← Chapters

မင်းပဲ

Vol. 41 Ch. 606

မင်းပဲ

Vol. 41 Ch. 606

"ပြီးတော့ မင်းတစ်ခုလုပ်စရာရှိသေးတယ်"

တိကျန်းဘိုးဘေးက မျိုးနွယ်အကြီးအကဲထံ တံဆိပ်တစ်ခုပစ်ပေးသည်။ အကြီးအကဲ အမြန်ဖမ်းယူ၍ကြည့်လိုက်သည်။

"ဖီးနစ်မျိုးနွယ်မှာ မင်းမြင်ခဲ့တဲ့ ဖီးနစ်ကျောက်စိမ်းတံဆိပ်ကို ဖီးနစ်အမိန့်လို့ခေါ်တယ်။ ဖီနစ်အမိန့်ဟာ ကျန်းလျန်ယိကို ကိုယ်စားပြုတယ်။

ဒါက ငါဖန်တီးထားတဲ့ တိကျန်းအမိန့်ပဲ။ ဒီတံဆိပ်ကိုမြင်ရင် ငါ့ကိုမြင်သလိုပဲ။ ဒီထဲမှာ ငါအရိယဖလရဲ့စွမ်းအားပါတယ်။

နိုင်ငံတည်ပွဲတော်က အရေးကြီးတယ်။ နိုင်ငံတည်ထောင်တာကို ကိုယ်စားပြုသလို စွမ်းအားကိုလည်း ပြတဲ့သဘောပဲ။ နောက်တစ်ချိန် နတ်ဆိုးနိုင်ငံတိုးတက်ဖို့အတွက် လောကကြီးရဲ့အမြင်ကလည်း အရေးပါတယ်။

အခု အင်အားကြီးအဖွဲ့အစည်းတွေအားလုံး ရှိနေကြပြီ။ ငါတို့နတ်ဆိုးနိုင်ငံရဲ့စွမ်းအားကို သူတို့လက်တွေ့မြင်အောင်ပြရမယ်"

တိကျန်းဘိုးဘေးက ဖြေးညှင်းစွာပြောသည်။

"စွမ်းအားပြနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ခြေနင်းတုံးရှာဖို့ပဲ။ ငါတို့နတ်ဆိုးနိုင်ငံရဲ့အခြေခံအင်အားက မတည်ငြိမ်သေးဘူး။

လောလောဆယ် အင်အားကြီးအဖွဲ့အစည်းတွေကို ရန်သွားမစသင့်ဘူး။ အခုတစ်လော ကောင်းကင်ရုံးတော်ဂိုဏ်းကို လူတွေအာရုံစိုက်နေကြတယ်။

ရျှေးဟောင်းကောင်းကင်ရုံးတော်က ပဲဝါအရှင်ဦးဆောင်တယ်လို့ ပြောနေကြတယ်။ တစ်လောကလုံး ဒါကိုယုံနေကြတယ် တကယ့်ဟာသပဲ။

အဲဒီ့ကောင်းကင်ရုံးတော်ဂိုဏ်းဟာ ငါတို့အတွက် အကောင်းဆုံး ခြေနင်းတုံးပဲ။ စွမ်းအားက သာမန်ပဲရှိပြီး နာမည်ကျော်နေတဲ့ အတုအယောင်တစ်ခုလေ"

တိကျန်းအကြီးအကဲ နည်းနည်းအခက်တွေ့သွားသည်။

"ဒါပေမယ့် ဒီကောင်းကင်ရုံးတော်ဂိုဏ်းကို ကျုပ်တို့ဘယ်မှာသွားရှာမှာလဲ"

လက်ထောက်၏တုံးအပုံကို တိကျန်းဘိုးဘေး အတော်စိတ်ပျက်သွားသည်။

"ဘာလို့ရှာနေမှာလဲ။ တစ်ယောက်ယောက်ကို သရုပ်ဆောင်ခိုင်းပေါ့။ အစကတည်းက သူတို့ကအတုတွေပဲလေ။ ငါတို့က လူရှာပြီးသူတို့လို သရုပ်ဆောင်ခိုင်းရင် ဘယ်သူက အတုမှန်းသိမှာလဲ"

အကြီးအကဲ မျက်လုံးအရောင်လက်လာသည်။

"ဉာဏ်ရည်ထက်မြက်လှပါပေတယ် ဘိုးဘေး"

