← Chapters

မုန်တိုင်းအစပြုခြင်း

Vol. 41 Ch. 605

မုန်တိုင်းအစပြုခြင်း

Vol. 41 Ch. 605

နတ်ဆိုးမြို့တော်၏ အိမ်တော်ကြီးတစ်ခုသို့ ဧည့်သည်နှစ်ယောက် မဖိတ်ခေါ်ဘဲရောက်လာသည်။ ဖီးနစ်မျိုးနွယ်တို့၏မျက်နှာ သုန်မှုန်နေသည်။

နတ်ဆိုးမြို့တော် ဂိုဏ်းအဖွဲ့အစည်းများကို တည်းခိုဆောင်များတွင် နေရာစီစဉ်ပေးသည်။

မဟာရှားနန်းတော်၊ ဗုဒ္ဓနိုင်ငံ၊ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်များ၏ နေရာထိုင်ခင်းက ပိုအဆင့်မြင့်သည်။ သီးခြားအိမ်တော်ကြီးများ စီစဉ်ထားသည်။

တိကျန်းမျိုးနွယ်အကြီးအကဲတစ်ယေက် မဖိတ်ခေါ်ဘဲရောက်လာသည်။ ဖီးနစ်မျိုးနွယ်ကို အညံ့ခံဖို့ ထပ်ဖျောင်းဖျနေသည်။

ဖီးနစ်မျိုးနွယ်တွင်လည်း သက်တမ်းရင့်ဘိုးဘေးတစ်ယောက်ရှိသည်။ သူကိုယ်တိုင်ထွက်လာ၍ ငြင်းဆိုသည်။

ထိုကဲ့သို့ ထိပ်သီးအဆင့်ရင်ဆိုင်တွေ့ဆုံချိန်တွင် ဖီးနစ်မျိုးနွယ်ခေါင်းဆောင် ကျန်းရှစ်ပင် ဘေးထွက်ရပ်နေရသည်။

"ကျန်းမင်ကျိ၊ သူရဲကောင်းတွေဟာ ပညာရှိတဲ့အုပ်ချုပ်သူကို ရှာကြတယ်တဲ့။ ငါတို့ဘိုးဘေးက မင်းတို့ကို လိုလိုလားလားကြိုဆိုချင်တယ်။ မင်းတို့မျိုးနွယ် နတ်ဆိုးနိုင်ငံကို ပူးပေါင်းရင် ဒုတိယအကြီးဆုံးမျိုးနွယ်နေရာဟာ မင်းတို့အပိုင်ပဲ။

ဒီလိုအခွင့်အရေးမျိုးက ရှားတယ်နော်။ သေချာတန်ဖိုးထားပါ"

တိကျန်းအကြီးအကဲက ပြုံး၍ပြောသည်။ သူ့မျက်လုံးတွင် ခြိမ်းခြောက်သည့်အရိပ်က ဖုံးဖိမရ‌အောင်ပေါ်လွင်နေသည်။

သူနှင့်အတူပါလာသည့် နောက်ထပ်ဧည့်သည်က ‌ထောင်ကျူးမျိုးနွယ်ခေါင်းဆောင်ဖြ်စသည်။ ကူးဖြတ်ခြင်းအဆင့်ရှိသည်။

သူရှိနေရုံဖြင့် ဖီးနစ်မျိုးနွယ်ဝင်များ ကြီးမားသည့်စိတ်ဖိအားကို ခံစားနေရသည်။

"ငါတို့ဖီးနစ်မျိုးနွယ်က ဘယ်အဖွဲ့အစည်းနဲ့မှ မပေါင်းဘူး။ ပြန်ကြပါတော့"

သက်တမ်းရင့်ဖီးနစ်မက ခပ်အေးအေးပြန်ပြောသည်။ အမူအရာလုံးဝမပျက်။

ရှေးမျိုးဆက်များချန်ခဲ့သည့် မှတ်တမ်းများအရ ထိုတိကျန်းဘိုးဘေးသည် ရင်ဆိုင်ဖို့လွယ်ကူသူမဟုတ်။ နတ်ဆိုးနိုင်ငံနှင့်လက်တွဲဖို့ဆိုသည်ကိစ္စသည် ထင်သလောက်မရိုးရှင်းနိုင်။

