← Chapters

အခန်း (၄၈၉)

Vol. 22 Ch. 489

အခန်း (၄၈၉)

Vol. 22 Ch. 489

ယဲ့ယွီသည် ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့ပေးသည့် အဖြေများကို မကျေနပ်ခဲ့ပေ။

ဒါကြောင့် သူသည် သူတို့နှစ်ဦးကို အသေးစား ပြစ်ဒဏ်တစ်ခု ပေးလိုက်သည်။

၎င်းသည် သူတို့နှစ်ဦးကို တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်ထားခြင်း ဖြစ်သည်။

မင်းတို့တွေ့တဲ့အခါ တိုက်ခိုက်ရမယ်လို့စဉ်းစားနေကြတယ် မဟုတ်လား။

ငါကအချစ်လေးတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်စေပြီး မရွေ့နိုင်အောင် လုပ်ချင်တာ။

ဒေါသကြောင့် တစ်ခုခုမှားသွားလားဆိုတာကို ကြည့်မယ်။

သေချာပါတယ်။ ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့ မျက်နှာချင်းဆိုင် ချည်နှောင်ခံထားရသည့်အခါ ဒီလူနှစ်ဦးက ရူးလုမတတ် ဖြစ်သွားခဲ့သည်။

သူက "မလုပ်ပါနဲ့! ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ကျွန်မသူ့ကို ထပ်မရိုက်တော့ပါဘူး၊ ကျွန်မ တကယ်ကို ထပ်မရိုက်တော့ပါဘူး!" ဟု ထပ်ခါတလဲလဲ တောင်းပန်ခဲ့သည်။

"ကျမလည်းပဲ ဒီအမျိုးသမီးနဲ့ အတူတူရှိနေတာထက် သေတာက ပိုကောင်းပါတယ်"

ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါမှ ယဲ့ယွီက ထိုက်ချူရွှမ်းကျင့်နည်းစနစ် ၏ ထိုက်ချူသံကြိုး ကို ဖယ်ရှားလိုက်သည်။

ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် ပထမဆုံးအကြိမ်တွင် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။

သူတို့က တစ်ယောက်နဲ့တစ်ယောက် မီတာနှစ်ဆယ် အကွာအဝေးမှာ စိုက်ကြည့်နေကြသည်။

သူတို့ပတ်လည်တွင် စီးဆင်းနေသော ပြင်းထန်သည့် နတ်စွမ်းအင်က သူတို့ရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို ပြသနေသည်။

ဒီအခြေအနေကို မြင်လိုက်ရတဲ့အခါ ယဲ့ယွီက ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့တယ်။

သူ့ရှေ့မှာ ပိုင်ရှီးချူးနဲ့ ပိုင်မြောက်လန်တို့က ထပ်မတိုက်ခိုက်တော့တာ ဖြစ်နိုင်တယ်။

ဒါပေမယ့် ဒီအမျိုးသမီးနှစ်ဦးက သူမရှိတဲ့အခါ သီးသန့်နေရာမှာ တိုက်ခိုက်ခြင်းတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။

မဟုတ်ဘူး၊ တိတိကျကျပြောရရင် ဒီစိတ်ဓာတ်တွေနဲ့သာဆိုရင်တော့ ခနခနရန်ဖြစ်ဖို့အခွင့်လမ်းတွေ အများကြီးပဲ ရှိနေသေးတယ်။

ဒါက ယဲ့ယွီ မြင်ချင်တဲ့အရာ မဟုတ်ပါဘူး။

ဒါကြောင့် သူတို့နှစ်ဦးကို ထိန်းချုပ်ဖို့အတွက် ယဲ့ယွီက သူတို့နှစ်ဦးအလယ်ကို လျှောက်သွားပြီး ညင်သာစွာ "အချစ်တို့က ဆွေမျိုးတော်စပ်တဲ့ ဝမ်းကွဲညီအစ်မတွေပဲ။အချစ်တို့ရဲ့ ဒီလိုရန်စွယ်နဲ့ငေါငေါဖြစ်နေတာက ဘယ်ကရတာလဲဆိုတာကို ကျွန်တော် တကယ်မသိဘူး။ တိုက်ခိုက်ချင်တုန်းပဲ မဟုတ်လား။

