← Chapters

သူခိုးက သူခိုးကိုဖမ်းပြီး အချင်းချင်း စွပ်စွဲ

Vol. 8 Ch. 104

သူခိုးက သူခိုးကိုဖမ်းပြီး အချင်းချင်း စွပ်စွဲ

Vol. 8 Ch. 104

စာကြည့်တိုက်၊ တတိယထပ်၌။

"ဟားဟား...နောက်ဆုံးတော့ ရပြီ!"

ရှေးခေတ်သေတ္တာ မထိနိုင်မှီ လီချင်းဟဲသည် ထင်ယောင်ထင်မှားကို ဖြတ်ကျော်ခဲ့ရသေးသည်။ ထို့နောက်တွင်မှ အစီအရင်တစ်သောင်း ပုံကြမ်းကို လွှင့်တင်လိုက်သည်။ သူမ စာအုပ်မျက်နှာပြင်ကို ချစ်စဖွယ် ပွတ်သပ်ရင်း စိတ်ကြွဆေးပြားများ စားထားသော သူမ၏ မျက်လုံးများ တောက်ပလာသည်။

ယခု အစီအရင်တစ်သောင်းပုံကြမ်းကို ကိုင်ဆောင်ထားပြီးရင် သူမသည် ကမ္ဘာ့အစီအရင်စွမ်းရည်၏ ထိပ်ဆုံးကို တက်လှမ်းဖို့ ခြေတစ်လှမ်း ပိုတိုးလာခဲ့ပြီပဲ ဖြစ်သည်။

"ဟီးဟီး ငါက တကယ်ကို အံ့သြစရာ ကောင်းတာပဲ"

လီချင်းဟဲ အလွှာလိုက်ပုံစံများကို ငေးကြည့်နေပြီး ၎င်းတို့ကို အတော်လေး သဘောကျနေသည်။ ထို့နောက် သူမသည် တစ်သောင်းပုံကြမ်းကို ဂရုတစိုက်လှိမ့်ကာ ခါးတွင် ချိတ်လျက် တတိယထပ်မှ လှည့်ထွက်သွားသည်။

ခဏတာအတွင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စာကြည့်တိုက်ထဲမှ ပြေးထွက်သွားကာ ညအမှောင်ထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူမ ထွက်သွားပြီး ခဏပင်မကြာလိုက် ချင်းယန်နဲ့ ရှောင်ပိုင်တို့ ရုပ်ပုံများက တတိယထပ်၏ ထောင့်နံရံတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

"ကျစ်! ဒီမိန်းကလေးက နှလုံးသားကြီးလိုက်တာ...."

ချင်းယန်သည် ရှုပ်ပွနေသော စင်္ကြံကိုဖြတ်၍ နံရံပေါ်ရှိ ခြစ်ရာများကို ကြည့်ကာ ဝမ်းနည်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

အနည်းဆုံးတော့ စားပြီးရင် ပါးစပ်ကို သုတ်ရမယ် မဟုတ်ပါလား။

ဒီလိုပဲ ထွက်သွား​ရောလား !

အနည်းဆုံးတော့ မှုခင်းမြင်ကွင်းကို ရှင်းလင်းသွားရမယ်လေ။

"ဟုတ်​တယ်​ သခင်ပြောတာ မှန်​တယ်​ ​ဒီကောင်​မ​လေးက ပေါ့ဆလွန်းတယ်!"

ရှောင်ပိုင် တဖျပ်ဖျပ် အော်ဟစ်လိုက်ပြီး သူမအမြီးလေးကတောင် စိတ်လှုပ်ရှားစွာ တွန့်သွားသည်။

"သူမအကြောင်း မပြောနဲ့တော့ ရှောင်ပိုင်! ရှင်းလိုက်တော့! မင်းရဲ့ထင်ယောင်ထင်မှား စွမ်းရည် အကြွင်းအကျန် အကုန်လုံးကို ဖယ်ရှားပစ်လိုက်"

ယခုအခါ အစီအရင် ဖွဲ့စည်းခြင်းနှင့် စင်္ကြံနှစ်ခုလုံးသည် ကြယ်စွမ်းအင်၏ ခြေရာလက်ရာများဖြင့် စွန်းထင်းနေပါသည်။

နောက်ပိုင်းတွင် ပိုင်ရှင်က ၎င်းကို စူးစမ်းလေ့လာဖို့၊ အကွာအဝေးကြီးကို ခြေရာခံဖို့ ကျွမ်းကျင်သော ကြယ်စစ်သည် တချို့ကို စေလွှတ်လိုက်မည်ဆိုလျှင် အတော်လေး ဒုက္ခများလိမ့်မည်။

"အိုး... ဟုတ်ကဲ့ သခင်!"