"ပြန်ရမယ်တဲ့လား။ ကျန်းမင်ကျိ၊ မင်းတစ်ခုနားလည်မှုလွဲနေပြီထင်တယ်။ ငါဒီကိုလာတာ မင်းသဘောကိုမေးဖို့မဟုတ်ဘူး။ မင်းကိုအမိန့်ပေးဖို့လာတာ"

"နင်ကဘာလုပ်ချင်လို့လဲ"

ဖီးနစ်အကြီးအကဲ အော်ဟစ်လိုက်သည်။

"ဘာလုပ်ချင်လဲဆိုတော့..."

ထောင်ကျူးခေါင်းဆောင် လှောင်ပြုံးပြုံး၍ သူ့ရင်ဘတ်ထဲမှ ရွှေအမိန့်ပြားတစ်ခု ဆွဲထုတ်သည်။

မသေမျိုးစွမ်းအင်ရောင် ဖြာထွက်နေသည်။ ပုလဲကျောက်မျက်များစီခြယ်ထားသည်။ ပထမတန်းစား မသေမျိုးရတနာဖြစ်ကြောင်း သိသာသည်။

"ဒါဘာလဲတွေ့လား"

တိကျန်းအကြီးအကဲက ထိုတံဆိပ်ကို သွေးဖြင့်အသက်သွင်းလိုက်သည်။

အမိန့်ပြားကို တိကျန်းဘိုးဘေး၏ အရိယဖလသန္ဓေတံဆိပ် ခတ်နှိပ်ထားသည်။ ဘိုးဘေးသည့် ခွန်အားပြည့်တိုက်ခိုက်မှုတစ်ချက်စာစွမ်းအားလည်း ပါဝင်သည်။

ထိုတိုက်ခိုက်မှုတစ်ချက်ကို မခံနိုင်လျှင် သခင်-ကျွန် ဝိညာဉ်တံဆိတ် ခတ်နှိပ်ခံရမည်။ တိကျန်းထံ အညံ့ခံရမည်။

ထောင်ကျူးခေါင်းဆောင်လည်း ထိုနည်းဖြင့် အညံ့ခံခဲ့ရခြင်းဖြစ်သည်။

"မသေမျိုးတစ်ဝက်အမိန့်ပြားပဲ"

ကျန်းမင်ကျိ ချက်ချင်းသိလိုက်သည်။

"ဘိုးဘေးရဲ့တံဆိပ်ကို ဆင့်ခေါ်ပါတယ်"

သူလည်း ရင်ဘတ်ထဲမှ ရတနာတစ်ခု ထုတ်လိုက်သည်။ လှပသည့်ဖီးနစ်တစ်ကောင်ပုံ ထွင်းထုထားသည့် ကျောက်စိမ်းတံဆိပ်ဖြစ်သည်။

ရောင်စုံဖီးနစ်က လက်ဝါးအရွယ်ကျောက်စိမ်းပြားထဲမှ ထိုးထွက်လာသည်။ မီးတောက်စစ်များ ဖုံးလွှမ်းနေသည်။ နှေးကွေးလေးလံသယောင်ရှိသော်လည်း အံ့ဩစရာစွမ်းအင်ရောင်ကို ထုတ်လွှတ်သည်။

သူ့စွမ်းအားက မသေမျိုးတစ်ဝက်အမိန့်ပြားထက် လုံးဝမနိမ့်။

အသွင်မဲ့ အသံတိတ် စွမ်းအင်ရောင်နှစ်ခု ရင်ဆိုင်တွေ့သည်။ ရှေးဟောင်းခေတ်မဟာနတ်ဆိုးများ နှစ်သုံးသိန်းဖြတ်ကျော်၍ တိုက်ခိုက်နေသယောင်ထင်ရသည်။

"ဘုန်း"

ရုတ်တရက် မသေမျိုးတစ်ဝက်အမိန့်ပြား မီးထတောက်လာသည်။

ထို့နောက် စက္ကူမီးကျွမ်းသကဲ့သို့ မှိန်ကျသွားသည်။ တိကျန်းဘိုးဘေး၏ စွမ်းအင်ရောင်လည်းမရှိတော့။ အရိယဖလသန္ဓေတံဆိပ်လည်း အခေါင်းပေါက်များဖြစ်လာသည်။

"အဟွတ်.."

