← Chapters

ပြောင်းရွှေ့ခြင်း

Vol. 158 Ch. 2244

ပြောင်းရွှေ့ခြင်း

Vol. 158 Ch. 2244

ရီ​ဖူရှင်းက အရှင်လော့ကို ကြည့်ကာ ပြောလိုက်သည်။ "အခုလို လာပြောပြပေးတာ ကျေးဇူးတင်ပါတယ် အရှင်လော့။"

ယခင်က သူသည် လော့ဆုအား အင်ပါယာကြယ်တစ်ခုကို ဆက်ခံနိုင်စေရန် ကူညီပေးခဲ့သည်။ ယခု အရှင်လော့က သူ့အား ထိုသတင်းကို အထူးတလည် လာရောက်ပြောပြပေးခဲ့သည်။ ထိုသည်မှာ သူ  လော့ဆုကို ကူညီပေးခဲ့သည့်အတွက် ပြန်ပေးဆပ်ရန် ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိသာစေသည်။

"ဒါက ကိစ္စသေးသေးလေးပါပဲ။ ဒါပေမယ့် အခု မူလဘုံအတွက် အရမ်းအန္တရာယ်များနေတယ်။" အရှင်လော့က ပြောလိုက်သည်။ "ပြီးတော့ အင်အားစုတွေ အများကြီးက တူညီတဲ့ အတွေးတွေ ရှိနေကြတယ်။ သူတို့ အတူတူ ပူးပေါင်းရင် မင်း ပြန်သွားမယ်ဆိုရင်တောင် အရမ်း အန္တရာယ်များလိမ့်မယ်။ ကျုပ်တို့ရဲ့ ပြိုင်ဘက်တွေက မင်းကို အဲဒီနေရာရောက်လာအောင် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတာ။ မင်း ဂရုစိုက်သင့်တယ်။"

ရီဖူရှင်းသည်လည်း ထိုအကြောင်းကို ကောင်းကောင်း နားလည်ပေသည်။ သူ၏ ပြိုင်ဘက်များက သူ့ကို စီဝေ့စအင်ပါယာဘုံ၌ မသတ်ဖြတ်နိုင်ခဲ့သည့်အတွက် သူ့အား မူလဘုံသို့ မျှားခေါ်ပြီး ထိုနေရာ၌ သူနှင့် ရင်ဆိုင်ချင်နေခြင်း ဖြစ်သည်။

သူ့တွင် ယခု စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်နှင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအပါအဝင် ဆက်ခံထားသော စွမ်းအားများနှင့် လျှို့ဝှက်ချက်များစွာ ရှိသည်။  ကျင့်ကြံသူများက သူ့ကို မနာလိုဖြစ်ကြပေလိမ့်မည်။

အထူးသဖြင့် မှော်နက်လောကနှင့် နတ္ထိဘုံမှ အင်အားစုများ ဖြစ်သည်။

သူတို့က ၎င်းကို စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ပေ။ အဆုံးမှာတော့ သူက အနာဂတ်၌ သူတို့ကို ပြန်လည်ဆန့်ကျင်လိုလျှင်ပင် သူက အမှန်တကယ် ပြန်လည်တိုက်ခိုက်နိုင်မည့် အင်အားစုများက မူလဘုံနှင့် နတ်ပြည်ထောင်များမှသာ ဖြစ်ပေလိမ့်မည်။ မည်သို့ဖြစ်စေ သူက မှော်နက်လောကနှင့် နတ္ထိဘုံမှ လူများကို ထိခိုက်နိုင်လိမ့်မည် မဟုတ်ပါချေ။

တစ်နေ့နေ့၌ ရီဖူရှင်းက သူတို့ကို ထိုနေရာ၌ လာရောက်တိုက်ခိုက်ရန် ကြံစည်ခဲ့လျှင်ပင် သူက ထိုသို့လုပ်ရန် မည်မျှ သန်မာရမည်နည်း။

