← Chapters

ရဲရင့်ခြင်းလော မိုက်မဲခြင်းလော

Vol. 38 Ch. 542

ရဲရင့်ခြင်းလော မိုက်မဲခြင်းလော

Vol. 38 Ch. 542

...

ယဲ့ဗ်နီသည် သူမ၏ အခန်းသို့ ပြန်လာခဲ့ရာ လမ်းတစ်လျှောက်တွင် စူးစမ်းသော အကြည့်များစွာကို သတိပြုမိခဲ့သည်။

အစေခံနှင့် ကျွန်များသည်ပင် သူမအား စိတ်ဝင်တစား စိုက်ကြည့်နေခဲ့ကြသည်။

အချို့က သူမ၏ အရေပြားပေါ်တွင် ဖြစ်ပေါ်နေသော အမာရွတ်များအကြောင်း တွေးတောရင်း သံသယစိတ်ဖြင့် ကြည့်နေကြခြင်းဖြစ်၏။

သူမအား တစ်စုံတစ်ယောက်မှ ထိုသို့ဖြစ်သွားအောင် ပြုမူခဲ့ခြင်းများလား။

အချို့ကမူ သူမကို စိတ်ဝင်တစား အာရုံစူးစိုက်သည့်အပြင် လုပ်လက်စအလုပ်များကိုပင်ပစ်၍ ငေးကြည့်နေကြခြင်းဖြစ်သည်။

သခင်မလေး ယဲ့ဗ်နီ ပြန်ရောက်လာကြောင်း အတည်ပြုပြီးနောက် အချို့သောသူများသည် သူမအား စောင့်ကြည့်နေရန် ညွှန်ကြားထားသော သတ္တမမူလကြယ် ထံသို့ သတင်းပြန်ပို့ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။

မူလကြယ်သည် မြို့တော်တွင်ရှိစဥ်ကပင် သူမ၏အလှအပနှင့်ပတ်သက်သော ကောလာဟလများစွာကို ကြားသိခဲ့ပြီးဖြစ်၏။

သူမကို မြို့တော်သို့ ခေါ်ဆောင်ရန် အကြောင်းပြချက်အမျိုးမျိုးဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။

သို့သော်လည်း ညတောင်ပံ မျိုးနွယ်စုဘက်ကနေလည်း ကိုယ်ပိုင်အကြောင်းပြချက် အသွယ်သွယ်ဖြင့် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ကြလေသည်။

သူမသည် မြို့တော်သို့ပင် တစ်ကြိမ်တစ်ခါမျှ မရောက်ဘူးပေ။

သူမ၏ဖခင်သည် အမြဲတစေ အမျိုးမျိုးသော ဆင်ခြေများဖြင့် သူမအား ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် သတ္တမမူလကြယ် နောက်ဆုံးသီးမခံနိုင်တော့ချိန်တွင် ဤနယ်မြေအတွင်းသို့ ကျူးကျော်သူများ ရောက်ရှိလာခြင်းနှင့်ပတ်သက်သော သတင်းကို ကြားသိခဲ့ရသည်။

ဤမျှသေးငယ်သော ကိစ္စကို ကိုယ်တိုင်ဖြေရှင်းရန် မလိုအပ်သော်လည်း သူသည် ကိုယ်တိုင်လာရောက်ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့လေသည်။

အဓိကရည်ရွယ်ချက်မှာမူ နှစ်ပေါင်းများစွာ ကောလာဟလများအရ သူ့အနေနှင့် စိတ်ကူးယဥ်၍ တက်မက်ခဲ့ရသော ယဲ့ဗ်နီအား သိမ်းပိုက်ခွင့်ရန်သာ ဖြစ်၏။

ကံမကောင်းစွာဖြင့် သူ့အနေနှင့် ဤနေရာသို့ ရောက်လာသည့်အချိန်တွင် သူမအနေနှင့် နေအိမ်တွင် မရှိဟု သိရှိထားခဲ့ရသည်။

မိသားစုခေါင်းဆောင်တစ်ယောက် သူ့အား လိမ်ညာနေသည်ဟု သံသယဝင်မိသဖြင့် အစောင့်များအား မိန်းကလေးကို စောင့်ကြည့်ထားရန် အမိန့်ပေးခဲ့သည်။

ယခုအခါ ယဲ့ဗ်နီ ပြန်ရောက်လာပြီဖြစ်၍ သူ၏ သူလျှိုများသည် သူ့ထံသို့ အလျင်အမြန် ပြန်သွားကာ သတင်းပေးပို့ရန်ကျိုးစားကြခြင်းဖြစ်လေသည်။