ရှန်ကွမ်း၊ သွားကြရအောင်။ လူသူမရှိတဲ့နေရာကို ရှာပြီး သီးသန့်နေကြရအောင်။

အခုကစပြီး ဒီနတ်ဂိုဏ်းကို သူတို့အတွက်ထားခဲ့မယ်။ သူတို့က သူတို့ရဲ့ စိတ်ရှိသလိုမျိုူး တိုက်ခိုက်နိုင်တယ်။ တိုက်ခိုက်ပြီးတဲ့နောက် ငါတို့ကို ပြန်ရှာဖို့ မစဉ်းစားနဲ့တော့!" လို့ ပြောလိုက်သည်။

ရှန်ကွမ်းကျိုကျိုက ယဲ့ယွီက ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့ကို ကြောက်အောင်လုပ်နေတာကို သဘာဝအတိုင်း နားလည်ခဲ့သည်။

ထို့နောက် သူသည် ပြတ်ပြတ်သားသား ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ယဲ့ယွီ၏ ညာလက်ကို ဖမ်းကိုင်လိုက်သည်။

သူက ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့ကို အနည်းငယ်လှုပ်ရှားပြလိုက်သည်။

"တကယ်တော့ ဒီနတ်ဂိုဏ်းမှာ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိပါဘူး။ ပျက်စီးသွားခဲ့ရင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါက နတ်သမီးနှစ်ပါးကို သေချာပေါက် စမ်းကြည့်ခွင့်ပေးပါလိမ့်မယ်"

ဒီအချိန်မှာပဲ။

ကျိုးလန်ချင်က အပြင်က ဆူပူသောင်းကျန်းမှုတွေကို ခံစားမိပြီး သိချင်စိတ်ကြောင့် လာကြည့်ခဲ့သည်။

သူက ယဲ့ယွီနဲ့ ရှန်ကွမ်းကျိုကျိုတို့ရဲ့ စကားတွေကို ကြားခဲ့ရသည်။

ဝူဝေမျှော်စင် ၏ နတ်ဂိုဏ်း ခေါင်းဆောင်သည် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့သည်။

ရှင်က အံ့ဩစရာကောင်းတယ်။အချစ်က မြင့်မြတ်တယ်။

ကျွန်မက ဝူဝေမျှော်စင် ၏ နတ်ဂိုဏ်း ရဲ့ သခင်ဖြစ်တယ်လို့ကျမတို့အားလုံး သဘောတူခဲ့တာ မဟုတ်ဘူးလား။

ရှင်က မျက်တောင်တစ်ခတ်အတွင်း နတ်ဂိုဏ်း ကို လွှင့်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီး ဘာတစ်ခုမှ ပျက်စီးပြီးပြိုကွဲသွားလည်း စိတ်မကောင်းမဖြစ်ဘူးလို့ ပြောတာလား။

ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရတယ်!

ကျိုးလန်ချင်သည် တားဆီးရန် ရှေ့သို့တက်လှမ်းချင်ခဲ့သော်လည်း သူက မသင့်တော်ဘူးလို့ ထပ်မံတွေးခဲ့သည်။

တကယ်တမ်းရေတွက်ကြည့်ခဲ့ရင် သူသည် ဝူဝေမျှော်စင် ၏ နတ်ဂိုဏ်း ရဲ့ သခင်ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် နတ်ဂိုဏ်းတစ်ခုလုံးက ယဲ့ယွီရဲ့ပိုင်ဆိုင်မှု ဖြစ်တယ်။

နတ်ဘုရားစုံတွဲက ၎င်းကို ဖျက်ဆီးကာရိုက်ခွဲချင်ခဲ့ရင် သူမက တားဆီးဖို့ တကယ်ကို အကြောင်းပြချက်မရှိပါဘူး။

ကျိုးလန်ချင်သည် အဓိကခန်းမနောက်ကွယ်မှာ ပုန်းနေပြီး တစ်ယောက်တည်း စိတ်မကောင်းဖြစ်နေခဲ့ရသည်။

သူမသည် ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့က သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ ရပ်တန့်ပြီး အလျင်စလို မလုပ်တော့ဖို့ မျှော်လင့်ရင်း စတင်မျှော်လင့်ခဲ့သည်။

တကယ်တမ်းမှာတော့ ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် ယဲ့ယွီပြောတာကို ကြားပြီးနောက် တကယ်ကို ထိတ်လန့်ခဲ့ကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် တကယ်မုန်းတီးကာမကြိုက်ခဲ့ကြဘဲ ကောင်းကောင်းတိုက်ခိုက်ချင်ခဲ့ကြတယ်။