ရန်ဟောင်ချန်းက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဘယ်လိုထင်လဲ နန်းတော်သခင်။"

အင်ပါယာနန်းတော်၏ မူလနန်းတော်သခင်သာ အသက်ရှင်လျက် ရှိနေသေးလျှင် သူက ထိုလူယုတ်မာတစ်စုအား ခြိမ်းခြောက်နိုင်ရန် လုံလောက်အောင် သန်မာပေလိမ့်မည်။ သို့သော် ယခု သူက သေဆုံးသွားသည့်အခါ ယခု စီဝေ့အင်ပါယာနန်းတော်၌ ထိုအဆင့်မျိုး မည်သူမှ ရှိမနေပေ။ သူတို့တွင် ကျင့်ကြံသူများစွာ ရှိနေသော်လည်း အင်အားစုများစွာက ပူးပေါင်းကာ သူတို့ကို ဆန့်ကျင်ခဲ့လျှင် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

"ခင်ဗျား လူတွေခေါ်ပြီး ကျုပ်နဲ့ လိုက်ခဲ့မယ်ဆိုရင် စီဝေ့အင်ပါယာနန်းတော် အန္တရာယ်ထဲ မကျရောက်အောင် အကောင်းဆုံး လုပ်ပါ့မယ်။" ရီဖူရှင်းက ရန်ဟောင်ချန်းကို ပြောလိုက်သည်။

ရန်ဟောင်ချန်း၏ အမူအရာထဲတွင် တွေဝေမှုအနည်းငယ် ရှိနေသော်လည်း သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နန်းတော်သခင်ရဲ့ အမိန့်ကို လိုက်နာမှာပါ။ ကျုပ် မင်းနဲ့အတူ လိုက်ပါ့မယ်။"

"ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

တခဏကြာပြီးနောက် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ထို​နေရာ၌ စုဝေးလာကြပြီး သူတို့အားလုံးက ထိပ်သီးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကို ကြည့်လိုက်ပြီး ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းကာ ပြောလိုက်သည်။ "ကျုပ်က အခုမှ နန်းတော်သခင် ဖြစ်လာလာချင်းပဲ ခင်ဗျားတို့အားလုံးကို အန္တရာယ်တောထဲ မရောက်စေချင်ဘူး။ အဆုံးမှာတော့ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပဲလေ။ ဒါပေမယ့် အ​ခြေအနေက အရမ်းပြင်းထန်တာကြောင့် အတင့်ရဲစွာနဲ့ပဲ ကျုပ်ကို အကူအညီပေးဖို့ တောင်းဆိုချင်တယ်။ အနာဂတ်မှာ အခွင့်အရေး ရှိလာရင် ကျုပ် ခင်ဗျားတို့အပေါ် ပြန်ပေးဆပ်ပါ့မယ်။"

"နန်းတော်သခင်ရဲ့ စကားတွေက ပြင်းထန်နေပါပြီ။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ "သူတို့က မဟာအင်ပါယာရဲ့ အမွေအနှစ်ကို လိုချင်ခဲ့တာ။ အဲဒီ အမွေအနှစ်က စီဝေ့အင်ပါယာနန်းတော်နဲ့ သက်ဆိုင်တာမို့ ဒါက နန်းတော်သခင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက် မဟုတ်တော့ဘူးလေ။"

ရီဖူရှင်းသည် ရန်ဟောင်ချန်းက သူ့ကိုယ်သူအတွက် အကြောင်းပြချက် ရှာနေ​ကြောင်း သိရှိထားသည်။ သူတို့က မဟာအင်ပါယာ၏ အမွေအနှစ်ကို လိုချင်သော်လည်း သူတို့က ဤနေရာ၌ ရှိနေစဥ် အခွင့်မသာခဲ့သည့်အတွက်  သူတို့အင်အားစုများက မူလဘုံ၌ ရှိနေသော သူ့ အိမ်ကို အသုံးပြုကာ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းက သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေဆဲ ဖြစ်သည်။

