အခန်း (၄၈၆)
Vol. 22 Ch. 486
ရှန်ကွမ်းကျူကျူ က ပိုင်ရှီးချူးကို ရင်းနှီးနေသလို ခံစားလိုက်ရပါတယ်။ ယဲ့ယွီပြောတဲ့ ပိုင်မြောက်လန်အကြောင်းကို ကြားလိုက်ရတဲ့အခါ သူ ဘာကြောင့်ရင်းနှီးနေလဲဆိုတာကို ချက်ချင်းနားလည်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအမျိုးသမီးနှစ်ယောက်က ရုပ်က အရမ်းတူနေပြီး မျိုးရိုးနာမည်ကလည်း ပိုင်ဖြစ်နေလို့ပါပဲ။ သူတို့က ညီအစ်မတွေ ဖြစ်နေတာလား။
ယဲ့ယွီပြောတဲ့အရာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူက သူတို့နှစ်ဦးကို တွေ့ဆုံစေချင်တာ မဟုတ်ဘူးလို့ဆိုလိုတာလား။ ရှန်ကွမ်းကျူကျူက တစ်ခုခုထူးခြားတာကို ပြတ်ပြတ်သားသား သိရှိခဲ့ပြီး သူ့ရဲ့မျက်လုံးတွေက နည်းနည်း ကစားချင်စိတ်ပေါ်လာခဲ့ပါတယ်။ ဒီအခြေအနေက တော်တော်လေးစိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်လာနိုင်တယ်လေ။
စိတ်နဲ့ဆက်သွယ်ပြောဆိုခြင်းရဲ့ အားသာချက်ကတော့ စကားပြောဆိုမှုကို တခြားသူတွေမကြားနိုင်ခြင်းပဲ။ ဒါပေမယ့် ပိုင်ရှီးချူးက နောက်ဆုံးတော့ နတ်ဆိုးဘုံ ရဲ့ နတ်ဆိုးသခင် ဖြစ်တယ်လို့ ပြောရမှာပါ။ သူမက အလွန်စိတ်ထက်မြက်ပါတယ်။ ယဲ့ယွီနဲ့ ရှန်ကွမ်းကျူကျူတို့ စကားမပြောကြတာကို မြင်ပြီး နောက်တစ်ယောက်က သူ့ကို ရန်လိုတဲ့အကြည့်နဲ့ ကြည့်နေတာက ပြဿနာကို သရုပ်ဖော်ဖို့ လုံလောက်ပါတယ်။ ပိုင်ရှီးချူးရဲ့မျက်လုံးတွေက ချက်ချင်းအေးစက်သွားပြီး သူမက ယဲ့ယွီကို ကြည့်ကာ တစ်လုံးချင်းစီ "ရှင် ကျွန်မဆီက တစ်ခုခု ဖုံးကွယ်ထားတာလား" လို့ မေးလိုက်ပါတယ်။
"ငါ၊ မဟုတ်ပါဘူး၊အချစ် အရမ်းအတွေးများနေတာလား"
ယဲ့ယွီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ရှန်ကွမ်းကျူကျူကို မျက်စောင်းထိုးလိုက်တယ်။ သူမကို နည်းနည်းလောက် အမူရာတွေသိသာနေတာကို လျော့ချလိုက်ဖို့ပေါ့။
ရှန်ကွမ်းကျူကျူက ဒီအကြောင်းကို မြင်လိုက်တဲ့အခါ အခြေအနေကို ပြေလည်စေဖို့ ရှေ့ကို လျင်မြန်စွာ တက်လာပြီး "အရှင်က ဘာလို့တစ်ခုခုဖြစ်မှာလဲ။ ပိုင်အစ်မ၊ အရမ်းတွေးနေတာလား" လို့ ပြောလိုက်တယ်။