ထိုအချိန်တွင် အမြဲပြုံးနေသော ရှောင်ပိုင်လေး တိတ်ဆိတ်သွားသည်။ နားရွက်များကို ချရင်း စင်္ကြံဆီသို့ တုံ့ဆိုင်းစွာ လျှောက်သွားလိုက်သည်။

"ဟမ့် ဆိုးသွမ်းတဲ့ သခင်စုတ်!"

ခဏအကြာ၌ စင်္ကြံတွင် ကျန်ရှိ​​နေခဲ့သော ကြယ်စွမ်းအင်များကို ရှင်းလို့ ပြီးသွားခဲ့သည်။ ချင်းယန်သည် တတိယထပ်က ဖွဲ့စည်းမှုကို ပြန်လည်ပြုပြင်ခဲ့ပြီး အရာအားလုံးကို မူလအခြေအနေအတိုင်း ပြန်ထားခဲ့သည်။

"ရလောက်ပြီ"

ချင်းယန် ကျေနပ်စွာ လက်ခုပ်တီးကာ စင်္ကြံကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူသည် တတိယထပ်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော ရောင်ဝါများစွာကို ခံစားလိုက်ရလေ၏။

"သခင်! ဟိုလူသားတွေ နိုးထလာပြီ!"

ရှောင်ပိုင်က လေကို ရှူရှိုက်ရင်း တိုးတိုးလေးဖြင့် : "သူတို့ လှည့်စားမှုကနေ လွတ်မြောက်လာပြီး တော်တော် စိတ်ရှုပ်နေပုံရတယ်"

သို့ဖြင့် သူမသည် သူမ၏ မြေခွေးပုံစံသို့ ပြန်ပြောင်းကာ ချင်းယန်ပုခုံးပေါ်သို့ ခုန်တက်သွားသည်။

ချင်းယန်: "မြန်မြန်သွားရအောင်"

"ဟုတ်ကဲ့"

ချင်းယန် ပတ်လည်ရှိ လေထုဟာ ဖြည်းညှင်းစွာ ဆူပွက်လာပြီး တခဏချင်းတွင် ၎င်း၏ မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်အခိုက်အတန့်တွင် လျင်မြန်သော ခြေသံများက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်လာသည်။

ဒုတိယထပ်ကို စောင့်ကြပ်နေသော နောက်ဖွားနယ်ပယ် စစ်သည်များသည် စင်္ကြံအဆုံးမှ ပြေးထွက်လာပြီး တတိယထပ်ဝင်ပေါက်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ၎င်းတို့က လေးနက်သော မျက်နှာထားဖြင့် ပြေးလာကြ၏။

"အားလုံးသတိထားကြ! အခုနတုန်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ နတ်ဆိုးက အနီးအနားမှာ ရှိနေလောက်သေးတယ်!"

ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေး ရှိသော သက်ကြီးရွယ်အိုတစ်ဦးသည် တံခါးလက်ရန်းရှိ ခင်းကျင်းထားသော သင်္ကေတကို အမြန်ချဉ်းကပ်ကာ ၎င်း၏ ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးကြည့်​နေသည်။

“ဟုတ်!”

အခြားသော စစ်သည်များသည် ထိုစကားကိုကြားသည်နှင့် အလျင်အမြန် စုရုံးကာ စောင့်ကြည့်နေကြသည်။

ခဏအကြာ။

အဘိုးအိုသည် စစ်ဆေးမှုအပြီးတွင် ဖြည်းညှင်းစွာ ထ၍ သက်ပြင်းတစ်ချက် ချလိုက်သည်။

"တော်သေးတယ်.. အစီအရင် ဖွဲ့စည်းမှုက နဂိုအတိုင်းပဲ... အဲဒီနတ်ဆိုးက စိတ်ဝိညာဥ်ဖမ်းအစီအရင်ကို မဖြတ်သွားနိုင်ခဲ့ဘူး...."

