← Chapters

ပြိုင်ဘက်ကင်း

Vol. 41 Ch. 613

ပြိုင်ဘက်ကင်း

Vol. 41 Ch. 613

"ဝှီး"

ဓားအလင်းဖြတ်သွားသည်။ ကျူးယွမ်ဝူ၏ တောင်ပံတစ်ဘက်ပြတ်ထွက်၍ မြေပေါ်သို့ကျသွားသည်။ သွေးများ ပန်းထါက်လာသည်။

"အား..."

ကျူးယွမ်ဝူမျက်လုံးများ နီရဲနေသည်။ ချောမောသည့်မျက်နှာက တွန့်လိမ်ရှုံ့မဲ့နေသည်။

အကြိမ်ရာချီ တိုက်ခိုက်ပြီးနောက် ပြိုင်ဘက်ကို သူ့အစွမ်းနှင့်သူ မနိုင်မှန်း သဘောပေါက်လာသည်။

ရွေးစရာမရှိတော့။ သူ့ဆရာပေးထားသည့် သွေးသန္ဓေကို သုံးရမည်။

ကျူးယွမ်ဝူ နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။ သွေးသန္ဓေတစ်စက်မျိုချသည်။

ကျူးထန်၏ သွေးသန္ဓေဖြစ်သည်။ အလွန်တရာ တန်ဖိုးကြီးသည်။ ရွှေသန္ဓေအဆင့်ဖြင့် နတ်ဝိညာဉ်အဆင့်စွမ်းအားထုတ်နိုင်အောင် ကူညီပေးနိုင်သည်။

အဆုံးစမဲ့စွမ်းအင်စီးကြောင်း သူ့ကိုယ်ထဲမှ ထိုးထွက်လာသည်။ ဒဏ်ရာများကို ဓားချီက တိုက်စားသည်။ တရှဲရှဲမြည်၍ မီးခိုးများထွက်လာပြီး ချက်ချင်းပျောက်ကင်းသွားသည်။ ပြတ်သွားသည့်တောင်ပံနေရာတွင် အသစ်တစ်ခု ထပ်ပေါက်လာသည်။

"ထပ်တိုက်မယ်"

ကျူးယွမ်ဝူ စတင်တိုက်ခိုက်သည်။

"ကောင်းကင်ခြေလှမ်း"

ဤတစ်ကြိမ်တွင် ကျူးယွမ်ဝူ၏တိုက်ခိုက်မှုက မြန်ဆန်လွန်းသည်။

ယော်ကွမ်းဓားဖြင့် ရင်ဘတ်ရှေ့တွင်ကာပြီး အရှိန်သေအောင် နောက်သို့ခြေလေးငါးလှမ်းဆုတ်လိုက်ရသည်။

နှစ်ယောက်သား နောက်တစ်ကြိမ် တိုက်ခိုက်ကြသည်။ သို့သော် အစောပိုင်းကလိုမဟုတ်။ ကျူးယွမ်ဝူစွမ်းအားက များစွာပိုတိုးလာကြောင်း လုယန်ခံစားမိသည်။

မဟာရှားတွင်းကျင်းပသည့် ဗိုလ်လုပွဲများကို သူလွမ်းမိသည်။ ပြိုင်ဘက်က မရိုးမသားလုပ်လျှင် ဒိုင်လူကြီးကို တိုင်ကြားပြီး ထုတ်ပယ်ခိုင်းနိုင်သည်။

ဤတစ်ကြိမ်ကမတူတော့။

ဒိုင်လူကြီးက သူတို့ဘက်တွင်ရှိသည်။ ဘယ်လိုတိုင်တိုင် ထူးမည်မဟုတ်။

ကျူးယွမ်ဝူ၏ တိုက်ခိုက်မှုများက အားပြင်းလွန်းသည်။

လုယန် တိုက်စစ်မှ အဆင်မပြတ်ခံစစ်အသွင်ပြောင်း၍ ကျူးယွမ်တူ၏ တိုက်ခိုက်မှုကို ခုခံနေရသည်။

