အခန်း (၄၉၀)
Vol. 22 Ch. 490
မော်ကျိုမင်သည် ရုတ်တရက် ဆင်းသက်လာပြီး ဝူဝေမျှော်စင်ထဲသို့ ဝင်ရောက်ကာ ယဲ့ယွီ၊ ပိုင်ရှီးချူးနှင့် အခြားသူများကို သတိထားပြီး ကြည့်နေသည်။
"မိတ်ဆွေတို့ ဘယ်သူတွေလဲ"
လောလောဆယ် သူ့ကိုယ်ခန္ဓာထဲက ချီ တွေက မငြိမ်မသက်ဖြစ်နေပြီး သူက သိသိသာသာကို အတွင်းဒဏ်ရာတွေ ခံစားခဲ့ရသည်။
ဒါက အားနည်းနေတဲ့ အချိန်တစ်ခုဖြစ်ပြီး မရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ မရင်းနှီးတဲ့ လူတွေလည်း ရှိနေတယ်။
သဘာဝအတိုင်းပဲသူက အလွန်သတိရှိနေသောပုံမျိုးဖြစ်သည်။
သူက အိပ်မက်ရဲ့မှတ်ဉာဏ်မရှိတဲ့အတွက် သူက ရှန်ကွမ်းကျိုကျိုနဲ့ သဘာဝအတိုင်းပဲ အရမ်းမရင်းနှီးပါဘူး။
ပြီးတော့ ယဲ့ယွီက သူ့ရဲ့အိပ်မက်ထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြဖို့ မဖြစ်နိုင်ပါဘူး။
ယဲ့ယွီကက တိုးတိုးလေး မင်းကငါတို့ဂိုဏ်းရဲ့ ကာကွယ်ရေး နတ်ဖွဲ့စည်းပုံ ပေါ်ကို ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တာ။
အခု ငါတို့ကမင်းကိုဘာမှမလုပ်တော့ပဲ ထွက်သွားဖို့ ခွင့်ပြုရလောက်အောင်ကို ကြင်နာနေပေမယ့် မင်းကများ တပြန်ကြီးနဲ့ငါတို့ကိုဘယ်သူတွေလဲလို့ တကယ်မေးနေတာလား။
ဒါက နည်းနည်း အရမ် ပရမ်းပတာနိုင်နေတယ်လို့ မင်း မထင်ဘူးလား" လို့ ပြောလိုက်သည်။
ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ မော်ကျိုမင်က သူက အရမ်းသတိရှိနေတာလို့ စိတ်ထဲမှာ တွေးလိုက်သည်။
သူတို့က ရှင်းရှင်းလင်းလင်းကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိနေပေမယ့် ငါက ဒီလောက်အထိ စစ်မေးနေတာက တကယ်ကို မှားယွင်းနေတယ်။
ဒါကြောင့် သူက ခါးညွှတ်ပြီး "ကျွန်တော်က မော်မိသားစု ၏ မော်ကျိုမင် ပါ။ ကျွန်တော်က ရန်သူကို လိုက်လံနှိမ်နင်းဖို့ အမိန့်ပေးခံခဲ့ရတယ်။ အင်း... ကျွန်တော် မတော်တဆ ဒီကို ရိုက်နှက်ခံပီးရောက်လာခဲ့ရတာပါ။မိတ်ဆွေတို့ကို စိတ်အနှောင့်အယှက်ပေးမိတာကို တောင်းပန်ပါတယ်။ အခု ကျွန်တော် ထွက်သွားတော့မယ်" လို့ ပြောလိုက်သည်။
ဒီအကြောင်းကို ပြောပြီးနောက် မော်ကျိုမင်က အလျင်အမြန်ထွက်သွားဖို့ ကြိုးစားခဲ့သည်။
ဒါက ဝူဝေမျှော်စင် ကို သူက မုန်းလို့ မဟုတ်ပါဘူး။
ဒါပေမယ့် သူက ဒီမှာ ယဲ့ယွီနဲ့ အခြားသူတွေအတွက် ပြဿနာဖြစ်စေချင်တာ မဟုတ်ပါဘူး။
သို့သော်လည်း ဒီလိုဖြစ်ရင်တောင် အရမ်းနောက်မကျသေးဘူးလို့ ထင်ရသည်။
ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်လာပြီး ဝူဝေမျှော်စင် အပေါ်မှာ တည်တည်ငြိမ်ငြိမ် ရပ်လိုက်သည်။
"မော်မိသားစုရဲ့ ကောင်လေး၊ ဒါဆို မင်း ဒီမှာ ပုန်းနေတာကိုး။ သေဖို့ အဆင်သင့်ဖြစ်ပြီလား"
ဒီလူက အိပ်မက်ထဲက အသိဟောင်း ရှိကျင်းရှီး ပဲ ဖြစ်သည်။
သူက အခု အိပ်မက်ထဲကထက် ပိုပြီးတော့ စိတ်အားထက်သန်နေပုံရသည်။
"ဝေါင်း....!"
