← Chapters

ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့၏ ဆက်ဆံရေး

Vol. 22 Ch. 480

ပိုင်ရှီးချူးနှင့် ပိုင်မြောက်လန်တို့၏ ဆက်ဆံရေး

Vol. 22 Ch. 480

ထို့နောက် ပိုင်ရှီးချူးသည် ယဲ့ယွီအား ထိုနေ့က လက်ငါးချောင်းတောင်ထိပ်ကို တက်ရောက်ခဲ့သည့် မြင်ကွင်းကို အတိအကျ ပြောပြခဲ့သည်။

ပြီးတော့ သူမသည် အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

သူမသည် စုယောင်ကို ပို၍ သဘောကျသည်။

အကယ်၍ သူမသည် စုယောင်နှင့် အတူရှိခဲ့ပါက သူမသည် အလွန်ပျော်ရွှင်လိမ့်မည်။

နဂါးဝတ်စုံဝတ်ထားသူ၊ မျိုးနွယ်စုနာမည်က ကျိုဟုခေါ်သော အဖြူရောင်ဝတ်ရုံဝတ်ထားသူနှင့် ဟုန်လန်ဟု အမည်ရသူတို့အတွက်တော့ ပိုင်ရှီးချူးက သူမ သဘောမကျကြောင်း ဖော်ပြခဲ့သည်။

သူသည် တခြားသူများက တားဆီးခြင်း မခံခဲ့ရပါက ဘယ်သူသိနိုင်မလဲ၊ တစ်နေ့နေ့တွင် သူတို့သည် လက်ငါးချောင်းတောင်ထိပ်တွင် တကယ်စတင်တိုက်ခိုက်ကြလိမ့်မည်။

ချင်ယွင်ဂိုဏ်းတစ်ခုလုံးသည် အစနပင်ရှာမရအောင် သူမတို့တိုက်ပွဲကြားတွင် ပြာမှုန့်များဖြစ်သွားမည်၊ ဂိုဏ်းတည်ရှိမှုသည် သမိုင်းဖြစ်သွားနိုင်သည်။

တချို့အရာတွေကို တဖြည်းဖြည်း လက်ခံဖို့ လိုအပ်သည်။

အစပိုင်းတွင် ယဲ့ယွီသည် ပိုင်မြောက်လန်နှင့် လီရော်ဝမ်တို့၏ ပြင်းပြင်းထန်ထန် ပိုင်ဆိုင်လိုစိတ်ကို ပြောင်းလဲနိုင်ခဲ့သည်။

ထို့နောက် သူသည် နောင်တစ်ချိန်တွင် ပိုင်ရှီးချူးကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်သည်။

သို့သော် အစပိုင်းတွင်တော့ စိတ်မရှည်စွာနှင့်အတင်းဖိအားပေးလို့ရသောကိစ္စမဟုတ်ပေ။

မဟုတ်ရင် ပုန်ကန်လိုသည့် စိတ်ဓာတ်ကို ဖန်တီးလိမ့်မည်။

ထို့ကြောင့် ယဲ့ယွီသည် လက်ငါးချောင်းတောင်ထိပ်ဟူသည့် အကြောင်းအရာကို ဆက်လက်ဆွေးနွေးပြောဆိုခြင်းမှ ရှောင်ရှားရန် ပညာရှိစွာ ရွေးချယ်ခဲ့သည်။

ထို့နောက် သူသည် ညင်သာစွာ မေးလိုက်သည်။ “ကိုအရမ်းသိချင်တာတခုက အချစ်နဲ့ ပိုင်မြောက်လန်က နတ်ဆိုးတွေပဲ။ဟိုးအရင်ကတည်းက သိခဲ့ကြတာလား။”

ပိုင်ရှီးချူး၏ မျက်နှာထား ပြောင်းလဲသွားပြီး သူသည် “သေချာတာပေါ့။ ကျမတို့ အချိန်အကြာကြီးကတည်းက သိခဲ့ကြတာ။ ဒါ့အပြင် ကျမတို့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ပိုင်မြောက်လန်က ရှင့်ကို ကျမအကြောင်း တစ်ခါမှ မပြောခဲ့ဘူးလား။” ဟု လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ယဲ့ယွီသည် သူ၏မျက်ခုံးမွှေးများကို အနည်းငယ် ပင့်လိုက်သည်။