တိကျန်းအကြီးအကဲနှင့် ထောင်ကျူးခေါင်းဆောင် နှစ်ယောက်လုံးနောက်ဆုတ်သွားပြီး သွေးအနည်းငယ်အန်ထုတ်လိုက်ရသည်။

"နင်တို့သွားလို့ရပြီ"

ကျန်းမင်ကျိက ဖီးနစ်တံဆိပ်ကိုင်လျက် ပြောသည်။ သူ့အမူအရာက အပြောင်းအလဲမရှိ။

"ကောင်းပြီလေ၊ သိပ်ကောင်းတာပေါ့ ဟားဟား"

တိကျန်းနှင့်ထောင်ကျူး ဒေါသတကြီးရယ်လိုက်သည်။ မယှဉ်နိုင်မှန်းသိသဖြင့် အိမ်တော်မှ ထွက်သွားကြသည်။

....

"သခင်ကျိ၊ နတ်ဆိုးမြို့တော်မှာနေရင် ကျုပ်တို့အတွက် စိတ်ချရပါ့မလား"

ခုန်ဟော် လည်တိုင်ကျုံ့၍ တီးတိုးမေးသည်။ သူ့ကိုယ်ထဲတွင် ထောင်ကျူးအိုကျိရှုံး ပိတ်လျောင်ထားခံရသည်။

ကျိရှုံးက အတင်းတိုက်တွန်းသဖြင့် စိတ်မပါတပါဖြင့် နတ်ဆိုးမြို့တော်တို့ အတွေ့အကြုံလာယူခြင်းဖြစ်သည်။

"သတ္တိလေးနည်းနည်းမွေးစမ်းပါ။ နတ်ဆိုးမြို့တော်ကိုလာတဲ့ လူသားမျိုးနွယ်တွေ အများကြီးရှိပါတယ်။ မင်းတိတ်တိတ်နေရင် ဘယ်သူမှသတိမထားမိပါဘူး"

ကျိရှုံးက ယုံကြည်ချက်အပြည့်ဖြင့် ပြုံး၍ပြောသည်။

သူသည် မျိုးနွယ်ခေါင်းဆောင်ရာထူးယှဉ်ပြိုင်ရာမှ ရှုံးနိမ့်ခဲ့ပြီး ခုန်ဟော၏ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည်။

ထောင်ကျူးမျိုးနွယ်လည်းရှိနေသည့် နတ်ဆိုးနယ်မြေတွင် နိုင်ငံတည်ထောင်မည်ဟု သူကြားသည်။ ထို့ကြောင့် ကိုယ်တိုင်လာကြည့်လိုခြင်းဖြစ်သည်။

"အဲ..."

ကျိရှုံး ‌မော့ကြည့်သည်။ ကောင်းကင်မှ ဖရိုဖရဲဖြစ်နေသည့် လူနှစ်ယောက်ကိုမြင်ရသည်။

တစ်ယောက်က သူ့ရန်သူဟောင်း လက်ရှိထောင်ကျူးမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။

"ဘာဖြစ်တာလဲ"

ခုန်ဟော်ကမေးသည်။

"ဘာမှမဟုတ်ပါဘူး၊ အသိအကျွမ်းတစ်ယောက်ကို မြင်လိုက်လို့ပါ"

ကျိရှုံး ပုံမှန်အတိုင်းပြောလိုက်သည်။

တိကျန်းအကြီးအကဲနှင့် ထောင်ကျူးခေါင်းဆောင်တို့ အစောင့်များအရိုအသေပြုသည်ကိုပင် အရေးမစိုက်အားပဲ နတ်ဆိုးမြို့တော်အတွင်းပိုင်းဆီ အမြန်သွားကြသည်။

မြို့တော်အတွင်းပိုင်းတွင် အလင်းရောင် မှိန်နေသည်။ တိကျန်းဘိုးဘေးက တောင်ကုန်းငယ်နှင့်တူသည့် ကြီးမားသည့်နတ်းပုလ္လင်ပေါ်တွင် မူလအသွင်ဖြင့် ထိုင်နေသည်။