ခုခံသည့်ဓားပညာ။

ထိုပညာကို သူသုံးခဲ့သည်။

အကောင်းဆုံးခံစစ်သည် တိုက်စစ်ဖွင့်ခြင်းဟု သူအမြဲယုံကြည်ခဲ့သည်။

သို့သော်ယခုအခြေအနေက ထူးခြားသည်။ မိတ်လိုက်ပညာကျင့်စဉ်ကို သူမကျင့်လျှင် ကျူးယွမ်ဝူနှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မည်။

ကျူးယွမ်ဝူ ကောင်းကင်ကို ထိုးခွဲ၍ ခုန်တက်သွားသည်။ နောက်ခွာများတွင်အားစု၍ ရှေ့ခွာများကို လုယန်ပေါ်သို့ ပြင်းထန်စွာနင်းချသည်။

ကြိုတွက်ဆထားပြီးဖြစ်၍ လုယန် ရှောင်ထွက်သွားသည်။

ကျူးယွမ်ဝူ လေထဲတွင်ခန္ဓာကိုယ်တစ်ပတ်လှည့်၍ ဦးတည်ရာပြောင်းပြီး လုယန်ဆီ နောက်တစ်ကြိမ် တိုးဝင်လာသည်။

"ချွင်"

ယော်ကွမ်းဓား အဝေးသို့လွင့်ထွက်သွားသည်။

"ဓားမရှိဘဲ မင်းဘယ်လိုတိုက်ခိုက်မလဲ ကြည့်ရသေးတာပေါ့"

ကျူးယွမ်ဝူ ယုံကြည်ချက်အပြည့်ဖြင့် လှောင်ပြုံးပြုံးနေသည်။

ကျူးထန်လည်း စိတ်သက်သာရာရသွားသည်။

အပြောင်းအလဲများ ကြုံခဲ့သော်လည်း နိုင်ဖို့သာအရေးကြီးသည်။

လုသခင်လေးရှုံးတော့မည်မှန်းသိ၍ ချင်ဖုန်းတို့လူစုက အော်ဟစ်အားပေးနေကြသည်။

"ဒီလုမျိုးရိုးမှာ စွမ်းရည်စစ်နည်းနည်းရှိမယ်ထင်ခဲ့တာ။ ဒါပေမယ့် ဒီလောက်ပဲထင်ပါရဲ့"

"ခုနက အကိုယွမ်ဝူအတွက် ငါစိုးရိမ်နေခဲ့တာ။ မလိုအပ်ဘဲ စိုးရိမ်မိတာပဲ"

"မှန်တာပေါ့။ အကိုယွမ်ဝူက ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ"

လွင့်ထွက်သွားသည့် ယော်ကွမ်းဓားကိုလှမ်းကြည့်၍ အခက်တွေ့ဟန်ဖြင့် လုယန် ခေါင်းကုတ်လိုက်သည်။

ဓားသွားကောက်ဖို့တော့ မဖြစ်နိုင်။

ကျူးယွမ်ဝူက ထိုအခွင့်အရေးပေးမည်မဟုတ်။

ကျန်သည့်ကြယ်ဓားခြောက်ချောင်းထဲမှ နောက်တစ်ချောင်းထုတ်၍ တိုက်ခိုက်ရမည်လော...

မလုပ်တော့။ ပြိုင်ဘက်ကင်းသန္ဓေ၏အကြံကိုသာ နားထောင်လိုက်သည်။

လုယန် သက်ပြင်းချသည်။ ပြိုင်ဘက်ကင်းသန္ဓေ၏နည်းလမ်းက ပိုကောင်းကြောင်း သူဝန်ခံရမည်။

ဆေးတစ်လုံးထုတ်၍ မျိုချလိုက်သည်။ အပူစီးကြောင်းတစ်ခု သူ့စွမ်းအင်ဗဟိုတွင်စုဝေးလာသည်။

"ဟာ..ဒီဆေးက.."