ဒီအကြည့်က နည်းနည်း မှားနေပုံရတယ်။

ယဲ့ယွီသည် ပိုင်မြောက်လန်ကို ထပ်မံပြောခဲ့သည့် အကြောင်းရင်းမှာ သူတို့သည် ဆွေမျိုးများ ဖြစ်နိုင်ပြီး ပိုင်ရှီးချူးကို စိတ်တည်ငြိမ်အောင် ကူညီနိုင်မည်ဟု သူထင်ခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ပိုင်ရှီးချူး၏ မျက်လုံးများက ပို၍ပင် အေးစက်လာခဲ့သည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူတို့သည် အကြာကြီးကတည်းက သိခဲ့ကြသည်ဆိုလျှင် သူတို့ကြားတွင် မရှင်းလင်းသည့် ရန်လိုမှုတစ်ခု ရှိနေသည်ဟု ကို ဘာလို့ ခံစားရတာလဲ။

ခဏ...

ယဲ့ယွီသည် ရုတ်တရက် သတိရလိုက်သည်။

ထိုအချိန်က ပိုင်မြောက်လန်သည် နတ်ဘုံသို့ တက်ရောက်ခဲ့သည်။

ယဲ့ယွီ၏ နှလုံးသားပေါ်ရှိ ရုပ်ပုံသည် နတ်ဆိုးအမှတ်အသားဖြစ်ကြောင်း ချက်ချင်း ထောက်ပြခဲ့သည်။

သူမသည် ပိုင်ရှီးချူးကို သဘောကျလား၊ သူမကို သဘောကျလားဟု သူ့ကို မျက်နှာချင်းဆိုင်ပင် မေးခဲ့သည်။

စိတ်ကျေနပ်ဖွယ်အဖြေကို ရရှိပြီးနောက် သူမသည် ယဲ့ယွီကို ပိုင်ရှီးချူးကို မေ့ပစ်ရန်နှင့် ယခုမှစ၍ သူမကိုသာ သူ၏စိတ်ထဲတွင် တွေးပါတော့ဟု ပြောခဲ့သည်။

ဟူး...

ဒီလိုတွေးကြည့်ရင် ပိုင်မျိုးနွယ်စုနာမည်ရှိတဲ့ နတ်ဆိုးမနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေပုံရသည်။

ယဲ့ယွီ ဘာမှမပြောသည်ကို မြင်လိုက်ရသည့်အခါ ပိုင်ရှီးချူးသည် အေးစက်စွာဖြင့် “အရှင်၊ ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားတာလဲ။ ပိုင်မြောက်လန်အကြောင်း တွေးနေတာလား” ဟု မေးလိုက်သည်။

“မဟုတ်ဘူး၊ သေချာပေါက် မဟုတ်ဘူး။ ကိုက အချစ်တို့ရဲ့ ဆက်ဆံရေးအကြောင်း စဉ်းစားနေတာပါ။ ဘာပဲဖြစ်ဖြစ် ပိုင်မြောက်လန်က ကို့ကို တစ်ခါမှ မပြောဖူးဘူး။”

ယဲ့ယွီသည် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

ပိုင်ရှီးချူးသည် လှောင်ပြုံးပြလိုက်ပြီး ပိုင်မြောက်လန် ဘယ်မှာရှိသည်ကို ချက်ချင်းမေးလိုက်သည်။ပိုင်ရှီးချူးက သူမကို လူကိုယ်တိုင် သွားတွေ့ချင်သည်။

ထိုအချိန်တွင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် သဘာဝအတိုင်း ထွက်ပေါ်လာလိမ့်မည်။

ယဲ့ယွီ၏စိတ်သည် အပြေးအလွှား တွေးတောကစဉ်းစားနေရသည်။

ပထမတွင် လိမ်ညာစကားလေးတစ်ခွန်း ပြောသင့်မပြောသင့် စဉ်းစားနေသည်။

သူတို့နှစ်ဦးကို အခု မတွေ့ပါစေနှင့်။ အခြေအနေ နည်းနည်း သက်သာသွားပြီးမှ ထပ်တွေ့လျှင် နောက်ကျလိမ့်မည် မဟုတ်ပေ။

မဟုတ်ရင် တကယ်တိုက်ခိုက်မှု ဖြစ်ပွားရင် ဒုက္ခရောက်လိမ့်မည်။

ယဲ့ယွီ၏ အတွေးက ကောင်းသည်။

သို့သော် အချို့သောအခြေအနေများအောက်တွင် အမျိုးသမီးများသည် သူတို့၏ မွေးရာပါစုံထောက်ပါရမီကိုထုတ်ဖော်ကာ ထောက်လှမ်းရေးသွေးကို အလိုအလျောက် နိုးထလာလိမ့်မည်။

