← Chapters

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်သစ်

Vol. 41 Ch. 601

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်သစ်

Vol. 41 Ch. 601

ကန်ထန် သားရေချပ်ကို ငါးရက်ကြာပျံသန်းသည်။ နောက်ဆုံးတွင် နတ်ဆိုးနိုင်ငံတည်အထိမ်းအမှတ်ပွဲတော်ကျင်းပမည့် နေရာသို့ရောက်လာသည်။

အစက ထိုနေရာသည် တောင်စဉ်တောင်တန်းများသာဖြစ်သည်။ သို့သော် နတ်ဆိုးမဟာမိတ်၏ ကြိုးစားအားထုတ်မှုကြောင့် လွင်ပြင်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။ မြေပြင်အထက်သို့ နန်းမြို့တော်ကြီးတစ်ခု ထိုးထွက်လာသည်။

သတ္တုဖြင့် သွန်းလုပ်တည်ဆောက်ထားသည့်မြို့တော်က နတ်ဆိုးနယ်မြေထဲတွင် အတော်လေးထူးခြားထင်ရှားနေသည်။

နံရံများက မြင့်မားသည်။ တောင်တန်းများဝိုင်းရံထားသည်။ သတ္တုမြို့တော်ကို တောင်တန်းများက 'ရင်ခွင်ပိုက်'ထားသည့်မြင်ကွင်းက ခမ်းနားထည်ဝါသည်။

မြို့တော်တစ်ခုလုံး အနက်ရောင်ခြယ်ထားသည်။ အသက်ရှူကြပ်မတတ် ခြောက်ခြားစရာကောင်းလောက်အောင် နက်မှောင်နေသည်။

နိုင်ငံတည်ပွဲတော်ရက် နီးကပ်လာပြီဖြစ်၍ စုစည်းခြင်းအဆင့်ကျင့်ကြံသူအားလုံးကို ဖိတ်ကြားသည်။ အများစုက မြို့တော်တို့ ကြိုတင်ရောက်လာသည်။

ထို့ပြင် နတ်ဆိုးမဟာမိတ်အဖွဲ့ဝင်များလည်း ဤနေရာတွင် စခန်းချနေသဖြင့် သတ္တုမြို့တော်က လူစည်ကားနေသည်။

မဟာရှား၊ အရှေ့ပင်လယ်၊ နတ်ဆိုးနိုင်ငံနှင့် ဂိုဏ်းမဲ့ကျင့်ကြံသူများစွာ ရောက်လာသည်။ ကျင့်ကြံသူလောကမှ စွမ်းအားရှင်ကြီးများ ပွဲတော်ကို ကိုယ်တိုင်လာကြည့်ကြသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏နှစ်ပတ်လည်ပွဲကို စီစဉ်ဖူးသည်ဖြစ်၍ မဟာရှား၏ ထိပ်တန်းဂိုဏ်းအားလုံးကို လုယန်မှတ်မိသည်။

သို့သော်ယခု သူမမြင်ဖူးသည့် အင်အားကြီးအဖွဲ့အစည်းများလည်း ရှိနေသည်။

မည်သို့ဆိုစေ နတ်ဆိုးနယ်မြေသည် နှစ်သုံးသိန်းကြာ ပရမ်းပတာရှိခဲ့သည်။ ရုတ်တရက် နိုင်ငံတည်ထောင်မည်ဟု ထကြေညာလိုက်သဖြင့် သမိုင်းဝင်မည့်ပွဲကို လူတိုင်းစိတ်ဝင်တစားလာကြည့်ကြသည်။

နိုင်ငံတည်ထောင်သူကလည်း သာမန်မဟုတ်။ ရှေးဟောင်းခေတ်ကတည်းက ရှင်သန်နေထိုင်ခဲ့သည့် မသေမျိုးတစ်ဝက်အဆင့် အင်ပါယာကျန်းကျူးထန်။

ရှေးဟောင်းသမိုင်းလေ့လာသူတိုင်း သူ့ဂုဏ်သတင်းကို သိကြလိမ့်မည်။

"ဒါနတ်ဆိုးမြို့တော်လား"

