းယန်ကို ကြည့်ရင်း စိတ်ဓာတ်ကျသွားသည်။ သူ ပုံမှန်လေ့ကျင့်နေတာကိုလည်း မတွေ့ဖူးချေ။

အဘယ်ကြောင့်ဆိုသော် ယခုအခါ စားသောက်ခြင်းကဲ့သို့ သာမာန်ပုံစံကို ချိုးဖျက်လိုက်ခြင်းပင်။

"ဧကန္တ... ဒီလိုလူဆိုးမျိုးကို ငါ့ဆရာအဖြစ် တကယ် ကန်တော့ရမှာလား"

ခဏစဉ်းစားပြီးနောက် လီချင်းဟဲ တုံ့ဆိုင်းသွားပြီး လီကျစ်ရွှမ်းအကြောင်း ရုတ်တရက် တွေးလိုက်မိသည်။

ချင်းယန်ဟာ လွန်ခဲ့သော ရက်အနည်းငယ်က သူမနှင့် အလွန်ရင်းနှီးလာခဲ့သည်။ ဒါကို ကျစ်ရွှမ်း သိလာခဲ့ရင် ဘာဖြစ်သွားမလဲ။ သူတို့နှစ်ယောက် ယှဉ်လိုက်တဲ့အခါ သူမရဲ့ ပုံရိပ်ကို လုံးလုံးလျားလျား ပေါ်လွင်စေမှာ မဟုတ်။

ဒီအတွေးနဲ့ သူမ မျက်ခုံးတွေ တွန့်သွားပြီး လှည့်စားခံသလို ခံစားလိုက်ရသည်။

ကျစ်ရွှမ်သာ သူ့ဆရာအစ်ကိုကို ဆရာတင်ထားတာ သိရင် သူတို့အချင်းချင်းရဲ့ အနေအထားကို ဘယ်လိုတွက်ရ​တော့မလဲ။

ကျစ်ရွှမ်းက သူ့ကို ဆရာတူအစ်ကိုလို့ ခေါ်တော့ သူမက ကျစ်ရွှမ်းကို ဒေါ်လေးလို့ ခေါ်ရမှာလား။

"ဟစ်!"

ထိုအ​တွေးကြောင့် လီချင်းဟဲ ဗိုက်နာချင်သွားသည်။ သူအရမ်းဝမ်းနည်းနေသလို ခံစားရကာ စောစောက ကြွားလုံးထုတ်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ပါးရိုက်ချင်လာ၏။

အရင်က သူ အော်ခဲ့တဲ့ တောရိုင်းက ကိုယ့်မျက်နှာကို ပါးရိုက်လိုက်တာ ပိုနာကျင်ရလေသည်။

"ဟေး မင်းစဉ်းစားပြီးပြီလား"

ချင်းယန် လီချင်းဟဲရှေ့မှာ ထိုင်ချလိုက်သည်။ သူမ တုံ့ဆိုင်းနေသည်မှာ ကြာလှပြီ ဖြစ်တာကြောင့် သံသယတချို့ဖြင့် မေးလိုက်သည်။

"မင်းငါ့ကိုလိမ်ဖို့ ကြိုးစား​နေတာလား"

"လူယုတ်မာ! ငါကဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ!"

ဒါကိုကြားတော့ လီချင်းဟဲ သူ့မျက်နှာလေးကို မော့လိုက်ပြီး ပျင်းရိစွာ အော်ဟစ်လိုက်သည်။

"နည်းနည်းပင်ပန်းနေလို့ အနားယူဖို့ လိုနေတာ..."

"ဟမ့် ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့... မင်းရဲ့ စိတ်စွမ်းအားနဲ့ မင်းကိုယ်မင်း အစီအရင် သခင်လို့ ထင်နေ​​သေးတာလား စကားတစ်ခွန်းပဲ ပြော! လက်မခံဘူးလား?"