သူတို့၏ ဥာဏ်ရည်၊ ဆင်ခြင်တုံတရား၊ စိတ်ပညာ၊ မျက်နှာအမူအရာများ စသည်တို့သည် ခဏတာအတွင်း ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိလိမ့်မည်။

ဤအချိန်တွင် သူတို့ရှေ့တွင် လိမ်ညာရန် လုံးဝမဖြစ်နိုင်ပေ။

ဤအရာသည် နတ်ဆိုးဘုံမှ နတ်ဆိုးမများအတွက်လည်း လူသားမများနည်းတူပင်ဖြစ်သည်ဟု ထင်ရသည်။

ယဲ့ယွီ၏မျက်လုံးများသည် ခဏအတွင်း အကြိမ်အနည်းငယ် ရွေ့လျားသွားသည်ကို ပိုင်ရှီးချူးက သတိထားမိသည်။

ပိုင်ရှီးချူးသည် “အရှင်၊ ကျွန်မအကြောင်းကို ကောင်းကောင်းသိပါတယ်။ ကျွန်မ အမုန်းဆုံးအရာက လိမ်လည်ခြင်းပဲ။ ကျေးဇူးပြုပြီး ကျွန်မကို မလိမ်ပါနဲ့နော်” ဟု အလေးအနက်ထား ပြောလိုက်သည်။

ဤချိုမြသောစကားများသည် ယဲ့ယွီ၏ လိမ်ညာရန်စီစဉ်ထားမှုများကို လုံးဝပိတ်ဆို့သွားခဲ့သည်။

တစ်ခါတစ်ရံ လိမ်ညာမှု ထုတ်ဖော်ခံရခြင်း၏ အကျိုးဆက်များသည် အလွန်အန္တရာယ်များနိုင်သည်။

အကြိမ်ကြိမ် စဉ်းစားပြီးနောက် ယဲ့ယွီသည် ညင်သာစွာ “ပိုင်မြောက်လန်က အခု နတ်ဘုံရဲ့ အလယ်ပိုင်းက နတ်ဘုံဂိုဏ်းတစ်ခုမှာ ရှိနေတယ်။ကို အချစ်ကို သူမဆီ ခေါ်သွားနိုင်တယ်။ ဒါပေမယ့် သူမက အခု တံခါးပိတ်ကျင့်ကြံမှုမှာ ရှိနေသေးတယ်လို့ ထင်ရတယ်။”

သူ၏ အတွေးများက ရိုးရှင်းသည်။

လိမ်ညာမှုတွေကို မကြားချင်ဘူးဟုတ်။

ကောင်းပြီ၊ ဒါဆို မင်းရဲ့ ပြင်းပြင်းထန်ထန် ပိုင်ဆိုင်လိုစိတ်ကို လမ်းတစ်လျှောက် ပြောင်းလဲပေးလိုက်မယ်။

အချိန်တိုတောင်းသော်လည်း ၎င်းသည် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

သို့သော် ယဲ့ယွီသည် ထိုအရာကို စမ်းကြည့်လိုသေးသည်။

“ရပါတယ်၊ သူမ တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတဲ့အထိ ကျွန်မ စောင့်နေနိုင်တယ်။”

ပိုင်ရှီးချူး၏ နှုတ်ခမ်းထောင့်များသည် ပြီးပြည့်စုံသော အပြုံးကို ပြုံးပြလိုက်သည်။

ထို့နောက် ယဲ့ယွီနှင့် ပိုင်ရှီးချူးတို့သည် နတ်ဘုံ၏ အလယ်ပိုင်းသို့ ပြန်သွားသည့် ခရီးကို စတင်ခဲ့သည်။

ယဲ့ယွီ၏ တမင်ရည်ရွယ်သော လုပ်ဆောင်မှုအောက်တွင် သူတို့နှစ်ဦးသည် ခပ်နှေးနှေးသာခရီးနှင်ခဲ့ကြသည်။

ယဲ့ယွီက ပိုင်ရှီးချူးသည် နတ်ဘုံသို့ အခုမှ တက်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ရှုခင်းကို ကောင်းကောင်းကြည့်ရှုနိုင်ကြောင်း ရှင်းပြခဲ့သည်။

ယဲ့ယွီက တမင်တကာ အချိန်ဆွဲနေတာကို ပိုင်ရှီးချူးသည် ခန့်မှန်းမိသော်လည်း ဘာမှမပြောခဲ့ပေ။