ပိုင်ရှီးချူးက ဘာမှမပြောဘဲ ရှန်ကွမ်းကျူကျူနဲ့ ယဲ့ယွီကြားကို မျက်စောင်းထိုးပစ်လိုက်သည်။ နတ်ဆိုးသခင် ရဲ့ ဖိအားပေးမှုက ဒီအချိန်မှာ လျင်မြန်စွာ မြင့်တက်လာခဲ့တယ်။ ဒီအကြောင်းကို မြင်လိုက်တဲ့အခါ ယဲ့ယွီက "ဒီအခြေနေကို ဒီလောက်အထိ ရှုပ်ထွေးအောင် မလုပ်ပါနဲ့။ တစ်ခုခုပြောစရာရှိရင် နှစ်ယောက်တည်း စကားပြောကြရအောင်" လို့ ပြောလိုက်ရပါတယ်။ သူပြောနေတုန်းမှာပဲ ယဲ့ယွီက ပိုင်ရှီးချူးကို အပြင်ကို ဆွဲထုတ်လိုက်တယ်။
သူတို့ထွက်သွားတဲ့ ကျောဘက်ကိုကြည့်ပြီး ရှန်ကွမ်းကျူကျူရဲ့မျက်လုံးထဲမှာ ကောလဟာလမီးတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ကျိုးလန်ချင်ကလည်း ဒီအချိန်မှာ နောက်ဆုံးတော့ သူ့ရဲ့ခေါင်းကို မော့လိုက်နိုင်ခဲ့ပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ မျက်နှာပေါ်က ရှားပါးတဲ့အမူအရာကို မြင်လိုက်တဲ့အခါ သူက ရုတ်တရက် အလွန်သိချင်စိတ်ဖြစ်သွားခဲ့ပါတယ်။
"သူငယ်ချင်းရေ ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ပါဘူး၊ အရှင်နဲ့ကျမ လျှို့ဝှက်ချက်လေးတစ်ခု ရှိတာပါ"
ရှန်ကွမ်းကျူကျူရဲ့မျက်နှာပေါ်က အပြုံးက ပိုပြီးပြင်းထန်လာခဲ့ပါတယ်။
---
အမှန်တရားကို ဖုံးကွယ်ဖို့အတွက် ယဲ့ယွီက ပိုင်ရှီးချူးကို တိုက်ရိုက်ဆွဲခေါ်ပြီး "ငါက ရှန်ကွမ်းကျူကျူကို တကယ်ပဲ တိုးတိုးလေးပြောနေခဲ့တာပါ။အချစ် အခုမှရောက်လာတာဆိုတော့ သူမကိုအချစ်အတွက် လက်ဆောင်လေးတစ်ခု ပြင်ဆင်ပေးဖို့ တောင်းဆိုပါ။ အခုကစပြီးအချစ်တို့ တစ်ယောက်ကိုတစ်ယောက် ညီအစ်မလို့ ခေါ်ပြီး သဟဇာတဖြစ်စွာ နေထိုင်နိုင်ခဲ့ရင် အကောင်းဆုံးဖြစ်မှာပါ" လို့ ပြောလိုက်တယ်။
"တကယ်လား"
ပိုင်ရှီးချူးက သူမရဲ့မျက်ခုံးမွှေးတွေကို အနည်းငယ်ပင့်လိုက်ပြီး သိသိသာသာကို မယုံသင်္ကာဖြစ်နေတယ်။ ဒါပေမယ့် ယဲ့ယွီက ဘယ်သူလဲ။ သူဇနီးပေါင်းများစွာရဲ့ စစ်ဆေးမေးမြန်းမှု ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တစ်လှမ်းမှ နောက်မဆုတ်ဘဲ ရင်ဆိုင်ခဲ့တဲ့လူပဲ။ ဒီမေးခွန်းသေးသေးလေးကို ဘာလို့ ကြောက်ရမှာလဲ။
"လုံးဝအမှန်ပဲ! လုံးဝအမှန်ပဲ!"
