← Chapters

အခန်း (၁၅၉+၁၆၀)

Vol. 7 Ch. 159+160

အခန်း (၁၅၉+၁၆၀)

Vol. 7 Ch. 159+160

အခန်း(၁၅၉) ဦးလေးပိုင်ကျစ်နဲ့ ရှုယီ

“ဘာမှမဟုတ်ဘူး” သူမရဲ့ လူကြောက်တတ်သော ပုံစံနဲ့ စူစူလေးကို ကာကွယ်ပေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားပုံတို့က ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် ဖြစ်သည်။

ချင်းယုဟွိုင်း အကြည့်ပြန်လွှဲလိုက်ပါသည်။

စန်းကျစ်ကတော့ ဘာမှ မမသိပါ။ သူမက ဒီလို မျက်နှာချင်းဆိုင်ပြီး စကားပြောရတာ မကျွမ်းကျင်သဖြင့် အလွန် နေရခက်တာပဲ သိသည်။

ရွာကို မြန်မြန်ရောက်ပါစေဟု စိတ်ထဲကသာ ဆုတောင်းမိတော့သည်။

၂ နာရီခန့်ကြာသောအခါ နျို့ကျားကန့် ရွာအဝင်ဝသို့ သူတို့ရောက်ရှိသွားကြသည်။ ရွာထဲကို ကားဖြင့် ဆက်ဝင်လို့ မရတော့ပေ။

ချင်းယုဟွိုင်းက စူစူလေးကို ချက်ချင်းမနှိုးသေးဘဲ ကားထဲမှ အရင်ချီထုတ်လိုက်သည်။

စန်းကျစ်က တည်နေရာကို ခြေရာခံနေပြီး ချင်းယုဟွိုင်းက စူစူလေးကို ချီကာ အနောက်မှ လိုက်လာခဲ့ပါသည်။

ချင်းယုဟွိုင်း၏ နူးညံ့သိမ်မွေ့သော အပြုအမူများကို မြင်ကာ စန်းကျစ် အနည်းငယ် အံ့အားသင့်သွားခဲ့ပါသည်။

သူ့ရဲ့ ပုံမှန်ဆို အေးတိအေးစက်နိုင်သည့် ပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထိုအေးတိအေးစက် ပုံစံကြောင့် ကလေး မချစ်တတ်လောက်ဘူးဟု ထင်ထားသော်လည်း သူမ မှားသွားပုံရပါသည်။

စန်းကျစ် ရှာဖွေထားသည့် လိပ်စာအတိုင်း လိုက်ခဲ့ရာ နျို့ကျားကန့်ရွာ တောင်အလယ်လောက်ရှိ အိမ်အသေးလေး တစ်လုံးထံ သူတို့ ၃ ယောက် ရောက်ရှိလာခဲ့ကြသည်။

တံခါးဝကိုရောက်မှ စူစူလေးအား ချင်းယုဟွိုင်း နှိုးလိုက်ပါသည်။

“ရောက်ပြီ စူစူလေး”။ ချင်းယုဟွိုင်း ပြောလိုက်သည်။ သူ့အသံက ပုံမှန်ထက် ပိုပြီး နူးညံ့နေပါသည်။

စူစူလေးက သူမရဲ့ လက်ကလေးများဖြင့် မျက်လုံးတွေကို ပွတ်လိုက်ပြီး အိပ်ချင်မူးတူး မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်သည်။

စူစူလေး အိပ်ရာနိုးလာတိုင်း သူမနဲ့ အနီးဆုံးမှာရှိနေသည့် လူ၏ ရင်ခွင်ထဲ တိုးဝှေ့တတ်သည့် အကျင့်ရှိသည်။

ယခုလည်း ချင်းယုဟွိုင်း၏ ရင်ခွင်ထဲ ကြောင်လေးတစ်ကောင်လို တိုးဝင်လိုက်ပါသည်။

ချင်းယုဟွိုင်း နှလုံးသား ဓာတ်လိုက်သွားသလို ခံစားလိုက်ရလေသည်။

သူ့ကို အားကိုးနေသည့် ရင်ခွင်ထဲက ကလေးမလေးကို ကြည့်ရင်း ချင်းယုဟွိုင်း အရာအားလုံးကို မေ့ပျောက်သွားသည်။