ဒါပေမယ့် နှိုင်းယှဉ်ကြည့်ခဲ့ရင် သူက ယဲ့ယွီကို ဆုံးရှုံးရမှာကို ပိုကြောက်ခဲ့သည်။

ပိုင်ရှီးချူးပဲဖြစ်ဖြစ်၊ ပိုင်မြောက်လန်ပဲဖြစ်ဖြစ် သူတို့နှစ်ဦးစလုံးက သူတို့ရဲ့တာဝန်တွေကို စွန့်လွှတ်ခဲ့ကြပြီး အရာအားလုံးကို စွန့်လွှတ်ကာ ကောင်းကင်ဘုံကို ရောက်ရှိဖို့အတွက် ပြောမပြနိုင်အောင် ခက်ခဲတဲ့အရာတွေကို ဖြတ်ကျော်ခဲ့ကြတယ်။

သူမရဲ့ရည်ရွယ်ချက်ကတော့ သူ့အရှင် ယဲ့ယွီကို ရှာဖွေဖို့ပဲ ဖြစ်သည်။

ဒါပေမယ့် ယဲ့ယွီက ဒီကိစ္စကြောင့် သူတို့ကို တမင်တကာ ရှောင်ရှားနေခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဒါက သူတို့အတွက် လုံးဝလက်မခံနိုင်တဲ့ ရလဒ်တစ်ခု ဖြစ်သည်။

ဒီအကြောင်းကို တွေးရုံနဲ့ပင် ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားရစေခဲ့သည်။

ဒါကြောင့် သူတို့က တစ်ပြိုင်နက်တည်း "မလုပ်ပါနဲ့၊ ကျွန်မတို့ ထပ်မတိုက်ခိုက်တော့ပါဘူး" လို့ ပြောလိုက်ကြသည်။

ပြောရရင် သူတို့နှစ်ဦးက အခု တကယ်ကို ချစ်ခင်မှုတွေပြည့်နှက်ချင်ယောင်ဆောင်ဖို့ စိတ်သဘောတူနေကြပြီ။

ဝမ်းကွဲညီအစ်မတွေဆိုတာကို မပြောနဲ့၊ ဇီဝဗေဒအရ ညီအစ်မတွေဆိုရင်တောင် ယုံကြည်ကြလိမ့်မယ်။

သို့သော် ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် ဒီလိုပူးပေါင်းဆောင်ရွက်မှုကို တကယ်တမ်းလုပ်ဖို့အရမ်းခက်ခဲနေခဲ့ကြသည်။

သူက တခြားတစ်ယောက်ကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ ထပ်စိုက်ကြည့်နေခဲ့သည်။

သူတို့က သဘောထားကွဲလွဲခဲ့ရင် တိုက်ခိုက်တော့မယ့်ပုံပေါ်ခဲ့သည်။

ဒါပေမယ့် ယဲ့ယွီကြောင့် သူတို့နှစ်ဦးထဲက ဘယ်သူမှ စတင်ကာ ရန်ဖြစ်မည့်အခြေနေမျိုး ကို မထိခဲ့ကြပေ။

ဒီဖြစ်စဉ်ကို ထိန်းသိမ်းဖို့ အလွန်ခက်ခဲသည်။

ယဲ့ယွီက သူတို့ ချက်ချင်းညီအစ်မတွေလို နီးကပ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။

ဖြည်းဖြည်းချင်း ပြောင်းလဲသွားပါလိမ့်မယ်။ အရာအချို့ကို မှတ်မိလို့ မရပါဘူး။

"ဒါဆို ငါတို့ ရိုးရိုးသားသားပြောကြမယ်။

အခုကစပြီး ဒီ ဝူဝေမျှော်စင် မှာ တစ်ယောက်က အရှေ့မှာနေပြီး တစ်ယောက်က အနောက်မှာ နေကြ။ ဘာမှမလုပ်စရာမရှိရင် တစ်ယောက်ကိုတစ်ယောက် မတွေ့ဆုံကြနဲ့။

တွေ့ခဲ့ရင်တောင် တိုက်ခိုက်ဖို့ ခွင့်မပြုဘူး။ ဒါကို လုပ်နိုင်လား"

