← Chapters

အခန်း (၄၇၉)

Vol. 22 Ch. 479

အခန်း (၄၇၉)

Vol. 22 Ch. 479

ခဏတာ ခွဲခွာရခြင်းက အိမ်ထောင်ပြုပီးနေ့စဉ်တွေ့နေရခြင်းထက် အချစ်မီးတောက်များပေါက်ဖွားစေရန် ပိုပီးအားကောင်းစေသည်။

ကမ္ဘာနှစ်ခုကို ဖြတ်ကျော်ပီးလင်တော်မောင်ကိုရှာဖွေခန်းဖွင့်လာရသည့် ပိုင်ရှီးချူး၏လွမ်းဆွတ်မှုသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

အရမ်းချစ်ရသော လင်တော်မောင်ကို မျက်စိအောက်ကအပျောက်မခံပဲကြည့်ကာ သေချာပေါက်မရပ်နားတမ်း စကားပြောရဦးမည်။

ပြန်မတွေ့နိုင်တော့မည်ကို ရာစုနှစ်ချီကာ ခံစားခဲ့ရသောစိုးရိမ်ပူပန်မှုများကို အတိုးချ၍အလွမ်းဖြေနေသော ပိုင်ရှီချူးကို ယဲ့ယွီက သနားချစ်ဖြင့်ပိုချစ်လာမိသည်။

ယဲ့ယွီ၏နှလုံးသားပေါ်ရှိ နတ်ဆိုးအမှတ်အသားသည် မည်သည့်အခါမှ ပျောက်ကွယ်သွားခြင်း မရှိကြောင်း တွေ့သောအခါ ပိုင်ရှီးချူးလည်း အတော်လေးကြည်နူးနေမိသည်။

၎င်းသည် အချစ်ကိုကိုယ်စားပြုကာ ယဲ့ယွီ၏နှလုံးသားပေါ်တွင် ဆက်လက်ပေါ်နေကာ တောက်ပသောအလင်းရောင်ကို ဆက်လက်ထုတ်လွှတ်နေသည်။

နှစ်ရက်အကြာချစ်တင်းနှောကြပြီးနောက်တွင် ပိုင်ရှီးချူးကယဲ့ယွီသည် နတ်ဆိုးဘုံတွင် သေဆုံးသွားရာမှ ယခု နတ်ဘုံသို့ မည်သို့ရောက်လာသည်ကို စတင်မေးမြန်းခဲ့သည်။

ယဲ့ယွီသည် ရှင်းပြရန်အတွက် အပြိုင်ကမ္ဘာသီအိုရီကို တစ်ဖန် ပြန်ပြောပြခဲ့သည်။

ပိုင်ရှီးချူးသည် သူပြောသည်ကို ကြားလိုက်ရသည့်အခါ ရှုပ်ထွေးသွားသော်လည်း သိပ်သံသယမဝင်ခဲ့ပေ။

ဘာပဲဖြစ်ဖြစ် နတ်ဆိုးအမှတ်အသားသည် အရာအားလုံးကို သက်သေပြရန် လုံလောက်သည်။

သင် ဘာစိုက်စိုက် သင်အလိုရှိသော အသီးကို သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။

မည်သို့ပင်ဆိုစေ ယနေ့မှစ၍ ပိုင်ရှီးချူးသည် ယဲ့ယွီကို လုံးဝ ထပ်ထားခဲ့မည် မဟုတ်ပေ။

ခြေတစ်လှမ်းတောင်မှ မခွာတော့ပေ။

ပိုင်ရှီးချူးသည် ယဲ့ယွီအပေါ် စူးစမ်းလိုစိတ်များ ရှိနေသည်သာမက ယဲ့ယွီသည်လည်း ပိုင်ရှီးချူးအပေါ် စူးစမ်းလိုစိတ်များ ရှိနေသည်။