တိကျန်းဘိုးဘေးကျေနပ်သွားသည်။ ကျုံ့နေသည့်မျက်ခုံးနှစ်ဘက် ပြေလျော့လာသည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ပဲဝါအရှင်ရယ်၊ ဂိုဏ်းချုပ်ရယ်၊ ကောင်းကင်ဘုရင်ရယ်၊ ဂိုဏ်းသခင်လေးရယ်၊ ကောင်းကင်သားတော်တွေရယ် ရှိတယ်လို့ကြားတယ်။

သူတို့ဂိုဏ်းဝင်အဖြစ်သရုပ်ဆောင်ဖို့ လူနည်းနည်းလောက် မင်းရှာလိုက်။ အထူးသဖြင့် ကောင်းကင်ကာကွယ်သူတို့၊ ဂိုဏ်းသခင်လေးလုတို့လို နေရာမျိုးပေါ့။

ဒီဂိုဏ်းက အတုဆိုပေမယ့် လုသခင်လေးရဲ့က စွမ်းအားအတော်ကြီးတယ်။ မဟာရှားက အဆင့်တူတွေထဲမှ ထိပ်တန်းလို့သတ်မှတ်ကြတယ်။ ပါရမီရှင်ဆိုတာ အနာဂတ်ကိုကိုယ်စားပြုတယ်။

ပါရမီရှင်ပျိုးထောင်နိုင်မှ စွမ်းအားထူးခြားတယ်ဆိုတာ သက်သေပြနိုင်မှာ။ နိုင်ငံတည်ပွဲတော်စတဲ့အချိန် လုသခင်လေးအတုကို နတ်ဆိုးနိုင်ငံကို စိန်ခေါ်ခိုင်းပါ။ ငါ့တပည့်ကို စင်ပေါ်လွှတ်ပြီး သူနဲ့တစ်ယောက်ချင်းတိုက်ခိုင်းမယ်။

လုသခင်လေးကို အနိုင်ယူပြီးတာနဲ့ ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ မျက်နှာဖုံးကို ငါခွာချမယ်။ ဒါဆို ငါပျိုးထောင်ထားတဲ့ပါရမီရှင်ရဲ့စွမ်းအားကို အားလုံးကလက်တွေ့မြင်မယ်။ ငါ့ဉာဏ်ပညာကိုလည်း တအံ့တဩဖြစ်သွားကြလိမ့်မယ်"

"ဘိုးဘေးရဲ့ဉာဏ်စွမ်းက အတိုင်းအဆမရှိပါဘူး။ ဒါပေမယ့် လုသခင်လေးရဲ့ပါရမီမျိုးက လောကမှာ တကယ်ရှားတယ်။ ကြုံရာလူတစ်ယောက်ကို ကျုပ်ရွေးလိုက်ရင် စွမ်းအားချင်းကွာနေပြီး အများရိပ်မိသွားမှာစိုးရိမ်ပါတယ်"

တိကျန်းဘိုးဘေး လက်ခါပြသည်။

"ကိစ္စမရှိဘူး။ တိကျန်းအမိန့်ပြားသုံးပြီး ဒီအတုတွေကို ထိန်းချုပ်လိုက်။ သူတို့စွမ်းရည်ကို ညှစ်ထုတ်သုံးဖို့ အမိန့်ပေးလိုက်။ သွေးသန္ဓေစတေးပြီး အတင်းစွမ်းအားမြှင့်တင်တာမျိုးပေါ့။

အဲလိုဆို သူတို့က လုသခင်လေးအစစ်နဲ့ ခွဲမရလောက်အောင် ဖြစ်သွားလိမ့်မယ်။...ကဲ၊ တစ်ခြားကိစ္စမေးစရာမရှိရင် မင်းသွားတော့"

တိကျန်းဘိုးဘေး ကျိတ်၍ သက်ပြင်းချသည်။ သူ့နောက်လိုက်များသည် တစ်ယောက်မှ အကင်းမပါးကြ။ နေရာတကာ သူကိုယ်တိုင်စီမံနေရသည်။

....

"အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား"

မနက်စောစောတွင် လုယန်အကြံပြုသည်။ တည်းခိုခန်းထဲ အောင်းနေရသည်က ငြီးငွေ့စရာကောင်းသည်။

အကြီးအကဲလျန်ယိလည်း အပြင်ထွက်၍ ယနေ့ကျင့်ကြံသူလောကကို ကြုံတွေ့ခွင့်ရမည်။

ကျန်းလျန်ယိ ခဏစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ ချီလင်မသေမျိုးကိုရှာဖို့ကိစ္စက စိတ်လော၍မရ။

လုယန် အဝတ်အစားသပ်ရပ်စွာဝတ်၍ ဖြီးလိမ်းပြင်ဆင်ပြီး တည်းခိုးခန်းအပြင်သို့ ထွက်သည်။

ထွက်လိုက်သည်နှင့် သူရင်းနှီးဖူးသည့် လူတစ်ယောက်နှင့်တိုးသည်။

"မင်းကိုး"

ကျိုးယင်မျိုးနွယ်မှ ချင်ဖုန်းက သူ့ကို အံတင်းတင်းကြိတ်၍ ကြည့်နေသည်။

ချင်ဖုန်းနောက်တွင် နတ်ဆိုးမျိုးနွယ်မဟာမိတ်ပါရမီရှင်များ ပါလာသည်။

လုယန်ထွက်လာသည့်တည်းခိုခန်းကိုကြည့်၍ သူတို့သဘောပေါက်သွားကြသည်။ လုယန်ကို ဒေါသတကြီးလက်ညှိုးထိုး၍

"မင်းက တာအိုလမ်းစဉ်ဂိုဏ်းကပဲ"

အစက ဖီးနစ်မျိုးနွယ်ဟု သူတို့ထင်ထားသည်။

"ငါနားလည်ပြီ။ ကျန်းရှီရှီနဲ့ အတူပါလာတဲ့လူတွေဟာ တာအိုလမ်းစဉ်ဂိုဏ်းက လုယန်နဲ့မုန်ကျင်းကျိုးပဲ ဖြစ်ရမယ်"

နတ်ဆိုးပါရမီရှင်တစ်ယောက် ချက်ချင်းသုံးသပ်သည်။

ထိုနှစ်ယောက်၏ ရုပ်ရည်ကို သူတို့မမြင်ဖူးပါ။ သို့သော် ဖန်တီးခြင်းရှေးဟောင်းမြေတွင် ပြသခဲ့သည့်စွမ်းရည်များအရစဉ်းစားလျှင် ထိုနှစ်ယောက်သာ ဖြစ်နိုင်သည်။

လုယန် "..."

...ငါတို့နှစ်ယောက်နဲ့ အဆင့်သိပ်မကွာတဲ့ နောက်ထပ်လူသုံးယောက် ဂိုဏ်းမှာရှိပါသေးတယ်။ ငါတို့လို့ပဲ တရားသေမမှတ်ပါနဲ့။

သို့သော် အခုပြောပြနေလည်း အကျိုးထူးမည်မဟုတ်။ ထိုနတ်ဆိုးအုပ်စုသည် ဉာဏ်နည်းသော်လည်း ကံကောင်းသည်။ အဖြစ်မှန်ကို ခန့်မှန်းနိုင်ကြသည်။

အရိုးရိုင်းတို့သုံးယေက်က ရွှေသန္ဓေအဆင့်ဖိုင်နယ်ပွဲတွင် မပါခဲ့။ ထို့ကြောင့် အပြင်လူများ သူတို့အကြောင်း သိပ်မသိကြသေး။

လုယန်နောက်လှည့်၍ တည်းခိုခန်းထဲ ပြန်ဝင်သွားသည်။ ချင်းဖုန်းတို့လူစု လိုက်မသွားရဲ။ ဆဲဆိုအော်ဟစ်နေလျှင်လည်း သိက္ခာကျမည်။ ထို့ကြောင့် ဒေါသဖြင့် တံခါးဝတွင်သာ ပိတ်ဆို့ထားသည်။

"ဘာလို့ပြန်လာတာလဲ"

အပြင်ထွက်ရန်ပြင်နေသည့် ကျန်းလျန်ယိက လုယန်ကိုမေးသည်။

'အတွက်မှားသွားတယ်။ ကျုပ်ကိုသိတဲ့လူတစ်ယောက် ရှိနေတယ်"

လုယန် သက်ပြင်းချ၍ တံခါးဝမှအခြေအနေနှင့် ဖန်တီးခြင်းရှေးဟောင်းမြေမှ အဖြစ်အပျက်ကို ရှင်းပြသည်။

ကျန်းလျန်ယိ နည်းနည်းအခက်တွေ့သွားသည်။ သူ့အနေဖြင့် လူငယ်မျိုးဆက်၏ရန်ငြှိုးကိစ္စတွင် ဝင်ပါလျှင် မသင့်တော်။