သို့သော်လည်း သူတို့သည် မူလကြယ်ဆီသို့မူ နီးနီးကပ်ကပ် သွားရောက်ခွင့်မရခဲ့ကြပေ။

အခြားအစောင့်များနည်းတူ သူတို့သည် ကြယ်များထံသို့သာ သတင်းများပေးပို့ နိုင်ခဲ့ကြပြီး ထိုကြယ်များဆီမှလည်း စိတ်ဝင်စားဖွယ်ရာ အပြုံးများကိုသာ သူတို့အနေနှင့် မြင်တွေ့ခဲ့ကြရ၏။

သူတို့၏ သခင်လေးဖြစ်သူ သတ္တမ မူလကြယ်သည်သာ ဤသတင်းကို ကြားသိသွားသောအခါ အလွန်ပျော်ရွှင်သွားခဲ့ပေလိမ့်မည်။

သူတို့သည် အစောင့်များကို ပြန်လည်စေလွှတ်ခဲ့ပြီး မိန်းကလေးအား မျိုးနွယ်စုမှ ထပ်မံ၍ ထွက်ခွာခြင်းမပြုနိုင်ရန် သေချာ ဆက်လက်စောင့်ကြည့်ထားရန် ပြောကြားလိုက်သည်။

ထိုအတောအတွင်း ကြယ်များသည် မူလကြယ်ထံသို့ ကိုယ်တိုင်ပြန်သွားကာ သတင်းပို့လိုက်ကြ၏။

....

“မင်းတို့လာတဲ့ ကမ္ဘာက အကြမ်းဆုံး ပုဂ္ဂိုလ်တွေရှိတဲ့ ကမ္ဘာတစ်ခုလို့ ငါ ထင်ထားခဲ့တာ။ လခွီးပဲ... ခုတော့ ဘယ်လောက်တောင် အားနည်းလွန်းလိုက်သလဲ ငါသိလိုက်ပြီ။”

မူလကြယ်သည် သစ်ပင်ရှည်ကြီးနှစ်ပင်ရှေ့တွင် ရပ်၍ပြောနေခဲ့ခြင်းဖြစ်သည်။ သစ်ပင်တစ်ပင်စီ၌ နစ်ခရိုမန်ဆာ တစ်ဦးစီကို ကြိုးဖြင့်တုပ်နှောင်ထားလေ၏။

သူတို့၏ပါးစပ်များတွင် သွေးများဖြင့် ပြည့်နှက်နေခဲ့ပြီး သွားများသည်လည်း ပျောက်ဆုံးနေကြသည်။

နာကျင်စွာ တစ်ချောင်းစီ ဆွဲဖြုတ်ခံထားရသကဲ့သို့ပင်။

ထိုနစ်ခရိုမန်ဆာနှစ်ဦးနှင့် မလှမ်းမကမ်းအောက်ခြေတစ်နေရာတွင် သွေးများစွန်းထင်းနေသော သွားများ ပြန့်ကျဲလျက်ရှိနေခဲ့၏။

“ဒီလောက်တောင် အားနည်းတဲ့ ပိုးကောင်တွေရယ်၊ ဒီနေရာက မင်းတို့အတွက် ဘယ်လောက်အန္တရာယ်များလဲ သိထားလျက်နဲ့ မင်းတို့မလို့ ဒီကိုပြန်လာရဲတယ်ပေါ့။ မင်းတို့ကို ရဲရင့်တယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် မိုက်မဲတယ်လို့ပဲ ပြောရမလား ငါလဲ မသိတော့ဘူး။”

သူသည် ၎င်းတို့ထံမှ သူသိလိုသောအရာနှင့် ပတ်သက်၍ သတင်းအချက်အလက်များစွာ မရရှိခဲ့ပေ။

အရှင်ဖမ်းမိသောသူများသည် နစ်ခရိုမန်ဆာမျှော်စင်၏ သိပ်အဆင့်မရှိသောသူများ ဖြစ်သည်မှာ ထင်ရှားလေ၏။

သူတို့သည် ကျူးကျော်သူအရေအတွက် စုစုပေါင်းနှင့် သူတို့လာခဲ့ရာ နေရာနှင့် ပတ်သက်သော သတင်းအချက်အလက်များ စုဆောင်းရန်အတွက်တွင်သာ အသုံးဝင်ခဲ့သည်။

သို့သော် ထိုမျှသာ ဖြစ်၏။

သူ့ကို အနည်းငယ် စိတ်ဝင်တစား ဖြစ်စေသူမှာ ဤအဖွဲ့၏ ခေါင်းဆောင်ဆိုသူ မျှော်စင်သခင်ပင်ဖြစ်သည်။