ခဏကြာတော့ စူစူလေး လုံးဝ နိုးသွားပြီး ချင်းယုဟွိုင်း၏ ရင်ခွင်ထဲမှ အမြန်ခုန်ချလိုက်ပါသည်။

စူစူလေးထွက်သွားတာနဲ့ တစ်ပြိုင်နက် ချင်းယုဟွိုင်း ရင်ထဲ ဟာတာတာကြီးဖြစ်သွားသည်။

“စူစူလေး ဒီအိမ်က ဘယ်သူ့အိမ်လဲ မှတ်မိလား”။ စန်းကျစ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူစူလေးကို မေးလိုက်သည်။

“မှတ်မိတယ်! ဦးလေးပိုင်ဟူကျစ်ရဲ့ အိမ်လေ!”။ စူစူလေးက အိမ်ကို သေချာကြည့်ပြီး ချက်ချင်း ပြန်ဖြေလိုက်ပါသည်။

“ဘာပြောတယ်”။ ချင်းယုဟွိုင်း နားကြားမှားသွားတာလားဟု ထင်လိုက်မိသည်။

“ဦးလေးပိုင်ဟူကျစ်လေ!”။ စူစူလေး ထပ်ပြောလိုက်ပါသည်။

“အရင်တစ်ခေါက်က ငါတို့အိမ်ကို လာလည်တဲ့ မုတ်ဆိတ်ဖြူ ဦးလေးကြီးကို ပြောတာလား”။ ချင်းယုဟွိုင်းက စူစူလေးကို ထပ်မေးပြီး အတည်ပြုဖို့ ကြိုးစားသည်။

“ဟုတ်တယ်!” စူစူလေး ခေါင်းငြိမ့်ပြလိုက်ပါသည်။

အဖြေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောအခါ ချင်းယုဟွိုင်းမျက်မှောင်ကြုတ်သွားလေသည်။ သူ့မျက်လုံးတွေထဲက အံ့အားသင့်မှုကလည်း သိသာထင်ရှားပါသည်။

ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ…။

အရင်တစ်ခေါက်က အဘိုးကြီး…။

အရင်တစ်ခေါက်တုန်းက ထိုအဘိုးကြီးနဲ့ ဆုံခဲ့သည့် အဖြစ်အပျက်ကို ချင်းယုဟွိုင်း ပြန်စဉ်းစားလိုက်ပါသည်။

ဧကန္တ…အဲ့ဒီအချိန်တုန်းက အဘိုးကြီး ထူးထူးဆန်းဆန်း ပြုမူနေတာ… ဆေးရုံကလူတွေ သူ့ကို မှတ်မိသွားမှာ စိုးလို့လား။

ချင်းယုဟွိုင်း ဒီအဖြစ်မှန်ကို လုံးဝ မျှော်လင့်မထားခဲ့ပါ။

ယခင်တုန်းက အဘိုးကြီးရဲ့ အပြုအမူတွေကို သူသံသယရှိခဲ့ပြီး တစ်ခုခုဖုံးကွယ်ထားတာ ရှိလိမ့်မည်ဟု ထင်ထားခဲ့ပါသည်။ သို့သော် ဒီအဘိုးကြီးက နာမည်ကျော် ဆရာကြီးရှုယီဖြစ်နေလိမ့်မည်ဟုတော့ လုံးဝ ထင်မထားခဲ့ပါ။ ထို့အပြင် ရှုယီက စူစူလေးနဲ့လည်း အလွန်ရင်းနှီးနေသည်။

ဒီတိုက်ဆိုင်မှုကို ထုတ်ပြောလိုက်ပါက ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပါ။

