← Chapters

တစ်သက်တာလေ့လာမှု

Vol. 41 Ch. 610

တစ်သက်တာလေ့လာမှု

Vol. 41 Ch. 610

ခေါင်းလောင်းသံကိုးချက် ပေါ်လာသည်။ ကောင်းကင်မှ ရွှေရောင်တိမ်တိုက်များက နတ်ဆိုးပုံစံအမျိုးမျိုး၏ပုံရိပ်များအဖြစ် အသွင်ပြောင်းသွားသည်။ အသက်ဝင်သကဲ့သို့ ထင်ရသည်။ နတ်ဆိုးမျိုးနွယ်များက တိကျန်းဘိုးဘေးကို မဟာမိတ်ပြုသည့်သဘောကို ကိုယ်စားပြုသည်။

နတ်ဆိုးတိမ်တိုက်အရိပ်များ နောက်ထပ်ပြောင်းလဲသွားသည်။ ကောင်းကင်ပလ္လင်ဆီ ဦးညွှတ်အရိုအသေပြုနေသည့်ပုံစံ ပေါ်လာသည်။ ထို့နောက် အဖြူရောင်တိမ်တိုက်များအဖြစ် ပြန်ပြောင်းလဲသွားသည်။

ထို့နောက် နှင်းမှုန်များ သို့မဟုတ် မြူခိုးများ သေမျိုးလောကသို့ ကျလာသလို ကောင်းကင်ပလ္လင်ထက်တွင် ဖြာကျလာသည်။

ကောင်းကင်ပလ္လင် ဝိုးဝဝါးဖြစ်လာသည်။ အရုဏ်ဦးအချိန်လို မြူများရစ်ဆိုင်းနေသည်။ ခွဲခြားမရ၊ ထိုးဖောက်မမြင်နိုင်။ ထူးခြားဆန်းကျယ်သည်။ လျှို့ဝှက်သည်။

ဂီတသံများ စပေါ်လာသည်။ ပလွေသံများ လွင့်ပျံလာသည်။ ဗျတ်စောင်းသံက ညင်သာသည်။ စည်သံဗုံသံများ ပြိုင်တူရိုက်ခတ်သည်။ ငြိမ်းချမ်းသည့် လေထုတစ်ခုဖန်တီးသည်။

မရေမတွက်နိုင်သည့် နတ်ဆိုးမျိုးနွယ်လူသားမျိုးနွယ်များ ထိုသံစဉ်တို့တွင် နစ်မျောသွားသည်။

တောင်းကုန်းအရွယ်သဏ္ဍာန်တစ်ခု ဂီတသံနှင့်အတူ ပလ္လင်ထက်တွင် ယိမ်းလွှဲလှုပ်ရှား၍ ပေါ်လာသည်။ အဆုံးစမဲ့မြူများ လွှမ်းခြုံထားသည်။ ခြေခြောက်ချောင်း၊ တောင်ပံလေးခုပါသည့် သတ္တဝါသဏ္ဍာန်က မြူများဖုံးလွှမ်းနေသည်။

သူ့တစ်ကိုယ်လုံး နီရဲနေသည်။ တိမ်ခိုးများကြားတွင် ပေါ်လွင်နေသည်။

"ဒုန်း....ဒုန်း....ဒုန်း...."

ဂီတသံ ပြောင်းလဲသွားသည်။ အားပါလာသည်။ ပြင်းထန်လာသည်။ မြူးကွလှုပ်ရှားလာသည်။ စိတ်မခိုင်သည့် မျိုးနွယ်များကို ထိုစည်းချက်က ဖမ်းစားသွားည်။ တိကျန်းဘိုးဘေးနှင့်အတူ တိုက်ပွဲဝင်၍ နယ်မြေချဲ့ထွင်လိုစိတ်များ ပေါ်လာသည်။

ကောင်းကင်ပလ္လင်ထက်မှ တိကျန်း၏ ကကွက်လှုပ်ရှားမှုများက လှပသေသပ်သည်။ ရှေးအကျဆုံး ရိုးရာကကွက်ကို ပုံဖော်နေသည်။

တောင်ပံများကို ခတ်လိုက်သည်။ လေပြင်းတစ်ခု ရိုက်ခတ်သွားသည်။ ကောင်းကင်ကိုဖွင့်၍ မြေကိုခွဲလိုက်သလိုရှိသည်။ အရုဏ်ကွဲ၍ နေမင်းထွက်ပေါ်သကဲ့သို့ ကိုးဆင့်ပလ္လင်ထက်တွင် အရောင်အဝါတောက်ပနေသည်။

မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင် ဘိုးဘေးကျူးထန်။

မျိုးနွယ်အများစုက ကြိုတင်ပြင်ဆင်လာသည်။ မှတ်တမ်းဖန်လုံးများထုတ်၍ ထိုမြင်ကွင်းကို မှတ်တမ်းယူကြသည်။

"ဒါဒဏ္ဍာရီထဲက တိကျန်းလား"

"ကြောက်စရာကောင်းလိုက်တာ။ သူငါ့ကိုစိုက်ကြည့်နေသလိုခံစားရတယ်"

ကျူးထန်၏ စွမ်းအင်ဖိအားကြောင့် နတ်ဆိုးတစ်ယောက် တုန်ရင်လာသည်။ ထိုဖိအားသည့် ရှေးဟောင်းသမိုင်း၏ သက်သေလည်းဖြစ်သည်။

"ရှေးဟောင်းမသေမျိုးတစ်ဝက်အဆင့်၊ အတိုးတက်ဆုံးရှေးဟောင်းခေတ်က မသေမျိုးလေးယောက်ရဲ့ သင်ကြားမှုကို ခံယူခဲ့ရတဲ့လူပေါ့"

နောက်တစ်ယောက်က အားကျစိတ်အပြည့်ဖြင့် ခပ်အုပ်အုပ်ပြောသည်။ ထိုခေတ်သည့် အကောင်းဆုံးခေတ်ဖြစ်သည်။

မသေမျိုးလေးယောက် တစ်ပြိုင်တည်းပေါ်ထွက်ခဲ့သည်။ မသေမျိုးတစ်ဝက်နှင့်ကူးဖြတ်ခြင်းအဆင့် များစွာရှိသည်။

လက်ရှိခေတ်ထက် များစွာဖွံ့ဖြိုးတိုးတက်သည်။

သာမန်လူများအတွက် ရှေးဟောင်းခေတ်သည့် သမိုင်းဖြစ်သည်။ ဒဏ္ဍာရီဖြစ်သည်။ သို့သော် ကျူးထန်အတွက်တော့ ကိုယ်တိုင်ကြုံခဲ့ရသည့် အချိန်ကာလဖြစ်သည်။

ထိုတစ်ချက်တည်းဖြင့်ပင် ယနေ့ခေတ်ကျင့်ကြံသူများ သူကိုယှဉ်မရနိုင်။

"တိကျန်းမျိုးနွယ်က ဂီတမှာ အတော်ကျွမ်းကျင်တာပဲ"

လုယန် အံ့အားသင့်နေသည်။ ပရိတ်သတ်၏ စိ်ခံစားချက်ကို ဖမ်းစားနိုင်သည့် ဂီတပညာရှင်များအားလုံး တိကျန်းမျိုးနွယ်များဖြစ်ကြောင်း တွေ့ရသည်။ ထိုကိစ္စမျိုးကို နေ့ချင်းညချင်းထလုပ်နိုင်သည်မဟုတ်။

"တိကျန်းမျိုးနွယ်က အရင်ကတည်းက ဂီတနဲ့အကမှာ အတော်ကျွမ်းကျင်ကြတယ်။ အထူးသဖြင့် ဒီကျူးထန်က ဂီတမှာ ဆရာတစ်ဆူပဲ။

ဂီတဆိုတာ စိတ်နှလုံးကို ဖမ်းစားနိုင်တယ်။ လှည့်စားနိုင်တယ်။ ကျူးထန်က ဂီတသဘောတရားတွေကို ကျွမ်းကျင်တယ်။ ဒီကျွမ်းကျင်မှုကြောင့်လည်း သက်ရှိတွေကို ထိန်းချုပ်နိုင်တဲ့ အားအကြီးဆုံးရှင်သန်မှုအရိယဖလသန္ဓေကို နားလည်ကျွမ်းကျင်ခဲ့တာ။

ရှေးဟောင်းခေတ်က မသေမျိုးတွေ ဩဝါဒပေးတဲ့ ပလ္လင်ဖွင့်ပွဲတွေမှာ ကျူးထန်က ဖျော်ဖြေလေ့ရှိတယ်။

သူ့စွမ်းအားက ခပ်ညံ့ညံ့ပေမယ့် သူ့ဖျော်ဖြေတင်ဆက်မှုစွမ်းရည်ကတော့ ထိပ်တန်းပဲ"

