← Chapters

ကြိုတင်သိမြင်ခြင်း

Vol. 158 Ch. 2245

ကြိုတင်သိမြင်ခြင်း

Vol. 158 Ch. 2245

ရွှေရောင်နတ်ပြည်ထောင်ဘုရင် ကိုက်ချိန်က ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ သူ့ပုံရိပ်ကို နတ်အလင်းများဖြင့် လွှမ်းခြုံထားခဲ့၏။ အဝေးမှ သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး ကြီးမားလှသော ရွှေရောင်လက်ဝါးက ချက်ချင်းပင် သိမ်းငှက်နက်လေး၏ ခန္ဓာကိုယ်ထက်တွင် ပေါ်ပေါက်လာသည်။

သိမ်းငှက်နက်လေးက အပြင်းအထန် ရုန်းကန်နေသော်လည်း ကြီးမားသည့် ရွှေရောင်လက်ဝါးက ကြောက်မက်ဖွယ် အစွမ်းထက်လှသည်။ ၎င်းသည် သိမ်းငှက်နက်လေး ချိုးဖျက်လွတ်မြောက်နိုင်မည့် တစ်စုံတစ်ခု မဟုတ်ပေ။

ကြီးမားသည့် ရွှေရောင်လက်ဝါးက ရုတ်တရက် တင်းကျပ်သွားသည်။ သိမ်းငှက်နက်လေးက ဝမ်းနည်းဖွယ်ကောင်းလောက်အောင် အော်ဟစ်လိုက်ရ၏။ အနီရောင်အလင်းက သူ၏ အနက်ရောင်မျက်လုံးများက ထိုးထွက်လာပြီး သူက ကောင်းကင်ထက်ရှိ ကိုက်ချိန်ကို စိုက်ကြည့်လိုက်သည်။

"နတ်ပြည်ထောင်ကို အခုချက်ချင်းပြန်ဖို့ အဓိကအဖွဲ့ဝင်တွေကို ခေါ်သွား။ အကုန်လုံး ဘေးလွတ်ရာကို သွားကြတော့။" ကိုက်ချိန်က ချက်ချင်း အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ။" သူ့နောက်မှ ကျင့်ကြံသူများက အမိန့်ကို လက်ခံရရှိပြီးနောက် ပြန်ဖြေလိုက်ကြသည်။

သူတို့က သူ့ရည်ရွယ်ချက်ကို နားလည်ပေသည်။ ရှန်ကလန်နှင့် အခြားကျင့်ကြံသူများကလည်း တူညီသည့်အမိန့်ကို ပေးလိုက်သည်။ အချို့လူများက ကိုယ်တိုင် ပြန်ဆုတ်ခွာသွားသော်လည်း အချို့က သူတို့၏ လူများသာ ပြန်လွှတ်လိုက်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ အပြုအမူက သူတို့ကို သတိချပ်စေခဲ့သည်။

ကိုက်ချိန်က လူအုပ်ကြီးကို ဝေ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "မူလဘုံက အဖွဲ့ဝင်တွေ။ ကျုပ် အများကြီး ပြောစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။ ဒီနေ့ ကျုပ်တို့ ဒီနေရာမှာ ရပ်ခဲ့ပြီး ပြန်သွားရင်တောင် ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်ရဲ့ တကယ့် အုပ်ချုပ်သူသာ ဖြစ်လာခဲ့ရင် လူအင်အားစုစည်းပြီး ကျုပ်တို့ကို လာမတိုက်ခိုက်ဘူးလို့ ယုံကြည်ကြလား။"

ယခင်နေ့ရက်များတွင် ပဋိပက္ခဖြစ်ခဲ့ဖူးသော ကျင့်ကြံသူများအတွက် သူတို့က ယခု ရွေးစရာလမ်းမရှိတော့ပေ။ သူတို့သည် ရွေးစရာမရှိသည့်အတွက် အနာဂတ်၌ အတားအဆီးမဖြစ်ရန် ရီဖူရှင်းအား သတ်ရုံမှလွဲ၍ ရွေးစရာမရှိပါချေ။