ယဲ့ယွီပြောတာကို ကြားပြီးနောက် ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် အလွန်ခေါင်းညိတ်လိုက်ကြသည်။

"ဒါပေမယ့် ဘယ်သူက အရှေ့မှာနေရမှာလဲ"

"သေချာပေါက် ငါပဲ! အရှေ့က ရှေ့မှာ၊ အနောက်က နောက်မှာ! အစ်မကြီးက ရှေ့မှာ၊ ညီမလေးက နောက်မှာ! နားလည်လား"

"ကျွန်မ နားမလည်ဘူး၊ နားလည်ချင်လည်း မသိဘူး! ကျွန်မ အရှေ့မှာ နေချင်တယ်!"

"မင်း ဘာစွမ်းရည်ရှိလို့လဲ"

လမ်းညွှန်ချက်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုအပေါ်မှာပဲ ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့က ထပ်ပြီး ငြင်းခုံစတင်ခဲ့ကြသည်။ ဒါက ယဲ့ယွီကို ခေါင်းကိုက်စေခဲ့သည်။

မင်းတို့နှစ်ယောက် ဒီလောက်အထိ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ရမှာလား။

ဒါကနေရာလေးတစ်ခုပဲ မဟုတ်ဘူးလား။

သူက ၎င်းတို့ကို ထပ်ပြီး မတားတော့ချင်ဘူး။ သူတို့က မတိုက်ခိုက်သရွေ့ သူတို့က ငြင်းခုံပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ဖြေသိမ့်နိုင်တယ်။

သို့သော် ဒီအချိန်မှာပဲ။

ကောင်းကင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါစတင်ခဲ့သည်။

ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့သည် လဲကျမသွားအောင် တစ်ယောက်ကိုတစ်ယောက် ဆွဲကိုင်ထားရသည်။

ဒါပေမယ့် နောက်တော့ သူတို့က တစ်ယောက်ကိုတစ်ယောက် အေးစက်စွာ နှာမှုတ်လိုက်ကြပြီး လျင်မြန်စွာ နောက်သို့ဆုတ်ကာ သူတို့ရဲ့ကိုယ်ခန္ဓာများကို တည်ငြိမ်အောင်လုပ်လိုက်ကြသည်။

ခဏအကြာတွင် တုန်ခါမှု ပျောက်ကွယ်သွားသည်။

ပတ်လည်ရှိ နတ်စွမ်းအင်က သိသိသာသာကို ပိုပြီး ကြွယ်ဝလာခဲ့သည်။

ယဲ့ယွီ၊ ရှန်ကွမ်းကျိုကျိုနှင့် ပိုင်မြောက်လန်တို့က အရမ်းအံ့ဩခြင်း မရှိခဲ့ကြပေ။

သူတို့အားလုံးက ဒါက ကောင်းကင်ဘုံမှာ နတ်စွမ်းအင်ပြန်လည်ရှင်သန်ခြင်း ၏ လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာကို သိခဲ့ကြသည်။

သူတို့က သူတို့ရဲ့ အိပ်မက်တွေမှာ ဒီအကြောင်းကို အရင်က ကြုံတွေ့ခဲ့ဖူးသည်။

ပိုင်ရှီးချူးနဲ့ ပတ်သက်ရင်တော့ သူက နတ်ဆိုးဘုံ မှာ နတ်ဆိုးစွမ်းအင်တွေ ပြန်လည်ရှင်သန်လာတာကိုလည်း ကြုံတွေ့ခဲ့ရဖူးသည်။

ဒါက ကောင်းကင်ဘုံမှာ နတ်စွမ်းအင်ပြန်လည်ရှင်သန်ခြင်း ကို သူပထမဆုံးအကြိမ် ကြုံတွေ့ရတာ ဖြစ်ပေမယ့် သူက တစ်ခုခုကို ဝိုးတဝါး ခန့်မှန်းနိုင်ခဲ့သည်။

ယဲ့ယွီက ဒီတစ်ကြိမ်မှာ နတ်စွမ်းအင်ပြန်လည်ရှင်သန်ခြင်း က ကောင်းကင်ဘုံမှာ ရွှေနတ်ဘုရားအဆင့် ပေါ်ပေါက်လာခြင်းကို ကိုယ်စားပြုတယ်ဆိုတာ သိခဲ့သည်။

"ဗုန်း!"