ဒါကိုကြားတော့မှ တခြား စစ်သည်တော်တွေလည်း သက်ပြင်းချလိုက်ကြသည်။

အကြောင်းပြချက်မရှိဘဲ ထင်ယောင်ထင်မှားဖြစ်စေသော အသွင်ဆောင်ခြင်းထဲ ဝင်ရောက်မိတာက တာဝန်ဝတ္တရားများကို ဖောက်ဖျက်ခြင်းတစ်ခု ဖြစ်နေပါပြီ။ ဤအစီအရင် ဖွဲ့စည်းမှု ပျက်သွားပါက အကျိုးဆက်များက ဆိုးရွားသွားလိမ့်မည်။

အဘိုးအိုက ဆို၏။

"အင်း... ဒါပေမယ့် အဲဒီနတ်ဆိုးက စာကြည့်တိုက်ထဲ ဝင်လာတာဟာ လေးနက်တဲ့ကိစ္စပဲ နောက်ရက် အနည်းငယ်ကြာရင် စာကြည့်တိုက်က စစ်အုပ်ချုပ်ရေးအောက်မှာ ရှိတော့မှာ... သံသယရှိသူတွေကို စုံစမ်းပြီး အဲဒီနတ်ဆိုးရဲ့ ခြေရာကို ငါတို့ရှာရမယ်!"

…………

ချင်းယန်တို့ အိမ်ပြန်ရောက်နေပါပြီ။ ရှောင်ပိုင်သည် သူမ၏ ခါးစည်းကို ကျွမ်းကျင်စွာ ဝတ်ဆင်ပြီး ဟင်းချက်ရန် ပြင်ဆင်​နေသဖြင့် မီးဖိုချောင်ထဲမှာ အိုးသံတွေ၊ ပန်းကန်သံတွေဖြင့် ဆူညံနေ၏။

"သခင် ညစာ ဘာစားချင်လဲ"

ရှောင်ပိုင် ရေခဲသေတ္တာကိုဖွင့်ဖို့ ခွေးခြေပေါ်တက်ကာ အပေါ်ထပ်မှ ငံပြာရည်ကို လှမ်းယူလိုက်သည်။

"ဝက်နံရိုးပြုတ် စားမလား"

"ဘာပဲဖြစ်​ဖြစ်​ သင့်တော်တာလုပ်လိုက်!"

ချင်းယန် အိမ်စီးဖိနပ်တစ်ရံ ပြောင်းလဲကာ လသာဆောင်ရှိ ခေါက်ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ ထို့နောက် စနစ်၏ဒုတိယဆုလာဘ်ကို လက်ခံရန် ပြင်ဆင်နေချိန်တွင် ကြယ်ရောင်သန်းနေသော ကောင်းကင်ကြီးကို တစ်ချက် မော့ကြည့်လိုက်သည်။

မိုးကြိုးနိယာမ အပိုင်းအစ။

ဤနိယာမ အပိုင်းအစသည် သဘာဝအားဖြင့် ကြမ်းတမ်းသည်။ ၎င်းဖြစ်ပေါ်လာသည့် ဖြစ်စဉ်များက မလွဲမသွေ တုန်လှုပ်ချောက်ချား​စေပြီး မှန်းဆ၍ မရလောက်ချေ။

ညဥ့်နက်နေပြီ။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေသဖြင့် ဉာဏ်အလင်းရရန် အကောင်းဆုံးအချိန် ဖြစ်သည်။

"ဆူညံသံက သိပ်မကျယ်လောက်ဘူး... နောက်အဆောက်အဦးထဲက အိမ်နီးနားချင်းတွေကို အနှောက်အယှက် မဖြစ်စေဖို့ပဲ မျှော်လင့်တယ်..."

ချင်းယန် သူ့မျက်လုံးတွေကို မှိတ်ထားရင်း သူ့အသိစိတ်က ဉာဏ်အလင်းတန်းထဲကို နစ်မြုပ်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ကြည်လင်သော ညကောင်းကင်ယံ အထက်၌ မိုးခြိမ်းသံတစ်ချက် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချက်ချင်းပင် တိမ်ညိုများက လရောင်နှင့် ကြယ်များကို ဖုံးကွယ်ပစ်ကြသည်။ ငွေရောင် နဂါး​ငွေ့တန်းများသည် တိမ်များကိုဖြတ်၍ ညကောင်းကင်ကို လင်းထိန်လာတဲ့အခါ မည်းမှောင်​နေသော ညက နေ့ခင်းကဲ့သို့ပင် ရုတ်တရက် တောက်ပလာ၏။

မိုးကြိုးမုန်တိုင်းတစ်ခု ရိုက်ခတ်ကာ လေပြင်းများ တိုက်ခတ်လာသည်။ လမ်းမများပေါ်တွင် လေပြင်းများ တိုက်ခတ်လာသဖြင့် ကားတချို့၏ အချက်ပေးသံများပင် မြည်လာကြသည်။

"!"

