← Chapters

အခန်း (၁၆၁+၁၆၂)

Vol. 7 Ch. 161+162

အခန်း (၁၆၁+၁၆၂)

Vol. 7 Ch. 161+162

အခန်း(၁၆၁) လုအိမ်တော်မှာ စူစူလေး သောင်းကျန်းခြင်း (၂)

“ကလေးမလေး ဟုတ်လား။ ဘယ်က ကလေးမလေးလဲ”။ သခင်ကြီးလုက ဇဝေဇဝါဖြင့် မေးလိုက်ပါသည်။

ဘယ်က ကလေးမလေးက သူ့အိမ်မှာ လာသောင်းကျန်းနေတာလဲ။

“သခင်လေးရဲ့ သူငယ်ချင်းပါ”

“မနက်က ကလေးမလေးလား”

“ဟုတ်ကဲ့”

“ဟုတ်ပြီ။ ငါသွားကြည့်လိုက်မယ်”

သူ့မြေးရဲ့ သူငယ်ချင်းတွေကို သခင်ကြီးလု ဂရုစိုက်ပါသည်။

မဟုတ်ပါက ဟွာချန့်မြို့ရဲ့ မြို့တော်ဝန်ဖြစ်နေရင်တောင် သူသွားတွေ့မှာ မဟုတ်ပါ။

လုအိမ်တော်ကြီး၏ ဧည့်ခန်းထဲတွင် စူစူလေးက ခါးထောက်လျက် ဒေါကြီးမောကြီးမျက်နှာဖြင့် ရပ်စောင့်နေပါသည်။

“နင်တို့ထဲက ဘယ်သူ ငါ့ဦးလေး ပိုင်ဟူကျစ်ကို ဖမ်းခေါ်သွားတာလဲ?! အခုချက်ချင်း ပြန်လွှတ်ပေးလိုက်! မဟုတ်ရင် အကုန်လုံးကို လိုက်ထိုးမှာနော်!”

စူစူလေးက အိမ်ထဲက လူတိုင်းကို သတိပေးလိုက်သည်။

ကလေးဆန်သည့် သတိပေးချက်ကြောင့် ဧည့်ခန်းထဲက အိမ်စေတွေ ဘယ်လို တုန့်ပြန်ရမလဲ မသိတော့ပေ။ သို့သော်လည်း ဘယ်သူမှ ဘာမှ ဝင်မပြောရဲကြပါ။ ချင်းစူစူက သူတို့ သခင်လေးရဲ့ သူငယ်ချင်းဖြစ်မှန်း အားလုံး သိကြသည်။

သခင်လေးက ဆရာကြီးပိုင်ဖုန်းမြန်နဲ့ အပြင်ထွက်သွားသဖြင့် သူတို့မရှိခိုက် အိမ်စေတွေ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့ပါသည်။

အိမ်စေတွေ လမ်းပျောက်နေစဉ် သခင်ကြီးလုက လက်ထောက်တစ်ဦး၏ အကူအညီဖြင့် လှေကားမှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ပါသည်။

ဒီနေ့မနက်က သူတို့ဆုံခဲ့သော ချစ်စရာ ကလေးမလေး ယခု ဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေပြီး သောင်းကျန်း အော်ဟစ်နေသည်။ ပါးလေးတွေကလည်း ဒေါသကြောင့် ဖောင်းကားနေပါသည်။

သခင်ကြီးလုကို မြင်သောအခါ စူစူလေး ဒေါသတကြီး တောင်းဆိုလိုက်ပါသည်။ “ကိုကြီးရဲ့ဘိုးဘိုး! အခုချက်ချင်း သမီး မိတ်ဆွေကို ပြန်လွှတ်ပေးပါ!”

“သမီးမှားနေပြီထင်တယ်။ ဒီမှာ သမီးမိတ်ဆွေ တစ်ယောက်မှမရှိဘူး။ သမီးရဲ့ ကိုကြီးက လွဲလို့ပေါ့”။ သခင်ကြီးလုက အပြုံးဖြင့် ပြောလိုက်ပါသည်။

ကလေးမလေး တစ်ယောက်ကြောင့်နဲ့ သူဒေါသထွက်မှာ မဟုတ်ပါ။

“သမီးတူကြီးနဲ့ မမလှလှတို့ ကိုယ်တိုင် အတည်ပြုပေးထားတာ! အဲ့တာကြောင့် မမှားနိုင်ဘူး!” စူစူလေးက ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။

“အဲ့ဒီ တူကြီးနဲ့ မမလှလှတို့က ဘယ်မှာလဲ”။ သခင်ကြီးလုကလည်း အေးအေးလူလူ မေးလိုက်ပါသည်။

“အိမ်မှာ ထားခဲ့တယ်!”