အမှန်တကယ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်ကြားတွင် မည်သည့် ပတ်သတ်မှုမှ မရှိခဲ့ပေ။

"ထပ်ပြောစရာမလိုပါဘူး။ နန်းတော်သခင် ကျုပ်တို့ လိုက်မှာပါ။" ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ရီဖူရှင်း သူတို့အတွက် လုပ်ပေးခဲ့သော အရာများအတွက် ကျေးဇူးတင်နေဆဲ ဖြစ်သည်။ သူက မောက်မာခြင်းမရှိသလို လွှမ်းမိုးချုပ်ကိုင်ခြင်းလည်း မရှိပေ။ နန်းတော်သခင် ဖြစ်လာပြီးနောက် သူတို့အား မည်သည့်အမိန့်မှ မပေးခဲ့ချေ။ ထို့အစား သူက မဟာအကြီးအကဲကို အာဏာလွှဲပေးခဲ့သည်။ ထို့အပြင် နန်းတော်သခင် ဖြစ်ပြီးနောက် သူပထမဆုံးလုပ်ခဲ့သည့် အရာမှာ သူတို့ကို ဤနေရာ၌ ကျင့်ကြံရန် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

"အင်အားစုတွေက ပူးပေါင်းထားရင်တောင် တူညီတဲ့ အင်အားစုက လူတွေ မဟုတ်တာကြောင့် အလွယ်တကူ သွေးကွဲနိုင်တယ်။" ရန်ဟောင်ချန်းက ပြောလိုက်သည်။ "နန်းတော်သခင်က ထူးခြားတာပဲ။ အဲဒီကို ရောက်ပြီးနောက်မှာ အကျိုးအမြတ်တချို့နဲ့  မျှားပြီး ပူးပေါင်းမယ့်သူတွေ ဖိတ်ခေါ်လို့ရတယ်။ ဥပမာဆိုရင် ဒီနေရာကို လာပြီး ကျင့်ကြံခွင့်ပေးတာမျိုးပေါ့။ အဲဒါဆို နန်းတော်သခင်ကို လာကူညီဖို့ ဆန္ဒရှိတဲ့ သူတွေ ရှိလာနိုင်တယ်။"

အင်ပါယာချန်းက ဤနေရာ၌ ရှိနေသေးသော်လည်း သူတို့ရောက်သွားပြီးနောက် အခြေအနေကို သေချာတွေးထားပုံရသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "မဟာအကြီးအကဲ ပြောတာ မှန်တယ်။ သွားကြစို့။ ကျုပ်တို့ သွားရင်းနဲ့ လမ်းမှာ ပြောကြတာပေါ့။#

"ကောင်းပြီ။" ရန်ဟောင်ချန်းက ခေါင်းညိတ်လိုက်သည်။ အစွမ်းထက် ကျင့်ကြံသူတစ်စုက ခြေလှမ်းလိုက်ကာ ကြယ်ကောင်းကင်ကို ချန်ရစ်ထားခဲ့သည်။ သူတို့ ထွက်သွားပြီးနောက် စီဝေ့ကြယ်ကမ္ဘာမှ စတင်ထွက်ခွာ၍ မူလဘုံသို့ ​သွားရန် ပြင်လိုက်ကြသည်။

ရီဖူရှင်းက လျင်မြန်လှသော အရှိန်နှင့် အဆုံးမဲ့ ကောင်းကင်ကို ဖြတ်ကာ ခရီးဆက်လိုက်သည်။ စီဝေ့ဘုံမှ စီဝေ့ကြယ်ကမ္ဘာသို့ တောက်ပနေသော အလင်းတန်းများက မူလဘုံတွင် လင်းလက်နေသေးပုံရသည်။ ဤသည်မှာ တားမြစ်စွမ်းအားကို ချိုးဖျက်ရာမှ ထွက်ပေါ်လာသည့် ဖြစ်စဥ် ဖြစ်လေသည်။ ထို့အပြင် သူတို့၏ အိမ်များကို ဆုံးရှုံးခဲ့ရသည့် ကျင့်ကြံသူများက ထိုအလင်းတန်းများတလျှောက်လိုက်ကာ စီဝေ့ကြယ်ကမ္ဘာသို့ သွားနေကြဆဲ ဖြစ်သည်။