ဤစီဝေ့ကြယ်ကမ္ဘာသို့ ခရီးစဥ်အတွင်း ရီဖူရှင်းသည် နောက်ထပ် တိုးတက်မှုများ ရရှိခဲ့ပြီး ယခု စီဝေ့အင်ပါယာနန်းတော်ကိုပင် အုပ်စိုးနိုင်တော့မည် ဖြစ်သည်။ သူက ချက်ချင်းပင် သူတို့ကို ချောင်ပိတ်လိုက်နိုင်သည်။ သူတို့အတွက် ပြေးစရာမြေမရှိတော့ပေ။

သူတို့က ရီဖူရှင်းကို သတ်ကာ ဤရန်ကြွေးအား ​ဖြေရှင်းရန်မှအပ ပြဿနာကို ဖြေရှင်းစရာ နည်းလမ်းမရှိနေချေ။

ကိုက်ချိန်က အခြားအင်အားစုများမှ ကျင့်ကြံသူတို့ကို ပြောလိုက်သည်။ "လူတိုင်းပဲ ကျုပ် သိထားသလောက်ဆိုရင် ရီဖူရှင်းက စီဝေ့မဟာအင်ပါယာရဲ့ သင်ကြားပေးမှုကိုပဲ ရရှိခဲ့တာ မဟုတ်ဘူး။ သူ ကောင်းကင်ဒေသမှာ ရှိတုန်းက မဟာအင်ပါယာရှန်ကြားရဲ့ ပညာရပ်တွေကိုလည်း ဆက်ခံခဲ့သေးတယ်။ သူ မူလဘုံကို ပြန်ရောက်လာတဲ့အချိန်မှာ မဟာအင်ပါယာတစ်ပါးရဲ့ ပညာရပ်တွေကို ရရှိခဲ့ပြီးပြီ။ သူ လျှို့ဝှက်ချက်အချို့ကို သိမ်းထားတုန်းပဲလို့ ကျုပ် ထင်မိတယ်။ ရီဖူရှင်းကို ဖမ်းလိုက်ရင် စီဝေ့မဟာအင်ပါယာရဲ့ ပညာထက် ပိုတဲ့ တခြားသင်ကြားမှုတွေကိုပါ ရရှိလိမ့်မယ်။" သူက ဆက်ပြောလိုက်သည်။ "အဲဒါအပြင် ရီဖူရှင်းကို သတ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးလိုက်ရင် ကောင်းကင်အာဏာစက်ဘုံရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်လိမ့်မယ်။ အဲဒီမှာ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချပ်တွေ ရှိနေနိုင်တယ်။"

သူ၏ စကားလုံးများက လူအများကို တက်ကြွလာစေသည်။ သူတို့သည် ရီဖူရှင်း၏ နောက်ခံကို ရှာဖွေကြည့်သောအခါ ထိုသူက လူငယ်မျိုးဆက်များကြား၌ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူသည် ထိတ်လန့်ဖွယ်ကောင်းသော အမြန်နှုန်းနှင့် အဆင့်များတက်ခဲ့ပြီး မဟာအင်ပါယာများစွာ၏ ပညာများကိုလည်း ဆက်ခံခဲ့သေးသည်။ ဤသည်မှာ ကျိန်းသေပေါက် တိုက်ဆိုင်မှု မဟုတ်ပေ။ သူက မည်သို့သော လျှို့ဝှက်ချက်မျိုး ပိုင်ဆိုင်ထားသနည်း။

ကျင့်ကြံသူများက နောက်ပြန်မဆုတ်ချင်ရုံမျှမက ပို၍ပင် တက်ကြွလာပေသည်။

"မင်းတို့အားလုံး ကျရှုံးရင် ဖြစ်လာမယ့် အဆုံးသတ်ကို စဥ်းစားကြည့်ပြီးပြီလား။" အရှင်ထိုက်ရွှမ်က သူ၏ မကျန်းမာသော ခန္ဓာကိုယ်ကို မတ်မတ်ရပ်ရင်း မေးလိုက်သည်။ သူက ရပ်နေရင်း ကောင်းကင်မှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "မင်းတို့ သူတို့ကို မေးကြည့်လို့ရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက မူလဘုံရဲ့ အင်အားစုတွေ စုပေါင်းပြီး ရီဖူရှင်းကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့ကြတယ်။ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီးနောက်မှာ ရီဖူရှင်းက အသက်ရှင်နိုင်ခဲ့တယ်။ သူပြန်ရောက်လာပြီးတော့ ကိုက်ချိန်နဲ့ တခြားလူတွေ လက်ရှိအခြေအနေမှာ အဆုံးသတ်သွားခဲ့တယ်။ မင်းတို့အားလုံး အခု ထပ်ပြီး ကျရှုံးခဲ့ရင် နောက်ထပ် နှစ်နှစ်ဆယ်ကြာတဲ့အခါ ဘယ်လိုအခြေအနေမျိုး ဖြစ်နေလိမ့်မလဲ။"

