ကျွန်မ အချစ်ကို ယုံသင့်လား
Vol. 22 Ch. 481
အချိန်ကြာလာသည်နှင့်အမျှ ပိုင်ရှီးချူး၏ နောက်ဘက်ရှိ အရိပ်သည် ပေတစ်ရာအထိ ရှည်လာသည်။
နတ်ဘုံစွမ်းအားကို စုပ်ယူနိုင်သည့် အလျင်သည် ပိုမိုမြန်ဆန်လာသည်။
ပိုင်ရှီးချူးသည် နတ်ဘုံ၏ အရှေ့ပိုင်းတွင် ပရမ်းပတာသတ်ဖြတ်ခဲ့ရာမှ ရန်သူများစွာ ရှိနေသည်ကို ထည့်သွင်းစဉ်းစား၍ ယဲ့ယွီသည် ဖုံးကွယ်သည့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့သည်။
ဤအရာက ရန်သူများ၏တိုက်ခိုက်မှုအချို့ကို သက်သာစေလိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော် အချိန်လွန်သွားခဲ့ပြီ။
တစ်စုံတစ်ယောက်သည် သတင်းကို ကြားခဲ့ပြီး ရောက်လာခဲ့သည်။
လေကို ဖြတ်ကျော်သည့် အသံတစ်ခုနောက်တွင် မူလက တည်ဆောက်ထားခဲ့သည့် ဖုံးကွယ်ဖွဲ့စည်းပုံသည် ချက်ချင်း ပျက်စီးသွားခဲ့သည်။
ယဲ့ယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး ဤနေရာသို့ ပြဿနာလာရှာသည့် မည်သည့် မိုက်မဲသောနတ်ဘုရားတပါး ဖြစ်သည်ကို ကြည့်ရန် ချက်ချင်း လှည့်လိုက်သည်။
သို့သော် ရောက်လာသည့်သူသည် သူ၏အိပ်မက်ထဲမှ ဇနီးဖြစ်သူဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
မဟာကန္တာရသွေးနွယ်(မဟာမြေရိုင်းသွေးနွယ်)ပိုင်ရှင် ကျုန်ချင်(ကျိူးချင် ထန်းတိဂိုဏ်းနှင့်စုရှင်းဂိုဏ်းကြားသူမ၏အလှပကြောင့်စစ်ပွဲဖြစ်စေခဲ့သူ)ပင် ဖြစ်သည်။
ထို့ကြောင့် သူသည် မှင်တက်သွားခဲ့သည်။
ကျုန်ချင်သည် ယဲ့ယွီကို မြင်လိုက်ရသည့်အခါ လျှပ်စစ်ဖြင့်ရှော့တိုက်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ဤအချိန်အတွင်း သူမသည် ယဲ့ယွီ၏ ခြေရာခံကို ရှာဖွေနေခဲ့သော်လည်း ယဲ့ယွီကို အမှန်တကယ် မြင်လိုက်ရသည့်အခါ ကျုန်ချင်၏ စိတ်ခံစားချက်သည် အလွန်ရှုပ်ထွေးနေဆဲ ဖြစ်သည်။
သူမ၏ အိပ်မက်ထဲမှ အတိအကျတူညီသည့် ဤပုံသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းမာစေခဲ့သည်။
ခဏတာမျှ သူမ ဘာပြောရမှန်း မသိခဲ့ပေ။
ဤအချိန်တွင် ယဲ့ယွီသည် အမြန်ဆုံး တုံ့ပြန်ခဲ့သည်။
သူ၏ဘေးရှိ ပိုင်ရှီးချူးကို တစ်ချက်ကြည့်ပြီးနောက် သူ၏ပုံရိပ်သည် အလင်းလက်သွားပြီး ကျုန်ချင်၏ဘေးသို့ ချက်ချင်း ရောက်လာကာ သူမကို ဖွဲ့စည်းပုံမှ ဆွဲထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အတားအဆီးကို ပြုပြင်လိုက်သည်။
လက်ဖဝါးမှ ထွက်ပေါ်လာသည့် နွေးထွေးမှုကို ခံစားလိုက်ရသည့်အခါ ကျုန်ချင်သည် ထိတ်လန့်သွားခဲ့သည်။