သို့သော် ကျင့်ကြံဆင့်နိမ့်​နေသည့်သူများက သူတို့၏ ဦးတည်ရာသို့ မည်သည့်အခါမှ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများသည် သူတို့မြင်နေရသော မြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားကြသည်။ သူတို့သည် သူတို့နေထိုင်သော ကမ္ဘာက မူလဘုံအတွင်းရှိ စီဝေ့ဘုံမှ နတ်ကျောက်တုံးအတွင်း ဖုံးကွယ်ခံထားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ စီဝေ့မဟာအင်ပါယာက သူ၏ စွမ်းအား အထွတ်အထိပ်၌ ရှိစဥ် မည်မျှအားကောင်း သန်မာခဲ့သနည်း။

"ကျုပ်တို့ နောက်ဆုံး ထွက်သွားနိုင်ခဲ့ပြီ။" ရန်ဟောင်ချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့က ချိပ်ပိတ်ခံထားရသော နေရာအတွင်း ရှိနေခဲ့သည်ကို အမြဲ သိရှိခဲ့ကြသည်။ သူတို့က နှစ်ပေါင်းများစွာ ကြာသည့်တိုင် အပြင်လောကနှင့် မဆက်သွယ်ဖူးခဲ့ကြပေ။

ယခု ချိပ်စည်းက ကျိုးပျက်သွားပြီး လမ်းက ပွင့်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် နောက်ဆုံး၌ အပြင်လောကသို့ ဆက်သွယ်သွားလာနိုင်ပြီ ဖြစ်၏။ ဤသည်မှာ စီဝေ့ကြယ်ကမ္ဘာအတွက် အရေးပါသော ဖြစ်ရပ်ပင် ဖြစ်သည်။

ကျင့်ကြံသူများက နတ်အလင်းတန်းများကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားခဲ့ကြသည်။ သူတို့က အတွေးထက် လျင်မြန်လှသော အရှိန်နှင့် မူလဘုံသို့ သွားနေခဲ့ပေသည်။

…

ဤရက်များအတွင်း မူလဘုံက အတော်လေး တည်ငြိမ်နေခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံသည်လည်း အတူတူပင် ဖြစ်၏။

သူတို့သည် စီဝေ့ဘုံ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်နေပြီး ဖျက်ဆီးခံလိုက်ရသည်ကို သိရှိပြီးဖြစ်သည်။ သူတို့က စီဝေ့ဘုံအတွင်း နောက်ထပ်လောကတစ်ခု ချိပ်ပိတ်ခံထားရသည်ကိုလည်း ကြားခဲ့ပေသည်။ ယခု ဤလောကက ဖွင့်လှစ်ခံလိုက်ရပြီး မူလဘုံသို့ ရောက်လာသည့် ကျင့်ကြံသူများစွာက ထိုနေရာကို စုံစမ်းစစ်ဆေးရန် အထဲသို့ ဝင်ရောက်သွားကြပေသည်။ သူတို့က လူအနည်းငယ်ကိုသာ အနောက်တွင် ချန်ရစ်ခဲ့၏။

အရှင်ထိုက်ရွှမ်က သူတို့နှင့်အတူ မသွားခဲ့ဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်၌သာ နေထိုင်ခဲ့သည်။ ယခုတွင် သူက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများကို အဝေးသို့ ပို့ရန် စီစဥ်လိုက်သည်။

