← Chapters

အခန်း (၁၇၁+၁၇၂)

Vol. 7 Ch. 171+172

အခန်း (၁၇၁+၁၇၂)

Vol. 7 Ch. 171+172

အခန်း(၁၇၁) ကိုကြီးရဲ့ ဘောင်းဘီကို ချွတ်ခြင်း

ဒါဆို ဘာတောင်းဆိုချက်မှ မရှိဘူးပေါ့။ စူစူလေးကို ဆေးခါးခါး သောက်ဖို့တောင် မတောင်းဆိုတော့ဘူးပေါ့?! စူစူလေးရဲ့ စကားတစ်ခွန်းတည်းနဲ့ လုံလောက်တယ်ပေါ့?!

ဒီလောက် ရိုးရှင်းတာလား?!

ပိုင်ဖုန်းမြန် သူ့ခံစားချက်တွေကို စကားနဲ့တောင် ဖော်ပြလို့မရတော့ပါ။

ဒီရက်ပိုင်းတွေထဲ ဆရာကြီးရှုယီကို ဘယ်လို ဖြောင်းဖြရမလဲဆိုတာ ဦးနှောက်အခြောက်ခံပြီး စဉ်းစားခဲ့ရသည်။ ဦးနှောက်ခြောက်လွန်းသဖြင့် နဂိုကတည်းက ပါးလွှာနေသည့် ဆံပင်တွေ ဘယ်လောက်တောင် ကျွတ်ကုန်ပြီမလဲ မသိတော့ပါ။

သူ့ခေါင်းတွေကို ကုတ်လိုက်တိုင်း ဆံပင်မွေးတွေ ထပ်ကျွတ်လာတတ်သည်။

အတိတ်ကိုပြန်သွားပြီး ပိုင်ဖုန်းမြန် သူ့ကိုယ်သူ ပါးရိုက်ချင်မိသည်။ ဘာမှကြိုးစားပမ်းစား စဉ်းစားနေဖို့ မလိုဘဲ စူစူလေးကိုသာ အကြောင်းစုံ ရှင်းပြလိုက်ဖို့ လိုအပ်ပါသည်။

သခင်ကြီးလုရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုမှာ ထင်ရှားပါသည်။ “ဆရာကြီးရှုယီ တကယ် သဘောတူလိုက်ပြီလား။ ကျုပ် မြေးလေးရဲ့ ခြေထောက်အတွက် တကယ် မျှော်လင့်ချက်ရှိသွားပြီလား?!”

“ဒါပေါ့! ကျုပ်စကားကို ဘယ်တုန်းက လက်လွတ်စလွယ်ပြောဖူးလို့လဲ။ ပြီးတော့ စူစူလေးကိုယ်တိုင် တောင်းဆိုထားတာ ကျုပ်မလုပ်ပေးဘဲ နေမလား”။ အဘိုးယန်ပြန်ပြောလိုက်သည်။

“ကောင်းတာပေါ့ဗျာ။ သိပ်ကောင်းတယ်! တကယ်ဝမ်းသာစရာပဲ”။ သခင်ကြီးလု၏ မျက်နှာချက်ချင်း တောက်ပသွားပြီး ယခင်က ညှိုးငယ်နေသော မျက်လုံးများလည်း မျှော်လင့်ချက်များဖြင့် ပြန်လည်ပြည့်ဝလာခဲ့ပါသည်။

သခင်ကြီးလုက စူစူလေးကို ကျေးဇူးတင်ဝမ်းမြောက်မှုအပြည့်ဖြင့် ကြည့်လိုက်ပါသည်။

ဒီကလေးမလေးက သူ့မြေးလေးရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ!

အဘိုးယန်က ထပ်ပြောလိုက်သည်။ “အပျော်လွန်မနေနဲ့ဦး! ကျုပ်က ဒီတိုင်း ကုပေးမယ်လို့ပဲပြောတာ။ သူကောင်းနိုင် မကောင်းနိုင်ကို အာမ မခံနိုင်သေးဘူး!”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ သူ့ကို ကုသပေးဖို့ သဘောတူတာနဲ့တင် ကျုပ်တို့ ဝမ်းသာနေပါပြီ။ ဆရာကြီးရှုယီ သဘောတူလိုက်ကတည်းက မျှော်လင့်ချက်တွေ အများကြီး ရှိသွားပြီ!”။ သခင်ကြီးလုက အားရဝမ်းသာ ပြန်ပြောလိုက်လေသည်။

မျှော်လင့်ချက် သေးသေးလေးပဲ ရှိနေရင်တောင် သူတို့ အမိအရ ဆုပ်ကိုင်ပါမည်။

“ဟုတ်ပြီ။ ကျုပ်အတွက် တိတ်ဆိတ်တဲ့ အခန်းတစ်ခန်း ပြင်ပေးထား။ ခင်ဗျားမြေးရဲ့ အခြေအနေကို အရင် စစ်ကြည့်ဦးမယ်”။ အဘိုးယန်က ဆိုသည်။