ပလ္လင်ဘေးနှစ်ဘက်တွင် ခံ့ညားထည်ဝါသည့် နတ်ဆိုးများရှိသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအင်ရောင်မျိုး ထွက်ပေါ်နေသည်။ နတ်ဆိုးနယ်မြေတွင် ထိုအဆင့်ကို နတ်ဆိုးအင်ပါယာဟု ခေါ်ကြသည်။

တိကျန်းအကြီးအကဲသည်လည်း ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ ဘယ်နတ်ဆိုးအင်ပါယာကိုမှမကြောက်။ ပလ္လင်ထက်မှ ရှေးဘိုးဘေးကိုသာ သူသစ္စာခံသည်။

ဘိုးဘေးက အဆင့်အတန်းကို အလေးထားသည်။ ကူးဖြတ်ခြင်းအဆင့်များသာ သူ့ကိုစကားပြောခွင့်ရှိသည်။

နတ်ဆိုးနှစ်ယောက် ခြေလှမ်းအရှိန်လျှော့လိုက်သည်။ ဒူးထောက်အရိုအသေပြုသည်။

"မင်းကြီး၊ ဖီးနစ်မျိုးနွယ်က အကြောင်းပြန်လိုက်ပါပြီ"

တိကျန်းဘိုးဘေး မျက်လုံးပွင့်လာသည်။ မျက်လုံးများက ရေခဲလနှစ်စင်းလို့ ကြောက်စရာကောင်းလောက်အောင် အေးစက်တောက်ပသည်။

"သူတို့ဘာပြောလဲ"

တိကျန်းအကြီးအကဲက ခံရခက်နေသည့်လေသံဖြင့်

"ကျုပ်တို့စေတနာကို တန်ဖိုးမထားဘဲ ငြင်းလိုက်ပါတယ်။ သူတို့ရပ်တည်ချက်က ခိုင်မာတယ်။ မင်းကြီးလက်အောက်ကို ခိုဝင်ဖို့ ဆန္ဒမရှိကြပါဘူး။

နတ်ဆိုးနိုင်ငံမှာ သူတို့ကို ကျုပ်တို့မျိုးနွယ်ပြီးရင် အဆင့်မြင့်ဆုံးနေရာပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ သူတို့သဘောမတူတော့ အင်အားသုံးပြီးခြိမ်းခြောက်ခဲ့တယ်။ ဒါပေမယ့် အလုပ်မဖြစ်ပါဘူး။

ကျုပ်တို့နှစ်ယောက် ဘိုးဘေးရဲ့ တော်ဝင်အမိန့်ကိုယူသွားတယ်။ သူတို့ကို အားသုံးပြီးဖိနှိပ်တယ်။ ဒါပေမယ့် ဖီးနစ်တွေကလည်း သူတို့ဘိုးဘေးချန်ထားခဲ့တဲ့ ဖီးနစ်ကျောက်စိမ်းတံဆိပ်နဲ့ ပြန်တိုက်ခိုက်ပါတယ်။

သူတို့ကိ မထိန်းချုပ်နိုင်ခဲ့ပါဘူး"

အကြီးအကဲက အရောင်မှိန်၍ စုတ်ပြတ်သတ်နေသည့် အမိန့်ပြားကို ရင်ဘတ်ထဲမှ ထုတ်ပြသည်။ ဆိုးဆိုးဝါးဝါးပျက်စီးနေပြီဖြစ်သည်။ နောက်ထပ်အသုံးပြု၍မရနိုင်တော့။

ပလ္လင်ဘေးနှစ်ဘက်မှ ကူးဖြတ်ခြင်းနတ်ဆိုးများ အမူအရာပြောင်းသွားကြသည်။

တိကျန်းဘိုးဘေး၏ စွမ်းအားပါဝင်သည့် အမိန့်ပြား။

သူတို့ကိုလည်း တိကျန်းတမန်များက ထိုအမိန့်ပြားကိုသုံး၍ ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