ချင်းယုဟွိုင်းက စူစူလေးကို ချင်းအိမ်တော်သို့ ပြန်ခေါ်လာပြီး သူမရဲ့ အခန်းလေးထဲမှာ ခဏ ထားခဲ့ကာ သူနဲ့ စန်းကျစ်တို့ ဘာဆက်လုပ်ရမလဲ တိုင်ပင်ခဲ့သည်။

သို့သော်လည်း သူတို့ စကားဝိုင်းကို စူစူလေး ကြားသွားကာ လုအိမ်တော်သို့ တစ်ယောက်တည်း ပြေးလာပြီး သောင်းကျန်းနေခြင်း ဖြစ်ပါသည်။

အန္တရာယ်များသည့် ကိစ္စတွေကို သူမ ကိုယ်တိုင်လုပ်မှဖြစ်မည်။ သူမ တူကြီးနဲ့ မမလှလှတို့ကို စွန့်စားခိုင်းလို့ မရပါ။

ဒါကိုကြားတော့ သခင်ကြီးလုက ဘေးနားရှိ လက်ထောက်ကို အကြည့်ဖြင့် အမိန့်ပေးလိုက်ပါသည်။

ထိုအခါ လက်ထောက်က ဧည့်ခန်းထဲမှထွက်သွားပြီး ချင်းအိမ်တော်သို့သွားကာ အကြောင်းသွားကြားဖို့ ပြင်လိုက်ပါသည်။

သခင်ကြီးလုက စူစူလေးနဲ့ စကားဆက်ပြောလိုက်၏။ “သမီးလေး။ ဘိုးဘိုးမှာ သမီးလေးရှာနေတဲ့လူ တကယ်မရှိဘူး။ ကျန်းယွီနဲ့ ကစားချင်တာဆိုရင် ခဏလောက် စောင့်လိုက်ပါ။ သူအပြင်ခဏထွက်သွားတာ နည်းနည်း ကြာလိမ့်မယ်”

“သမီး ကိုကြီးနဲ့ လာတွေ့တာ မဟုတ်ဘူး!”။ စူစူလေးက သခင်ကြီးလုကို လက်ညှိုးထိုးကာ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ပါသည်။ “သမီးမိတ်ဆွေကြီးကို အခုချက်ချင်း ပြန်လွှတ်ပေးလို့ ပြောနေတယ်! မဟုတ်ရင် ဒေါသထွက်မိတော့မယ်နော်! သမီးဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းတာ!”

“ဟီး---”

အနီးနားရှိ အိမ်စေတစ်ယောက်က ရယ်ချင်စိတ်တွေ ထိန်းမရတော့ပါ။

“နင်- မရယ်နဲ့! ငါအတည်ပြောနေတာ! ဒီအိမ်က ကိုကြီးအိမ် ဖြစ်နေတာကြောင့်သာ မဟုတ်ရင် စိတ်ကြိုက် သောင်းကျန်းပြစ်လိုက်တာ ကြာပြီ!”

ထိုသို့ပြောပြီးနောက် သူမ ဘယ်လောက် ကြမ်းတမ်းသလဲ ဆိုတာကို ပြဖို့အတွက် စူစူလေး စတီးချောင်းကြီ တစ်ချောင်းကို ထုတ်ကာ အားလုံးရှေ့မှာ နှစ်ပိုင်းချိုးပြလိုက်သည်။

စူစူလေး ချိုးပြစ်လိုက်သည့် စတီးချောင်းကြီးက အစစ်ဖြစ်ပါသည်။ သို့သော်လည်း စတီးရောင် ခြယ်ထားသည့် ပလတ်စတစ်ချောင်းလေးကို ချိုးပြနေသည်ဟု ထင်ပြီး အားလုံး ရယ်မောသွားကြပါသည်။

သခင်ကြီးလုလည်း ရယ်မောမိပါသည်။ ဒီကလေးမလေးက မလွယ်ကြောပဲဟု စိတ်ထဲမှလည်း တွေးမိသည်။

သို့သော် တစ်စက္ကန့်တောင်မကြာလိုက်ဘဲ သခင်ကြီးလုနဲ့ အိမ်စေတွေအားလုံးရဲ့ အပြုံး အေးခဲသွားခဲ့ရသည်။

… … …

အခန်း(၁၆၂) လုအိမ်တော်မှာ စူစူလေး သောင်းကျန်းခြင်း (၃)

သခင်ကြီးလုရှေ့က မဟော်ဂနီ လက်ဘက်ရည်စားပွဲကြီးကို စူစူလေး ကိုင်မ,လိုက်သည်။

စတီးချောင်းက အတုကြီးဟု သံသယဖြစ်ကောင်းဖြစ်နိုင်သော်လည်း မဟော်ဂနီ လက်ဘက်ရည် စားပွဲကြီးကတော့ သံသယဖြစ်စရာမရှိအောင် အစစ်ကြီးဖြစ်ပါသည်။

ကလေးမပြောနဲ့ သန်မာအားကောင်းသည့် လူကြီးတစ်ယောက်တောင် မ,ဖို့ မလွယ်ကူပါ။

“သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်! မလွှတ်ပေးရင် ငါရိုက်ချိုးပြစ်မှာနော်!!”