နောက်ဆုံးတော့ သူရမယ့် ဆုတွေကို အချည်းနှီး မဖြစ်စေချင်ပေ။

ညချမ်းလေတွေက တိုက်ခတ်ကာ ကျူပင်တွေပေါ်မှာ လရောင်က ဖြာကျနေသည်။

လီချင်းဟဲ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး သူ့အမူအရာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားကာ နောက်ဆုံးတွင်မှ မျက်နှာက ဖြူဖျော့သွားကာ လည်ချောင်းထောင်၍ စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။

"ဆရာ..."

လရောင်ထဲတွင် ခြင်နှင့်တူသော စူးစူးရှရှ အသံသည် ပုရစ်များနှင့် အင်းဆက်ပိုးကောင်များ၏ တေးဆိုသံနှင့် ရောထွေးနေသည်။ သူမခမျာ ဤစကားကိုပြောရန် ခွန်အားရှိသမျှ စုဆောင်းထားရသကဲ့သို့ပင်။

အရှက်တရား၊ မလိုလားမှု။

ချင်းယန် သူ့နားကို ကုတ်လိုက်ပြီး ဒီစကားတွေကို နားထောင်ရင်း သူ့စိတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဒီကလေးမလေးက နောက်ဆုံးတော့ တပည့်ခံပြီပေါ့။ ဒီစိန်ခေါ်မှုက တကယ်ကို ပြေလည်သွားပြီပဲ။

ဝူဝူ~

ရှိုက်သံလေး ထွက်လာ၏။

လီချင်းဟဲသည် သူမစကား အဆုံးသတ်လိုက်သည်နှင့် သူမတစ်ကိုယ်လုံး ရုတ်တရတ် တုန်လှုပ်သွားသည်။ သူမမျက်နှာကို မြက်ခင်းထဲ နစ်မြုပ်ပစ်ကာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် မျက်ရည်များ စီးကျလာ​တော့သည်။

သူမသည် ငယ်စဉ်ကတည်းက သိမ်မွေ့နူးညံ့ပြီး ထူးချွန်ထက်မြက်ကာ အဆင်မပြေမှုများကို ကြုံတွေ့ရခဲသည်။ အမှန်တကယ်ပင် ဖန်လုံအိမ်ထဲတွင် ပန်းတစ်ပွင့် ဖြစ်သည်။

"?"

"ဟင်? မင်း ငိုနေပြီလား"

အသံကိုကြားတော့ ချင်းယန်လည်း ငုံ့ကြည့်ရင်း စကားမပြောနိုင် ဖြစ်သွားသည်။

ငါမင်းကိုဘာမှလုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလေ။ လူတစ်ယောက် ကို "ဆရာ" ဟုခေါ်ဆိုရုံမျှဖြင့် တကယ်ကို စိတ်ထိခိုက်စရာ ရှိလို့လား။

ဤမိန်းကလေးက စိတ်ပိုင်းဆိုင်ရာ ပြသာနာရှိပုံပင်။ ဖိအားကို ကိုင်တွယ်နိုင်စွမ်းက မျှော်လင့်ထားသည်ထက်ပင် အားနည်းနေသေးသည်။

ဒါ​ပေမယ့်​ ကတိတည်​​နေခဲ့သေး၏။

သူ့စကားပြန်ပြောဖို့ အဆင်သင့်ဖြစ်နေပြီ၊ စောင့်မျှော်ကြည့်ချင်ပေမယ့် သူမက "ဆရာ" လို့ တကယ်ခေါ်လာမယ်လို့တော့ မမျှော်လင့်ထားခဲ့။

လီချင်းဟဲ မြက်ခင်းပြင်တွင် အိပ်နေပြီး သူမ လှမ်းခေါ်လိုက်သော "ဆရာ" ကို ပြန်သတိရသောအခါတွင် သူမ မျက်လုံးများက အရှက်နှင့် ဒေါသများကြောင့် မှုန်ကုပ်နေ​တော့သည်။

သူမသည် လီမိသားစု၏ အကြီးဆုံးသမီးဖြစ်သည်။ သူမ ဘယ်တုန်းက ဒီလောက် အရှက်ရဖူးလို့လဲ။

ယခုမူ ချင်းယန်နှင့် တွေ့ဆုံပြီးနောက် သူ့ကို အနိုင်မယူနိုင်ဘဲ တိတ်ဆိတ်နေရုံသာ တတ်နိုင်တော့၏။

စိတ်ဆိုးလွန်းလို့!