စင်အောက်မှ သတ္တမအကြီးအကဲ ရေရွတ်လိုက်သည်။

"ဒီဆေးကို မင်းသိလို့လား ညီခုနစ်"

ကျိုးရှင်း သိစိတ်အာရုံမှ လှမ်းမေးသည်။

"ဒီအားဖြည့်ဆေးကို လုယန်အတွက် ငါဖော်စပ်ပေးခဲ့တာ"

"ဝိညာဉ်စွမ်းအင်အားဖြည့်ဆေးနဲ့တူတယ်"

"ဟုတ်တယ်။ ဒီကောင်လေးက အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းတဲ့ ပညာတစ်ခုတတ်ထားတယ်။

ငါတောင် ရွေသန္ဓေအဆင့်ကိုဆင်းပြီး တိုက်ခိုက်မယ်ဆို ဒီတိုက်ကွက်ကို ရင်မဆိုင်နိုင်လောက်ဘူး။

ဒီပညာက ဝိညာဉ်စွမ်းအင် အများကြီးသုံးရတယ်။ ဒါကြောင့် ဒီဆေးလုံးကို သူ့အတွက် ငါဖော်စပ်ပေးလိုက်တာ"

"ဘာပညာလဲ"

သတ္တမအကြီးအကဲ ရယ်နေသည်။ ပြန်မဖြေတော့။

"သေလိုက်စမ်း"

ကျူးယွမ်ဝူ အော်ဟစ်လိုက်သည်။ တောင်ပံလေးခုကို လှုပ်ရှား၍ ကောင်းကင်ခြေလှမ်းဝိညာဉ်ဖျက်ပညာဖြင့် ထွက်ပေါက်အားလုံးကို ပိတ်ဆို့သည်။

လုယန် ခြေနှစ်လှမ်းနောက်ဆုတ်၍ ညာလက်ဝါးကို ဖျတ်ခနဲလှုပ်ရှားလိုက်သည်။ ရုတ်တရက် ရာသီဥတု အကြီးအကျယ်ပြောင်းလဲသွားသည်။

တိမ်မည်းများ လှုပ်ရှားလာသည်။ ကောင်းကင်ပလ္လင်နဝမထပ်တစ်ခုလုံး အေးခဲသွားသလိုရှိသည်။ ကျူးယွမ်ဝူ၏အရှိန် သိသိသာသာနှေးသွားသည်။

လေထုထဲတွင် မဟုတ်ဘဲ ရေထဲတွင် ရှိနေသလို သို့မဟုတ် ရေထက်သိပ်သည်းသည့် လေဟာနယ်တစ်ခုတွင် ရှိနေသလို ခံစားရသည်။

လှုပ်ရှားမှုများ အခက်အခဲဖြစ်လာသည်။

"ကြည့်ဦး၊ ဟိုဟာဘာကြီးလဲ"

ချင်ဖုန်း တအံ့တဩအော်ဟစ်လျက် ကောင်းကင်သို့ ငေးကြောင်၍ကြည့်နေသည်။

ကြီးမာသည့်လက်ဝါးရိပ်တစ်ခု တိမ်မည်းများကိုဖြတ်သန်း၍ ကျလာသည်။ အကျနှေးသော်လည်း ထိုလက်ဝါးချက်အောက်မှ မလွတ်မြောက်နိုင်။

လက်ဝါးရိပ်က ကောင်းကင်ပလ္လင်ကို ထိရိုက်သကဲ့သို့ ကျူးယွမ်ဝူမခံစားရ။ သူ့ခန္ဓာကိုယ်ပေါ်သာကျလာသည်။ ခုခံနိုင်စွမ်းမဲ့သွားသည့် ခံစားချက်မျိုး ပေါ်လာသည်။

"စကြာဝဠာလက်ဝါးပဲ"

ကျန်းထန် ချက်ချင်းသိလိုက်သည်။ မြင်ကွင်းကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။

တကယ်မယုံနိုင်စရာကောင်းသည်။

လက်ဝါးရိပ်က စကြာဝဠာလက်ဝါးအစစ်ထက် အဆပေါင်းများစွာ သေးငယ်သည်။ သို့သော် ထိုပညာကို ကူးဖြတ်ခြင်းအဆင့်များသာ သုံးနိုင်သည်။

ယခု ရွှေသန္ဓေအဆင့်တစ်ယောက်က ဘယ်လိုထုတ်သုံးနိုင်သနည်း။

ထိုပြိုင်ဘက်၏ မှော်ပါရမီက ကြောက်ခမန်းလိလိဖြစ်နေသည်။

သူယုံယုံ မယုံယုံ အမှန်တရားက မျက်စိရှေ့တွင်ရှိနေသည်။

ရွှေသန္ဓေအဆင့်များမသုံးနိုင်ဟုဆိုလျှင် ထိုအဆင့်မှလူများ မခုခံနိုင်သည့်ပညာပင်ဖြစ်သည်။