စူစူလေးက လက်ဘက်ရည်စားပွဲကြီးကို ခပ်မြင့်မြင့်ကိုင်မြှောက်လျက် ခြိမ်းခြောက်လိုက်ပါသည်။

သူမ အသံလေးက နူးညံ့ပြီး ချိုမြိန်နေသော်လည်း ဒီတစ်ခေါက် သူမလက်ထဲမှာ ကိုင်ထားသည့် လက်ဘက်ရည် စားပွဲကြီးကြောင့် အာဏာပိုရှိလာပါသည်။

“စားပွဲကို မြန်မြန် သွားကူမ,ပေးလိုက်ကြစမ်း!”။ သခင်ကြီးလုက သူ့လူတွေကို အမြန် အမိန့်ပေးလိုက်သည်။

စူစူလေး ဘယ်လောက်သန်မာသလဲဆိုတာ သူမသိပါ။ စားပွဲကြီး ပြုတ်ကျပြီး သူမအပေါ် ပိသွားမှာကို စိုးရိမ်မိပါသည်။

ချင်းမိသားစုကို သွားခေါ်သည့် သခင်ကြီးလု၏ လက်ထောက်လည်း ပြန်ရောက်လာပါပြီ။ အနောက်မှာ ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ပါလာသည်။

လုအိမ်တော်မှာ စူစူလေး သောင်းကျန်းနေသည်ဟူသော သတင်းရပြီးနောက် ချင်းရှင်းကျစ်နဲ့ သူ့မိန်းမ ဝမ်ချင်းတို့ အပြေးရောက်လာခဲ့ကြသည်။

တံခါးမကြီးမှ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဧည့်ခန်းထဲမှာ စူစူလေးတစ်ယောက် သူမခန္ဓာကိုယ်ထက် ပိုကြီးသော စားပွဲခုံကြီးကို မ,ထားသည့် မြင်ကွင်းအား မြင်လိုက်ရပါသည်။

ချင်းရှင်းကျစ် လိပ်ပြာလွင့်မတတ် လန့်သွားသည်။

ထို့ကြောင့် စူစူလေးထံ အမြန်ပြေးသွားပြီး ချော့လိုက်ပါသည်။ “ညီမလေး ညီမလေး အဲ့တာကြီး အောက်မြန်မြန် ချလိုက်စမ်းပါ! အန္တရာယ်များတယ်!”

ဒီလို စားပွဲကြီးသာ ပိသွားလျှင် သူ့ညီမလေး မလွယ်ပါ။

“အစ်ကိုကြီး နောက်ဆုတ်နေ! ဒီမှာ အန္တရာယ်များတယ်!”။ စူစူလေးက ချင်းရှင်းကျစ်ကို ပြန်သတိပေးလိုက်သေးသည်။

“အစ်ကိုကြီး ရှင်းလိုက်ပါ့မယ်!”။ ချင်းရှင်းကျစ်က စားပွဲခုံကြီးကို သူမ လက်ထဲမှ လုဖို့ ကြိုးစားလိုက်သည်။

စားပွဲခုံကြီးကို ဖက်ကာ အားစိုက်ထုတ်လျက် ဆွဲယူလိုက်သော်လည်း စားပွဲခုံကြီးက စူစူလေးရဲ့ လက်ထဲမှာ တုတ်တုတ်မျှ မလှုပ်ပါ။

ဟင်… အဲ့လောက်တောင် လေးတာလား?။ မဟုတ်ဘူး! ဘယ်လောက်ပဲလေးလေး သူ့ညီမလေးကို ကူသယ်ပေးမှ ဖြစ်မယ်!

သူ့ညီမလေးက သန်မာသော်လည်း ခန္ဓာကိုယ်က နူးညံ့သေးသည်။ တစ်ခုခုသာ ဖြစ်သွားလျှင် သူတို့ ရင်ကျိုးရပါလိမ့်မည်။

“အစ်ကိုကြီး မလှုပ်နဲ့လို့! ကိုကြီးလုရဲ့ ဘိုးဘိုးကို သမီးခြောက်ဖို့ ကြိုးစားနေတာ။ သူကြောက်သွားရင် သမီး ပြန်ချလိုက်မယ်!” စူစူလေးက ရှင်းပြလိုက်သည်။