အရမ်းမှားသွားတယ်လို့တောင် ခံစားရတယ်။

"ငို... ဖြည်းဖြည်းငို... မင်းနောက်လည်း ငိုဖို့ အလှည့်ကျလာဦးမှာပဲ"

ချင်းယန်သည် သူမ၏ ကြေကွဲရှိုက်သံကို နားထောင်ရင်း ဖျတ်ခနဲ ပြုံးကာ လျစ်လျူရှုပစ်လိုက်သည်။ ထို့နောက် ရှောင်ပိုင်ဆီသို့ လှည့်သွားလိုက်၏။

သူမ ရှုံးနိမ့်တာကို လက်ခံရမယ်။

လီချင်းဟဲဟာ လွန်ခဲ့သည့် ရက်အနည်းငယ်က ရက်စက်ကြမ်းကြုတ်စွာ ကြံ့ကြံ့ခံပြီး ပြဿနာရှာ​နေခဲ့သည်။ အခုတော့ သူမအတွက် ကျဆုံးခန်း ဖြစ်လာပြီ။ သဘာဝအတိုင်း မောက်မာသော မိန်းမငယ်လေးကို အနည်းငယ် ခံစားခွင့်ပေးခြင်းကလည်း သူ့အတွက် ကောင်းပါသည်။

အနာဂတ်မှာ အဆင်မပြေမှုတွေကြောင့် သူမ အရမ်း စိတ်မကောင်း ဖြစ်​တော့မှာ မဟုတ်ချေ။

"လီချင်းဟဲရဲ့ ခံစစ်ကို ချိုးဖျက်လို့ စနစ်ပေမယ့် ဆုလာဘ်က ဘာများပါလိမ့်"

ချင်းယန် မျှော်မှန်းထားသလိုပဲ စနစ်ရဲ့အသံက နောက်ဆုံးမှာ ပဲ့တင်ထပ်လာပါ​ပြီ။

"hostဟာ အစီအရင်ဂိုဏ်းဆရာ လီချင်းဟဲရဲ့ အစီအရင်တစ်သောင်း ပုံကြမ်းကို ချိုးဖျက်ခဲ့ကြောင်း တွေ့ရှိရပါတယ်.. ဆုလာဘ်- အဆငါးဆယ် ချဲ့ထွင်ခြင်း!"

"အစီအရင်နိယာမ အစီအရင်နှလုံးသား အပိုင်းတစ်ပိုင်းကို ရရှိသွားပါပြီ..."

ဟမ်?

ဒါကိုမြင်တော့ ချင်းယန် ဆုကြေးဖော်ပြချက်ကို စစ်ကြည့်လိုက်သည်။

အစီအရင်နှလုံးသား ဆိုတာဘာလဲ။

အစီအရင်ပညာ၌ လမ်းကြောင်း လေးပါး၊ ရှစ်ပါးတို့ကို ပိုင်းခြား၍ သိနိုင်သော အစီအရင်မျက်စိ ရှိသည်။ သို့သော် ဤအစီအရင် နှလုံးသားက ပို၍လေးနက်သည်။ ၎င်းသည် ကောင်းကင်မြေကြီး ဖွဲ့စည်းပုံနှင့် လိုက်လျောညီထွေဖြစ်ပြီး အရာခပ်သိမ်းထဲ သူ့ကိုယ်သူ ပေါင်းစပ်ထားနိုင်သည်။

ငါသည် ဦးတည်ရာ၊ ငါသည် ကံကြမ္မာဆိုး၊ အရာခပ်သိမ်းကို အုပ်စိုးသူပင်တည်း!

All Chapters