စွမ်းအားမြင့်ပုဂ္ဂိုလ်များ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ အဖြစ်အပျက်က သူတို့နားလည်နိုင်စွမ်းထက်ကျော်နေသည်။

သူတို့သေချာမြင်ခဲ့သည်။ ဂိုဏ်းသခင်လု ဝိညာဉ်အားဖြည့်ဆေးတစ်လုံး သောက်ခဲ့သည်။ ယာယီစွမ်းအားမြှင့်ဖို့မဟုတ်ခဲ့။

တစ်နည်းပြောရလျှင် သူ့စွမ်းအားအစစ်ဖြင့် ထိုလက်ဝါးပညာကို သုံးခဲ့ခြင်းဖြစ်သည်။

ရွှေသန္ဓေအဆင့်တွင် ယှဉ်သူမရှိနိုင်။

ထိုပညာသည် လေဟာနယ်နတ်စွမ်းအားပညာတစ်မျိုးဖြစ်သည်။ လက်ဝါးအောက်မှ လေဟာနယ်ကို အလုံပိတ်ပစ်နိုင်သည်။ ထို့ကြောင့် ကျူးယွမ်ဝူ လုံးဝမလှုပ်နိုင်။

"ဝုန်း"

ကောင်းကင်ဖုံးလွှမ်းနေသည့် လက်ဝါးရိပ်က လေဟာနယ်ကိုချိတ်ပိတ်၍ ကောင်းကင်ပလ္လင်ပေါ်သို့ ကျလာသည်။

ကြောက်စရာစွမ်းအားကြောင့် ချင်ဖုန်းတို့လူစု တံတွေးကျိတ်မျိုလိုက်ကြသည်။

ကျူးယွမ်ဝူသည် နတ်ဆိုးပါရမီရှင်များ၏ စံပြဖြစ်သည်။ သို့သော် ဤလက်ဝါးစွမ်းအားကိုမြင်ပြီး ဖြစ်လာသည့်စိတ်ဖိအားက ကြီးမားလွန်းသဖြင့် စံပြဖြစ်ချင်စိတ်ပင် ပျောက်သွားကြသည်။

ခုန်ဟော်သည် တစ်ချိန်က ဂိုဏ်းသခင်လုနှင့် တိုက်ခိုက်ဖူးသည်။ အရေးမလှသဖြင့် ထောင်ကျူး၏စွမ်းအားကိုသုံးခဲ့သည်။ ဒိုင်လူကြီးက သူ့ကိုပြိုင်ပွဲမှထုတ်ပယ်ခဲ့သည်။

"သခင်ကျိ၊ ဒီလက်ဝါးချက်ကို ကျုပ်ခုခံနိုင်လောက်လား"

"ငါပါရောသေမသွားအောင် ဝိညာဉ်ပူးကပ်ပညာကို မင်းစောစောကြိုသင်ထားတာကောင်းလိမ့်မယ်"

တာအိုလမ်းစဉ်ဂိုဏ်း အကြီးအကဲငါးယောက်လည်း တိုက်ပွဲကိုကြည့်၍ တီးတိုးဆွေးနွေးနေသည်။

"ဒီစွမ်းအားက တူမယွမ်ရွှေသန္ဓေအဆင့်တုန်းကစွမ်းအားနဲ့ အတူတူလောက်ပဲမဟုတ်လား"

"အတူတူလောက်ပါပဲ"

လက်ဝါးရိပ်ကြီး ပျောက်သွားသည်။ မီးခိုးများဖုန်မှုန့်များ ဝေ့ဝဲနေသည်။ ကောင်းကင်ပလ္လင်ကို သေချာမမြင်ကြရ။ မှော်စက်ဝန်းတစ်ခုကာထားသဖြင့် ဝိညာဉ်အာရုံလည်း ထိုးဖောက်မရ။

"ကျူးယွမ်ဝူ သေသွားပြီလား"