သာမန်အခြေအနေများအောက်တွင် လူ့ဘုံနှင့် နတ်ဘုံကို အတူတူဟု ယူဆနိုင်သည်။

လူသားများသည် အောင်မြင်စွာ နတ်ဘုံတက်လှမ်းသည့်အဆင့်ကိုကျင့်ကြံနိုင်သရွေ့ နတ်ဘုံသို့ ဝင်ရောက်နိုင်သည်။

သို့သော် နတ်ဆိုးဘုံသည် ကွဲပြားသည်။

နတ်ဆိုးဘုံတွင် နတ်ဆိုးသခင်အဆင့်ပင် ချီစွမ်းအင်သန့်စင်ခြင်း အဆင့်နှင့် ကမ္ဘာတစ်ခုတည်းတွင် ရှိသည်။

နတ်ဘုံတက်ခြင်းဆိုသည်မှာ မရှိပေ။

ထို့ကြောင့် သူမသည် ဤနေရာသို့ မည်သို့ရောက်လာခဲ့သနည်း။(လူ့လောကတွင် ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်သို့ရောက်ပြီးနောက် ကောင်းကင်ဘုံတွင်နတ်ဘုရားအဖြစ်ဆက်လက်ကျင့်ကြံရန်နတ်ပြည်တက်ကြသော်လည်း နတ်ဆိုးလောကတွင်မူ ချီသန့်စင်အဆင့်မှ နတ်ဆိုးဧကရာဇ်အဆင့်အထိမည်သည့်နေရာသို့မှပြောင်းလဲတက်လှမ်းခြင်းမရှိချေ၊သို့သော် ရမက်နတ်ဆိုးမ ပိုင်ရှီးချူးက လူ့ပြည်မှတဆင့်နတ်ပြည်သို့ရအောင်တက်လာခဲ့သည်။)

ပိုင်ရှီးချူးသည်လည်း မဖုံးကွယ်ထားပေ။

နတ်ဆိုးဘုံတွင် ယဲ့ယွီကို မတွေ့ရဟု ပြောပြီးနောက် သူမသည် သူမ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးစွမ်းအင်ကို ဖုံးကွယ်ရန်အတွက် လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့သည်။ လူ့ဘုံသို့ သွားခဲ့သည်။ ထို့နောက် လူ့ဘုံမှ နတ်ဘုံသို့တက်ရန်အတွက် နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည်။

နတ်ဘုံတွင် သူမ၏ အရှင်ကို ရှာမတွေ့နိုင်ပါက သူမတွင် အမှန်တကယ် အသက်ရှင်ရန် သတ္တိရှိလိမ့်မည် မဟုတ်ပေ။

ဤစကားများကို ကြားလိုက်ရသည့်အခါ ယဲ့ယွီသည် ပိုင်ရှီးချူးကို အလွန်စိတ်မကောင်းစွာဖြင့် ပွေ့ဖက်လိုက်သည်။

သူသည် နောင်တစ်ချိန်တွင် အိပ်မက်များကို ပုံဖော်ပါက သူ၏နောက်ပေါ်လာမည့်ချစ်ဇနီးအား သူ၏တည်နေရာအကြောင်းကို ကြိုတင်ပြောပြသင့်လားဟုလည်း လျှို့ဝှက်စွာစဉ်းစားခဲ့သည်။(နောက်မိန်းမယူဖို့ဆက်ကြံစည်နေခြင်း မင်းတုန်းမင်းထက်တောင်သာအောင်ကြံရွယ်နေတာလားမသိပါ)

သင်းဝမ်အမ်းကို သရဲဘုံတွင်ပေါင်းဖက်ကြစဉ်က သူ့ကိုနတ်ပြည်တွင်လာရှာရန် ပြောခဲ့သည့်အတိုင်းပေါ့။

တစ်နေ့နေ့ ပျောက်ကွယ်သွားပါက နတ်ဘုံကို သွားကြည့်နိုင်သည်။

ထိုသို့သော မရေရာသည့်အသုံးအနှုန်းက လက်ခံနိုင်လောက်သည်ဟု ထင်ရသည်။

ခဏ...