"ပြီးတော့ နှစ်နှစ်ဆယ်ဆိုတာကို ထားဦး။ မင်းတို့ထဲမှာ ရီဖူရှင်းရဲ့ လက်တုန့်ပြန်မှုကို ခံနိုင်ရည်ရှိမယ့်သူ ဘယ်သူများ ရှိလဲ။" အရှင်ထိုက်ရွှမ်က ဆက်ပြောလိုက်သည်။ "ကျုပ်က အိုပြီ။ ကောင်းကင်အာဏာစက်ကျောင်းတော်မှာလည်း လူအများကြီး မကျန်ခဲ့ဘူး။ ကျုပ်တို့ရဲ့ သေဆုံးခြင်းက အရေးမပါဘူး။ ကျုပ်တို့ကို သုံးပြီး ရီဖူရှင်းကို ခြိမ်းခြောက်မယ်ဆိုရင် အဲဒါ မှားတာပဲ။ မင်းတို့အားလုံး ဒါကို သေချာစဥ်းစားဆုံးဖြတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် အဆုံးသတ်ရလဒ်က မင်းတို့ မျှော်မှန်းထားတာနဲ့ မတူတဲ့အခါ အကျိုးဆက်က ဘယ်လို ဖြစ်လာနိုင်မလဲ။ သေချာစဥ်းစားကြည့်ကြပေါ့။"

"ရီဖူရှင်းက သေချာပေါက် ပြန်လာမှာ။ ဒီမှာ ရှိနေတဲ့ ကျင့်ကြံသူတွေနဲ့ဆို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလို ဖြစ်မှာ မဟုတ်ဘူး။ ဒီဘုံကို ဖျက်ဆီးပစ်လိုက်ရမယ်ဆိုရင်တောင် ကျုပ်တို့က သူ့ကို သေချာပေါက်သတ်ပစ်မှာ။" ကိုက်ချိန်က အေးစက်သော အသံနှင့် ပြောလိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ် ရွှေရောင်နတ်အလင်းတို့ ထွက်ပေါ်နေ၏။

သူက ပြောပြီးသည်နှင့် သိမ်းငှက်နက်လေးကို ကြည့်ကာ ပြောလိုက်သည်။ "မင်းက ကျုပ်ပြောတာ ကြားတယ်ဆိုမှတော့ မြန်မြန် မင်းသခင်ဆီ ပြန်တော့။ မင်း ဒီနေရာကို ပြန်မလာခင် ကျုပ် တခြားလူတွေကို ထိမှာ မဟုတ်ဘူး။ မင်း ပြန်မလာတာပဲ ဖြစ်ဖြစ် တခြား လှည့်ကွက်တွေ သုံးတာဖြစ်ဖြစ် လုပ်ခဲ့ရင် ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးကို အမှုန့်ချေပစ်မယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကနေ ထွက်ပြေးတဲ့ သူတွေကိုလည်း လိုက်ဖမ်းပြီး သတ်ပစ်မယ်။"

သိမ်းငှက်နက်လေးက လွတ်မြောက်ရန် ရုန်းကန်နေရင်း ကိုက်ချိန်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "သူတို့ဆီမှာ တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ် ပြန်လာတော့မှာ မဟုတ်ဘူး။ အဲဒီအစား ခင်ဗျားရဲ့ ရွှေရောင်နတ်ပြည်ထောင်ကို သွားမယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေအတွက်တော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး လုပ်ပေးလိုက်မယ်။"

"ကျုပ် စောင့်နေမယ်။" ကိုက်ချိန်က သိမ်းငှက်နက်လေးကို လွှတ်ပေးပြီး ပြန်ပြောလိုက်သည်။ သို့သော် သဏ္ဌာန်မဲ့ စွမ်းအားတစ်ခုက သူ့ကို အနောက်ဘက်မှ ချုပ်ကိုင်လာသည်။ ထိုသူက အရှင်ထိုက်ရွှမ်ပင် ဖြစ်လေသည်။