ပြင်းထန်တဲ့ အသံဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
စစ်နက်မျောက်အာကောင်း က ရင်းနှီးတဲ့ ရနံ့တစ်ခုကို အနံ့ခံမိပြီး ရုတ်တရက်ရောက်လာခဲ့သည်။ သူက ကျောက်သားတောင်အစွန်းမှာ ရပ်ပြီး ရှိကျင်းရှီး ကို ပြင်းပြင်းထန်ထန် ဟိန်းလိုက်သည်။
နဖူးပေါ်က ပတ်တီးက လေထဲမှာ လှုပ်ယမ်းနေသည်။
ရိုးရိုးသားသားပြောရရင် ဒါက သူရဲကောင်းဆန်တဲ့ခံစားမှု တစ်ခုရှိသည်။
ရှိကျင်းရှီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စစ်နက်မျောက် တစ်ကောင်က သူ့အပေါ် ဒီလောက်အထိ ပြင်းထန်တဲ့ ရန်လိုမှု ဘာကြောင့်ရှိနေရတာလဲဆိုတာကို နားမလည်ခဲ့ဘူး။
မင်းက အရင်က မမြင်ဖူးသေးဘူး မဟုတ်လား။
သူက နက်နက်နဲနဲ တွေးနေတုန်းမှာပဲ။
စစ်နက်မျောက်အာကောင်း က ရုတ်တရက် အပြင်းထန်ဆုံးတိုက်ခိုက်မှုကိုစတင်ကာလုပ်ခဲ့သည်။
ဒီတစ်ခါတော့ သူသည် အိပ်မက်ထဲမှာ ခံစားခဲ့ရတဲ့ မကျေနပ်ချက်တွေအားလုံးကို ရှိကျင်းရှီး ကို ပြန်ပေးမယ်လို့ ကတိသစ္စာပြုလိုက်သည်။
သူက ဒေါသနဲ့ တိုက်ခိုက်ခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့် ရဲ့ နောက်ပိုင်းအဆင့်ကစွမ်းအားများအားလုံး ရန်သူဖြစ်သူရှီကျင်းရှီးထံ တည့်မတ်စွာ ရောက်ရှိခဲ့သည်။
စွမ်းအားက အရမ်းကြီးမားလွန်းတဲ့အတွက် ရှိကျင်းရှီး က လွင့်သွားခဲ့သည်။
ဒီမြင်ကွင်းက မော်ကျိုမင်ကို လုံးဝကြောင်သွားစေခဲ့သည်။
စစ်နက်မျောက် က ရွှေနတ်ဘုရားအဆင့် ကို တကယ်ရိုက်ထုတ်နိုင်တာလား။
ဒါက စစ်ကောင်းကင်နက်မျောက် ပဲလား။
ဒါက နည်းနည်း အရမ်းများလွန်းတယ် မဟုတ်ဘူးလား။
သို့သော်လည်း ဒီလိုဖြစ်ရင်တောင် မော်ကျိုမင်က ယဲ့ယွီကို လှည့်ကြည့်ပြီး "ဒီ ကောင်းကင်-စစ်နက်မျောက် က ဒီမှာပေါ်လာတယ်၊ ဒါကမိတ်ဆွေတို့ နတ်ဂိုဏ်း ရဲ့ ဝိဥာဉ်သားရဲ ဖြစ်ရမယ်။ ကျွန်တော်က ကျွန်တော့ရဲ့ နတ်မိတ်ဆွေ တွေအားလုံးကို အမြန်ဆုံး ပြန်ခေါ်ဖို့ အကြံပေးချင်ပါတယ်။ ဒီလူရဲ့နာမည်က ရှိကျင်းရှီး ဖြစ်ပြီး ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်ဖြစ်တယ်။ ကျွန်တော်က သူ့ကို ခုနကပဲ ရိုက်နှက်ခံခဲ့ရတာ။မိတ်ဆွေတို့က သူတို့ကို မယှဉ်နိုင်လောက်ဘူး၊ အကောင်းဆုံးဖြေရှင်းချက်ကတော့ သူတို့ရဲ့တိုက်ခိုက်မှုကို အရင်ဆုံး ရှောင်ရှားဖို့ပဲ။ ကျွန်တော်က သူ့အာရုံလွှဲပီး မိတ်ဆွေတို့ရှောင်ပြေးနိုင်အောင် ကူညီပေးမယ်။" လို့ ပြောလိုက်သည်။
ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ ယဲ့ယွီနဲ့ ရှန်ကွမ်းကျိုကျိုတို့က သူတို့ရဲ့မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြသည်။
နေပါဦး၊ တစ်ခုခု မမှန်ဘူး။
အိပ်မက်ထဲမှာ ရှိကျင်းရှီး က အစောပိုင်းရွှေနတ်ဘုရားဘုံ မှာ မဟုတ်ဘူးလား။
အခု နတ်စွမ်းအင် က ပြန်လည်ရှင်သန်လာတာနဲ့ သူက ရုတ်တရက် ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်သို့ ဘယ်လိုပြောင်းလဲသွားတာလဲ။
ဒီလောက်အထိ ကြီးမားတဲ့ အဆင့်ခုန်တက်မှုက လုံးဝ မမျှော်လင့်ထားတဲ့အရာ ဖြစ်သည်။
ပိုင်မြောက်လန်က ရှုပ်ထွေးစွာ "ဒါ မမှန်ဘူး။ နတ်ကောင်းကင်ဘုံ ရဲ့ နတ်စွမ်းအင် က ခုမှ ပြန်လည်ရှင်သန်လာတာ။နင်က ဘယ်လိုလုပ် ရွှေနတ်ဘုရားအဆင့် နတ်တစ်ပါးကို ဒီလောက်အထိ မြန်မြန် စိတ်အနှောင့်အယှက်ပေးခဲ့တာလဲ" လို့ မေးလိုက်သည်။
မော်ကျိုမင်ရဲ့မျက်နှာပေါ်မှာ ရှက်ရွံ့တဲ့အမူအရာတစ်ခု ပေါ်လာခဲ့သည်။
အရင်က ဖြစ်ခဲ့တဲ့အကြောင်းကို ပြောရရင်။
အရင်က အချိန်အတော်ကြာကတည်းက ရှိကျင်းရှီး က မော်မိသားစု ကနေ ရတနာတစ်ခုကို ခိုးယူခဲ့တယ်။
ဒါကြောင့် သူသည် မော်မိသားစု ရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
နောက်ပိုင်းတွင် ကောင်းကင်ဘုံမှာ ဘေးဆိုးတစ်ခုရှိခဲ့ပြီး အခြေအနေက အချိန်အတော်ကြာ ရပ်တန့်သွားခဲ့သည်။
ကောင်းကင်ဘုံရဲ့ နတ်စွမ်းအင် ပြန်လည်ရှင်သန်လာတာနဲ့အမျှ မော်မိသားစု ရဲ့ တပည့်တွေက ရှိကျင်းရှီး ကို ဆက်လက်လိုက်လံဖမ်းဆီးခဲ့ကြတယ်။