"ကျူးထန်ကိုမြင်တာနဲ့ ဘာလို့ဘေးပတ်လည်ကလူတွေက ဒူးထောက်အရိုအသေပေးချင်တဲ့ပုံစံမျိုး ပေါက်နေကြတာလဲ"

ဘေးပတ်လည်မှလူများ၏ ထူးဆန်းသည့်အမူအရာကို လုယန်သတိထားမိသည်။

"အရိယဖလသန္ဓေစွမ်းအားကို သုံးနေတာ။ တစ်ခြားစွမ်းအားမျိုး ဒီနေရာမှာ သူ‌ပေါ်တင်ဘယ်သုံးရဲမလဲ။

ဒါက အနိမ့်ဆုံးအဆင့် ထိန်းချုပ်မှုမျိုးပါ။ စိတ်လှုံ့ဆော်တဲ့ပုံစံတစ်မျိုးပေါ့။ အခုသုံးတာက ခံစားချက်တွေ ထိန်းချုပ်ဖို့ဖြစ်မှာပါ"

ကျန်းလျန်ယိအမူအရာက ကြောင်တက်တက်ဖြစ်နေသည်။ သူလည်း အားအကြီးဆုံးရှင်သန်မှုအရိယဖလပိုင်ရှင်ဖြစ်သည်။ ယင်ထန်မသေမျိုးထံတွင် 'ဟန်လုပ်နည်း'များ သင်ခဲ့သူဖြစ်သည်။

ကျူးထန်သုံးသည့် လှည့်ကွက်များက သူ့အပေါ်လုံးဝမသက်ရောက်နိုင်။

ကြောက်စရာစွမ်းအင်ရောင်ထွက်ပေါ်နေသည့် သဏ္ဍာန်ဆယ်ခု ဖြေးညှင်းစွာထွက်လာသည်။ အသွင်အမျိုးမျိုးကွဲပြားသည်။ ကျူးထန်၏ခန္ဓာကိုယ်ထက် နည်းနည်းသူငယ်ကြသည်။ တစ်ချို့က အိုမင်းရင့်ရော်သည်။ တစ်ချို့က ငယ်ရွယ်နုပျိုသည်။

ကျူးထန်လက်အောက်မှ ကူးဖြတ်ခြင်းအဆင်နတ်ဆိုးဆယ်ယောက်။

သူတို့သည် ထိပ်တန်းစွမ်းအားရှင်များဖြစ်သည်။

မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်၊ နတ်ဆိုးအင်ပါယာဆယ်ယောက်၊ နတ်ဆိုးမျိုးနွယ် တစ်ရာနီးပါး။ ထိုစွမ်းအားသည် မဟာယုပြန်တည်ထောင်ဖို့ ဒုတိယနိုင်ငံ့ဆရာ ဖွဲ့စည်းထားသည့်အင်အားထက်ပင် ပိုစွမ်းအားကြီးသည်။

"ဟိုမှာကြည့်ဦး၊ အဲဒါ ကျားဖြူမျိုးနွယ်အကြီးအကဲမဟုတ်လား။ သူသေသွားပြီလို့ ပြောကြသလားလို့။ ဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲ"

"အသက်ရှင်ဦးမှာပေါ့။ သူက ကူးဖြတ်ခြင်းနောက်ဆုံးအဆင့် နတ်ဆိုးအင်ပါယာပဲ"

"နောက်ပြီး ဟိုတစ်ယောက်က ထောင်ကျူးမျိုးနွယ်ခေါင်းဆောင်ပဲ။ မျိုးနွယ်ခေါင်းဆောင်နေရာကို သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကူးဖြတ်ခြင်းအဆင့်တစ်ခြားထောင်ကျူးတစ်ယောက် ရှိတယ်လို့ပြောတယ်။

တစ်ယောက်ချင်းတိုက်ခိုက်ပြီး သူက အဲဒီ့ထောင်ကျူးကို သတ်လိုက်တာတဲ့"

"ဟုတ်လား၊ အဆင့်တူချင်း သတ်နိုင်တယ်ပေါ့"

"မယုံရင် ထောင်ကျူးမျိုးနွယ်တွေကိုသာ မေးကြည့်။ ဒီအကြောင်း အားလုံးသိတယ်"

"ဟိုဟာက၊ ခေါင်းကိုးလုံးမြွေပဲ။ ကျိုးယင်မျိုးနွယ်ခေါင်းဆောင်ဘိုးဘေးမဟုတ်လား"

ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးအင်ပါယာအားလုံးကို ပရိတ်သတ်က သိနေကြသည်။ ရှိနေသည့် စုစည်းခြင်းကျင့်ကြံသူအားလုံး ထိတ်လန့်ခြောက်ခြားနေသည်။