သူ၏ အကြည့်များက အမျိုးမျိုးသော ကျင့်ကြံသူများထံ ရောက်ရှိသွားသည်။ ထိုလူများကြားတွင် ယခင် စစ်ပွဲ၌ ပါဝင်ခဲ့သော အင်အားစုများအပြင် အခြားအင်အားစုများလည်း ပါဝင်သည်။  ကောင်းကင်ဒေသ၊ မှော်နက်လောကနှင့် နတ္ထိဘုံတို့မှ အင်အားစုများရှိနေသည်။ သူတို့အားလုံးက ထိုနေရာ၌ ရပ်နေခဲ့ကြသည်။ အရှင်ထိုက်ရွှမ်သည် မည်သူက တိုက်ခိုက်ချင်နေပြီး မည်သူက ပွဲလာကြည့်သည်ကို မသိရှိပေ။

အခြားဝေးကွာသော နေရာ၌ အခြားအင်အားစုများစွာမှ ကျင့်ကြံသူတို့ ပေါ်ပေါက်လာသည်။ သူတို့ကြားတွင် တုန်းဟွာနယ်မြေနှင့် ရှန်ချင်းနယ်မြေမှ အင်အားစုများ ပါဝင်သည်။

တုန်းဟွာနယ်မြေ မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်လည်း ဤနေရာသို့ ရောက်နေခဲ့သည်။ သူမ၏ တပည့်များလည်း သူမနှင့်အတူ ပါလာခဲ့၏။ သူမက ထိုနေရာမှ လူများကို ကြည့်လိုက်ပြီး ရီဖူရှင်းသည် ယခုတစ်ကြိမ်၌ ကြီးကြီးမားမား ပြဿနာအချို့နှင့် ရင်ဆိုင်ရလိမ့်မည်ကို သိလိုက်သည်။

အဓိကအင်အားစုကြီး သုံးခုမှ လူများက သူ့ကို သတ်ချင်နေခဲ့ကြသည်။ သစ်တောအပြင်ဘက်၌ ပေါက်ရောက်နေသော သစ်ပင်တစ်ပင်က လေဖြင့်ဖြိုလှဲခံရနိုင်သည်။ ရီဖူရှင်းသည် သူမ တွေ့ကြုံဖူးသမျှ၌ ပါရမီအထူးဆုံးသူ ဖြစ်သည်။ သူ၏ ဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းလျင်မြန်လှ၏။ ဤထိပ်သီးအင်အားစုသုံးခုမှ ရန်သူများက ရတက်မအေးဖြစ်နေသည်မှာ အံ့သြစရာမရှိတော့ပေ။ သူတို့သည် မည်မျှ အားထုတ်ရပါစေ ရီဖူရှင်းကို သတ်ပစ်နိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူတို့က ရီဖူရှင်း မသေသေးသရွေ့ စိတ်အေးသက်သာစွာ နေနိုင်ကြလိမ့်မည် မဟုတ်ပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်၌ စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာနိုင်ပေသည်။ အဆုံးသတ်ရလဒ်က မည်သို့ ဖြစ်လိမ့်မည်နည်း။

ယခု အင်အားစုအသီးသီးမှ ကျင့်ကြံသူများတွင် ကိုယ်ပိုင် စိတ်ကူးများ ရှိကြသည်။ သူတိုက့ စစ်ပွဲတွင် ပါဝင်ရန် သင့်မသင့် တွက်ဆနေကြသည်။

ရီဖူရှင်းနှင့် အခြားလူများ ဤနေရာသို့ ပြန်ရောက်လာသည့်အခါ သူတို့က မည်သည်ကို ရွေးချယ်လိမ့်မည်နည်း။

အဝေးရှိ ကောင်းကင်အာဏာစက်မြို့မှ ကျင့်ကြံသူများကလည်း ဤနေရာသို့ ကြည့်နေခဲ့ကြသည်။ သူတို့က နီးစပ်ရာနေရာသို့ မလာရဲကြဘဲ အဝေးမှသာ ခိုးကြည့်နေကြသည်။ ကောင်းကင်၌ ပေါ်လာသော ပုံရိပ်များက နတ်ဘုရားများကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်အာဏာစက်မြို့မှ လူများက ကျင့်ကြံသူများစွာ မြို့ထဲ၌ ထွက်ပေါ်လာသည်ကို ကျင့်သားရနေခဲ့ပြီ ဖြစ်သော်လည်း ယခု သူတို့မျက်လုံးရှေ့မှ အင်အားမျိုးက သူတို့ကို တုန်ယင်လာအောင် လုပ်ဆောင်နိုင်စွမ်းပေသည်။