ပြီးတော့ မော်ကျိုမင်က ရှိကျင်းရှီး ကို လိုက်လံနှိမ်နင်းဖို့ ဒီမျိုးဆက် မော်မိသားစု ကနေ စေလွှတ်လိုက်တဲ့လူ ဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်ရက်က။
သူက ရှိကျင်းရှီး ကို အရင်ကတည်းက ရှာတွေ့ခဲ့ပြီးပြီ။
အဲ့ဒီအချိန်တုန်းက ရှိကျင်းရှီး က ကောင်းကင်နတ်ဘုရားအဆင့် ရဲ့ ပြီးပြည့်စုံတဲ့အဆင့်မှာပဲ ရှိခဲ့တယ်။
လက်ရှိ ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်နဲ့ အလှမ်းဝေးနေသေးတယ်။
ဒါကြောင့် သူက မော်ကျိုမင်ရဲ့ ဖိနှိပ်ခြင်းကို အမြဲခံခဲ့ရတယ်။
ဒီနေ့ပဲ မော်ကျိုမင်က ရှိကျင်းရှီး ကို သတ်တော့မယ့်အချိန်မှာ။
မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ဘုံရဲ့ နတ်စွမ်းအင် က ပြန်လည်ရှင်သန်လာခဲ့တယ်။
ဒီအရေးကြီးဆုံးအချိန်မှာ ရှိကျင်းရှီး က အနီရောင်ရွှေဝိဥာဉ်ပြန်လည်ဖြည့်တင်းသည့်မြက် ကို သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်သည်။
သူက မပြည့်စုံတဲ့ ဝိဥာဉ်ကို သူ့ခန္ဓာကိုယ်ထဲသို့ နည်းစနစ်တခုကိုသုံးကာ ပြန်ဖြည့်ခဲ့ပြီး ရွှေနတ်ဘုရားအဆင့် ရဲ့ အစောပိုင်းအဆင့်ကို ဝင်ရောက်ခဲ့သည်။ ထို့နောက် သူက သေခြင်းနဲ့ရှင်ခြင်းကြားမှာ ထိုးထွင်းသိမြင်မှုတစ်ခုရှိခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်ကို တည့်တည့်ဝင်ရောက်ခဲ့သည်။
ဒီလိုကြောင့်ပဲ မူလတိုက်ပွဲက ရုတ်တရက် တိုက်ခိုက်ခြင်းကနေ ကာကွယ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။
ရှိကျင်းရှီး က တိုက်ပွဲမှာ မော်ကျိုမင်ကို လုံးဝဖိနှိပ်စတင်ခဲ့သည်။
ခုနက ပေတစ်ထောင်မြင့်တဲ့ တာအိုစွမ်းအင် ပုံရိပ်က ရှိကျင်းရှီး က ဆင့်ခေါ်ခဲ့တာ ဖြစ်သည်။
မော်ကျိုမင်ရဲ့ဇာတ်လမ်းကို နားထောင်ပြီးနောက် ယဲ့ယွီတို့အားလုံးက အရာအားလုံးကို နောက်ဆုံးတော့ နားလည်သွားခဲ့ကြသည်။
ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်က ဒီအဆင့်မှာ နတ်စွမ်းအင် က ခုမှ ပြန်လည်ရှင်သန်လာတဲ့အချိန်မှာ တကယ်ကို အလွန်သန်မာနေတာ ဖြစ်သည်။
"ဖျတ်!"