သူမ ထုတ်ဖော်မပြောရုံသာဖြစ်သည်။

တချို့အရာတွေကို တစ်ရက်၊ နှစ်ရက်လောက်ပဲ ထိန်းထားနိုင်တယ်။

(၁၀) ရက်ဆိုရင်ရော။ ဒါမှမဟုတ် လဝက်ဆိုရင်ရော။

နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရလိမ့်မယ်၊ ဒါကို ပြောင်းလဲလို့ မရဘူး။

ပိုင်ရှီးချူး တွေးခဲ့သည့်အတိုင်းပင်။

အလျင်နှေးနေသော်လည်း သူတို့သည် သုံးရက်အတွင်း နတ်ဘုံ၏ အရှေ့ဘက်အစွန်းသို့ ရောက်ရှိခဲ့ကြသည်။

နောက်တစ်ဖန် ရှေ့သို့ ခရီးအနည်းငယ် ဖြတ်ကျော်လိုက်ပါက နတ်ဘုံ၏ အလယ်ပိုင်းသို့ ဝင်ရောက်လိမ့်မည်။

ဤအချိန်ကာလအတွင်း ယဲ့ယွီသည် ပိုင်ရှီးချူးကို မိတ်ဆွေကောင်းများသည် တစ်ယောက်ကိုတစ်ယောက် ကူညီရမည်ဟု မကြာခဏ ပြောပြခဲ့သည်။

သို့သော် ပိုင်ရှီးချူးက အမြဲတမ်း လှောင်ပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

ဤအရာသည် ယဲ့ယွီကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

သူတို့သည် နတ်ဘုံ၏ဗဟိုသို့ ရောက်တော့မည်ဖြစ်သည်။

ယဲ့ယွီသည် တစ်ခုခု လုပ်ဆောင်ရမည်ဟု ယုံကြည်သည်။

ထို့နောက် သူ၏သိုလှောင်လက်စွပ်ထဲတွင် ကောင်းမွန်သည့်အရာတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိရလိုက်သည်။

ထို့ကြောင့် သူသည် ချက်ချင်း ထုတ်ယူလိုက်သည်။

ပိုင်ရှီးချူးသည် ယဲ့ယွီ၏လက်ထဲရှိ လက်သီးအရွယ် ခရမ်းရောင်အသီးကို ကြည့်လိုက်သည်။

စူးစမ်းလိုစိတ်ဖြင့် “ဒါက ဘာလဲ” ဟု မေးလိုက်သည်။

ယဲ့ယွီသည် အလေးအနက်ထား၍ “ဒါက နတ်ဘုံကနေ ပေါက်ဖွားလာတဲ့ သဘာဝဘဏ္ဍာတစ်ခုပဲ။ သူ့ကို နှစ်တစ်သောင်း လိချန် ခရမ်းရောင် နတ်ဆိုးအသီးလို့ ခေါ်တယ်။ သူ့ကို စားလိုက်ရင် အချစ်ရဲ့စိတ်ဝိဥာဉ်ကို ခိုင်ခံ့စေပြီး အသားအရေကိုလည်း လှပစေလိမ့်မယ်။” ဟု ပြောလိုက်သည်။

အဟမ်း၊ နောက်ဆုံးစကားလုံးလေးလုံးကို ယဲ့ယွီ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ဒါက တကယ်တမ်းကျတော့ လိမ်ညာမှု မဟုတ်ပေ။

နှစ်ပေါင်းထောင်ချီပြီး ပြုစုပျိုးထောင်ထားတဲ့ ဒီအသီးက စားပြီးနောက်မှာ တခြား အပိုလုပ်ဆောင်ချက်တွေ မရှိနိုင်ဘူးလား။

သို့သော် ပိုင်ရှီးချူးသည် ဤအရာကို သိပ်စိတ်မဝင်စားပုံ မပေါ်ပေ။

သူမသည် ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။

ယဲ့ယွီသည် အလွန်အမင်း အံ့သြခြင်း မရှိခဲ့ပေ။

“မူလကတော့ ဒီအရာကို ကိုက ပိုင်မြောက်လန်ကို ခူးပြီးတော့ ပေးဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် အခုတော့ အချစ်က ဒီမှာရှိနေပြီ။

ကို ဆုံးဖြတ်ချက်ကို ပြောင်းလိုက်တယ်။

တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ အချစ်ကို ပြောပြဖို့ပါ။ ဘာပဲဖြစ်ဖြစ်ချစ်လေးက ကို့စိတ်ထဲမှာ အရေးအကြီးဆုံးလူ အမြဲဖြစ်နေမှာပါ။”