"သူလှုပ်နေတယ်ဟ။ သူမသေသေးဘူး"

အစက တိုက်ပွဲတွင် ဘယ်သူအနိုင်ရမည်ကို သိချင်ခဲ့ကြသည်။

ယခု ကျူးယွမ်ဝူ သေမသေသာ သိချင်ကြသည်။

အသက်ရှင်လျှင်ပင် အတော်ကံကောင်းနေပြီဖြစ်သည်။

"အံ့ဩသွားလား။ ငါမသေသေးဘူးကွ"

သူ့တောင်ပံများကို ရိုက်ခတ်လိုက်သည်။ ဖုန်မှုန့်နှင့်မီးခိုးများ လွင့်ပြယ်သွားသည်။ ကျူးယွမ်ဝူ တက်ကြွသည့်အသွင်ဖြင့် ပေါ်လာသည်။ ရထားသည့်ဒဏ်ရာများကလည်း အားလုံးထင်ထားသလောက် မပြင်းထန်။

"မင်းက နတ်ဝိညာည်အဆင့်ကို တက်သွားတာလား"

တိုက်ပွဲကွင်းကို လုယန် ကောင်းစွာထိန်းချုပ်ခဲ့သည်။

ရွာလက်ဝါးပညာသုံးပြီးနောက် ထူးဆန်းသည့်အားလှိုင်းတစ်ခု ကျူးယွမ်ဝမ်ရှိသည့်နေရာမှ ထွက်လာပြီး လက်ဝါးစွမ်းအားအများစုကို ခုခံကာကွယ်ခဲ့သည်။

နတ်ဝိညာဉ်အဆင့်သို့တက်သည့် စွမ်းအားဖြစ်သည်။

"မင်းက နည်းနည်းအမြင်စူးရှသားပဲ"

ပုံမှန်လေသံဖြင့် ပြောလိုက်သော်လည်း ကျူးယွမ်ဝူစိတ်တွင် အကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။

သေရေးရှင်ရေးအခြေအနေတွင် သူသာအဆင့်မတက်နိုင်ခဲ့လျှင် ထိုလက်ဝါးချက်အောက်၌ သေချာပေါက်အသက်ပျောက်ခဲ့ပေလိမ့်မည်။

သူ့ဆရာကလည်း သွေးအေးသူဖြစ်သည်။ သူသေသည်ရှင်သည်ကို သိပ်အရေးစိုက်မည်မဟုတ်။

"ကဲ..အခုဘယ်လိုလဲ။ မင်းဘယ်လိုတိုက်ခိုက်ဖို့တွေးထားလဲ"

ကျူးယွမ်ဝူ နောက်တစ်ကြိမ်စတင်တိုက်ခိုက်သည်။ ခုနကလက်ဝါးချက်ကြောင့် လုယန် ဝိညာဉ်စွမ်းအားများစွာ ကုန်သွားမည်ကို သူသိသည်။ သူလုံးဝမကြောက်။

လုယန်ကို နောက်ထပ်ဆေးတစ်လုံးသောက်ခွင့် သူလုံးဝပေးမည်မဟုတ်။

သူကိုယ်တိုင်ကလည်း အဆင့်တက်ခဲ့ပြီဖြစ်၍ ဝိညာဉ်စွမ်းအားများ ပြည့်လျှံနေသည်။

တိုက်ပွဲစွမ်းအား ပြောင်းပြန်ဖြစ်သွားသည်။

"ဟား..."

လုယန် ခေါင်းခါ၍ တစ်ချက်ရယ်လိုက်သည်။

"မင်းဘာရယ်နေတာလဲကွ"

ကျူးယွမ်ဝူ အလိုမကျဖြစ်သွားသည်။

လုယန် ဖြေးညှင်းစွာခေါင်းမော့လာသည်။ သူ့မျက်လုံးအကြည့်က စိတ်နှလုံးကိုထွင်းဖောက်ကြည့်နေသကဲ့သို့ စူးရှသည်။ ကျူးယွမ်ဝူ အနေခက်လာသည်။

"မင်းတစ်ယောက်တည်း နတ်ဝိညာဉ်အဆင့်ကိုတက်နိုင်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမို့လား"

********************************

All Chapters