လေကို တိုးဝှေ့ကာဖြတ်သွားတဲ့အသံကို ကြားလိုက်ရသည်။
စစ်နက်မျောက်အာကောင်း က ရုတ်တရက် ရန်သူ၏နတ်ဘုရားစွမ်းအင်ဖြင့်ချုပ်ကိုင်ကာ နောက်သို့ပြန်ပစ်ခံရပြီး မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျခဲ့သည်။
ဝူဝေမျှော်စင် တစ်ခုလုံးက တုန်ခါနေသည်။
ကံကောင်းစွာပဲ အာကောင်း က ခန့်ညားသောပုံစံပျက်သွားရုံသာဖြစ်ပြီး အပြင်ကကြည့်ရင် ပြင်းထန်တဲ့ဒဏ်ရာ ဘာတစ်ခုမှ ခံစားခဲ့ရပုံမပေါ်ပါဘူး။
ဖြည်းဖြည်းချင်း ထရပ်ပြီးနောက် သူက ခေါင်းကို ခါလိုက်ပြီး နောက်ထပ် ရှေ့ကိုဆက်သွားဖို့ ပြင်ဆင်လိုက်သည်။
ဒါပေမယ့် ရှန်ကွမ်းကျိုကျိုက သူ့လက်ကိုမြှောက်ပြီး သူ့ကို တားလိုက်သည်။
ရွှေနတ်ဘုရားအဆင့် ရဲ့ အလယ်ပိုင်းအဆင့်က စကားသက်သက် မဟုတ်ပါဘူး။
ဆက်တိုက်ခဲ့ရင်။
အာကောင်း က တကယ်ကို အန္တရာယ်ရှိနိုင်ပါတယ်။
မော်ကျိုမင်က သူ့လက်တစ်ဖက်နကိုဝှေံရမ်းကာ လေပေါ်သို့တက်လိုက်ပြီး ဂိုဏ်းအတားဆီးရှေ့မှာ ရပ်နေခဲ့သည်။
ရွှေရောင်လက်စွပ်တစ်ဆယ့်ရှစ်ခုက လေထဲကနေ ပေါ်ထွက်လာပြီး သူ့ရဲ့ကိုယ်ခန္ဓာကို ဝိုင်းရံထားသည်။
"ကျွန်တော် သူ့ကို ခဏလောက် တားထားမယ်၊ နတ်မိတ်ဆွေ တွေက ဒီအခွင့်အရေးကို ယူပြီး ထွက်သွားနိုင်ပါတယ်။
အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင် မော်မိသားစု ကို သွားပြီး ကျွန်တော့ရဲ့သေဆုံးခြင်းသတင်းကို ပေးပို့ပေးပါ။
မော်မိသားစု က မိတ်ဆွေတို့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆုချလိမ့်မယ်!"
ဒီစကားတွေကို ပြောလိုက်တာနဲ့ ပအားလုံးက ချက်ချင်းနားလည်သွားခဲ့ကြတယ်။
မော်ကျိုမင်က သေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီ။
ဒါပေမယ့် ကောင်းကင်ပေါ်က ရှိကျင်းရှီး က သူ့ကိုတောင် မကြည့်ခဲ့ပါဘူး။
အစား သူက သူ့ရဲ့အကြည့်ကို ယဲ့ယွီအပေါ် ထားလိုက်သည်။
"ငါ ရင်းနှီးတဲ့ ရနံ့တစ်ခု ခံစားမိတယ်။ ပြောစမ်း၊မင်းမှာ နတ်သတ်ဝိဥာဉ်ဖျက်လှံ ရှိလား"
ရှိကျင်းရှီး က သူ့ရဲ့မပြည့်စုံတဲ့ ဝိဥာဉ်ကို အောင်မြင်စွာ ပြန်လည်ပြုပြင်နိုင်ခဲ့ပေမယ့်။