“ခုချက်ချင်း ပြင်ဆင်ပေးပါ့မယ်!။ အိမ်က အကျယ်ကြီးဆိုတော့ တိတ်ဆိတ်တဲ့ အခန်းတွေ အများကြီးရှိတယ်!”။ သခင်ကြီးလုက သူ့အိမ်စေတွေကို အမြန် စီစဉ်ခိုင်းလိုက်ပါသည်။

အဘိုးယန်၊ ပိုင်ဖုန်းမြန်နဲ့ လုကျန်းယွီတို့ အခန်းတစ်ခန်းထဲ အတူတူ ဝင်လိုက်ကြသည်။

စူစူလေးကလည်း နောက်က လိုက်သွားပါသည်။

“သခင်လေးလု ကျေးဇူးပြုပြီး ဘောင်းဘီချွတ်လိုက်ပါ”

တံခါးပိတ်ပြီးတာနဲ့တစ်ပြိုင်နက် အဘိုးယန်က လုကျန်းယွီကို ‌ဘောင်းဘီချွတ်ခိုင်းလိုက်ပါသည်။

“ဘောင်းဘီချွတ်ရမယ် ဟုတ်လား”။

“ဟုတ်တယ်လေ။ မင်းခြေထောက်က ပြဿနာ ရှိနေတာ မင်း ကျောရိုးနဲ့ ခြေထောက်တစ်လျှောက်ကို စစ်ဆေးမှ ဖြစ်မှာပေါ့။ ဘောင်းဘီပေါ်ကနေ ငါဘယ်လို စစ်ရမလဲ”။ အဘိုးယန်က ရှင်းပြလိုက်သည်။

လုကျန်းယွီက အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်သော်လည်း အသက် ၇ နှစ် ၈ နှစ်အရွယ် ကလေးလေး တစ်ယောက် ဖြစ်သည်ဟူသည့် အမှန်တရားကတော့ မပြောင်းလဲသေးပါ။

သူ့ဘောင်းဘီကို ချွတ်ခိုင်းသောအခါ ချက်ချင်း မျက်နှာ နီရဲသွားပါသည်။

သူ့မျက်လုံးများနဲ့ စူစူလေးကို လှည့်ကြည့်လိုက်သည်။ သူ့ဘောင်းဘီကို ချွတ်စေချင်လျှင် ချွတ်ပေးနိုင်သော်လည်း စူစူလေးကိုတော့ မမြင်စေချင်ပါ။

စူစူလေးကလည်း လုကျန်းယွီကို စိုက်ကြည့်နေပါသည်။ သူဘောင်းဘီချွတ်မည့်အချိန်ကို စောင့်နေသည်။

“ကိုကြီးဘာလို့ ဘောင်းဘီ မချွတ်သေးတာလဲ။ အကူအညီ လိုလို့လား”။ စူစူလေး မေးလိုက်သည်။

ကိုကြီးက ခြေထောက်တွေ လှုပ်ရှားလို့မရသဖြင့် ဘောင်းဘီချွတ်ဖို့ အကူအညီလိုအပ်နေတာ ဖြစ်နိုင်သည်။

“မလိုဘူး!”။ လုကျန်းယွီ အမြန်ပြောလိုက်သည်။ သူနောက်ကျသွားလျှင် စူစူလေး သူ့ဘောင်းဘီကို အမြန် လာချွတ်သွားနိုင်သည်။

ထိုသို့ပြောပြီးနောက် သူ့စကားကြောင့် စူစူလေး လန့်သွားမှာကို စိုးရိမ်သဖြင့် လေသံကို ပျော့ပြောင်းလိုက်ပြီး ထပ်ပြောလိုက်ပါသည်။ “စူစူလေး အပြင်မှာ စောင့်ပေးပါလား”။

“ဘာလို့လဲ”။ စူစူလေးက မေးလိုက်သည်။

“ဘာလို့လဲဆိုတော့… ကိုကြီး ဘောင်းဘီချွတ်ရမှာမို့လို့…”။ လုကျန်းယွီ ဒယ်အိုးထဲက ကဏန်းတစ်ကောင်လို မျက်နှာ နီရဲသွားပါသည်။

“ရပါတယ်။ ကိုကြီး ဘောင်းဘီချွတ်တာ သမီးစောင့်ကြည့်ပေးပါ့မယ်”

“မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး… နင်ရှိနေရင်… ငါ့အတွက် အဆင်မပြေလို့”။ လုကျန်းယွီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“အဲ့တာဆို ကူချွတ်ပေးမယ်လေ”