ဤလူများက စီဝေ့ဘုံမှ ပြန်ရောက်လာသော ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အားလုံးက မည်သည့်အတွက်ကြောင့် ကောင်းကင်အာဏာစက်မြို့တွင် စုစည်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ သွားကြရသနည်း။

ကောင်းကင်၏ ဂုဏ်ယူရသော သားတော်လေး ရီဖူရှင်းက မည်သို့သော ထိတ်လန့်အံ့အားသင့်ဖွယ် ကိစ္စမျိုး လုပ်ဆောင်ခဲ့ပြန်သနည်း။ သူက အမှန်တကယ်ပင် ဤနေရာသို့ ထိုမျှ ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်ပြီး မုန်တိုင်းထန်အောင် လုပ်ဆောင်ခဲ့ပြန်ပုံရ​​လေသည်။

အဝေးရှိ စားသောက်ဆိုင်အတွင်း အနက်ရောင်ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ထိုင်ရင်း တစ်​ယောက်တည်း အရက်သောက်နေခဲ့သည်။ ၎င်းက အလွန် အထီးကျန်နေပုံပေါ်သည်။ ဤမြင်ကွင်းမှာ စားသောက်ဆိုင်အတွင်းမှ လူများကို မြင်တွေ့ဖူးသည့် မြင်ကွင်းကဲ့သို့ ခံစားမိစေသည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကလည်း ဤသို့သော မြင်ကွင်းမျိုး ရှိခဲ့သည့်ပုံပင်။

စားသောက်ဆိုင်အတွင်း အရက်သောက်နေခဲ့သော ပုဂ္ဂိုလ်မှာ တူညီသော ဤပုဂ္ဂိုလ်ပင် ဖြစ်ရပေမည်။

ကောလာဟလများအရ သူသည် နတ်ဆိုးလောက၏ အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သော နတ်ဆိုးစစ်သူကြီး မေ့ထန်ဖြစ်သည်။

မေ့ထန်က ကောင်းကင်အာဏာစက်ဘုံသို့ တစ်ဖန်ရောက်လာပြန်ပြီ ဖြစ်၏။ သို့သော် ယခင်တစ်ကြိမ်နှင့် မတူညီစွာ တစ်စုံတစ်ယောက်က မူလဘုံမှ အရှုပ်အထွေးများ သတင်းကို ကြားသောကြောင့် အ​ခြေအနေကို စစ်ဆေးကြည့်ရန် သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုအမိန့်က နတ်ဆိုးအင်ပါယာ ပေးခဲ့ခြင်း မဟုတ်ပေ။

နှစ်နှစ်ဆယ်ကြာပြီးနောက်၌ပင် မေ့ထန်သည် တူညီသော မေးခွန်းကို စဥ်းစားနေဆဲ ဖြစ်သည်။

ဤရီဖူရှင်းက အတိအကျ မည်သူ ဖြစ်သနည်း။

လွန်ခဲ့သော နှစ်အနည်းငယ်က ရီဖူရှင်းသည် ကောင်းကင်ဒေသ၌ မုနိတိုင်းထန်စေခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံသို့ ပြန်ရောက်ပြီးနောက်၌လည်း ချက်ချင်းပင် ထိုသို့သော အ​ခြေအနေမျိုးကို ဖြစ်ပေါ်စေပြန်သည်။ သူက မည်သည့်နေရာကိုသွားသွား မုန်တိုင်းက သူ့ကို ဗဟိုပြုကာ ဖြစ်ပေါ်နေပုံရလေသည်။

ထိုလူက မေ့ထန်ကို ဤနေရာကို ကိုယ်တိုင် လာရောက် စစ်ဆေးပေးရန် ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ထိုသူက ရီဖူရှင်းကို ကောင်းစွာ နားလည်ထားသောကြောင့် ဖြစ်နိုင်သည်။ သူသည် မူလဘုံအရေးအခင်း၌ ရီဖူရှင်းက သေချာပေါက် ပါဝင်ပတ်သတ်လာမည်ကို သိနေခဲ့ပေသည်။

***

All Chapters