"ရှောင်လု၊ ရှောင်မုန်၊ ဒီဘက်ကို ဒီဘက်ကို"

နတ်ဆိုးမြို့တော်ဂိတ်တံခါးသို့ လုယန်တို့ဆင်းလာသည်နှင့် မဟာအကြီးအကဲ၏ သိစိတ်အသံလှိုင်းကို ကြားရသည်။

"ဘယ်ဘက်ကိုကြည့်"

အားလုံး လှည့်ကြည့်သည်။ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် မဟာအကြီးအကဲနှင့် တတိယအကြီးအကဲကို တွေ့ရသည်။

နှစ်ယောက်လုံး အတော်ထင်သာမြင်သာရှိသည်။ ဘေးမှဖြတ်သွားသည့် နတ်ဆိုးမျိုးနွယ်များက သူတို့ကို စူးစူးရဲရဲကြည့်သည်။

သို့သော် နတ်ဆိုးမြို့တော်၏ စည်းမျဉ်းများကြောင့် သူတို့လှုပ်ရှား၍မရ။ တရှိန်ရှိန်တောက်လောင်နေသည့်ဒေါသဖြင့် နတ်ဆိုးမြို့တော်ထဲသို့သာ ဝင်ကြရသည်။

နိုင်ငံတည်ပွဲတော်အရေးကြီးနေချိန် နတ်ဆိုးမြို့တော်နားတွင် တိုက်ခိုက်မည်ဆိုလျှင် တိကျန်းဘိုးဘေးကို ပါးရိုက်သလိုဖြစ်မည်။

တာအိုလမ်းစဉ်ဂိုဏ်းနှင့် ရန်ကြွေးရှိသူများပင် ယခုလိုအချိန်မျိုးတွင် လက်စားချေဖို့ ပြဿနာရှာဖို့ မကြိုးစားရဲကြ။

ထိုအကြောင်းကြောင့်လည်း မဟာအကြီးအကဲတို့က လူလုံးထွက်ပြရဲခြင်းဖြစ်သည်။

နတ်ဆိုးမြို့တော်တွင် ဂိတ်တံခါးလေးခုရှိသည်။

စတုတ္ထအကြီးအကဲ၊ ပဥ္စမအကြီးအကဲနှင့် သတ္တမအကြီးအကဲတို့က တစ်ခြားဂိတ်သုံးခုတွင် စောင့်ကြပ်နေသည်။

လုယန်တို့ အရှေ့ဂိတ်တံခါးသို့ ရောက်လာကြောင်းကြားသည်နှင့် အကြီးအကဲသုံးယောက် လာဆုံကြသည်။

"အကြီးအကဲကျိုး...အားလုံး လွတ်အောင်ထွက်ပြေးနိုင်ခဲ့ကြတယ်ပေါ့"

အကြီးအကဲများနောက် လိုက်သွားသည့် နတ်ဆိုးမျိုးနွယ်များသည် သွေးသန္ဓေစတေးကြတော့မတတ် ဒေါသထွက်နေခဲ့သည်ကို မုန်ကျင်းကျိုး မှတ်မိသည်။

ထိုအခြေအနေမှ ဘယ်လိုလွတ်မြောက်လာသည်မသိ။

မဟာအကြီးအကဲက မုတ်ဆိတ်မွှေးကိုပွတ်၍ တဟားဟားရယ်နေသည်။

"ငါတို့ငါးယောက် နတ်ဆိုးနယ်မြေကိုလာရဲတယ်ဆိုတာ အပြည့်အဝပြင်ဆင်ထားလို့ပေါ့ကွာ။ ငါတို့ကိုဖမ်းချင်ရင် သူတို့တွေ ကူးဖြတ်ခြင်းအဆင့်ရောက်မှပဲရမယ်"

"အကြီးအကဲကျိုး၊ မတွေ့ရတာကြာပြီနော်"

ကန်ထန်က ယဉ်ကျေးစွာနှုတ်ဆက်သည်။

"ကန်ထန်၊ မတွေ့ရတာ နှစ်တစ်ရာနီးပါးတောင်ရှိပြီ။ နတ်ဆိုးနယ်မြေမှာ မင်းအတော်အကျိုးရှိခဲ့ပုံပဲ။