မီးဖိုချောင်ထဲမှ ရှောင်ပိုင်ခမျာ ထိုအသံကြောင့် ထိတ်လန့်သွားလေရာ နားရွက်ကို အမြန်ဖုံးပြီး မြေပြင်ပေါ် ငုတ်တုတ်ထိုင်ချလိုက်သည်။ မျက်လုံးတွေက လသာဆောင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေ၏။

ဝုန်း!

မိုးခြိမ်းသံက တဟုန်ထိုး ကျဆင်းလာပြန်သည်။

ချင်းယန်သည် လသာဆောင်ရှိ ခေါက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်အေးလက်အေး ကျေနပ်နေပုံဖြင့် မျက်လုံးများကို မှိတ်ကာ မိုးကြိုးနိယာမ အပိုင်းအစများကို စုပ်ယူနေခဲ့တာ ခဏကြာတဲ့အထိပင်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ မျက်လုံးအတွင်း၌ နက်ရှိုင်းသော လျှပ်စီး အလင်းတန်းတစ်ခု လင်းလတ်သွားသည်။

"မိုးခြိမ်းသံကတော့ မျှော်လင့်ထားသလိုပဲ... စွမ်းအားကတင် တကယ် ကြောက်စရာကောင်းနေပြီ!"

….

နောက်နေ့။

ချင်းယန် စာကြည့်တိုက်သို့ ရောက်သည်နှင့် တပြိုင်နက် မန်နေဂျာထံမှ အဖွဲ့သတိပေးချက်ကို သူ့ဖုန်းထဲတွင် လက်ခံရရှိခဲ့သည်။

[မနေ့ညက သူခိုးက စာကြည့်တိုက်ထဲ ဝင်သွားတယ်.... လျှို့ဝှက်စာအုပ်များ ခိုးယူခံရခြင်းရှိမရှိ သိရှိနိုင်ရန် ဝန်ထမ်းများ အားလုံး၏ နယ်မြေအားလုံးကို စစ်ဆေးလျက် ရှိသည်။]

နောက်တော့ လုံခြုံရေးအစောင့်တွေက ဘာမှမလုပ်ဘဲ လာခေါ်သွားပြီး မနေ့ညက သူ့ဘယ်မှာရှိလဲ နဲ့ စာကြည့်တိုက်ထဲမှာ ထူးခြားတဲ့ လှုပ်ရှားမှု တစ်ခုခုကို သတိပြုမိသလားဆိုပြီး တစ်ဦးချင်း မေးခွန်းထုတ်ကြတော့၏။

အကြိမ်ပေါင်းများစွာ မေးခွန်းထုတ်ပြီးနောက် ဝန်ထမ်းတိုင်းကိုလည်း သေချာစွာ မေးမြန်းခဲ့ပါသည်။ ခဏလောက်တော့ စာကြည့်တိုက်ထဲက လူတွေ ထိတ်လန့်တုန်လှုပ် သွားကြလေ၏။

လူတိုင်း၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ မည်းလိုက်ဖြူလိုက်ဖြင့်။

"နောက်ရက် နည်းနည်းလောက်အထိ စာကြည့်တိုက်က မငြိမ်းချမ်း​လောက်တော့ဘူး"

ချင်းယန်ဟာ ရုန်းရင်းဆန်ခတ် ဖြစ်ရသည့် အရင်းအမြစ်ကို မည်သူ့ထက်မဆို ကောင်းကောင်း သိပါသည်။ လီချင်းဟဲ၏ ရိုင်းစိုင်းသော ရုပ်ပုံခိုးယူခြင်းနည်းပညာများသည် စာကြည့်တိုက်အတွင်း အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပြီး အခြေအနေမှာ ရက်အတော်ကြာအောင် ငြိမ်သက်သွားမည် မဟုတ်ပေ။