ရီဖူရှင်းက ထိုသတင်းကို ကြားသည့်အခါ ကောင်းကင်အာဏာစက်ကျောင်းတော်ဤ ကျန်နေခဲ့သော သိမ်းငှက်လေးလည်း ထိုအကြောင်းကို သိရှိသွားပေသည်။ သူက ချက်ချင်း အရှင်ထိုက်ရွှမ်အား သတင်းပေးလိုက်သည့်အတွက် အရှင်ထိုက်ရွှမ်က ချက်ချင်း လှုပ်ရှားကာ သူတို့၏ လူများကို အခြားဘုံများဆီ ပို့ဆောင်လိုက်သည်။

ထို့ကြောင့် လတ်တလောတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ မည်သူမှ မရှိတော့ပေ။ အရှင်ထိုက်ရွှမ်၏ အမိန့်နှင့် သူတို့က အပြင်သို့ ခေတ္တထွက်ခွာသွားကြရသည့်အတွက် ကျောင်းတော်၌ လူအနည်းငယ်သာ ကျန်ရစ်ခဲ့ပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်အနေနှင့် အရှင်ထိုက်ရွှမ်က ကျန်ရှိနေခဲ့သည်။ မည်သူမဆို ထွက်သွားနိုင်သော်လည်း သူကတော့ မရပေ။

အရှင်ထိုက်ရွှမ်က ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခွင် ကြားနိုင်လောက်အောင် ချောင်းကို အကြိမ်ရေများစွာ ဆိုးလိုက်သည်။

ဘေးတွင် စောင့်ဆိုင်းနေသော လူတစ်ယောက်ရှိ၏။ ထိုသူက အမျိုးသမီးတစ်ယောက် ဖြစ်သည်။

"ရှင့်ရဲ့ ဒဏ်ရာက အရှင်းမပျောက်သေးဘူးလေ အရှင်။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခဏလောက် အနားမပေးတာလဲ။" အမျိုးသမီးက နားမလည်နိုင်စွာ မေးလိုက်သည်။

အရှင်ထိုက်ရွှမ်က ပြုံးကာ ထိုအမျိုးသမီးအား ကြည့်ရင်း ပြောလိုက်သည်။ "မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ လော့လန်။"

"အရှင် ကျွန်မက ​ကျင့်ကြံဆင့်နိမ့်ပြီး တန်ဖိုးမရှိပါဘူး။ အဲဒီ ထိပ်သီးအင်အားစုက ကျင့်ကြံသူတွေ ကျွန်မကို သတ်ဖို့ အရေးတယူလုပ်နေမှာ မဟုတ်ဘူး။" လော့လန်ရွှယ်က ပြောလိုက်သည်။

"မင်း ဒီနှစ်တွေအတွင်း ကျောင်းတော်မှာပဲ တခြားလူတွေကို အမြဲ စောင့်နေခဲ့တယ်။ မင်းက နျန်ယွီကို ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့တာပဲ။ အဲဒါ မင်းအတွက် ခက်ခဲလိမ့်မယ်။" အရှင်ထိုက်ရွှမ်က သက်ပြင်းချရင်း ပြောလိုက်သည်။ "မင်း ရီဖူရှင်းနောက်ကို လိုက်ခဲ့တာ တော်တော်ကြာပြီလား။"

"အင်း အောက်ဘုံမှာ ရှိတဲ့ ပြည်နယ်ကိုးခုမှာကတည်းကပဲ။" လော့လန်က ပြောလိုက်သည်။

"သနားစရာမိန်းကလေး။" အရှင်ထိုက်ရွှမ်က ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ ရီဖူရှင်းက အလွန် တောက်ပပေသည်။ သူ့ဘေး၌ လူများ ပိုမိုများပြားလာသည့်အခါ သူက အားလုံးကို ဂရုစိုက်ရန် အချိန် နည်းပါးလာခဲ့သည်။ သူတို့ကြားမှ အကွာအဝေးက အလွန် ကြီးမားလာကာ သူတို့နှင့် ဆက်သွယ်ရန် သူ့အတွက် ခက်ခဲလာသည်။