သက်တူရွယ်တူတွေထဲမှာ မင်းကျင့်စဉ်အဆင့်က အမြင့်ဆုံးဖြစ်မယ်ထင်တယ်။ လေဟာနယ်သန့်စင်ထိပ်ဆုံးအဆင့်ကို ရောက်နေပြီပဲ"

"သိပ်မကြာခင် ရှောင်တိုင်ကို မင်းမီလာတော့မှာ"

မဟာအကြီးအကဲက ရယ်မော၍ပြောသည်။

ကန်ထန်သည် စူးစမ်းလေ့လာတတ်သည်။ ကြိုးစားသည်။ တာအိုလမ်းစဉ်းဂိုဏ်းတွင် သူကျင့်ကြံနေစဉ်က အကြီးအကဲများ စိတ်ချမ်းသာရသည်။ စိတ်ပျက်စရာကောင်းသည့် ယဲ့ဇီကျင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

နှစ်ယောက်လုံး ဝစီပိတ်၏တပည့်များဖြစ်သည့်တိုင် ဘာကြောင့် ထိုမျှကွာခြားနေသည်မသိ။

"လေဟာနယ်ထိပ်ဆုံးအဆင့်လား"

လုယန်နှင့်မုန်ကျင်းကျိုးတို့ အံ့ဩသွားကြသည်။ အမသုံးကို စုစည်းခြင်းအဆင့်ဟု သူတို့ထင်ခဲ့သည်။

လေဟာနယ်သန့်စင်အဆင့်တွင် ကျင့်စဉ်စွမ်းအားလှုပ်ရှားမှု အတော်ကြီးမားသည်ဟု ပြောကြသည်မဟုတ်လော...

အမသုံးက ဘာကြောင့် မသိသာသနည်း။

"ဟုတ်တယ်လေ၊ လေဟာနယ်ထိပ်ဆုံးအဆင့်ပဲပေါ့"

နတ်မယ်က ပျင်းပျင်းရိရိလေသံဖြင့် ပြောသည်။

"ဒီကောင်မလေး တစ်ခါမှကိုယ်တိုင်မလှုပ်ရှားခဲ့တာ မင်းသတိမထားမိဘူးလား။ သူ့မှော်ပစ္စည်းတွေကိုပဲ သုံးနေတာလေ"

လုယန် သဘောပေါက်သွားသည်။ လမ်းတစ်လျှောက်တွင် အမသုံးသည် သားရေချပ်ကိုသုံးသည်။ ဗျတ်စောင်းသုံးသည်။ မှော်အဆောင်သုံးသည်။ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ လုံးဝမကြိုးစား။

"ဒီကောင်မလေးက ကျင့်စဉ်မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး စုစည်းခြင်းအဆင့်ကို ရောက်နေချခိန်မှာ သူ့စွမ်းအားကို မှော်လက်နက်ထဲသွင်းပြီး သိုလှောင်ထားတယ်။ ဒီတော့ သူ့ကျင့်စဉ်စွမ်းအားကျသွားတဲ့အချိန်မှာ ပုံမှန်အတိုင်းသုံးလို့ရတယ်လေ"

သူတို့ဂိုဏ်းဝင်ခွင့်လာဖြေစဉ်က မုန်ကျင်းကျိုးတွင် ထိုသို့စွမ်းအင်စုဆောင်းထားသည့် မှော်ပစ္စည်းများစွာပါလာခဲ့သည်ကို လုယန်ပြန်သတိရလာသည်။

"လေဟာနယ်အဆင့်ရောက်ရင် နင်လည်း အဲဒီနည်းနဲ့ကိုယ့်ဘာသာကာကွယ်သင့်တယ်"