ချင်းယုဟွိုင်းကို ပြန်ဖြေပြီးနောက် စူစူလေးက ဘာမှစောင့်မနေဘဲ အိမ်ထဲ ပြေးဝင်သွားခဲ့ပါသည်။

“ဦးလေးဟူပိုင်ကျစ်! ဦးလေးကို လာဖမ်းပြီနော်!” စူစူလေးက ဗလာကျင်းဖြစ်နေသော အိမ်ထဲမှာ အော်ပြောလိုက်ပါသည်။

သို့သော်လည်း အထဲမှာ ဘယ်သူမှ မရှိပါ။ စူစူလေး တစ်အိမ်လုံးကို လျှောက်ရှာလိုက်သည်။ သို့သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပါ။

“ဦးလေးပိုင်ဟူကျစ် ဘာလို့ ပျောက်သွားတာလဲ”။ စူစူလေး မေးလိုက်ပါသည်။

“အပြင်တွေဘာတွေ ထွက်သွားလို့များလား”။ စန်းကျစ် ခန့်မှန်းလိုက်ပါသည်။

“မဖြစ်နိုင်ဘူး”။ ချင်းယုဟွိုင်းက လေးနက်သော မျက်နှာဖြင့် ပြောလိုက်ပါသည်။ “သယ်လို့ရတဲ့ အရာမှန်သမျှကို အိမ်ထဲကနေ ထုတ်ယူသွားတယ်…။ ပြီးတော့ ပရိဘောဂတွေရဲ့ တည်နေရာကလည်း သံသယဖြစ်စရာပဲ”

“သူတစ်ခုခုများဖြစ်နေတာလား” စန်းကျစ် ချက်ချင်း ပူပန်သွားခဲ့သည်။

“တစ်ခုခုဖြစ်တယ်ဟုတ်လား။ ဦးလေးပိုင်ဟူကျစ်ကလား”။ စူစူလေး အမြန်မေးလိုက်သည်။ သူမရဲ့ မျက်နှာလေးက သိသိသာသာ စိတ်ရှုပ်သွားသည့်ပုံစံဖြစ်သည်။

… … …

အခန်း(၁၆၀) လုအိမ်တော်မှာ စူစူလေး သောင်းကျန်းခြင်း

“ဒေါသမထွက်နဲ့နော်။ မသေချာသေးပါဘူး။ အရင်စုံစမ်းကြည့်ရအောင်လေ”။ ချင်းယုဟွိုင်းက စူစူလေးကို နှစ်သိမ့်ပေးလိုက်ပါသည်။

“ဟုတ်တယ် ဒီနားက လမ်းမတွေပေါ်က လုံခြုံရေး ကင်မရာတွေကို ငါဝင်ကြည့်လိုက်မယ်။ တစ်ခုခု သိရင် သိရမှာပါ!”။ စန်းကျစ်ကလည်း အမြန်ပြောလိုက်ပါသည်။

“အဝေးပြေးလမ်းမတွေပေါ်က လုံခြုံရေးကင်မရာတွေကို မင်းဝင်ကြည့်လို့ရတယ်ပေါ့”။ စန်းကျစ်ကို ချင်းယုဟွိုင်း မေးလိုက်သည်။

သူက စူစူလေး မဟုတ်ပါ။ သာမန်လူတစ်ယောက် ဝင်ကြည့်ခွင့်ရှိသည့်အရာနဲ့ ဝင်ကြည့်ခွင့်မရှိသည့်အရာကို ကောင်းကောင်း ခွဲခြားတတ်သည်။

“ကျွန်… ကျွန်မ…”။ ချင်းယုဟွိုင်းနဲ့ မျက်လုံးချင်းဆုံအောင် စန်းကျစ် မကြည့်ရဲတော့ပေ။

ထို့နောက် စန်းကျစ် ဘာမှမကြားချင်ယောင် ဆောင်လိုက်ပြီး လက်ပ်တော့ပေါ်မှာ သက်ဆိုင်ရာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ဝင်ရောက်ကြည့်ရှုလိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ ယန်ရှုယီကို ဖမ်းခေါ်သွားသည့် ကားကို သူတို့ ရှာတွေ့ခဲ့ပါသည်။