"အရှင် ကောင်းကင်အာဏာစက်ကျောင်းတော်က ဒီနှစ်တွေမှာ ကျွန်မကို ဂရုစိုက်ပေးခဲ့တယ်။ ကျွန်မ အခု လက်ရှိ ကျင့်ကြံဆင့်ကို ရောက်နေတာနဲ့တင် ကျေနပ်နေပါပြီ။" လော့လန်ရွှယ်က အပြုံးနှင့် ပြောလိုက်သည်။

"ကျေနပ်နေပြီလား။" အရှင်ထိုက်ရွှမ်က မည်သည့်စကားမှ ထပ်မဆိုတော့ပေ။ သူမက လိုအပ်ချက် အများကြီး မရှိသည်မှာ ဖြစ်နိုင်သည်။ သူမက သူ့ကို ငေးကြည့်ချင်နေရုံသာ ဖြစ်၏။

ထိုအချိန်တွင် အရှင်ထိုက်ရွှမ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ကောင်းကင်မှ ကျဆင်းလာ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းရှိ အဆောက်အအုံတစ်ခုပေါ်သို့ နက်မှောင်သော ပုံရိပ်တစ်ခု ဆင်းသက်လာပြီး မြေပြင်ကို ငုံ့ကြည့်နေခဲ့သည်။

မကြာခင်၌ အစွမ်းထက် ကျင့်ကြံသူတစ်စုက နတ်ဘုရားစစ်တပ်ကဲ့သို့ ကောင်းကင်၌ ထွက်ပေါ်လာခဲ့သည်။ သူတို့က မတူညီသော နေရာများတွင် ရပ်နေကြပြီး တစ်ယောက်ချင်းစီက အလွန် တောက်ပနေသည့်အတွက် ကြည့်ရန်ပင် ခက်ခဲလှသည်။ သူတို့အနီးတွင် နတ်အလင်းများက ဝန်းရံနေပြီး အရှိန်အဝါများက ထူးကဲလှသည်။

သူတို့အားလုံး၏ မျက်နှာထက်၌ အရုပ်ဆိုးသော အကြည့်များ ရှိနေခဲ့သည်။ ထိုသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ အလွန် လျင်မြန်စွာ ပျောက်ဆုံးသွားသည်ကို ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်သည်။ ဤနေရာ၌ မည်သူမှ ရှိမနေပေ။ သူတို့၏ ပြိုင်ဘက်များဖြစ်သော ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးဖြစ်ကြောင်း သတင်းက သူတို့ထံ ရောက်လာခဲ့သည်။

ကြည့်ရသည်မှာ သူတို့၏ အစီအစဥ်က အလဟဿ ဖြစ်သွားတော့မည့်ပုံ ရလေသည်။

ရွှေရောင်နတ်ပြည်ထောင်၏ အုပ်ချုပ်သူ ကိုက်ချိန်က အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။ "အရှင်ထိုက်ရွှမ်။"

သူ့အသံက အေးစက်နေ၏။ "ခင်ဗျားလူတွေကို အဝေးပို့လိုက်ရုံနဲ့ ကျုပ်တို့ ရှာမတွေ့နိုင်ဘူး ထင်နေလား။ မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်းမှာ သူတို့ ဘယ်နေရာကိုများ သွားနိုင်မှာမို့လို့လဲ။"

"ကိုက်ချိန်။"

ကိုက်ချိန်က စကားပြောလိုက်သည်နှင့် သူတို့အားလုံးသည် သိမ်းငှက်နက်လေးထံမှ ထွက်လာသည့် အသံကို ကြားလိုက်ရပြီး ကိုက်ချိန်အား သူ့ကို လှည့်ကြည့်လာစေသည်။ လွှမ်းမိုးနိုင်သော ဖိအားများက ရေအလျင်ကဲ့သို့ စီးဆင်းလာပြီး သိမ်းငှက်နက်လေး၏ မျက်လုံးများတွင် ထူးဆန်းကာ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတို့နှင့် ပြည့်နှက်သွားခဲ့သည်။