ကောင်းကင်မှာ အရှိန်ဝါကြီးမားတဲ့ကြောက်စရာအသံကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ယဲ့ယွီက ရုတ်တရက် မော့ကြည့်လိုက်သည်။

သူက ပေတစ်ထောင်မြင့်တဲ့ တာအိုစွမ်းအင် ပုံရိပ်တစ်ခုကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ မြင်လိုက်ရပြီး သူရဲ့လက်သီးတွေကို မြှောက်ထားတာက ခမ်းနားထည်ဝါနေသည်။

ချက်ချင်းဆိုသလို နတ်ဘုရားငယ်ပုံရိပ်တစ်ခုက တည့်တည့်ကျလာခဲ့သည်။

၎င်းသည် ဝူဝေမျှော်စင် အပေါ်က ဂိုဏ်းကာကွယ်ရေး နတ်ဖွဲ့စည်းပုံအပေါ်ကို ခြေကားယားလက်ကားယားဖြင့် တိုက်ရိုက်ကျခဲ့သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်တဲ့ မိုးကြိုးတွေက သူ့ကိုဦးတည်ကာ လျင်မြန်စွာ ကျရောက်လာခဲ့သည်။

နောက်ဆုံးအချိန်မှာ ထိုလူငယ်က ကြေးနီမှန်တစ်ခုကို ဖိလိုက်ပြီး အစီရင်တခုဖော်ဆောင်ကာ မိုးကြိုးများ ကျူးကျော်လာခြင်းကို ပိတ်ဆို့လိုက်သည်။

ရှန်ကွမ်းကျိုကျိုက အပေါ်ကပုံရိပ်ကို ကြည့်ပြီး ရှုပ်ထွေးစွာ "ဒါက မော်ကျိုမင်လား" လို့ မေးလိုက်သည်။

ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ ယဲ့ယွီက အနည်းငယ်ရှုပ်ထွေးသွားပြီး စမ်းသပ်သည့်အနေနဲ့ "ဘာလို့လဲ၊အချစ် သူ့ကို သိလို့လား" လို့ မေးလိုက်သည်။

ရှန်ကွမ်းကျိုကျိုက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

အိပ်မက်ထဲမှာ။

ယဲ့ယွီ ဝူဝေမျှော်စင် ကို နောက်ဆုံးအကြိမ် ထွက်ခွာတဲ့အချိန်မှာ မော်ကျိုမင်က ဒီကိုလာခဲ့ပြီး မော်မိသားစုရဲ့ တပည့်ဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး ရှိကျင်းရှီး ရှိရာနေရာကို ရှာဖွေဖို့ ရောက်လာခဲ့ပါတယ်။

တခြားအကြောင်းမရှိဘဲ သူက သေပြီလား၊ မသေသေးဘူးလားဆိုတာ သိချင်ခဲ့တာ။ သူ မသေသေးဘူးဆိုရင် သူ့ကို နောက်ထပ်ရိုက်ဖို့ပေါ့။

ဒါက သူ့ရဲ့တာဝန်ဖြစ်တယ်လို့လည်း ပြောခဲ့သည်။

အဲ့ဒီအချိန်တုန်းက ရှန်ကွမ်းကျိုကျိုက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်နတ်ဘုရား ကို စွဲမှတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီအကြောင်းကို သူက ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။

ရှန်ကွမ်းကျိုကျို၏ အကျဉ်းချုပ်ဇာတ်လမ်းကို နားထောင်ပြီးနောက် ယဲ့ယွီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက သူရဲ့လက်ဖျားတွေကို ဝှေ့ယမ်းလိုက်ပြီး ဝူဝေမျှော်စင် ရဲ့ ကာကွယ်ရေး နတ်ဖွဲ့စည်းပုံ ကို ဖွင့်လိုက်ပြီး မော်ကျိုမင်ကို အောက်သို့ ကျရောက်စေခဲ့သည်။

စကားပုံအရ ငါ့ရဲ့ရန်သူရဲ့ရန်သူက ငါ့ရဲ့မိတ်ဆွေပဲ။

အခုတော့ ဒီအကြောင်းက ထပ်ဖြစ်ပြန်ပြီ။

ဘာမှမလုပ်ဘဲ ထိုင်နေတာက ယုတ္တိမရှိဘူး။

၄၉၀ ဆက်ရန်

All Chapters