သူသည် သင်းဝမ်အမ်းနှင့် နေ့ရောညပါချစ်တင်းနှောကာ အလွန်ချစ်ကြသော အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။ ဤမိန်းကလေးသည် ၎င်းကို မှတ်မိနိုင်ဦးမည်လားဟု သူတွေးမိသည်။

တကယ်မေ့သွားရင်တော့ ကြောက်စရာကောင်းလိမ့်မည်။

ယဲ့ယွီ စဉ်းစားနေစဉ် ရုတ်တရက် သူ့နှလုံးသားတွင် နာကျင်မှုကို ခံစားလိုက်ရသည်။

အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ပိုင်ရှီးချူးသည် သူ့ကို လက်နှစ်ချောင်းဖြင့်ဟန်းဆိုင်းထုတ်ဖော်ကာ တာအိုနည်းစနစ်တခု အသုံးပြု၍ နားစွင့်နေကြောင်း တွေ့ရှိလိုက်ရသည်။

ယဲ့ယွီသည် တစ်ဝက်တစ်ပျက် နောက်သို့ ဆုတ်လိုက်ပြီး ရှုပ်ထွေးစွာဖြင့် “ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။

“အချစ်ရဲ့ နှလုံးသားက ရှင် တခြားမိန်းကလေးကို စဉ်းစားနေတယ်လို့ ပြောပြနေတယ်။ ကျမတို့ အခုမှ ဆုံကြတာကို ရှင်က တခြားတစ်ယောက်အကြောင်း တွေးနေပြီ။ ဒါက နည်းနည်း မသင့်တော်ဘူး။”

ပိုင်ရှီးချူးသည် အနည်းငယ် ရှုံ့မဲ့လိုက်ပြီး စိတ်ဆိုးဟန်ဆောင်လိုက်သည်။

ဤသို့သောအပြုအမူကြောင့် ယဲ့ယွီ ထိတ်လန့်သွားသည်။

မဖြစ်နိုင်ဘူး? မဖြစ်နိုင်ဘူး?

နတ်ဆိုးအမှတ်အသားသည် ပိုမိုနီးကပ်လာသောအခါ ပိုင်ရှီးချူးသည် သူ ဘာတွေးနေသည်ကိုပင် သိခဲ့သလား။

ဒီအရာက တကယ်ပဲ ဒီလောက်ဆိုးရွားနေတာလား။

သို့သော် မည်သို့ပင်ဆိုစေ ယဲ့ယွီသည် ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ရှေ့မှာတော့ တချို့အရာတွေကို တစ်ခါဝန်ခံလိုက်တာနဲ့။

ခွင့်လွှတ်မှု မရှိတော့သည့်အပြင် မီးတောင်ပေါက်ကွဲမှုကိုပါ အရှိန်မြှင့်တင်ပေးနိုင်သည်။

ထို့ကြောင့် ယဲ့ယွီသည် အလွန်အလေးအနက်ထား၍ “ကိုက အခု တခြားမိန်းကလေးတွေအကြောင်း မတွေးပါဘူး။ အချစ်လေး အထင်မှားနေတာလား” ဟု ပြောလိုက်သည်။

ပိုင်ရှီးချူးသည် အနည်းငယ် ရှေ့သို့ တိုးလာပြီး သူ၏လက်ကို နတ်ဆိုးအမှတ်အသားပေါ်တွင် နောက်တစ်ဖန် တင်လိုက်သည်။

“အချစ်ကရော တကယ်ပြောနေတာ သေချာလား။”

“သေချာတာပေါ့။”

ယဲ့ယွီသည် ဘယ်တော့မှ အရှုံးမပေးသည့် နိယာမကို ဆုပ်ကိုင်ထားပြီး အဆုံးအထိ တိုက်ခိုက်ရန် စီစဉ်ထားသည်။