သူတို့မခုခံခဲ့သည်မဟုတ်။ အမိန့်ပြားက စွမ်းအားကြီးလွန်းသည်။ အပြောင်းအလဲများက မြန်လွန်းသဖြင့် တုံ့ပြန်ချိန်မရခဲ့ကြ။

လိုချင်သည့်အတိုင်း ဖြစ်မလာသဖြင့် တိကျန်းဘိုးဘေး နှာခေါင်းတစ်ချက်ရှုံ့သည်။ သူ့ဘေးပတ်လည်လေဟာနယ် တုန်ခါသွားသည်။

"ခေါင်းမာတဲ့ အရူးတွေပဲ"

ရှေးဟောင်းခေတ်မှ သူ့အတွေ့အကြုံများကို ပြန်သတိရလာသည်။ အထူးသဖြင့် မသေမျိုးတစ်ဝက်များကြားတိုက်ပွဲကို သူသတိရသည်။ သူ့မျက်နှာ ပိုတင်းမာလာသည်။

ထိုဖီးနစ်ကျောက်စိမ်းတံဆိပ်အကြောင်း သူသိသည်။ လျန်ယိသည် ကျောက်စိမ်းပလွေများကို နှစ်သက်သည်။ ထိုတံဆိပ်သည် ကျောက်စိမ်းပလွေတစ်ခုလုပ်ရာမှ ကျန်ရစ်ခဲ့သည့် အစိတ်အပိုင်ဖြစ်သည်။ လျန်ယိ၏အမှတ်အသားဖြစ်သည်။ တံဆိပ်ကိုမြင်လျှင် သူ့ကိုမြင်သလိုပင်ဖြစ်သည်။

"ဖီးနစ်တွေကို ငါကြောက်နေတယ်လို့ ထင်နေကြတာများလား။ အခု လျန်ယိလည်းမရှိဘူး။ ရှိရင်တောင် သူတို့ငါ့ကို ဒီလိုဆန့်ကျင်ရဲမှာမဟုတ်ဘူး"

နှစ်သုံးသိန်းအတွင်း သူအကြီးအကျယ် ပြောင်းလဲခဲ့ပြီဖြစ်သည်။ အရိယဖလသန္ဓေဖြင့် အဓိကမျိုးနွယ်ကြီး တစ်ရာနီးပါးနှင့် ကူးဖြတ်ခြင်းအဆင့်ဆယ်ယောက် ထိန်းချုပ်ခဲ့သည်။ သူ့လက်အောက်တွင် စွမ်းအားမြင့်သည့်လက်အောက်ငယ်သား များစွာရှိသည်။

ထိုသို့လုပ်ရင်း အရိယဖသန္ဓေလည်း တစ်ဖြေးဖြေးပြည့်စုံလာသည်။ အရိယဖလအစစ် ဖြစ်တော့မည့်အရိပ်မျိုး ပြလာသည်။

သူ့စွမ်းအားသည် ရှေးဟောင်းခေတ်ကနှင့် လုံးဝမတူတော့။

ဖီးနစ်မျိုးနွယ်ကိစ္စလို ပြဿနာအသေးအဖွဲကို မဖြေရှင်းနိုင်လျှင် အိပ်စက်နေရာမှ သူစွန့်စားနိုးထလာခြင်းသည် ဘာအသုံးကျတော့မည်နည်း။

"ဖီးနစ်တွေ နတ်ဆိုးနိုင်ငံနဲ့မပူးပေါင်းရင် နယ်မြေထဲက တစ်ခြားမျိုးနွယ်တွေလည်း သူတို့လမ်းစဉ်လိုက်ပြီး အညံ့ခံဖို့ငြင်းဆန်ကြလိမ့်မယ်။

နတ်ဆိုးနယ်မြေကိုစုစည်းပြီး နိုင်ငံတည်ဆောက်ဖို့ ဖီးနစ်မျိူးနွယ်ကိစ္စကို ဖြေရှင်းရမယ်။ သူတို့အညံ့မခံရင် လောကကြီးထဲက ပျောက်သွားအောင် ရှင်းပစ်ရမယ်။

ဒီနေ့ ငါသဘောထားကြီးပေးခဲ့ပြီးပြီ။ နောင်တစ်ချိန် သူတို့မျိုးနွယ်တွေ သုတ်သင်ရှင်းလင်းခံရတဲ့အချိန်ကျမှ ဝမ်းမနည်းကြနဲ့ပေါ့.."