ထိုအိပ်မက်ဆန်သည့် နှစ်များဆီသို့ နောက်တစ်ဖန် ပြန်ရောက်သွားသကဲ့သို့ ဖြစ်သည်။
အရင်က အားပေးနေသည့် လက်ဆွဲထားသကဲ့သို့ပင်။
ထိုနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ခဲ့ကြသည်။
သို့သော် လေပြေအေးလေး တိုက်ခတ်လာသောအခါ ကျုန်ချင်သည် ယဲ့ယွီကိုယ်ပေါ်၌ အခြားအမျိုးသမီးတစ်ဦး၏ ရနံ့ကို နမ်းမိခဲ့သည်။
ဤအရာသည် သူမကို ချက်ချင်းနိုးထစေခဲ့သည်။
သူမ၏ညာဘက်လက်ကို လျင်မြန်စွာ လွှတ်လိုက်ပြီး သတိထားကာ တစ်ဝက်တစ်ပျက် နောက်ဆုတ်လိုက်သည်။
ဤအချိန်တွင် ယဲ့ယွီ၏စိတ်သည် ပိုင်ရှီးချူးအပေါ်၌သာ ရှိနေပြီး ကျုန်ချင်၏ လုပ်ဆောင်မှုသေးသေးလေးကို သတိမထားမိခဲ့ပေ။
ပိုင်ရှီးချူးသည် ယခု အရေးကြီးသည့်အချိန်တွင် ရှိနေသည်ကို သူ သိထားသည်။
ဤအချိန်တွင် သူမ၏ စိတ်ဝိဥာဉ်ကို အနှောင့်အယှက်ပေးခဲ့လျှင် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်ပေါ်နိုင်သည့် အခွင့်အရေးများ ရှိနေသည်။
ထို့ကြောင့် ယဲ့ယွီသည် ကျုန်ချင်ကို ချက်ချင်းဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ သူသည် အတားအဆီး၏ အတွင်းပိုင်းကို အလွန်အလေးအနက်ထား၍ ကြည့်နေဆဲဖြစ်သည်။
ပိုင်ရှီးချူး မည်သို့ဖြစ်နေသည်ကို သူ သိချင်သည်။
ကံကောင်းစွာပင် နှစ်တစ်သောင်း လိချန် ခရမ်းရောင် နတ်ဆိုးအသီး၏ အကျိုးသက်ရောက်မှုအောက်တွင် စိတ်ဝိဥာဉ်သည် ပိုမိုခိုင်ခံ့လာနေဆဲဖြစ်သည်။
ယဲ့ယွီသည် သက်ပြင်းချလိုက်ပြီး ကျုန်ချင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကာ “အချစ်က နတ်ဘုံရဲ့ တောင်ဘက်ပိုင်းမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။” ဟု ပြောလိုက်သည်။
ဤရင်းနှီးသည့်လေသံကြောင့် ကျုန်ချင်သည် အနည်းငယ် ထိတ်လန့်သွားပြီး မေးခွန်းကို မဖြေခဲ့ပေ။
သူမ၏ မျက်နှာထားသည် အလွန်လေးနက်နေဆဲ ဖြစ်သည်။
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ယဲ့ယွီသည် ရုတ်တရက် သတိရလိုက်သည်။
ကျုန်ချင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပုံရပြီး သူမ၏စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေရမည်။
သို့သော် အရေးမကြီးပေ။
အရာအားလုံးကို ရှင်းလင်းစွာ ပြောပြနိုင်သရွေ့ ကျုန်ချင်သည် ပထမဆုံး အခိုက်အတန့်တွင် သူ၏ ရင်ခွင်ထဲသို့ သေချာပေါက် ပစ်ဝင်လာလိမ့်မည်ဟု ယဲ့ယွီ ယုံကြည်သည်။