ဘာပဲဖြစ်ဖြစ် ခင်များ သက်သေတစ်စုံတစ်ရာ ထုတ်ပြနိုင်မှာ မဟုတ်ဘူး။

ခု ဝန်ခံဖို့ ငြင်းဆိုနေတာသူ ဘာလုပ်နိုင်မှာလဲ။

ယဲ့ယွီကို အံ့သြစေသည်မှာ ပိုင်ရှီးချူးသည် ဤပြဿနာကို ဂရုစိုက်ပုံ မပေါ်ပေ။

“ကျွန်မ အထင်မှားခဲ့တာလား။”

ဤအရာကို ကြားလိုက်ရသည့်အခါ ယဲ့ယွီသည် လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။

သူသည် နတ်ဆိုးအမှတ်အသားသည် အတွေးများကိုပင် မြင်နိုင်သည်ဟု ထင်ခဲ့သော်လည်း ၎င်းသည် ထင်မြင်ချက်တစ်ခုသာ ဖြစ်သည်။

ကံကောင်းစွာပင် သူ့တွင် ကောင်းမွန်သည့် စိတ်ပိုင်းဆိုင်ရာအခြေအနေ ရှိသည်။

မဟုတ်လျှင် ယဲ့ယွီတယောက်အတော်လေးရှင်းယူရတော့မည့် ကိစ္စဖြစ်သည်။

မူလက ဤကိစ္စပြီးဆုံးမည်ဟု သူထင်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ပိုင်ရှီးချူးက စကားနောက်တခွန်းပြောသောအခါ ယဲ့ယွီကို နောက်တစ်ဖန် ရှုပ်ထွေးစေခဲ့သည်။

“အရှင်၊ ပိုင်မြောက်လန်အကြောင်း စဉ်းစားမနေဘူးဆိုတာ သေချာလား။”

“အချစ်က ပိုင်မြောက်လန်ကို သိလား။”

ယဲ့ယွီ၏ မှတ်ဉာဏ်ထဲတွင် သူသည် ပိုင်ရှီးချူးကို ထိုအကြောင်းပြောပြရန် အချိန်မရခဲ့ဟု ထင်ရသည်။

ဒါဆို သူမက ပိုင်မြောက်လန်ရဲ့ တည်ရှိမှုကို ဘယ်လိုသိခဲ့တာလဲ။

နတ်ဆိုးမျိုးနွယ်၊ ပိုင်မျိုးနွယ်နာမည်လား။

သူတို့ကြားတွင် ဆက်စပ်မှုတစ်စုံတစ်ရာ ရှိနေနိုင်သလား။

ပိုင်ရှီးချူးသည် အဓိပ္ပာယ်ရှိသော အပြုံးကို ဖော်ပြခဲ့သည်။

“ဪ၊ ဒါနဲ့လေ အရှင်၊ ကျွန်မ ဒါကို အခုလေးတင် ရှင်းပြဖို့ မေ့သွားတယ်။ လူ့ဘုံကနေ နတ်ဘုံတက်ခဲ့တဲ့ ကျွန်မနေရာက ချင်ယွင်ဂိုဏ်း၊ လက်ငါးချောင်းတောင်ထိပ်ပဲ။”

ယဲ့ယွီ၏ မျက်နှာထားသည် ချက်ချင်း အလွန်ထူးဆန်းသွားသည်။

ဒါက သူ့ဇနီးတွေရဲ့ ပင်မဌာနချုပ်အခြေစိုက်စခန်း မဟုတ်လား။(ဇနီးများပင်မဌာနချုပ်တောင်ထားယူရတယ်)

အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် ပိုင်ရှီးချူးသည် ကျန်ဇနီးများနှင့် သေချာပေါက် တွေ့ဆုံခဲ့လိမ့်မည်။

မဟုတ်ရင် သူသည် ပိုင်မြောက်လန်ရဲ့ တည်ရှိမှုကို သိလိမ့်မည် မဟုတ်ဘူး။

ခဏ...