ဘယ်လိုပြောပြော အမသုံးသည် အတော်ရဲတင်းလွန်းသည်ဟု လုယန်ယူဆသည်။ ပုံမှန်အားဖြင့် လေဟာနယ်အဆင့်ကျင့်ကြံသူများသည် ကိုယ့်ဘာသာ တံခါးပိတ်ကျင့်နေကြသည်။ ပုန်းအောင်းနေကြသည်။ သာမန်လူလိုနေကြသည်။ ‌တော်ဝင်စာမေးပွဲဖြေသည်။ သို့မဟုတ် ထောင်ထဲတွင်နေသည်။

အချုပ်ပြောရလျှင် ဘေးအကင်းဆုံးအရာမှန်သမျှ သူတို့လုပ်သည်။

သို့သော် အမသုံးက အန္တရာယ်များသည့် နတ်ဆိုးနယ်မြေတွင် လှည့်ပတ်သွားလာနေသည်။ လုယန်တို့နှစ်ယောက်ကိုပင် ဂူသင်္ချိုင်းလေ့လာဖို့ ခေါ်သွားနိုင်စွမ်းရှိသည်။

လေဟာနယ်အဆင့်အကြောင်း လုယန် နည်းနည်းသိထားသည်။ တာအိုရှင်ဝစီပိတ်သည် လေဟာနယ်အဆင့်၏ အားနည်းသည့်အချိန်များကို ထောင်ထဲတွင် ကုန်ဆုံးလေ့ရှိသည်။

အကြီးအကဲအတော်များများက ဂိုဏ်းထဲတွင်သာ ရိုးရိုးသားသားနေကြသည်။ အပြင်မထွက်ကြ။

ဂိုဏ်းတူအကိုအမအတော်များများက သာမန်လူကဲ့သို့ နေထိုင်ကြသည်။ သာမန်လူများနှင့် နေထိုင်စားသောက်သည်။ အန္တရာယ်ပေါ်လာမှ သူတို့ကျင့်စဉ်စွမ်းအားကို ထုတ်ကြွားသည်။

နည်းလမ်းများက အမျိုးမျိုးကွဲပြားသည်။

"နတ်မယ်၊ လေဟာနယ်သန့်စင်အဆင့်ကို ခင်ဗျားဘယ်လိုဖြတ်ကျော်ခဲ့လဲ"

လုယန် သိချင်မိသည်။ နတ်မယ်၏စရိုက်အရ တစ်ယောက်တည်း တံခါးပိတ်ကျင့်နေမည်ဟု သူမထင်။

ရှေးဟောင်းခေတ်သည် ပရမ်းပတာခေတ်ဖြစ်၍ ထောင်ထဲတွင် အေးအေးဆေးဆေးနေဖို့ သာမန်လူတစ်ယောက်အဖြစ်ဟန်ဆောင်နေဖို့လည်း သိပ်မဖြစ်နိုင်လောက်။

"လွယ်ပါတယ်။ ကိုယ်ပွားဖန်တီးတယ်လေ။ ငါ့ကျင့်စဉ်စွမ်းအားတည်ငြိမ်မှုက ခန့်မှန်းဖို့ခက်သလို ငါ့ကိုယ်ပွားလည်း အဲလိုပဲပေါ့။

ဒီတော့ သင်္ချာနည်းအရတွက်ကြည့်ရင် ငါ့ကိုယ်ပွားနဲ့ငါ တစ်ချိန်တည်းမှာ စွမ်းအားနိမ့်နေကြတာမျိုး မဖြစ်နိုင်ဘူး။ ငါတို့ထဲက တစ်ယောက်ကတော့ ကျင့်စဉ်စွမ်းအားမြင့်နေမှာပဲ"

လုယန် တွေးတွေးဆဆပြန်မေးသည်။

"တကယ်လို့ ခင်ဗျားရော ကိုယ်ပွားရော နှစ်ယောက်လုံး တစ်ချိန်တည်းစွမ်းအားနိမ့်နေရင် ဘယ်လိုလုပ်မလဲ"

လုယန်မေးခွန်းကို အတော်တုံးအသည်ဟု နတ်မယ်တွေးမိသည်။ အဖြေက ရှင်းနေသည်။

"ကိုယ်ပွားတွေထပ်ပြီး ဖန်တီးရုံပဲပေါ့"

"...ဟုတ်သားပဲ"

"ဒါကဘယ်သူလဲ..."