ယဲ့ယွီက အလေးအနက်ခေါင်းညိတ်လိုက်ပါတယ်။ သူ့ရဲ့မျက်နှာပေါ်က အမူအရာကိုဖော်ပြဖို့ စကားလုံးနှစ်လုံးပဲရှိတယ်၊ စိတ်ရင်းမှန်ခြင်းပဲ။
ပိုင်ရှီးချူးက အစမှာ ဘာအပြစ်မှ ရှာမတွေ့ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့ သူမရဲ့စိတ်က ဒီကိစ္စပေါ်မှာ မဟုတ်လို့ပါပဲ။ ဒီကိုလာခဲ့တဲ့ အမှန်တကယ်ရည်ရွယ်ချက်က အဲ့ဒီအမျိုးသမီးအတွက်ပါပဲ။ ဒါကြောင့် ပိုင်ရှီးချူးက ပတ်ပတ်လည်ကြည့်ပြီး ညင်သာစွာ "ပိုင်မြောက်လန်က ဘယ်မှာလဲ။ သူမကို ထွက်လာပြီး ကျွန်မကို လာတွေ့စေပါဦး" လို့ ပြောလိုက်တယ်။
ယဲ့ယွီက တုန်လှုပ်သွားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း ဒီကိစ္စကို မမေ့သေးဘူးလား။
"ပိုင်မြောက်လန်က လောလောဆယ် သီးသန့်ကျင့်ကြံမှုမှာ ရှိနေပြီး ထွက်မလာသေးဘူး။အချစ် အခုမှရောက်တာနဲ့ သူမကို တွေ့ဖို့ ဒီလောက်အထိ စိတ်ပူနေတာလား။ ဘာလို့ ခဏလောက်သွားနားပြီး သူမထွက်လာဖို့ မစောင့်တာလဲ"
ယဲ့ယွီက အရမ်းမြန်မြန် တုံ့ပြန်ခဲ့ပြီး ပိုင်ရှီးချူးကို မြောက်ဘက်သို့ ခေါ်သွားရန် ချက်ချင်းပြင်ဆင်ခဲ့ပါတယ်။ သူမက နည်းနည်းဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးစကားကြောင့်တော့ ယုံကြည်သွားခဲ့တယ်။
"သွားကြစို့၊ သူမက ဒီမှာ သီးသန့်ကျင့်ကြံမှုလုပ်နေတာ၊ ထွက်ပြေးဖို့ အခွင့်အရေးမရှိပါဘူး။ ငါအချစ်ကို ကောင်းတဲ့အရာတွေ အရင်ဆုံး ခေါ်ပြမယ်။ အရေးကြီးတယ်!"
ပိုင်ရှီးချူးက နောက်ဆုံးတော့ ပိုင်မြောက်လန်ကိုသွားရှာရန် လက်လျှော့လိုက်ပြီး အများကြီးမပြောတော့ပေ။
---
နောက်တစ်နေ့မနက်တွင် ယဲ့ယွီက ပိုင်မြောက်လန်၏ သီးသန့်ကျင့်ကြံမှု နေရာကို တိတ်တိတ်ဆိတ်ဆိတ်ရောက်လာပြီး ထိုနေရာကလေထုက အလွန်တည်ငြိမ်နေသည်ကို ခံစားလိုက်ရပါတယ်။ လောလောဆယ် ထွက်ခွာခြင်းလက္ခဏာမရှိသည်ကို အတည်ပြုပြီးနောက်မှ သူက သက်ပြင်းချလိုက်မိပါတယ်။
"အရှင်!"