ယဲ့ယွီ စဉ်းစားလေလေ တစ်ခုခု မှားနေသည်ဟု သူခံစားရလေလေ ဖြစ်သည်။

ပိုင်ရှီးချူး၏ ပိုင်ဆိုင်လိုစိတ်သည် ပိုင်မြောက်လန်ထက် ပို၍ပင် ပြင်းထန်သည်။

သူမသည် ဇနီးများနှင့် တစ်ယောက်တည်း တွေ့ဆုံခဲ့သည်။ ဒါကြောင့် ဘာမှမဖြစ်ခဲ့ဘူးဟုတ်။

ပိုင်ရှီးချူးသည် ပြုံးလိုက်သည်။

သူမ၏လက်တစ်ဖက်ကို ယဲ့ယွီ၏နှလုံးသားပေါ်ရှိ နတ်ဆိုးအမှတ်အသားပေါ်တွင် တင်လိုက်သည်။

“အရှင်၊ ဘာလို့နည်းနည်း စိုးရိမ်နေပုံရတာလဲ။”

“အချစ်က ထင်ယောင်ထင်မှား ဖြစ်နေတာပါ။ ကို ဘာလို့ စိုးရိမ်ရမှာလဲ။

ဒါဆို အချစ်လေး လက်ငါးချောင်းတောင်ထိပ်ကို နတ်ဘုံတက်ခဲ့တဲ့အချိန်မှာ လူအများကြီးနဲ့ တွေ့ခဲ့တာပဲ။

စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်ခဲ့သေးလား။”

ယဲ့ယွီသည် အပြုံးအတုဖြင့် ရယ်မောလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားခဲ့သည်။

ပိုင်ရှီးချူးသည် သူမ၏ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး “စိတ်ဝင်စားစရာ တကယ်ပဲ မရှိခဲ့ဘူး။

ကျွန်မ နတ်ဆိုးတွေကို နှိမ်နင်းပြီး တရားမျှတတဲ့လမ်းကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပြီး ကျွန်မကို သတ်ချင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။

နောက်မှ အမျိုးသမီးတွေ အများကြီး ထပ်ထွက်လာတယ်။

သူတို့အားလုံးက ကျွန်မရောက်လာတာကို ရန်လိုနေပုံရတယ်။

ဒါကြောင့်...”

ဤသို့ပြောပြီးနောက် ပိုင်ရှီးချူးသည် တမင်တကာ ခဏရပ်လိုက်သည်။

ဤအရာသည် ယဲ့ယွီကို နောက်တစ်ဖန် စိုးရိမ်စိတ်ဖြင့်တကိုယ်လုံး တင်းမာစေခဲ့သည်။

သို့သော် ပိုင်ရှီးချူးသည် တမင်တကာ တိတ်ဆိတ်နေပုံရပြီး ယဲ့ယွီကို ချစ်ခင်စွာ ကြည့်နေသည်။

ထိုဆွဲဆောင်မှုရှိသော အမူအရာက သူ့ချစ်လင်ကို ကျီစယ်ချင်နေပုံရသည်။

အဖြေကို ရှင် ဘယ်လောက်တောင်သိချင်နေလဲ။

ယဲ့ယွီ၏ မျက်နှာပေါ်မှ အပြုံးသည် မှေးမှိန်မသွားခဲ့ပေ။

သူသည် တိတ်ဆိတ်မှုဗျူဟာကို အသုံးပြု၍ ပိုင်ရှီးချူးကို မနေနိုင်တော့ပဲ ဦးစွာ ပြောစေလိုခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ နတ်ဆိုးဘုံ၏ ဤနတ်ဆိုးသခင်မသည် အလွန်သည်းခံခြင်း ရှိနေပုံရသည်။