လုကျန်းယွီ၏ စကားကို စူစူလေး အဓိပ္ပာယ်ကောက် လွဲသွားသည်။ သူ့အတွက် အဆင်မပြေဘူးဆိုတာကို သူ့ဖာသာသူ ဘောင်းဘီမချွတ်နိုင်ဘူးဟု ပြောတာထင်သွားသည်။

ထို့ကြောင့် ဘာမှစဉ်းစားမနေတော့ဘဲ လုကျန်းယွီ၏ ဘောင်းဘီကို စူစူလေး မြဲအောင်ကိုင်ကာ အားဖြင့် ဆွဲချွတ်လိုက်တော့သည်။

… … …

အခန်း(၁၇၂) ဒါပါချွတ်ဖို့ လိုလို့လား

စူစူလေးရဲ့ အကြံကို ရိပ်မိတာနဲ့တစ်ပြိုင်နက် လုကျန်းယွီ လှုပ်ရှားခဲ့ပါသည်။ လက်နှစ်ဖက်စလုံးဖြင့် သူ့ဘောင်းဘီကို မ,တင်ဖို့ ကြိုးစားသေးသည်။

သို့သော်လည်း နောက်ကျသွားခဲ့ပါပြီ။

စူစူလေးရဲ့ သွက်လက်တိကျသော လှုပ်ရှားမှုကြောင့် သူ့ဘောင်းဘီ ဟိုးအောက်ဆုံးထိ ကျွတ်ကျသွားပြီဖြစ်သည်။

ဘောင်းဘီရှည်ကျွတ်သွားပြီဖြစ်သဖြင့် လုကျန်းယွီတစ်ယောက် အောက်ခံဘောင်းဘီတိုလေး တစ်ထည်နဲ့သာ ကျန်ခဲ့တော့သည်။

သူ့ ခြေသလုံးတွေ၊ ပေါင်တွေ အကုန်လုံး စူစူလေးရှေ့မှာ ပေါ်သွားပါသည်။

လုကျန်းယွီ မျက်နှာ နီရဲသွားပြီး စူစူလေးကိုတောင် မျက်လုံချင်းဆုံအောင် မကြည့်ရဲတော့ပေ။

သူ့အသက် ၇ နှစ်ကျော်ကျော်သာ ရှိသေးသော်လည်း လုကျန်းယွီက ရှက်တတ်နေပြီဖြစ်သည်။

စူစူလေးရှေ့မှာ အောက်ခံဘောင်းဘီတစ်ထည်တည်းနဲ့ ထိုင်နေရသည့်အဖြစ်က သူ့အတွက် ရှက်စရာ ကောင်းလွန်းပါသည်။

ဒီလောက်ထိ အရှက်ရဖူးတာ သူ့အတွက် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

အဘိုးယန်နဲ့ ပိုင်ဖုန်းမြန်တို့လည်း ကြက်သေသေသွားကြသည်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းသဖြင့် လုကျန်းယွီရဲ့ဘောင်းဘီ စူစူလေး လက်ထဲရောက်သွားတာတောင် သူတို့ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။

နှစ်ယောက်စလုံး မှင်သက်သွားပြီး စိတ်ထဲမှလည်း တွေးလိုက်သည်။

စူစူလေးက တော်တော် ရဲတင်းတာပါလား။

သို့သော်လည်း စူစူလေးကတော့ သူတို့မျက်နှာပေါ်က ထူးထူးဆန်းဆန်း အကြည့်တွေကို မမြင်ပါ။ သူမ လုပ်ရပ်ကိုသူမ ကျေနပ်နေပါသည်။

စူစူလေးက လုကျန်းယွီရဲ့ ဘောင်းဘီကို ကိုင်မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။ “ဒီမှာကြည့် ကိုကြီးကို ဘောင်းဘီ ကူချွတ်ပေးလိုက်ပြီ။ သမီးတော်တယ်မလား”

စူစူလေး ထိုသို့ပြောပြီးနောက် လုကျန်းယွီမှာ အောက်ခံဘောင်းဘီတိုတစ်ထည် ရှိနေသေးတာကို သတိထားမိသွားသည်။ ထို့ကြောင့် သူမ မေးလိုက်ပါသည်။ “အဲ့တာတွေကိုကော ချွတ်ဖို့ လိုသေးလား”

ဒါကိုကြားတော့ အဘိုးယန်နဲ့ ပိုင်ဖုန်းမြန်တို့ အမြန်ရှေ့တိုးလိုက်ပြီး စူစူလေးနဲ့ လုကျန်းယွီတို့ကို ခွဲလိုက်ပါသည်။

ပိုင်ဖုန်းမြန်က သူ့သခင်လေးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ ဖြစ်သည်။

အဘိုးယန်ကတော့ စူစူလေးရဲ့ ဖြူစင်မှုကို ကာကွယ်ပေးခြင်း ဖြစ်ပါသည်။

စူစူလေးကို အဘိုးယန် ပြောလိုက်သည်။ “ရပြီ လိမ္မာတယ် စူစူလေး။ သွားမချွတ်နဲ့တော့နော်။ ငါတို့ပဲ လုပ်လိုက်မယ်!”