အရှင်ကျူးထန်ကြိုတင်ပြင်ဆင်ထားသည်က စေ့စပ်သေချာသည်။

ဤအင်အားမျိုးရှိလျှင် နဂါးနှင့်ဖီးနစ်မျိုးနွယ်များပင် ခုခံနိုင်မည်မဟုတ်။

ကျူးထန် ခဏစဉ်းစားပြီးနောက် တည်ကြည်သည့်မျက်နှာဖြင့် ဖြေးညှင်းစွာစပြောသည်။

"မဟာကပ်က ရောက်လာတော့မယ်။ နတ်ဆိုးမျိုးနွယ်တွေ တစ်ကွဲတစ်ပြားဖြစ်နေတယ်။ အားလုံးက ကိုယ့်အတွက်ကိုယ်ပဲ တိုက်ခိုက်ကြတယ်။ ဒါဟာရင်လေးစရာပါ။

ဒီလိုနတ်ဆိုးနယ်မြေတစ်ခုက မဟာကပ်အပြိုင်အဆိုင်‌ခေတ်မှာ ဘယ်လိုနေရာယူမှာလဲ။ ကျုပ်မအိပ်စက်ခင်က ကျုပ်ကို ချီလင်မသေမျိုးက တာဝန်အပ်နှင်းခဲ့တယ်။

အနာဂတ်ခေတ်ပျက်မှာ နတ်ဆိုးနယ်မြေကိုကယ်တင်ဖို့ ကျုပ်ကိုကူညီပေးစေချင်တယ်။

ကျုပ်က ဩဇာလိုချင်တဲ့သူမဟုတ်ပါဘူး။ ချီလင်မသေမျိုးက တာဝန်ပေးထားလို့သာပါ။

အခု မဟာကပ်နီးလာတာနဲ့ ရှေးဟောင်းခေတ်ပျက်အချိန် ထပ်ရောက်လာမယ်။ နတ်ဆိုးမျိုးနွယ်တွေကို စုစည်းပြီး နတ်ဆိုးမျိုးနွယ်တစ်ခု ကျုပ်တည်ထောင်ချင်ပါတယ်။

မျိုးနွယ်အားလုံးရဲ့ စွမ်းအားတွေ အတူပေါင်းစည်းမှသာ မဟာကပ်ရဲ့စမ်းသပ်မှုတွေကို ဖြတ်ကျော်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားကို ထိန်းသိမ်းနိုင်မှာပါ။

ချီလင်မသေမျိုး ကျဆုံးသွားတော့ နတ်ဆိုးမျိုးနွယ်တွေအနေနဲ့ ဦးဆောင်တိုက်ခိုက်မယ့်လူ လစ်ဟာနေတယ်။ ကျုပ်ပါရမီမရှိလို့ ချီလင်မသေမျိုးရဲ့ အဆင့်မျိုးကို မရောက်နိုင်ပေမယ့် မသေမျိုးတစ်ဝက်အဆင့်နဲ့ပဲ ကျေနပ်တင်းတိမ်ပါတယ်။

ကျုပ်ကိုလေးစားတဲ့အနေနဲ့ "မသေမျိုးတွေအောက်မှာ စွမ်းအားအကြီးဆုံး"ဆိုတဲ့ဘွဲ့ကို ပေးကြပါတယ်။ ဒါဟာ ကျုပ်နဲ့ထိုက်တန်တဲ့ဂုဏ်ပုဒ်လို့ မမြင်ပါဘူး"

ထိုဘွဲ့နာမည်ကို ချဲ့ကားလွန်းသလို ခံစားရဟန်ဖြင့် ကျူးထန်စကားသံက တိုးညှင်းသွားသည်။

ထိုဘွဲ့နာမည်နှင့် ထိုက်တန်သည့်စွမ်းအားမျိုး သူပိုင်ဆိုင်ပါသည်။ သို့သော် ကိုယ့်ကိုယ်ကို ထိုသို့နှိမ့်ချပြောနေသည့်ပုံစံက သူ့စရိုက်နဲ့ မလိုက်ဖက်။

သူ့လေသံက ကျဆုံးသွားသည့် ရဲဘော်ရဲဘက်များကို ပြန်အောက်မေ့နေသလိုလို၊ လောကကြီးမှ စောစောထွက်သွားကြပြီး နတ်ဆိုးနယ်မြေကိုစုစည်းရမည့် ဝန်ထုပ်ဝန်ပိုးကြီးက သူ့ပုခုံးပေါ်ချန်ထားခဲ့သဖြင့် ဝမ်းနည်းနာကျင်နေသလိုလို ဖြစ်နေသည်။