အမျိုးသားများသည် အလှအပကိုတပ်မက်တတ်သော အမြင်ဆိုင်ရာ သတ္တဝါများဖြစ်ပြီး အမျိုးသမီးများသည် အချစ်စကားများကြားနစ်မွန်းတတ်သော အကြားဆိုင်ရာ သတ္တဝါများ ဖြစ်သည်။

အချို့သော ချစ်စကားများသည် အလွန်ခပ်ညံ့ညံ့ ဖြစ်နေသော်ညားလည်း အမျိုးသမီးများသည် ဤအရာကို အလွန်နှစ်သက်ကြသည်။

ပိုင်ရှီးချူးက အတိအကျ ထိုသို့ဖြစ်သည်။

မူလက သူမသည် မည်သည့်ရှားပါးဘဏ္ဍာကိုမှ စိတ်မဝင်စားခဲ့သော်လည်း ယခု ယဲ့ယွီ ပြောလိုက်သည့် စကားကို ကြားပြီးနောက် စိတ်ထဲတွင် အလွန်ထိမိသွားခဲ့သည်။

သူမသည် ချက်ချင်းပင် နှစ်တစ်သောင်း လိချန် ခရမ်းရောင် နတ်ဆိုးအသီးကို ယူလိုက်ပြီး စတင်စားသုံးခဲ့သည်။

ထို့နောက် သူမသည် “လျှာချိုလိုက်တာ” ဟု ခုန်ဆွခုန်ဆွလုပ်ကာ ပြောလိုက်သည်။

ယဲ့ယွီသည် ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။

ယခု သူသည် သူ၏ဗျူဟာကို ပြောင်းရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ရှီးချူး၏ ပြင်းထန်သည့် ပိုင်ဆိုင်လိုစိတ်ကို အချိန်တိုအတွင်း ပြောင်းလဲရန် မဖြစ်နိုင်သည်ဖြစ်ရာ။

ထို့ကြောင့် အခြားပုံမှန်မဟုတ်သည့် နည်းလမ်းကို အသုံးပြုလိုက်သည်။

သူမသည် ပိုင်မြောက်လန်ကို မြင်ပြီးနောက် မနာလိုမှု နည်းပါးစေရန် သူမကို အလွန်ကြင်နာစွာ ဆက်ဆံသည်။ သူမသည် သူ့ကို အချစ်ဆုံးသူ ဖြစ်သည်ဟု ခံစားရစေသည်။

မကြာမီ ပိုင်ရှီးချူးသည် နှစ်တစ်သောင်း လိချန် ခရမ်းရောင် နတ်ဆိုးအသီးအားလုံးကို စားသုံးခဲ့သည်။

သူမတစ်ကိုယ်လုံးသည် နူးညံ့သည့် အလင်းရောင်ကို ထုတ်လွှတ်နေသည်။

ထို့နောက် သူမသည် ဖြည်းဖြည်းချင်း မျက်လုံးများကို ပိတ်လိုက်သည်။ သူ့နောက်တွင် ပိုင်ရှီးချူး၏ ကြီးမားသော အရိပ်သည် ထိုင်လျက်အနေအထားဖြင့် ပေါ်လာသည်။

နတ်ဘုံစွမ်းအင်များစွာသည် စုစည်းလာပြီး ထိုပုံကို ပို၍ ခိုင်မာလာစေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယဲ့ယွီသည် နှစ်တစ်သောင်း လိချန် ခရမ်းရောင် နတ်ဆိုးအသီးသည် စိတ်ဝိဥာဉ်ကို ခိုင်ခံ့စေရာတွင် အမှန်ပင် အလွန်ထိရောက်ကြောင်း ချီးကျူးမိသည်။

သို့သော် သူ မသိခဲ့သည်မှာ

ကျုန်ချင်သည် သူတို့နှင့် မိုင်တစ်ရာခန့်သာ ကွာဝေးသောနေရာတွင်ရှိနေခဲ့သည်။

ဤဘက်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် မြင်ကွင်းကို မြင်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အလင်းဖြတ်ကနဲထွက်ပေါ်စေလိုက်ပြီးယဲ့ယွီတို့ရှိသောနေရာသို့ လျှင်မြန်စွာနေရာရွှေ့ပြောင်းလာခဲ့သည်။

၄၈၁ ဆက်ရန်

All Chapters