ညင်သာသည့်ခေါ်ဆိုသံတစ်ခု။ ယဲ့ယွီက အရမ်းကြောက်သွားပြီး သူ့ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးတင်းမာသွားကာ ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်လိုက်ပါတယ်။ ရောက်လာသည့်သူက ရှန်ကွမ်းကျူကျူဖြစ်သည်ကို သိလိုက်ရတဲ့အခါ ယဲ့ယွီက နောက်ဆုံးတော့ သက်ပြင်းချလိုက်မိပြီး သူမရဲ့နှာခေါင်းသေးသေးလေးကို လက်နဲ့ပုတ်လိုက်ကာ "ဘာလုပ်နေတာလဲ။ကို့ကို ကြောက်အောင်လုပ်နေတာလား" လို့ တိုးတိုးလေး ပြောလိုက်တယ်။
"မဟုတ်ပါဘူး၊ အရှင်က မနေ့က ဒီမှာနေဖို့ ပြောခဲ့တယ်။ ကျွန်မက ဒီမှာ တမင်တကာရပ်နေတာပါ။ ကျွန်မက ဘာမှမသိလို့ပါ။ လာပါဦး၊ ချစ်ဆုံးယောက်ျားရေ၊ ကျွန်မကို ပြောပါဦး၊ ပိုင်ရှီးချူးနဲ့ ပိုင်မြောက်လန်ကြားက ဆက်ဆံရေးက ဘာလဲ"
ရှန်ကွမ်းကျူကျူက အလွန်သိချင်နေခဲ့ပါတယ်။
ဒါပေမယ့် ဒီပြဿနာက ယဲ့ယွီကိုလည်း အကြပ်ရိုက်စေခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံးတွင် သူက ပိုင်ရှီးချူးကို မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးကဘာလဲလို့ အကြိမ်ပေါင်းများစွာမေးခဲ့ပေမယ့် အကြိမ်တိုင်း လက်ဗလာနဲ့ ပြန်လာခဲ့တယ်။ ပိုင်ရှီးချူးက အမြဲတမ်း လှောင်ပြုံးနဲ့ ပြန်ဖြေခဲ့ပြီး သူမက ယဲ့ယွီကို ပိုင်မြောက်လန်ကို မေးခိုင်းခဲ့ပါတယ်။ ပိုင်မြောက်လန်က မပြောခဲ့ဘူးဆိုရင် သူမကလည်း သဘာဝအတိုင်း မပြောဘူးပေါ့။ သူတို့တွေ့ဆုံခဲ့ရင်အချစ် အရာအားလုံးကို သေချာပေါက် သိလိမ့်မယ်ပေါ့။
ရိုးရိုးသားသားပြောရရင် လူတွေမှာ ကြီးမားတဲ့ဆန္ဒတစ်ခုရှိတယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်က စကားတစ်ဝက်တစ်ပျက်ပြောတာကို ကြားရတဲ့အခါ သိချင်လွန်းလို့ထပ်မေးချင်စိတ်တွေဖြစ်လာတာကို ရပ်လို့မရနိုင်ပါဘူး။ ယဲ့ယွီက အဖြေကို တကယ်သိချင်ခဲ့ပေမယ့် ဘယ်သူကမှ သူ့ကို ပြန်မဖြေနိုင်တဲ့အတွက် စိတ်ပျက်ခဲ့ရတယ်။ သူက ပိုင်မြောက်လန် နဲ့ ပိုင်ရှီးချူး တို့ နှစ်အနည်းငယ်ကြာမှ ပြန်ဆုံစည်းမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူက ပိုင်ရှီးချူးရကိုဖြေးဖြေးလေးနားချရင်း အလွန်အမင်း အစွဲအလမ်းကြီးတဲ့ အကျင့်ကို ပြုပြင်ဖို့ ယုံကြည်မှုရှိလိမ့်မယ်။
ဒါကြောင့် ဒီအချိန်မှာ ရှန်ကွမ်းကျူကျူရဲ့ သိချင်တဲ့မေးခွန်းတွေကို ရင်ဆိုင်ရင်း ယဲ့ယွီက အနည်းငယ်ခေါင်းခါလိုက်ပြီး "အသေးစိတ်ကို ငါ မသိဘူး၊ သူတို့က ကို့ကို မပြောဘူး" လို့ ပြောနိုင်ခဲ့ပါတယ်။
"အိုး?"