ယဲ့ယွီသည် ဤသို့သော မြင်ကွင်းမျိုးကို အကြိမ်များစွာ မြင်ဖူးခဲ့သည်။
မည်သည့်ရှင်းပြချက်မျှ မရှိဘဲ အိပ်မက်ထဲမှ ဇနီးသည်ကပင် ဦးဆောင်နိုင်သည်။
ဥပမာအားဖြင့် ပိုင်ရှီးချူး။
နှိုင်းယှဉ်ကြည့်လျှင် ကျုန်ချင်သည် အနည်းငယ် လေးနက်သည်။
ဤလက္ခဏာသည် မကောင်းပေ။ ကိုသည် နောင်တစ်ချိန်တွင် သူမနှင့် ကောင်းကောင်းပြောဆိုပြီး ဤ “အားနည်းချက်” ကို ပြုပြင်ရမည်။
ထို့နောက် ယဲ့ယွီသည် အပြိုင်ကမ္ဘာသီအိုရီကို တစ်ဖန် ပြန်ပြောပြခဲ့သည်။
ထို့အပြင် ဤအရာသည် မှန်ကန်ကြောင်း သက်သေပြရန်အတွက် သူသည် သူနှင့် ကျုန်ချင်သာ သိသည့် လျှို့ဝှက်ချက်လေးတစ်ခုကိုလည်း ပြောပြခဲ့သည်။
နားထောင်ပြီးနောက် ကျုန်ချင်၏ ချောမောလှသည့် မျက်နှာသည် အနည်းငယ် နီရဲလာခဲ့သည်။
သို့သော် သူသည် ယဲ့ယွီ စိတ်ကူးခဲ့သည့်အတိုင်း သူ၏ရင်ခွင်ထဲသို့ ပစ်မဝင်ခဲ့ပေ။
သူမ၏ မျက်လုံးထဲတွင် သတိထားရမည့် အမူအရာတစ်ခုပင် ပါနေခဲ့သည်။
ဤသို့သော ထူးခြားသည့် လုပ်ဆောင်မှုသည် ယဲ့ယွီကို အလွန်ရှုပ်ထွေးစေခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲ။
ကျုန်ချင် ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေတာလဲ။
ဘယ်အရာက အတိအကျ မှားယွင်းသွားခဲ့တာလဲ။
မင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကိုတောင် မယုံသေးဘူးလား။
ယဲ့ယွီသည် သူတို့၏ အိပ်မက်ထဲက အတွေ့အကြုံများကို ပြန်ပြောပြတော့မည့်အချိန်တွင် ကျုန်ချင်သည် သူမ၏ခေါင်းကို လှည့်၍ အတားအဆီးကို ကြည့်လိုက်ပြီး “အချစ်က ဒီအမျိုးသမီးကို အတော်လေး ဂရုစိုက်ပုံပဲ။ သူမ ဘယ်သူလဲ” ဟု ညင်သာစွာ ပြောလိုက်သည်။
ဤအကြောင်းကို ကြားလိုက်ရသည့်အခါ ယဲ့ယွီသည် မသိစိတ်ဖြင့် ကျုန်ချင် မနာလိုဖြစ်နေသည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် သူသည် “သူမနာမည်က ပိုင်ရှီးချူး၊ အချစ်နဲ့ အတူတူပဲ။ သူမက ကို့ကို အခက်အခဲများစွာကြားကနေရှာဖွေနေရင်း နောက်ဆုံးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ တွေ့တာ။ သူမက ရှားပါးရတနာအချို့ကို စားပြီး သူမရဲ့စိတ်ဝိဥာဉ်ကို ခိုင်ခံ့အောင် လုပ်နေတာ။ အဲ့ဒါကြောင့် ကိုက အချစ်ကို အခုလေးတင် လျင်မြန်စွာ ဆွဲထုတ်လိုက်တာ။ သူမကို မနှောင့်ယှက်ချင်လို့ပါ။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ကိုက အချစ်တို့ကို အားလုံးကို တန်းတူဆက်ဆံပါတယ်။” ဟု ညင်သာစွာ ရှင်းပြခဲ့သည်။