"ငါမင်းကို ရုပ်ဖျက်ပေးရမလား"

နတ်မယ်ထံမှ နည်းခံသင်ကြားထားသဖြင့် ရုပ်ဖျက်ပညာက ထိပ်တန်းအဆင့်ရှိသည်။

အတိတ်မှတ်ဉာဏ်များ ပျောက်နေသော်လည်း ပညာကကျန်ခဲ့သည်။

"အဲလိုဆို အကောင်းဆုံးပေါ့"

လုယန် ဝမ်းသာသွားသည်။

ကျန်းလျန်ယိ လက်နှစ်ဘက်ကိုဆန့်ထုတ်၍ လုယန်၏ပါးနှစ်ဘက်ကိုင်ပြီး နှိပ်နယ်ပွတ်သပ်နေသည်။

မကြာမီ လုယန်၏ရုပ်ရည် လုံးဝပြောင်းလဲသွားသည်။ ဂိုဏ်းအကြီးအကဲတစ်ယောက်ပင် သူ့ကိုမှတ်မိတော့မည်မထင်။

လုယန် အဝတ်အစားထပ်လဲသည်။ ခဏစဉ်းစားပြီးနောက် ရုပ်ဖျက်မှုပိုပီပြင်အောင် ဓားတစ်ချောင်းယူလာခဲ့သည်။

"ပြည့်စုံသွားပြီ"

ကိုယ့်ကိုယ်ကို မှန်ထဲတွင်ကြည့်၍ လုယန်လက်မထောင်သည်။

တည်းခိုခန်းမှ သူတို့နှစ်ယောက် ရဲရဲဝံ့ဝံ့ထွက်သွားည်။ ချင်ဖုန်းတို့လူစု လုယန်ကို လုံးဝမမှတ်မိ။

ကျန်းလျန်ယိက ဇာပဝါခြုံထားည်။ လူစိမ်းများရှိန်လောက်သည့် စွမ်းအင်ရောင်တစ်မျိုး ထွက်နေသည်။ ချင်ဖုန်းတို့လူစု အနားမကပ်ရဲကြ။

ထို့ပြင် ပုံသဏ္ဍာန်အရ မိန်းကလေးဖြစ်ကြောင်း သိသာသည်။ လုယန်နှင့် ဆက်စပ်မစဉ်းစားမိကြ။

နတ်ဆိုးမြို့တော်က စည်ကားနေသည်။ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်များ ရောနှောနေသည်။ အသေးအဖွဲ့ပွတ်တိုက်မှုလေးများ ရှိသော်လည်း ပြဿနာကြီးကြီးမားမားမဖြစ်။

မြို့တော်ထဲတွင် လူသားမျိုးနွယ်အရေအတွက် တစ်ဝက်ခန့်ရှိသည်။ နတ်ဆိုးမျိုးနွယ်များက ဆိုင်ဖွင့်၍ ကုန်ပစ္စည်းများ အော်ဟစ်ရောင်းချနေသည်။ ဗုဒ္ဓနိုင်ငံမှကိုယ်တော်များ သပိတ်ဖြင့်အလှူခံနေသည်။

"ကျေးဇူးရှင်၊ မင်းမှာ နားကျည်းစွမ်းအင်ရိပ်တွေပြည့်နေတယ်။ ကိုယ်တော် ကျမ်းစာရွတ်ပြီး နားကျည်းဒေါသတွေကို ရှင်းထုတ်ပေးပါ့မယ်။ ကျုပ်တို့ဗုဒ္ဓဘာသာ ရွှေခန္ဓာတည်ဆောက်နိုင်ဖို့ ဝိညာဉ်ကျောက်နည်းနည်းလှူဒါန်းချင်သလား"

"သွားစမ်းကွာ သွား သွား။ နတ်ဆိုးမြို့တော်တည်ဆောက်တဲ့လုပ်ငန်းမှာ တစ်လကျော်အလုပ်လုပ်ခဲ့တယ်။ ဆောက်ပြီးသွားတော့မှ ဒီအလုပ်က စေတနာ့ဝန်ထမ်း ခေါ်ထားတာလို့ ငါ့ကိုပြောတယ်။

မင်းကျမ်းစာရွတ်လို့ ငါ့ဒေါသကပြေမယ်ထင်လား"