ရှန်ကွမ်းကျူကျူက အာမေဋိတ်စကားပြောလိုက်ပြီး မသင်္ကာစရာ အပြုံးကြီးပြုံးနေခဲ့ပါတယ်။ သတင်း၊ အကြီးကြီး၊ ဒါမှမဟုတ် တုန်လှုပ်စရာသတင်းတောင် ဖြစ်နိုင်တယ်။ သူမရဲ့အမူအရာက ယဲ့ယွီကို ချက်ချင်းမျက်မှောင်ကြုတ်စေခဲ့ပါတယ်။
"ရပ်လိုက်စမ်းအချစ်လေး၊ မင်းရဲ့ဆိုးသွမ်းတဲ့ စိတ်ကူးတွေရှိနေတာကို ကိုယ်အာရုံရနေတယ်။ ပိုင်ညီအမရဲ့ဆက်ဆံရေးက အဲ့လောက်ကြီးမဆိုးလောက်ပါဘူး။သူတို့ကြားက ရန်ဖြစ်နေတာလေးတွေ အချိန်တခုကျရင်ပြေလည်သွားမှာပါ။အချစ်လုပ်ရမယ့်အရာကတော့ ပိုင်မြောက်လန်ကို ကာကွယ်ဖို့နဲ့ သူမ ထွက်သွားဖို့ ခွင့်မပြုဖို့ပဲ။ နည်းစနစ်တွေ ကျင့်ကြံမှုတွေ တစ်ခုပြီးတစ်ခု ဆက်ပြီး သီးသန့်ကျင့်ကြံမှု လုပ်နေပါစေ! ပြီးတော့ ပိုင်ရှီးချူး ဝူဝေမျှော်စင် ကို ရောက်လာတာကို သူမကို မပြောပြပါနဲ့။ သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့စိတ်ဆိုးတဲ့စရိုက်ကြောင့် နာမည်ကြီးတယ်။ အရမ်းစောစောစီးစီး တွေ့ခဲ့ရင် တစ်ခုခုဖြစ်သွားမှာကို ငါကြောက်တယ်"
ယဲ့ယွီ၏စကားများ ပြောဆိုပြီးဆုံးသွားပြီးနောက် သီးသန့်ကျင့်ကြံမှုနေရာထဲမှ စွမ်းအင်များ မိုးပေါ်သို့ ထိုးတက်လာခဲ့ပါတယ်။ ဒါက အဆင့်ချိူးဖျက်ပြီးသွားတဲ့ ပိုင်မြောက်လန် ကျင့်ကြံနေရာကနေ ထွက်သွားမယ့်လက္ခဏာတစ်ခုလို ဖြစ်နေတဲ့အတွက် ယဲ့ယွီ၏မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားခဲ့ပါတယ်။ ထို့နောက် မတွန့်ဆုတ်နိုင်ဘဲ သူတို့ရှိနေသောနေရာတခုလုံးကို ထူးခြားသည့်ကမ္ဘာတစ်ခုအဖြစ် ပတ်ဝန်းကျင်တခုလုံးနှင့်သီးခြားဖြစ်နေစေရန် ဖွဲ့စည်းပုံတစ်ခုကို လျင်မြန်စွာပစ်ချလိုက်ပါတယ်။ ဒီမှာဖြစ်ပျက်သမျှကို အပြင်ကမ္ဘာကနေ မမြင်နိုင်စေဖို့ပေါ့။ တစ်ချိန်တည်းမှာပင် သူသည် တံခါးမှာ အလွန်ဂရုတစိုက်ရပ်နေခဲ့ပါတယ်။
ခဏအကြာတွင် သီးသန့်ကျင့်ကြံမှု၏ တံခါးသည် ဖြည်းဖြည်းချင်းပွင့်လာပြီး အတွင်းမှ ကြွယ်ဝသည့် ဝိဥာဉ်စွမ်းအင်များ ထွက်ပေါ်လာခဲ့ပါတယ်။ ပိုင်မြောက်လန်သည်လည်း ဆန်းကျယ်နတ်ဘုရားအဆင့် သို့ လုံးဝဝင်ရောက်ခဲ့ပြီ။ ဤသီးသန့်ကျင့်ကြံမှုကာလအတွင်း တစ်ဆင့်လုံးကို ဖြတ်ကျော်ခဲ့ခြင်းက အံ့ဩစရာပင်။
ပိုင်မြောက်လန်က စိတ်ကြည်လင်နေပြီး ယဲ့ယွီနဲ့ သတင်းကို မျှဝေဖို့ မစောင့်နိုင်တော့ပေ။ သို့သော် သူမသည် သီးသန့်ကျင့်ကြံမှု မှ ထွက်ခါနီးအချိန်တွင် လက်ဖဝါးတစ်ခုက သူမကို နောက်သို့ ပြန်တွန်းလိုက်သည်။
၄၈၇ ဆက်ရန်