လုကျန်းယွီရဲ့ အောက်ပိုင်းကို စူစူလေးအား မမြင်စေချင်ပါ။ စူစူလေးက ရိုးသားဖြူစင်ပြီး ချစ်ဖို့ကောင်းလွန်းသည်။ ထို့ကြောင့် ထူးဆန်းတာတွေ မြင်သွားလို့ မဖြစ်ပါ။

“ဟုတ်ကဲ့”။ စူစူလေးက လုကျန်းယွီ၏ အောက်ခံဘောင်းဘီတိုကို ဆွဲချွတ်ဖို့ လက်လျှော့လိုက်ပါသည်။

ထို့နောက် အဘိုးယန်က ပြောလိုက်၏။ “စူစူလေးက လိမ္မာလိုက်တာ။ အခု ကိုကြီးကို စစ်ဆေးပေးလိုက်ဦးမယ်။ အရမ်း တိတ်ဆိတ်နေမှဖြစ်မှာမို့လို့ ဘာအသံမှ ထွက်လို့မရဘူး။ အဲ့တာကြောင့် စူစူလေး အပြင်မှာ စောင့်နေလိုက်ပါလား။ မကြာခင် ပြီးသွားမှာပါ”

“ဟုတ်ကဲ့”။

အဘိုးယန်၏ စကားကို ကြားပြီးနောက် စူစူလေး အခန်းထဲမှ လှည့်ထွက်သွားပါသည်။

ထိုကလေးမလေး မရှိတော့မှာ အခန်းထဲက လူ ၃ ယောက် သက်ပြင်းချနိုင်တော့သည်။

စူစူလေး အခန်းပြင်မှာ အကြာကြီးစောင့်နေခဲ့ပါသည်။

ထို့နောက် အခန်းတံခါး ပွင့်သွားခဲ့ပြီး အဘိုးယန်က ပထမဆုံးထွက်လာခဲ့သည်။

သခင်ကြီးလု အမြန်ရောက်လာပြီး ပူပန်စွာ မေးလိုက်သည်။ “အခြေအနေ ဘယ်လိုရှိလဲ ဆရာကြီးရှုယီ။ ကျုပ်မြေးလေး လမ်းလျှောက်နိုင်မယ့် မျှော်လင့်ချက်ရှိသေးလား”

“ကံကောင်းစွာနဲ့ မျှော်လင့်ချက် ရှိပါသေးတယ်”။ အဘိုးယန်က ပြန်ဖြေလိုက်သည်။

ထိုစကားလုံးတွေကြောင့် သခင်ကြီးလု ဝမ်းသာမျက်ရည်စို့သွားသည်။

အခက်အခဲများစွာကို သခင်ကြီးလု ကြုံတွေ့ဖူးသော်လည်း ဒီတစ်ခါလောက် တစ်ခါမှ ခံစားချက် မပြင်းပြဖူးပါ။

စကားတစ်ခွန်းတည်းနဲ့ သူ့ကို မျက်ရည်ကျစေခဲ့သည်။

အခန်းထဲက လုကျန်းယွီဆီမှာလည်း ခပ်ပါးပါး အပြုံးတစ်ခုကို မြင်ရပါသည်။ အပြုံးက အလွန်ထူးခြားသဖြင့် သူ့ မျက်နှာပေါ်က ရှက်သွေးဖြာမှုတောင် ပျောက်ကွယ်နေပြီဖြစ်သည်။

အဘိုးယန်က သခင်ကြီးလုကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ “အပျော်မလွန်နဲ့ဦး။ မျှော်လင့်ချက် ရှိသေးတယ်လို့ပဲ ပြောတာ။ ရာနှုန်းပြည့်မသေချာသေးဘူး။ ကျုပ်တို့ဘက်က တတ်စွမ်းသလောက် ကြိုးစားပြီး ကျန်တာကိုတော့ ကံကြမ္မာကိုပဲ အားကိုးရမှာ”

“မျှော်လင့်ချက်ရှိရင်ပဲ တော်လှပါပြီ!”။ စိတ်အနည်းငယ် ပြန်တည်ငြိမ်သွားသောအခါ သခင်ကြီးလုက အဘိုးယန်ကို မေးလိုက်ပါသည်။ “နောက်ထပ် ကုသမှုအတွက် ဆရာကြီးရှုယီ ဘယ်လို စီစဉ်ထားလဲ။ လိုအပ်တာမှန်သမျှ ကျုပ်ကို ပြောပါ!”

All Chapters