မတတ်သာတော့သည့်အဆုံး ယဲ့ယွီသည် မသိသလို ဟန်ဆောင်ကာ “ဒါဆို ဘာဆက်ဖြစ်လဲ။ ဘာလို့ စကားပြောတာကို တစ်ဝက်တစ်ပျက် ရပ်လိုက်တာလဲ” ဟု မေးလိုက်သည်။

“အရှင်၊ ကျွန်မ သူတို့အားလုံးကို သတ်လိုက်လားဆိုတာ ခင်များ ဘာလို့ မခန့်မှန်းတာလဲ။”

ပိုင်ရှီးချူး၏ မျက်လုံးများ ချက်ချင်း အလွန်အေးစက်လာခဲ့သည်။

ယဲ့ယွီသည် ရုတ်တရက် ထိတ်လန့်သွားသည်။

ထို့နောက် သူသည် ခဏမျှ ဂရုတစိုက် စဉ်းစားလိုက်သည်။

သူသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး “မဟုတ်ဘူး၊ ချစ်လေးက သူတို့ကို သတ်မှာ မဟုတ်ဘူး။ သူတို့ထဲက တချို့က ကိုယ့်ရင်ဘတ်ပေါ်က နတ်ဆိုးအမှတ်အသားကို မြင်ခဲ့တယ်။ ဒါကြောင့် သူတို့က အချစ်ရဲ့ ကို့နှလုံးသားထဲက အဆင့်အတန်းကို အံ့သြပီး အချစ်ကိုဝိုင်းအားကျနေလိမ့်မယ်။ ပြီးတော့ သူတို့အားလုံးက ကို့ ဇနီးတွေဆိုတာ အချစ်သိလိုက်တဲ့အခါ ဒေါသထွက်နိုင်တယ်။ ဒါပေမယ့် အကြမ်းဖက်မှာတော့ မဟုတ်ဘူး။

မဟုတ်ရင် အချစ်က ပိုင်မြောက်လန်ရဲ့ နာမည်ကို သိလိမ့်မယ် မဟုတ်ဘူး။

ဘာလို့လဲဆိုတော့အချစ်ရဲ့ ဦးစားပေးအလုပ်က လူတွေကို သတ်ဖို့ မဟုတ်ဘဲ ကို့ကို ရှာဖို့ပဲ။”

အေးအေးဆေးဆေး ဆန်းစစ်ကြည့်ပြီးနောက် ပိုင်ရှီးချူးသည် ရုတ်တရက် အလွန်မပျော်မရွှင် ဖြစ်သွားသည်။

“ဘာလို့ ကျွန်တော့ အရှင်က အကြာကြီး မတွေ့ရတဲ့နောက်မှာ ပိုဉာဏ်ကောင်းလာတာလဲ။”

“ဒီအတိုင်းပါပဲ။”

ယဲ့ယွီသည် သက်ပြင်းတချက်ကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။

အခုလေးတင် ဆန်းစစ်မှုသည် သူ့ဘာသာသူ ဆန်းစစ်ခြင်း ဖြစ်သည်။

သူတို့သည် ငြိမ်းချမ်းစွာ အသက်ရှင်နိုင်သည်ဟုလည်း လောင်းကြေးထပ်ခဲ့သည်။

အကယ်၍ လီရော်ဝမ်နှင့် ကျိုရင်းချွင်တို့သည် တကယ်ဒေါသထွက်ပြီး ပိုင်ရှီးချူးနှင့် စတင်တိုက်ခိုက်ခဲ့လျှင် ဘယ်လိုအဆုံးသတ်မလဲဆိုတာ ပြောဖို့ခက်သည်။

သို့သော် သူတို့သည် ယခုအချိန်တွင် ပဋိပက္ခ သိပ်မရှိပုံပေါ်သည်၊ ၎င်းသည် အလွန်ကောင်းမွန်သည်။

၄၈၀ ဆက်ရန်

All Chapters