သူသိထားသောအချက်အလက်များအရ ထိုမျှော်စင်သခင်ဆိုသူသည် ဤလောကသို့ အတိတ်က အနည်းဆုံးတစ်ကြိမ် ရောက်ရှိခဲ့ဖူးလေသည်။

သူသည် ဤနေရာသို့ လာရောက်ဖူးရုံသာမက အသက်ရှင်လျက်ပင် ပြန်ထွက်ခွာနိုင်ခဲ၏။

သူသည် ငရဲမှ လွတ်မြောက်ခဲ့သည့်အတွက် သူ၏ ကံကြမ္မာကို ကျေးဇူးတင်သင့်လေသည်။

သို့သော် သူသည် ဤနေရာသို့ ထပ်မံ၍ လာရောက်ခဲ့သည်တဲ့လား...။

၎င်းက ထိုမျှော်စင်သခင်ဆိုသူ၏ အမြင်ကျဉ်းမြောင်းမှုတစ်ခုသာ ဖြစ်သင့်သည်ဟု ယူဆရသော်လည်း အကြောင်းအရင်းတစ်ခုခု ရှိနေလိမ့်မည်ဟု မူလကြယ်အနေနှင့် သံသယဝင်မိခဲ့သည်။

ထိုလူသည် ဤနေရာသို့လာရောက်ရာတွင် ရှင်းလင်းသော ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့ပြီး ထိုအရာကို သူ၏နောက်လိုက်များထံမှပင် လျှို့ဝှက်ထားခဲ့လေသည်။

“အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ကို လိုက်ဖမ်းဖို့အမိန့်ပေးတယ်။ မင်းတို့ မလုပ်နိုင်ရင်တော့ ငါကိုယ်တိုင် လုပ်ရလိမ့်မယ်။”

မူလကြယ်သည် သူ၏နောက်လိုက်များကို ကြည့်ရင်း ပြောလိုက်သည်။

“ငါကိုယ်တိုင် လုပ်ရမယ်ဆိုရင်တော့ မင်းတို့ အသက်ရှင်ခွင့်ပေးဖို့ ဘာလို့ လိုအပ်နေတော့မှာလဲ။ ဒါကြောင့် ငါ့ကို လှုပ်ရှားစရာမလိုအောင် သေချာလုပ်ပါ။ ငါဒီကို အပမ်းဖြေဖို့ လာခဲ့တာ။ ငါ့ရဲ့အချိန်ကောင်းလေးတွေကို ပျက်စီးအောင်လုပ်မိရင် ငါကလည်း လုံးဝကို ခုနဲ့ မတူတဲ့သူတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုတာ သဘောပေါက်ထားပါ”

မူလကြယ်သည် တိုက်ရိုက်ခြိမ်းခြောက်ခြင်း မပြုခဲ့သော်လည်း သူ၏စကားများသည် ပို၍ ရှင်းလင်းနေ၏။

ကြယ်များသည် ထိုပစ်မှတ်ကို ဖမ်းဆီးရာတွင် ပျက်ကွက်ခဲ့ပါက သူတို့ကိုယ်တိုင် သည် ပစ်မှတ်များ ဖြစ်လာကြပေလိမ့်မည်။

“ကျွန်တော်တို့ သူ့ကို အရှင်ဖမ်းခေါ်လာခဲ့ပါ့မယ်”

ကြယ်များသည် မျှော်စင်သခင်ကို ဖမ်းခေါ်လာခဲ့မည်ဟူ၍သာ ရွေးချယ်စရာမရှိတော့ပဲ ကတိခံလိုက်ကြရလေသည်။

အရာအားလုံးကို ပြန်လည် စုစည်းပြီး အင်အားဖြည့်တင်းရမည်ဆိုသည့်တိုင် ထိုပစ်မှတ်ကိုတော့ ရအောင် ဖမ်းဆီးရမည်သာဖြစ်၏။

“မင်းတို့သွားတဲ့အခါ ဒီက အမှိုက်နှစ်ခုကို မမေ့နဲ့။ ဒါက မင်းတို့အတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခု ဖြစ်လိမ့်မယ်...”