"ခင်ဗျား ယုံယုံမယုံယုံ ကျုပ် ပြန်ရောက်လာတဲ့အခါ အရင်ဆုံးချေမှုန်းပစ်မယ့် နေရာက ခင်ဗျားရဲ့ ရွှေရောင်နတ်ပြည်ထောင်ကိုပဲ။" သိမ်းငှက်နက်လေးထံမှ အသံက ထွက်လာပြန်ပြီး ကိုက်ချိန်၏ မျက်နှာကို ပြောင်းလဲသွားစေသည်။ သူက သိမ်းငှက်နက်လေးအား စိုက်ကြည့်လိုက်၏။

"ရီဖူရှင်း..."

ကြည့်ရသည်မှာ ထိုစကားလုံးများက ရီဖူရှင်းထံမှ ထွက်လာခြင်း ဖြစ်ပုံရသည်။ သူက ပြန်လာနေပြီလား။

"ဟုတ်တယ်။" သိမ်းငှက်နက်လေးက ပြန်ဖြေလိုက်သည်။ "ခင်ဗျားတို့အားလုံးက အစွမ်းထက်အင်အားစုက လာကြတဲ့သူတွေပဲ။ ခင်ဗျားတို့အားလုံးမှာ စီဝေ့မဟာအင်ပါယာရဲ့ ကျင့်ကြံခြင်းနယ်မြေကို သွားဖို့ ကျုပ်နဲ့အတူတူ အခွင့်အရေး ရခဲ့တယ်။ ဒါပေမယ့် ကျုပ် တစ်ယောက်တည်းကပဲ မဟာအင်ပါယာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တယ်။ အခု ခင်ဗျားတို့ အားလုံးက လောဘတကြီးနဲ့ မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ခိုးယူဖို့ ကြိုးစားနေတယ်။ ခင်ဗျားတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာပြီး ကျုပ်ကို ခြိမ်းခြောက်ဖို့ အောက်ဘုံက ကျင့်ကြံသူတွေကို အသုံးပြုနေတယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ကျင့်သိက္ခာတွေက ပျောက်ဆုံး သွားကြတာများလား။"

"ကျုပ်တို့က မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ မင်း ပြန်လာတာကို စောင့်​နေရုံပဲ။" အနက်ရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ထံမှ အသံထွက်လာသည်။ ၎င်းက မှော်နက်လောက၏ ထိပ်သီးကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်သည်။

"သိပ်ကောင်းတယ်။ ကျုပ် မကြာခင် အဲဒီကို ရောက်တော့မှာ။" သိမ်းငှက်နက်လေးထံမှ အသံထွက်လာပြန်သည်။ "ခင်ဗျားတို့က စည်းမျဥ်းတွေကို မလိုက်နာဘဲ မူလဘုံမှာ ရှိနေတဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်က လူတွေကို တိုက်ခိုက်ရင် ခင်ဗျားတို့ သူတို့ကို လုပ်ခဲ့တဲ့အတိုင်း ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်။ ကျုပ် ခင်ဗျားတို့ရဲ့ နေရာကို သွားပြီး အဲဒီမှာ ရှိတဲ့ လူတိုင်းကို သတ်ပစ်မယ်။"

ထိုအသံတွင် သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်ပြီး သူတို့၏ နှလုံးသားများ ခုန်ထွက်ကျလာအောင် အကြောက်တရား ဖြစ်ပေါ်လာစေနိုင်သည်။ သူတို့က ရီဖူရှင်းနှင့် ရင်မဆိုင်နိုင်လျှင် ၎င်းက ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ပေလိမ့်မည်။

***

All Chapters