လုယန်နောက်မှ လိုက်လာသည့် ဝတ်ရုံနက်ခြုံထားသည့်လူကို မဟာအကြီးအကဲသတိပြုမိသွားသည်။ တစ်ခြားအကြောင်းများ ပြောနေရသဖြင့် ထိုလူအကြောင်း မေးချိန်မရခဲ့။

ဝတ်ရုံနက်အောက်မှ အေးစိမ့်ကြည့်လင်သည့် စကားသံတစ်ခု ချက်ချင်းပေါ်လာသည်။

"လုယန်က ကျွန်မရဲ့အကို-"

လုယန် အမြန်စကားဖြတ်ပြောသည်။

"ဒါက ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ဂိုဏ်းဝင်သစ်ပါ"

ကောင်းကင်ရုံးတော်ဂိုဏ်းသည် ရှေးဟောင်းမသေမျိုးငါးယောက် နောက်မျိုးဆက်များကို လှည့်စားဖို့သုံးခဲ့သည့် လိမ်ဆင်ဖြစ်သည်။

ကျန်းလျန်ယိလည်း ကောင်းကင်ရုံးတော်ဟူသည့်စကားလုံးကို ကြားဖူးသည်မှာ မဆန်းလှ။

ထို့ပြင် နတ်မယ်က ကောင်းကင်ရုံးတော်၏ခေါင်းဆောင်နေရာယူထားသလို လုယန်ကလည်း ဂိုဏ်းထဲဝင်ရန်ဖိတ်ခေါ်သဖြင့် သူအလွယ်တကူ လက်ခံခဲ့သည်။

"အကိုကြီး"ဟူသည့် ဝေါဟာရသုံးသင့်မသုံးသင့် အမြင်ကွဲလွဲခဲ့သည်။ နတ်မယ်က လုယန်သည့် အတွင်းတပည့်ဖြစ်သည်၊ ကျန်းလန်ယိသည် အမည်မခံသည့်တပည့်ဖြစ်သည်၊ အခွင့်အရေးအရ လုယန်သည် ကျန်းလျန်ယိ၏ (ဆရာတူ)အကိုဖြစ်သင့်သည်ဟု ပြောသည်။ ကျန်းလျန်ယိက လုယန်ကို အကိုကြီးဟု ခေါ်မည်ဟုပြောသည်။ လုယန်က ကျန်းလျန်ယိကို အကြီးအကဲဟုခေါ်ချင်သည်။

လူတိုင်းကိုယ့်အမြင်နှင့်ကိုယ်ဟုသာ ပြောရတော့မည်။

"ဂိုဏ်းဝင်သစ်လား..."

သတ္တမအကြီးအကဲ သဘောကျသွားသည်။ လုယန်၏ အကဲဖြတ်ပညာကို သူယုံကြည်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်းထဲသို့ ခေါ်ထားသူသည် ယုံကြည်စိတ်ချရသူသာ ဖြစ်မည်။

လက်နှစ်ဘက်နောက်ပစ်၍ နိုင်ငံ့ဂုဏ်ဆောင်တစ်ယောက်ဟန်ပန်ဖြင့် သတ္တမအကြီးအကဲက ပြောသည်။

"ငါကမင်းထက် ကောင်းကင်ရုံးတော်ဂိုဏ်းကို အရင်ဝင်ခဲ့တာ။ ဒီတော့ မင်းရဲ့စီနီယာပဲ။ မင်းနားမလည်တာတစ်ခုခုကြုံရင် ငါ့ကိုအားမနာတမ်းမေးလို့ရပါတယ်။

ကျင့်စဉ်လမ်းနဲ့ပတ်သက်လို့လည်း အဲလိုပါပဲ။ ကျင့်ကြံမှုနဲ့ပတ်သက်ရင် ငါ့မှာအတွေးအမြင်အတော်များများရှိပါတယ်"

မုန်ကျင်းကျိုး "..."

ကန်ထန် "..."

"ကောင်းပါပြီ"

***********************************

All Chapters