ဗုဒ္ဓကိုယ်တော် ရှက်ရယ်ရယ်၍ အလှူခံဖို့ နောက်ထပ်လူတစ်ယောက်ရှာသည်။

မကြာမီ ကိုယ်တော်ကျဲ့ရှား၏ညီ ကျဲ့ချန်းနှင့် သူတွေ့သည်။ အဆင့်မြင့်‌ဗုဒ္ဓကိုယ်တော်နှစ်ယောက် လက်အုပ်ချီ၍ ဗုဒ္ဓနာမရွတ်ကြသည်။

"ကျဲ့ချန်း၊ မတွေ့တာကြာပြီနော်။ ငါတို့ဗုဒ္ဓဘာသာ ရွှေခန္ဓာတည်ဆောက်ဖို့ ဝိညာဉ်ကျောက်နည်းနည်းအလှူခံပါတယ်"

"လှူပါ့မယ်"

ကျဲ့ချန်းက သူ့ဝတ်ရုံထဲမှ အဆင့်မြင့်ဝိညာဉ်ကျောက်တစ်ချို့ထုတ်၍ ဗုဒ္ဓနိုင်ငံကိုယ်တော်၏ သပိတ်ထဲသို့ ထည့်လိုက်သည်။

"ချန်ယွမ်၊ မတွေ့တာတောင်အတော်ကြာပြီ။ ငါတို့ဗုဒ္ဓဘာသာ ရွှေခန္ဓာတည်ဆောက်ဖို့ ဝိညာဉ်ကျောက်နည်းနည်းလောက် အလှူခံပါတယ်"

"လှူပါ့မယ်"

ဗုဒ္ဓနိုင်ငံကိုယ်တော်က သပိတ်ထဲမှ ထိပ်တန်းဝိညာဉ်ကျောက်တစ်ချို့ကို ကျဲ့ချန်းထံ ပြန်ပေးလိုက်သည်။

ထိုနည်းလမ်းဖြင့် ကိုယ်တော်နှစ်ယောက်လုံး ကုသိုလ်နှစ်ဆရကြသည်။

ထိုမြင်ကွင်းကိုကြည့်၍ ကျန်းလျန်ယိ အမြင်ကျယ်ရသည်။

ဗုဒ္ဓဝါဒကို ပထမဆုံးဇာတ်လမ်းဖန်တီးစဉ်က ရွှေခန္ဓာတည်ဆောက်ဖို့ အလှူခံပြီး ကုသိုလ်စုစည်းသည့် ဓလေ့ကို ထည့်သွင်းခဲ့သည်။ သို့သော် ကုသိုလ်စုသည့်နည်းလမ်းက ထိုမျှတိုးတက်လာမည်ဟု မထင်ခဲ့။

အရိုးသားဆုံးပြောရလျှင် လုယန်လည်း အမြင်ကျယ်ရသည်။

ဂိုဏ်းချုပ်ချိုးကျင်အန်းက အရှေ့ပင်လယ်မျိုးနွယ်များကို ဓာတ်ငါးမျိုးဂိုဏ်း၏ရေစွမ်းအင်ကြောသို့ နေရာရွှေ့ခဲ့ဖို့ စည်းရုံးနေသည်ကိုလည်း လုယန်မြင်ရသည်။ တရားဝင်ပြောင်းရွှေ့ခွင့်စာရွက်စာတမ်းများကိစ္စ ဂိုဏ်းဘက်မှတာဝန်ယူမည်ဟု ပြောသည်။

သို့သော် စည်းရုံးသည့်ကိစ္စမအောင်မြင်။

ပင်လယ်မျိုးနွယ်က ဓာတ်ငါးမျိုးဂိုဏ်းသို့ လာလည်ဖို့ကိစ္စ သဘောတူသည်။ ပြောင်းရွှေ့ဖို့တော့ ငြင်းကြသည်။

တိကျန်းအကြီးအကဲက လမ်းပေါ်တွင် လုသခင်လေးအဖြစ်ဟန်ဆောင်ခိုင်းဖို့ လူရှာနေသည်။ သို့သော် နေ့တစ်ပိုင်းကြာအောင် ရှာဖွေသည့်တိုင် သင့်တော်သည့်လူမတွေ့။

နောက်ဆုံး လုယန်ကိုမြင်ချိန်တွင် သူ့မျက်လုံးများ အရောင်လက်လာသည်။

မင်းဆိုရင် ကွက်တိပဲ...

********************************

All Chapters