ပေကျင်းလိုင်စင်နံပါတ်နဲ့ ကားတစ်စီးဖြစ်သည်။

ချင်းယုဟွိုင်းက ချင်းအိမ်တော်ကို ချက်ချင်းပြန်သွားပြီး ဘာဆက်လုပ်ရမလဲဆိုတာ မိသားစုနဲ့ ဆွေးနွေး တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ထိုအဘိုးကြီးက ရှုယီတကယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူက စူစူလေးရဲ့ မိတ်ဆွေဖြစ်သည်။ စူစူလေး ပြန်ပေးဆွဲခံရတုန်းက သူချက်ချင်းရောက်လာပြီး သတင်းမေးခဲ့သည်။

ယခု သူ ပျောက်ဆုံးသွားသောအခါ တာဝန်သိစိတ်အရကော၊ စိတ်ခံစားချက်အရကော ကူညီပေးဖို့ လိုအပ်ပါသည်။

အိမ်အပြန်လမ်းမှာ ချင်းယုဟွိုင်း ကားမောင်းနေစဉ် စန်းကျစ်က ထိုကားအခု ဘယ်မှာရှိနေသလဲဆိုတာ ခြေရာခံဖို့ ကြိုးစားနေပါသည်။

ခြေရာခံမှု အောင်မြင်သွားသောအခါ စန်းကျစ် ပိုအံ့အားသင့်သွားခဲ့သည်။

“ဘယ်လိုဖြစ်တာလဲ?!” စန်းကျစ် ရေရွတ်လိုက်သည်။

“ဘာဖြစ်လို့လဲ”။ ချင်းယုဟွိုင်းက ကားမောင်းနေသဖြင့် စန်းကျစ်၏ လက်ပ်တော့ ဖန်သားပြင်ကို လှမ်းကြည့်လို့ မရပါ။

“အဲ့ဒီကားက ရှင်တို့ ဘေးအိမ်ထဲကို ဝင်သွားတာ…”။ စန်းကျစ်က မျက်လုံးပြူးရင်း မယုံနိုင်စွာ ပြောလိုက်ပါသည်။

ထိုအိမ်တော်က သူတို့ ခရီးမထွက်ခင် စူစူလေး သွားလည်ခဲ့သည့် အိမ်ဖြစ်သည်။

ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီး အကြည့်တွေစူးရှသွားခဲ့သည်။

“မမလှလှ ဦးလေးပိုင်ဟူကျစ် အခု ဘယ်မှာလဲ”။ စူစူလေးက မေးလိုက်သည်။

စန်းကျစ်တွန့်ဆုတ်နေပါသည်။ စူစူလေးကို ပြောပြသင့်သလား မပြောပြသင့်ဘူးလား အခက်တွေ့နေသည်။ ထို့ကြောင့် ချင်းယုဟွိုင်းအား လှမ်းကြည့်ကာ အကူအညီတောင်းလိုက်ပါသည်။

သေချာစဉ်းစားပြီးနောက် စူစူလေးကို ချင်းယုဟွိုင်းပြောလိုက်သည်။ “ဦးလေးပိုင်ဟူကျစ်က နင့်ကိုကြီးရဲ့ အိမ်မှာ ရောက်နေတယ်…”

“ဪ သမီးကိုကြီးကို ဆေးသွားကုပေးတာကိုး။ လိမ္မာလိုက်တာ။ သမီးဘာလိုချင်လဲဆိုတာ ပြောပြစရာ မလိုဘဲ အလိုလိုသိနေတယ်!”