ယဲ့ယွီ၏ စိတ်နှလုံးထဲတွင် ကျုန်ချင်နှင့် ပိုင်ရှီးချူးသည် လုံးဝကွဲပြားသည်။
နောက်တစ်ယောက်တွင် ပြင်းပြင်းထန်ထန် ပိုင်ဆိုင်လိုစိတ်ရှိပြီး ပိုင်မြောက်လန်ကို ထူးဆန်းသည့် ရန်လိုမှု ရှိသည်။
ထို့ကြောင့် အချို့အရာများကို အခုအချိန်အတွက် မပြောဘဲ ထားသင့်သည်။
ပြန်လာပြီး အဆင့်ဆင့် ဆက်လက်လုပ်ဆောင်ပါ။
သို့သော် ကျုန်ချင်တွင် နူးညံ့သိမ်မွေ့သည့် စရိုက်ရှိသည်။ သူမသည် ပိုင်ရှီးချူး၏ တည်ရှိမှုကို သတိထားမိခဲ့ပြီးသား။
ထို့ကြောင့် ဤအခြေအနေတွင် အချို့အရာများကို ဖုံးကွယ်ထားခြင်းထက် ကြိုပြောထားခြင်းက ပိုကောင်းသည်။
ကျုန်ချင်သည် ဘာမှမပြောခဲ့ပေ။
သူ၏မျက်လုံးများက ပို၍ပင် ရှုပ်ထွေးသွားသည်။
သူသည် “အချစ် ပြောတာကို ကျွန်မ ယုံသင့်လား” ဟု ညင်သာစွာ မေးလိုက်သည်။
ယဲ့ယွီသည် သူ၏မျက်ခုံးမွှေးများကို အနည်းငယ် ပင့်လိုက်သည်။
“ဘာကို ဆိုလိုတာလဲ။”
ကျုန်ချင်သည် နောက်တစ်လှမ်း ထပ်ဆုတ်လိုက်ပြီး သူမ၏မျက်လုံးများ ပို၍ပင် အေးစက်လာခဲ့သည်။
“နတ်ဘုံမှာ နတ်တွေက မှော်ဆန်တဲ့ စွမ်းရည်အမျိုးမျိုး ရှိတယ်။ တစ်ချိန်တုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အိပ်မက်တွေကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်တဲ့ နတ်တစ်ပါး ရှိခဲ့ဖူးတယ်။ သူက တခြားနတ်တွေရဲ့ အိပ်မက်တွေထဲကို ဝင်ရောက်ပြီး အိပ်မက်မက်နေတဲ့သူတွေကို မယုံနိုင်စရာကောင်းတဲ့ အရာများစွာ လုပ်ဆောင်ဖို့ ထိန်းချုပ်လေ့ရှိတယ်။ ဒါက လူအများကြီးကို ဒုက္ခပေးခဲ့တယ်။
ရလဒ်အနေနဲ့ နတ်များစွာက မဟာမိတ်ဖွဲ့ပြီး ဒီနတ်ကို သတ်ပစ်ဖို့ အတူတူ လုပ်ဆောင်ခဲ့ကြတယ်။
အဲ့ဒီအချိန်ကစပြီး အိပ်မက်တွေထဲကို ဝင်နိုင်တဲ့ စွမ်းရည်က ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့တယ်။
ဒါပေမယ့် ကျွန်မကတော့ တချို့နည်းစနစ်တွေက ဘယ်တော့မှ ပျောက်ဆုံးမှာ မဟုတ်ဘူးလို့ အမြဲယုံကြည်တယ်။
ပြီးတော့ ကျွန်မက ဘယ်သူ့ရဲ့လက်ထဲက ကြိုးဆွဲရုပ်ဖြစ်ချင်စိတ် မရှိဘူး။
ကျွန်မရဲ့ဆိုလိုရင်းကို အချစ် နားလည်တယ် မဟုတ်လား။”
ဤအကြောင်းကို ကြားလိုက်ရသည့်အခါ ယဲ့ယွီသည် မျက်မှောင်ကြုတ်လိုက်သည်။
“အချစ်ဆိုလိုတာက ကိုက အိပ်မက်တွေထဲကို ဝင်တဲ့နည်းလမ်းကို အသုံးပြုပြီး အချစ်ရဲ့စိတ်ခံစားချက်ကို လိမ်ညာခဲ့တယ်။ ဒါကြောင့် အချစ်ကို ထိန်းချုပ်နိုင်တယ်ပေါ့။”
သူသည် ယဲ့ယွီ၏လေသံထဲမှ အေးစက်မှုကို ခံစားလိုက်ရပုံရသည်။