မလိုအပ်ဘဲ သူများပစ္စည်းတွေကို မဖျက်ဆီးသင့်ပါ။ အထူးသဖြင့် ဒီအိမ်က သူမ ကိုကြီးရဲ့ အိမ်ဖြစ်သည်။ ဖျက်လိုဖျက်ဆီး လုပ်ရမှာ ရှက်ဖို့ကောင်းပါသည်။

ဒါကိုကြားတော့ သခင်ကြီးလုက သူကြောက်နေကြောင်း ဝန်ခံလိုက်ပါသည်။ “သမီးလေးကို ဘိုးဘိုးကြောက်ပါပြီ။ စားပွဲခုံကို ပြန်ချလိုက်ပါ”

သူ တကယ်လည်း ကြောက်သွားမိပါသည်။ ဒီလို ကလေး သေးသေးလေး တစ်ယောက်က စားပွဲခုံအကြီးကြီးကို အခက်အခဲမရှိ ကိုင်,မထားသည်။ သူ့ဘဝ တစ်လျှောက်လုံး ဒါမျိုးတစ်ခါမှ မမြင်ဖူးခဲ့ပါ။

“တကယ်ပြောတာလား” စူစူလေးက မေးလိုက်၏။

“တကယ်ပြောတာပါ! ကြောက်ပါပြီ။ မြန်မြန်ပြန်ချလိုက်ပါ!” သခင်ကြီးလု အမြန်ပြောလိုက်ပါသည်။

“အဲ့တာဆိုလည်း ပြီးရော”။ စူစူလေး လက်ဘက်ရည်စားပွဲကို ကြမ်းပြင်ပေါ် ပြန်ချထားလိုက်သည်။

ကြမ်းပြင်ပေါ် စားပွဲခုံပြန်ရောက်သွားမှ ချင်းရှင်းကျစ် ရင်ထဲက အလုံးကြီး ကျသွားခဲ့ပါသည်။

သူအလွန်ချောက်ချားနေတာဖြစ်သည်။

စူစူလေးရဲ့ လက်ဖဝါးနုနုလေးတွေကို ကိုင်ပြီး ပွန်းရာပဲ့ရာတွေ ရှိနေမလား ချင်းရှင်းကျစ် စစ်ဆေးကြည့်လိုက်ပါသည်။

စစ်ဆေးနေရင်းနဲ့ စူစူလေးကို ဆက်ပြီး ဆုံးမနေပါသည်။ “ညီမလေး နောက်တစ်ခါကျရင် ဘာလုပ်လုပ် အစ်ကိုကြီးနဲ့ အရင်တိုင်ပင်ပါ။ အဲ့လို အန္တရာယ်များတာတွေ ထပ်မလုပ်ရဘူးနော်။ မတော်တဆ ညီမလေးထိခိုက်ဒဏ်ရာ ရသွားရင် ဘယ်လိုလုပ်မလဲ”

“ဘာမှမဖြစ်ပါဘူး အစ်ကိုကြီးရဲ့! သမီးနိုင်ပါတယ်!” စူစူလေးက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

သူမရဲ့ ပျော့ညံ့တဲ့ မိသားစုဝင်တွေကို လုပ်ခိုင်းလို့ ဖြစ်ပါ့မလား။

“မဟုတ်တာ မဟုတ်တာ အစ်ကိုကြီး ဖြေရှင်းပေးပါ့မယ်”။ ချင်းရှင်းကျစ်က ထပ်ပြောသည်။

“သမီးဖာသာ လုပ်မယ်လို့!” စူစူလေးကလည်း အလျှော့မပေးပါ။

သူတို့ မောင်နှမတွေ စကားများနေစဉ် ဝမ်ချင်း ရောက်လာပါသည်။

“စူစူလေး ပြဿနာတွေလိုက်ရှာမနေနဲ့! အိမ်ပြန်ကြမယ် လာ!”

ဝမ်ချင်းက စူစူလေး၏ လက်ကို ဆွဲကာ အိမ်ပြန်ခေါ်သွားဖို့ ပြင်လိုက်သည်။

သူမ တစ်ခါ ဆွဲလိုက်သည်။ ခြေလှမ်းက တစ်လက်မတောင် မရွေ့ပါ။

နောက်တစ်ခါ ထပ်ဆွဲလိုက်သည်။ ဘာမှ မထူးပေ။

ဝမ်ချင်းက စူစူလေးရဲ့ ခွန်အားကို လုံးဝ မယှဉ်နိုင်ပါ။ ထို့ကြောင့် စူစူလေးသာ မရွေ့ချင်ပါက သူမ ဆွဲခေါ်သွားဖို့ လုံးဝ မဖြစ်နိုင်ပေ။

ထို့နောက် ဝမ်ချင်းက စူစူလေးကို ပွေ့ချီဖို့ ကြိုးစားလိုက်သည်။

All Chapters