တိကျန်းဘိုးဘေး၏ မျက်လုံးများက အေးစက်တင်းမာသည်။ နတ်ဆိုးနယ်မြေစုစည်းခြင်းသည် သူ့ကျင့်စဉ်အဆင့် တိုးတက်ဖို့လည်း ကူညီလိမ့်မည်။ မသေမျိုးတစ်ဝက်အဆင့်မှ မသေမျိုးအဖြစ်သို့ အပြည့်အစုံပြောင်းလဲသွားမည်။

တစ်ချို့က မဟာကပ်အပြည့်အဝတွင် ပြန်ရှင်သန်ဖို့ စောင့်နေသည်။ အခွင့်အရေးများကို စောင့်နေသည်။ သို့သော် သူက ထိုသို့စောင့်စရာမလို။

ယနေ့ နတ်ဆိုးနယ်မြေတွင် စွမ်းအားကြီးကျင့်ကြံသူများမရှိခြင်းသည် သူ့အခွင့်အရေးဖြစ်သည်။

မသေမျိုးလမ်းစဉ်ကို ရှာဖွေဖို့ စောစောကြိုတင်လှုပ်ရှားလျှင် သူသည် မဟာကပ်နိုးထချိန်တွင် အဓိကယှဉ်ပြိုင်သူတစ်ယောက် ဖြစ်လာလိမ့်မည်။

နတ်ဆိုးနယ်မြေစုစည်းဖို့က ပထမအဆင့်သာဖြစ်သည်။ ပြီးလျှင် အရှေ့ပင်လယ်ကို စုစည်းမည်။ ပင်လယ်မျိုးနွယ်ကို သူ့လက်အောက်သို့ထည့်မည်။ အင်အားတောင့်တင်းလာမည်။

အရှေ့ပင်လယ်နှင့်နတ်ဆိုးနယ်မြေ သူ့ထိန်းချုပ်မှုအောက်သို့ ရောက်ပြီးလျှင် သူသည် ကျင့်ကြံသူလောကတွင် နံပတ်တစ်အင်အားစုအဖြစ် ခုန်တက်သွားမည်။ မဟာရှား၊ ဗုဒ္ဓနိုင်ငံတို့ထက် သာလွန်သွားမည်။

နောက်ထပ်ပင် သူစွန့်စားနိုင်သေးသည်။ မဟာရှားနှင့် ဗုဒ္ဓနိုင်ငံကိုတိုက်ခိုက်၍ ကျင့်ကြံသူလောကကို စုစည်းနိုင်သည်။

ထိုအချိန်ရောက်လျှင် ဘယ်သူနိုးထလာသည်ဖြစ်စေ အရေးမကြီး။ ရှေးဟောင်းမသေမျိုးလေးယောက် ပြန်ပေါ်လာလျှင်ပင် သူကြောက်မည်မဟုတ်။

လောလာဆယ်လိုအပ်ချက်က နိုင်ငံတည်ပွဲတော်အောင်မြင်ပြီး နတ်ဆိုးနိုင်ငံတည်ထောင်နိုင်ဖို့ဖြစ်သည်။ သို့မှသာ ဖီးနစ်မျိုးနွယ်ကို တရားဝင်တိုက်ခိုက်နိုင်မည်။ ဘယ်သူမှ အပြစ်ပြောကြမည်မဟုတ်။

ဖီးနစ်မျိုးနွယ်သည် နတ်ဆိုးနယ်မြေတွင် အဆင့်အတန်းမြင့်မားသဖြင့် အချိန်မတန်မီ သူလှုပ်ရှားလျှင် သူ့နာမည်ဂုဏ်သတင်း ထိခိုက်နိုင်သည်။

"ဖီးနစ်တွေ...နိုင်ငံတည်ပွဲတော်အတွင်းမှာ မင်းတို့ဒီလိုဆက်ပြီးမောက်မောနေနိုင်ပါစေလို့ ငါဆုတောင်းပါတယ်"

********************************

All Chapters