ကျုန်ချင်သည် အရေးကြီးသည့်အရာတစ်ခုသည် ပို၍ပို၍ ဝေးသွားသကဲ့သို့ ထိတ်လန့်သွားခဲ့သည်။
မူလက သူမသည် ခိုင်မာစွာ ဖြေဆိုရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် ဤအချိန်တွင် ပါးစပ်ကို မဖွင့်နိုင်ခဲ့ပေ။
ခဏမျှ တိတ်ဆိတ်ပြီးနောက် သူမသည် “ကျွန်မ ဒီဖြစ်နိုင်ချေကိုပဲ စိုးရိမ်တာပါ။ ဒါက မှန်လား မမှန်လားဆိုတာ သက်သေပြဖို့ အထောက်အထား မရှိပါဘူး။ အချစ်က ကျွန်မ အရမ်းတွေးနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်မရဲ့အတွေ့အကြုံက ကျွန်မကို အရမ်းမတွေးဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ အချစ်က အရင်က တည်ရှိမနေခဲ့ဘူး။ ဒါကြောင့် ကျွန်မ အများကြီး ခံစားခဲ့ရပြီး နာကျင်မှုတွေ အများကြီးကို ခံစားခဲ့ရတယ်။” ဟု ညင်သာစွာ ပြောလိုက်သည်။
ဤအချိန်တွင် ယဲ့ယွီသည် ကျီလင်ချင်က သူ့ကို ပြောပြခဲ့သည့် ကျုန်ချင်၏အတွေ့အကြုံကို ရုတ်တရက် သတိရလိုက်သည်။
အိပ်မက်ထဲတွင် ကျုန်ချင်သည် နတ်ဘုံဘုရင်အဆင့်သို့ ရောက်ရှိခဲ့သည်။
သူမသည် နတ်ဘုံဘုရင်ကို သူမ၏ ကိုယ်ပိုင်ခွန်အားဖြင့် တစ်ကြိမ်တည်း သတ်ခဲ့သည်။ ထို့ကြောင့် မဟာကန္တာရသွေးနွယ်၏ တည်ရှိမှုကို နတ်လောကတခုလုံးကို ထုတ်ဖော်ပြသခဲ့သည်။
ထို့ကြောင့် နတ်များစွာသည် ကျုန်ချင်ကို သတ်ပစ်ရန်နှင့် မဟာကန္တာရသွေးနွယ်ကို သူတို့ကိုယ်သူတို့ ယူရန် ရည်ရွယ်၍ ကျုန်ချင်၏ ခြေရာခံကို ရှာဖွေခဲ့ကြသည်။
ထိုအချိန်တွင် ယဲ့ယွီ တည်ရှိခဲ့သည်။
ကျုန်ချင်သည် ထိုးဖောက်ဝင်ရောက်လာသည့် ရန်သူများအား အသာစီးရယူကာ သတ်ဖြတ်ခဲ့သည်။
သို့သော် ဤလက်တွေ့ဘဝတွင် ကျုန်ချင်သည်ရန်သူ နတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် အဆင့်နိမ့်ဘုံသို့ ကျရောက်ခဲ့ရသည်။
ထိုအချိန်တွင် သူမသည် အထီးကျန်ပြီး အကူအညီမဲ့နေခဲ့သည်။ အင်အားကြီးမားသည့် ရန်သူများစွာကို ရင်ဆိုင်ခဲ့ရပြီး သူမသည် အလွန်ဝမ်းနည်းခဲ့ရလိမ့်မည်။
ယနေ့အချိန်တွင် အနည်းငယ် ပို၍ပင် ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်မှာ သဘာဝပင်ဖြစ်သည်။
ဤအကြောင်းကို တွေးလိုက်သည့်အခါ ယဲ့ယွီသည် ရုတ်တရက် သက်ပြင်းချလိုက်သည်။
ထို့ကြောင့် သူသည် ပါးစပ်ဖွင့်ပြီး တစ်ဖန် စိတ်ရှည်စွာ ရှင်းပြရန် ပြင်ဆင်ခဲ့သည်။
သို့သော် သူ မမျှော်လင့်ထားသည်မှာ ကျုန်ချင်၏ နောက်ဘက်တွင် ရင်းနှီးသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၄၈၂ ဆက်ရန်