“စူစူလေး… နင်မပြောဘဲ အလိုလိုသိတာ မဟုတ်ဘူး။ လက်ရှိ အခြေအနေရအဆို သူ့ဆန္ဒမပါဘဲ ရောက်နေတာ ဖြစ်ဖို့များတယ်…”။ ချင်းယုဟွိုင်း ရှင်းပြလိုက်ပါသည်။

“ဟမ်”။ စူစူလေး အူတူတူဖြစ်သွားသည်။ သူမရဲ့ ဦးနှောက်လေးက ချင်းယုဟွိုင်းရဲ့ စကားကို လိုက်မှီဖို့ မနည်း ကြိုးစားနေပါသည်။

--- --- ---

လုအိမ်တော်အတွင်းရှိ အသံလုံ အခန်းတစ်ခန်းထဲတွင် အစားအသောက်အပြည့် တည်ခင်းထားသော စားပွဲတစ်လုံးရှေ့မှာ အဘိုးယန် ထိုင်နေပါသည်။

သူ အစာအငတ်ခံ ဆန္ဒပြဖို့ ဆုံးဖြတ်ထား၏။ သို့သော်လည်း အသုံးဝင်မှာ မဟုတ်ပါ။

“ခင်ဗျား ဆန္ဒပြနေလို့ ဘာမှမထူးဘူး။ ခင်ဗျား ဘာမှမစားရင် IV ပုလင်းချိတ်ခိုင်းလိုက်မယ်။ လိုအပ်လာရင် အစာပိုက် သွင်းဖို့တောင် လုပ်နိုင်တယ်”

သခင်ကြီးလုကလည်း ရှုယီနဲ့ နောက်ဆုံးအချိန်ထိ ခေါင်းမာစွာ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါသည်။

“ကျုပ် ဆေးတွေကို အဆိပ်ခတ်ပြီး ခင်ဗျားမြေးကို ပေးလိုက်မှာ မကြောက်ဘူးလား။ ဒါမှမမဟုတ် အပ်စိုက် ကုသနေတုန်း အမှားအယွင်းလုပ်ပြီး သတ်လိုက်မှာကို မစိုးရိမ်ဘူးလား”

“ခင်ဗျား အဲ့လို မလုပ်နိုင်ပါဘူး။ ခင်ဗျားမှာ ခံယူချက်တွေ ရှိတယ်။ ခင်ဗျားရဲ့ ဆေးတွေနဲ့ အပ်တွေက လူတွေကို ကယ်တင်ဖို့ပဲ။ လူသတ်ဖို့ မဟုတ်ဘူး”

ဒီအချက်ကိုတော့ သခင်ကြီးလု ရာနှုန်းပြည့် ယုံကြည်သည်။

ယန်ရှုယီကို သူဒီနေ့မှ စသိတာ မဟုတ်ပါ။ သူ့ရဲ့ ခံယူချက်တွေ စည်းမျဉ်းတွေကို ကောင်းကောင်းကြီး နားလည်ပါသည်။

“ကျုပ်ရဲ့ ခံယူချက်တွေကို နားလည်တယ်ပေါ့? အဲ့တာဆို ဘာလို့ ကျုပ်ခံယူချက်ကို ချိုးဖောက်ဖို့ ကြိုးစားနေတာလဲ?!”

“စိတ်မကောင်းပါဘူး။ ကျုပ်အပေါ် ခင်ဗျားကြိုက်သလောက် ဒေါသပုံချလို့ရတယ်။ ဒါပေမယ့် ကျုပ်ကတော့ ဘာမှ ပြန်ပြောမှ မဟုတ်ဘူး”။ သခင်ကြီးလု ပြတ်သားစွာ ပြောလိုက်ပါသည်။

အဘိုးကြီးနှစ်ယောက်စလုံးက ခေါင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားတာချင်း တူညီကြသည်။

ထိုစဉ် အခန်းထဲကို လူတစ်ယောက် ပြေးဝင်လာပြီး သခင်ကြီးလုအား အမြန်ပြောလိုက်သည်။ “သခင်ကြီး။ ဟို ကလေးမလေး အိမ်မှာ လာသောင်းကျန်းနေတယ်။ သူ့မိတ်ဆွေကြိးကို လွှတ်မပေးဘဲ ဒေါသထွက်မိတော့မယ်လို့ ပြောနေပါတယ်”

All Chapters