မူလကြယ်သည် တိတ်ဆိတ်စွာ ထွက်ခွာသွားရာ အသက်မျှင်မျှင်လေးသာ ကျန်တော့သည့် နစ်ခရိုမန်ဆာနှစ်ယောက်အား နောက်တွင် ချန်ထားခဲ့လေသည်။

ထိုနစ်ခရိုမန်ဆာနှစ်ယောက်သည် အသက်ဆက်၍ ရှင်သန်နိုင်ခွင့်ရဦးမည်လား။ သို့မဟုတ် အသတ်ခံရမည်လား။

ကံမကောင်းစွာဖြင့် သူတို့သည် ထိုအရာကို သိခွင့်မရခဲ့ကြသေးပေ။

သူတို့၏ ဖြစ်လာနိုင်သည့် ကံကြမ္မာကိုသာ ကြိုသိခဲ့ကြလျှင် မြန်မြန်သေပါစေဟုသာ ဆုတောင်းမိသွားခဲ့ပေလိမ့်မည်။

အသက်ရှင်ကျန်ရစ်သော နစ်ခရိုမန်ဆာများကို ဆွဲခေါ်သွားရာတွင် သွေးလမ်းကြောင်းတစ်ခု နောက်တွင် ကျန်ရစ်ခဲ့လေသည်။

မူလကြယ်သည် သူ၏ နားနေဆောင်သို့ ပြန်လာခဲ့သည်။

သူတံခါးဖွင့်လိုက်သောအခါ အတွင်းတွင် သူ့အားစောင့်ဆိုင်းနေသူ မိန်းကလေးများစွာကို တွေ့လိုက်ရလေသည်။

ထိုမိန်းကလေးများအတွင်းမှ အချို့ မျက်နှာများမှာ လုံးဝအသစ်များ ဖြစ်ကြလေသည်။

သူအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းအနည်းငယ် ပြင်ဆင်လိုက်စဥ်တွင် သူ၏ နောက်လိုက်များတစ်ခုခုပြောချင်နေသည်ကို ခံစားမိလိုက်သည်။

၎င်းတို့သည် သူ၏ပျော်ရွှင်မှုကို အနှောင့်အယှက်မဖြစ်စေရန် ပတ်ဝန်းကျင်အား စောင့်ကြပ်ပေးရန် တာဝန်ယူထားရသူများဖြစ်လေသည်။

“ငါ စိတ်ကြည်မနေဘူး။ ဒါကြောင့် မင်းတို့ပြောမှာက သတင်းကောင်းပဲ ဖြစ်ပါစေနော်။”

“သခင်လေးခင်ဗျာ သခင်လေး သဘောကျသွားမဲ့ သတင်းကောင်းတစ်ခု ရှိနေပါတယ်။”

ကြယ်တစ်ဦးက ပျော်ရွှင်စွာဖြင့် တင်ပြလိုက်သည်။

သူသည် မျှော်စင်သခင်အားလိုက်လံဖမ်းဆီးရန် တာဝန်ပေးအပ်ခံရသော အခြားကြယ်များ၏ ကံကြမ္မာကို မြင်တွေ့ခဲ့ပြီးဖြစ်၏။

ထိုအတွက် သူတို့သည် အစောင့်အရှောက်အဖြစ်သာ တာဝန်ကျခဲ့ရသည့်အတွက် ကြိတ်၍ပင် ဝမ်းသာမိခဲ့ကြသည်။

ထိုတာဝန်ဆီမှ လွတ်မြောက်ခဲ့ရုံသာမက မူလကြယ်အတွက် နောက်ထပ်သတင်းကောင်းတစ်ခုလည်း ရယူနိုင်ခဲ့သေး၏။

“ယဲ့ဗ်နီ အိမ်ကိုပြန်ရောက်လာပါပြီ။”

သူတို့သည် မူလကြယ်အား ထိုအကြောင်းကို အမြန်ပင် တင်ပြလိုက်ကြသည်။

“အဲ့ဒီ သွေးစုပ်ဖုတ်ကောင်အစုတ်ပလုပ်က သူမကို ထာဝရဖွက်ထားလိမ့်မယ်လို့ တောင် ငါထင်ခဲ့တာ။ သူက နည်းနည်းပါးပါးတော့ ဉာဏ်ရှိသေးပုံရတယ်။ ငါ့စိတ်ရှည်မှုကို သိပ်မစမ်းသပ်ခဲ့ဘူးပဲ။”

ရီဇီခီယဲလ်သည် ညတောင်ပံမျိုးနွယ်စုကို သင်ခန်းစာပေးရန် ပြင်းထန်သော အစီအမံအချို့ကိုပင် ပြုလုပ်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

ယခုမူ ထိုသို့ပြုလုပ်စရာ မလိုအပ်တော့ ပုံရလေသည်။

“သခင်လေးခင်ဗျာ သူမကို ဒီ ခေါ်လာခဲ့ရမလား။” ကြယ်တစ်ဦးက သတ္တမမူလကြယ် ရီဇီခီယဲလ်အား မေးလိုက်သည်။

သူ၏ စကားဆုံးဆုံးခြင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်း ဒူးထောက်လိုက်ရသည်။

#Catfoot

All Chapters