"စစ်ဆေးမှုတွေ မပြီးမချင်း သူတို့စိတ်ကို ငြိမ်အောင် ထိန်းနိုင်မှာ မဟုတ်ဘူး"

ဒါကိုတွေးပြီး ချင်းယန် ဘေးနားက ဧရိယာနှစ်ကို လှမ်းကြည့်လိုက်သည်။ လီချင်းဟဲကလည်း မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မလုပ်မိသလို ခါတိုင်းလိုပဲ အလုပ်ဆင်းနေ၏။

ဒါကိုမြင်တော့ ချင်းယန် လီချင်းဟဲဆီကို ချဉ်းကပ်လာခဲ့သည်။

"မဆိုးပါဘူး... မင်းက သူခိုးဖြစ်မှာကို မကြောက်ဘူးပဲ တော်တော်သတ္တိရှိသား"

"ဘာ​တွေလာပြောနေတာလဲ?!"

စာအုပ်စင်ဘေးတွင်တော့ လီချင်းဟဲသည် အပြစ်ရှိသလိုခံစားရကာ ကျောပြင်ပေါ်တွင် အေးစက်သောချွေးများ ထွက်ကျလာတော့သည်။ သို့သော် သူမက ဣန္ဒြေကို ဟန်ဆောင်ကာ ပြန်ပြော၏။

"သူခိုးက တခြားတစ်ယောက်မှန်း အသိသာကြီး.. အစီအရင် ဖွဲ့စည်းပုံတွေမှာ ရှင်းရှင်းလင်းလင်း တတ်သိနားလည်သူတစ်ယောက်ကို တွေ့ပေမယ့် စာကြည့်တိုက်က စီမံခန့်ခွဲသူလို ပုန်းအောင်းနေတာက ပိုမဆိုးဘူးလား"

"?"

ဤစကားကို ကြားသောအခါ ချင်းယန် အံ့ဩသွားခဲ့သည်။

ငါ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနိုင်ဦးမှာလား။

သူခိုးက သူခိုးကို ရပ်တန့်ဖို့ အော်ဟစ်နေတာလား?"

"ထားပါတော့... ငါမိန်းမ​တွေနဲ့ ပြိုင်မငြင်းချင်ဘူး"

ချင်းယန် သူမနှင့် ငြင်းခုံရန် ပျင်းရိလွန်းသဖြင့် မျက်လုံးများကို မှိတ်ကာ အချောင်ခိုရမယ့် သူ့နေရာသို့ ပြန်လှည့်သွားခဲ့သည်။

ယခု သူသည် တစ်ခုတည်းကိုသာ ဂရုစိုက်သည်။ ဒီမိန်းကလေးရဲ့ အကာအကွယ်စည်းကို ဖောက်ဖျက်နိုင်ခဲ့ရင် စနစ်က သူ့ကို ထပ်ပြီး ဆုချမှာလား ဆိုတာပင်။

လီချင်းဟဲမှာတော့ ချင်းယန် လဲလျောင်းနေပြန်သည်ကို ကြည့်ပြီး မနေ့က သူမကို အရှက်ရစေခဲ့သော အရှက်တရားကို ရုတ်တရက် သတိရသွားသည်။ သူမစိတ်ထဲက အမုန်းတရားများလည်း တဟုန်ထိုး တက်လာတော့၏။

"ဟမ့် အစီအရင်တစ်သောင်းပုံကြမ်းကို နားလည်လိုက်တာနဲ့ နင့်ကို သင်ခန်းစာတစ်ခု သင်ပေးပြီး နင့်ရဲ့ အရောင်အသွေးတွေကို သေချာ ဖော်ထုတ်ပြမယ်!"

တိတ်တိတ်လေး တွေးရင်း ခေါင်းငုံ့ကာ အစီအရင်တစ်သောင်းပုံစံ ပုံကြမ်းကို တိတ်တဆိတ် လှန်ကြည့်ကာ ကိတ်မုန့်လေးလို ဂရုတစိုက် ကိုင်လိုက်သည်။ သူမ နှုတ်ခမ်းကို ကော့ရင်း ဆိုလိုက်၏။

"ကိုယ့်အိမ်က ပစ္စည်းကိုခိုးတာ ခိုးတယ်လို့ ဘယ်လိုလုပ် ယူဆနိုင်မှာလဲ..."

All Chapters