ထို့နောက် ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲ အရောင်တောက်လာသည်။ အတိတ်မှတ်ဉာဏ်များကြားမှာ ရုန်းထွက်ပြီး စိတ်အားတင်းလိုက်သည်။

ဤအချိန်သည် အတိတ်ကိုတမ်းတနေရမည့်အချိန်မဟုတ်။ လက်ရှိအချိန်ကို အာရုံစိုက်ပြီး မဟာတာဝန်ကြီးကို လက်ခံဖို့အချိန်ဖြစ်သည်။

ပြတ်သားသည့်မျက်လုံးများဖြင့် နတ်ဆိုးမြို့တော်တစ်ခုလုံး ကြားနိုင်လောက်အောင် သူကြေညာသည်။

"ကောင်းကင် သက်သေတည်ပါစေ။ ရှေးမသေမျိုးလေးယောက် သက်သေတည်ပါစေ။ သွားတဲ့လူတွေက သွားကြပြီ။ ရှေးဟောင်းခေတ်ကို ပြန်မရနိုင်တော့ဘူး။ မဟာကပ်ဆိုးက ကျုပ်တို့အပေါ် ကျလာတော့မယ်။

နတ်ဆိုးမျိုးနွယ်ရဲ့ အသက်ပေါင်းများစွာအတွက် ဒီနေရာကနေ ကျုပ်ကြေညာတယ်။ ဒီနေ့ကစပြီး နတ်ဆိုးနိုင်ငံကို တည်ထောင်လိုက်ပြီ။ ကျုပ်က ပထမဆုံးနိုင်ငံ့ခေါင်းဆောင်ပဲ"

"ဘုန်း ဘုန်း ဘုန်း"

ရုတ်တရက် ကောင်းကင်တစ်ခုလုံး တိမ်မည်းများဖုံးသွားသည်။ လျှပ်စီးများတောက်ပလာသည်။ မိုးခြုန်းသံများမြည်ဟိန်းနေသည်။

ရေပုံးအရွယ်လျှပ်စီးတန်းလေးခု ထိုးဆင်းလာသည်။ သမိုင်းဝင်အဖြစ်အပျက်ကို ရှေးမသေမျိုးလေးယောက်က ကိုယ်တွေ့မြင်ပြီး ကျူးထန်၏ နိုင်ငံတည်ထောင်သည့်ကိစ္စကို သဘောတူလက်ခံနေသယောင်ရှိသည်။

စိတ်လှုပ်ရှားမှုကြောင့် ကျူးထန်တစ်ကိုယ်လုံး တုန်ရင်လာသည်။ မျက်လုံးတွင် မျက်ရည်ဝေ့နေသည်။

"ကျူးထန် ဒီနေရာကနေ မသေမျိုးလေးယောက်ကို ကျေးဇူးတင်ပါတယ်"

တိကျန်းမျိုးနွယ်မှထည့်ထားသည့် အယောင်ဆောင်ပရိတ်သတ်များက စင်အောက်မှ အားတက်သရော လက်ခုပ်တီးကြသည်။ လက်ခုပ်သံများ နားကွဲမတတ်လျှံထွက်လာသည်။

ကျန်းလျန်ယိ "..."

ငါ့ယောက်ျားက တာဝန်ပေးတယ်ပေါ့...မသေမျိုးတွေအောက်မှာ စွမ်းအားအကြီးဆုံးတဲ့လား...

မှော်အဆောင်တွေနဲ့ လျှပ်စီးကိုအတုလုပ်တယ်...သူလျှိုထည့်ပြီး လက်ခုပ်တီးခိုင်းတယ်။ နင်က ကောင်းကောင်းပြင်ဆင်ထားတာပဲ။

ယင်ထန်မသေမျိုး၏ သင်ခန်းစာများအားလုံးကို ကျူးထန် ဤနေရာတွင်အသုံးချနေသလားဟု ကျန်းလျန်ယိထင်မိသည်။

လုယန်မျက်နှာ သုန်မှုန်နေသည်။

သရုပ်ဆောင်ပညာနှင့်ပတ်သက်၍ သူနှင့်အဆင့်တူပြိုင်ဘက်တစ်ယောက်ကို ပထမဆုံး ကိုယ်တွေ့မြင်လိုက်ရသောကြောင့်ဖြစ်သည်။

*******************************

All Chapters