ဒါပေမယ့် အနီးကပ်အကွာအဝေးမှာ သူက သူ့ရဲ့ကိုယ်ပိုင်ဝိဥာဉ်ကိုလည်း ခံစားနိုင်ခဲ့တယ်။
အလွန်ပါးလွှာပေမယ့် ဒီအာရုံကမမှားနိုင်ဘူးလေ။
ရှိကျင်းရှီး က ဒီခံစားချက်က မမှားဘူးဆိုတာ သေချာခဲ့တယ်။
ယဲ့ယွီက ဘာအရေးမကြီးတဲ့အရာမှ မပြောခဲ့ဘူး။
သူက သူ့ရဲ့သိုလှောင်လက်စွပ်ထဲကနေ ကြီးမားတဲ့ လှံ တစ်ခုကို တိုက်ရိုက်ထုတ်လိုက်သည်။
ဒါက နတ်သတ်ဝိဥာဉ်ဖျက်လှံ ရဲ့ အဆင့်မြင့်ပုံစံ ဖြစ်သည်။
ဒီအချိန်မှာ။
တာအို စာသားက လှံတစ်ခုလုံးပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးပြီ။
၎င်းပေါ်လာတဲ့အချိန်မှာပဲ အေးစက်တဲ့လေက ရုတ်တရက် နေရာတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။
ရှိကျင်းရှီး က မျက်မှောင်ကြုတ်လိုက်သည်။
ဘာဖြစ်နေလဲဆိုတာကို သူက လုံးဝမသိခဲ့ဘူး။
ဒီ လှံ ကနေ ဟိုးတုန်းကသူသိထားတဲ့နတ်သတ်ဝိဥာဉ်ဖျက်လှံ ရဲ့ အရိပ်ကို ဝိုးတဝါး မြင်နိုင်သေးတယ်။
ဒါပေမယ့် ဘာလို့ ထူးခြားတဲ့ သူ့ရဲ့ဝိဉာဉ်အပိုင်းစကနေထွက်နေရမဲ့ ဝိဥာဉ်ရောင်ဝါ မရှိရတာလဲ။
မဟုတ်ဘူး၊ တိတိကျကျပြောရရင် ဒီ လှံ ပေါ်မှာ မဟုတ်ဘူး။
ဒါပေမယ့် ယဲ့ယွီရဲ့ကိုယ်ခန္ဓာပေါ်မှာကတော့ သူ့ဝိဉာဉ်ရဲ့အရိပ်ငွေ့တွေ ရှိနေတုန်းပဲ။
ရှိကျင်းရှီး က အေးစက်စွာ "မင်း ငါ့ဝိဥာဉ်ကို ဘယ်နေရာမှာ ယူသွားတာလဲ" လို့ အော်လိုက်သည်။
ယဲ့ယွီက မတုံ့ပြန်ခဲ့ပေမယ့် လှောင်ပြောင်ကာ ကစားချင်တဲ့အပြုံးတစ်ခုကို ပြသခဲ့သည်။
ထို့နောက်ကိုယ်ကို ခန့်ညားစွာတပတ်လှည့်လိုက်ပြီး ကောင်းကင်ထဲကို တည့်တည့်ပျံသန်းသွားသည်။
ရှိကျင်းရှီး ကလည်း အလျှော့မပေးဘဲ ချက်ချင်းနီးနီးကပ်ကပ် လိုက်သွားခဲ့သည်။
မိုင်တစ်ရာခရီးသွားပြီး တိမ်လွှာတစ်ခုကို ဖြတ်ကျော်ပြီးနောက်။
နာကျင်နေတဲ့ မျက်နှာတစ်ခုက ပေါ်လာဖို့ ရုန်းကန်နေသည်။
ရှိကျင်းရှီး က အလွန်ကြောက်သွားပြီး နောက်သို့ ထပ်ခါတလဲလဲ ဆုတ်သွားခဲ့သည်။
ဒီနာကျင်နေတဲ့ မျက်နှာက သူ့မျက်နှာနဲ့ အတိအကျတူနေလို့ပဲ။
၄၉၁ ဆက်ရန်